အခန်း (၂၅) ရှီကျင်းနွမ်

9K 1.2K 52
                                    

လူအားလုံးအရှေ့ရှိတိုက်ပွဲဟာ အလွန်ပြင်းထန်လာသလို မြန်ဆန်သည့် လှုပ်ရှားမှုတွေက လျှပ်ပြတ်သလိုမြင်နေကြရသည်။ ကြောက်ခမန်းလိလိအရှိန်အဝါက မြေပြင်တစ်ခုလုံး ဖိန့်ဖိန့်တုန်နိုင်သည့် အင်အားများပါဝင်နေသည်။ အားလုံးဟာ တိုက်ပွဲရလဒ်ကို စိုးထိတ်စိတ်နှင့် ရင်တမမကြည့်နေခဲ့ကြသည်။ ထိုအခိုက်မှာပဲ ရှရီ၏ ခေါင်းထက်မှ ရင်းနီးသည့် အချက်ပြ အနီရောင်သံကို ကြားလိုက်ရသည်။

"Warning ..! Warning ...! အဓိက ဇာတ်လိုက်တွေကို မသတ်ရ...၊ အဓိက ဇာတ်လိုက်တွေကို သတ်ခွင့်မရှိပါ..."

စိတ်ဆင်းရဲဖွယ်ရာ အသံဆိုးက System ဆီက ထွက်ပေါ်လာသည်နှင့် ရှရီ ဒေါကန်သွားရသည်။ ရုတ်တရက်မို့ စိတ်အာရုံက တိုက်ပွဲမှ ခေတ္တလွတ်သွားခိုက် ဇာတ်လိုက်မကို အခွင့်အရေးပေး လိုက်မိသလို ဖြစ်သွားရသည်။

ရှရီစိတ်လွင့်သွားခိုက်တွင် Li Na က အကျိုးရှိရှိအသုံးချလိုက်ပြီး ဓါးကို ရှရီဦးခေါင်းကို ဖြတ်ချရန် လွှဲခုတ်ချလိုက်၏။ ကံကောင်းစွာ အကျင့်ပါနေသည့် ခန္ဓာကိုယ် လျင်လျင်မြန်မြန် အနောက်သို့ ဆုတ်လိုက်နိုင်သော်ငြား ဓါးကမျက်နှာပေါ် အနည်းငယ်ပြတ်ရှ သည့် ဒဏ်ရာဖြစ်သွားစေခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်ရသည့် Lou Xi နှင့် Ru Shan သူတို့၏ သွားတွေပဲ့ကျလုနီးပါး အံကျိတ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏ စိုးရိမ်မှုက နှိုင်းပြစရာပင်မရှိ...။ အကယ်၍သာ သူတို့ ရှီကျင်းတစ်ခုခု ဖြစ်သွားပါက သူတို့ Li Na ကို အမှုန့်ဖြစ်အောင်ချေပစ်ဖို့ တွေးနေကြ၏။ သူတို့စိတ်ထဲက Li Na အပေါ်ငြိုးတေးနေချိန် ရှရီကတော့ ပါးထက်မှ ပြတ်ရှဒဏ်ရာက စီးကျလာသည့် သွေးတွေကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ရင်း... တစ်ချက်ရယ်လိုက်၏။

" မဆိုးဘူး.."

ရှရှီ က ထူးမခြားနား လေသံဖြင့် မှတ်ချက်ပြုလိုက်၏။

" ဟ...ဟ... နင် ဘယ်တော့တော့မှ ငါ့ကိုနိုင်မှာ မဟုတ်ပါဘူး"

Li Na ၏ လေသံက ခပ်ရိရိ...။

ရှရီက ပြုံးရုံမျှပြုံးလိုက်၏။ ဒီအချိန်က သူမ လုံးဝ အာရုံစူးစိုက်ရမည်ကိုသာ နှလုံးသွင်း လိုက်တော့သည်။ World Logic အရတော့ ဇာတ်လိုက်မများ ဘက်မှာ System သာမက အရာရာတိုင်းက မျက်နှာသာတွေနဲ့ ရပ်တည်ပေးမှာပင်။ လူသားချင်းအတူတူ သမာသမတ်ကျမှု၊ သာတူညီမျှဆိုတာမျိုး လားလားမျှရှိလိမ့်မည်မဟုတ်ပါ။ ဒါကိုပဲ ရှရီက ပြောင်းပြန်လှန်လိုတာ ဖြစ်လေသည်။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now