အခန်း (၈) ရှီကျင်းနွမ်

9.6K 1.3K 34
                                    

ရှရီဟာ အစေခံလေးပြင်ဆင်ပေးသည့် နေ့လည်စာ ဟင်းပွဲတွေထံ အလိုလျောက်ပင်ကြည့်မိလိုက်၏။ အရသာနှင့်ပတ်သက်လျှင် သူမကိုယ်တိုင်လဲ ကောင်းစွာပြင်ဆင်စားသောက်တတ်သူမို့ ယခုလိုရှေးခေတ်ဟောင်းထဲမှာ မစ်ရှင်လုပ်ချိန်မှာလည်း ဒီကမ္ဘာ၏ စားသောက်ပုံတွေကိုလည်း သိလိုသေးသည်မဟုတ်လား။

ကြည့်ရသလောက်တော့ စားပွဲတွေက သွားရည်ကျစရာ အခြေအနေရှိသည်။ ကမ္ဘာကူးပြောင်းပြီး အားနည်းသည့်ကိုယ်က ရေထဲနစ်ခဲ့ပြီး ဖျားနာခဲ့ရတာကြောင့် အရှေ့ရက်တွေက စွပ်ပြုတ်နှင့်သာ သူမကျေနပ်ခဲ့ရ၏။ ယနေ့စားရသည့် အစားအစာကတော့ ပထမဆုံးအကြိမ် ဤကမ္ဘာသို့ရောက်ပြီး လူလူသူသူစပြီး စားရသည့်နေ့ဟုဆိုနိုင်ပေသည်။

-----------

နေရောင်က အိပ်တန်းတက်ရန် ခပ်ပျော့ပျော့ ကျဆင်းလာသည့် ညနေဆည်းဆာရောက်ချိန်မှာတော့....

'ဖတ် '

Sheri : ' ....'

{ထပ်ပြီး ဒီကလေး...(~_~)...}

ရှရီခေါင်းအနောက်ဘက်မှ နာကျင်မှုနှင့် ကျင့်သားတောင် ကျလာသလိုလို....

ခေါင်းကိုထပ်အရိုက်ခံရပြန်တာကြောင့် ရှရီဟာ အိမ်ရှေ့စံကို သတ်ချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်၏။

"အရှင့်သား! ဒီလိုပဲ ဒီငယ်သားကို ထပ်လုပ် လာဦးမယ်ဆိုရင်...ဒီငယ်သားကို အဆိုးမဆိုလာပါနဲ့.. အရှင့်ကို ပြန်လက်တုံ့ပြန်ရလိမ့်မယ် "

ရှရီစိတ်တွင် ဒီကလေးဟာ အရမ်းကိုစိတ်အနှောက်ယှက် ပေးလွန်းလိုက်တာလို့ တွေးနေခဲ့၏။

သူမ၏ အပြောကို အိမ်ရှေ့စံလေးက သရော်ပြုံးပြုံးလိုက်ပြီး....

"ကောင်းပြီ..! ဘာဖြစ်ဖြစ်ပေါ့၊ အခုတော့ ငါအိမ်ပြန်ရဦးမယ်၊ ...ဒါနဲ့ နောက်တစ်လမှာ ငါနဲ့မင်းအဖေ အနောက်ဘက်နယ်စပ်ဆီ စစ်ဆင်ရေးဆင်းဖို့ သွားရတော့မယ်ဆိုတာကို မင်းသိပြီးပြီ မဟုတ်လား ..? "

Lou Xi က ဆိုလာ၏။

ရှရီဟာ သူမဖတ်လက်စ စာအုပ်ကိုစိတ်နှစ်ကာ ဖတ်နေဆဲဖြစ်ပြီး အာရုံအလုံးစုံက သူမလက်ထဲမှ စာအုပ်တွင်သာရှိလျက် အိမ်ရှေ့စံလေး၏ အပြောကို ခေါင်းငြိမ့်ပြလိုက်၏။ အဖြေက သူမသိသည်ဆိုသည့်သဘော...။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Hikayelerin yaşadığı yer. Şimdi keşfedin