ရှီကျင်းမိခင်မှ ရှရီကို စိတ်ပူပင်လျက် နောက်တစ်ကြိမ်ထိုသို့ မပြုမူရန် ဆူပူလိုက်မှုကြောင့် အနောက်ဘက်စီမှ စစ်သူကြီးထည့်ပေးလိုက်သည့် သက်တော်စောင့်မှာ ချွေးပြန်နေလေသည်။ သူက လက်ဖက်ရည်စားပွဲဝိုင်း အခြားတစ်ခုမှာ ထိုင်နေခဲ့မိပြီး ရုတ်တရက် သူ့သခင်လေး လမ်းမပေါ်ပြေးတက်သွားလိမ့်မည်ဟု မထင်ထားခဲ့။ အရာရာဟာ လျင်လျင်မြန်မြန် ဖြစ်ပျက်သွား၏။ အကူအညီမပေးနိုင်ခဲ့သည့် အပြစ်အတွက် ရှက်လည်းရှက်နေခဲ့သလို သခင်လေးသာ တစ်ခုခုဖြစ်သွားပါက သခင်ကြီးမည်မျှအမျက်ရှလေမလဲ ဟု အတွေး၌ပင် သက်တော်စောင့်ခမျာမှာ သောကကြီးစွာ ဖြစ်နေခဲ့သည်။
"ကျနော်အဆင်ပြေတာမို့ စိတ်မပူပါနဲ့ အမေ ! ကျနော်တို့ ထွက်လာတာလဲကြာနေပြီဆိုတော့ ဒီထက်နောက်မကျခင် အိမ်တော်ကို ပြန်ကြရအောင်... ! "
Sheri ဟာ ရှောင်ထွက်နိုင်မည့် နည်းလမ်းကို ခပ်မြန်မြန်ပင် စခင်းလိုက်သည်။
ထိုအခါမှ ဒုတိယမင်းသား Ru Shan က ထပ်မံပြောလာတော့သည်။
"ကျင်း သခင်လေး တစ်နေ့နေ့မှာတော့ ဒီမင်းသားတွေနဲ့အတူ တစ်ဝိုင်းထဲ လက်ဖက်ရည်အတူ သောက်ဖို့အတွက် အချိန်ရလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်.. ! "
Ru Shan ၏ စကားကြောင့်...
" ဝမ်းမြောက်ဝမ်းသာနဲ့ ကြုံကြိုက်ဖို့ မျှော်လင့်ပါသေးတယ် အရှင့်သား .. ! "
Sheri က သူ့ကို အရိုအသေပြုကာ ကြိုးစားပြုံးလျက် ပြန်လည်ပြောလိုက်သည်။
"ကောင်းပြီ....ဒီလိုဆို သိပ်မကြာခင် ဖိတ်ကြားချက်ပို့လိုက်ပါမယ်လေ... မဒမ် Shen နဲ့ အစ်ကိုတော် ကျနော့်ကို ခွင့်ပြုပါဦး .. ! "
မင်းသားနှစ် Ru Shan က အိမ်ရှေ့စံနှင့် သူမ၏ မိခင်ကို ဂါရဝနူတ်ဆက်အမူအရာ ပြုပြီးနောက် လက်ဖက်ရည်ဆိုင်အတွင်းသို့ ပြန်လည်ဝင်သွားခဲ့လေသည်။
Lou Xi ဟာ ရှီကျင်းနှင့် Ru Shan တို့ အတူတူဆက်ဆံရေး ပြေပြစ်ပြောဆိုနေကြမှုကို စိတ်အတွင်းမှ သဘောမကျဖြစ်နေခဲ့သည်။ သဘောဖြူကာ ရိုးလွန်းသည့် သူ၏သူငယ်ချင်းလေးနှင့် စဉ်းလဲဥာဏ်များသော Ru Shan ကို သူကသိပ်မတွဲစေလို...။ ဒုတိယမင်းသား Ru Shan ဟာ ဘယ်လောက် ဥာဏ်နီဥာဏ်နက်များသလဲဆိုတာကို သူအသိဆုံးမဟုတ်လား...။ သို့သော် သူ မည်ကဲ့သို့ ပေါ်ပေါ်ထင်ထင် ခုလိုအခြေအနေမှာ တားမြစ်နိုင်အံ့နည်း။
YOU ARE READING
4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)
Romance- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...