အခန်း (၂၂) ရှီကျင်းနွမ်

8K 1.1K 35
                                    

" အရှင့်သား...ဒီသူငယ်က အရမ်းကိုငယ်ရွယ်သေးတဲ့သူပါ.. သူ့ကိုအရမ်းယုံစားလို့ မဖြစ်သေးဘူးလေ.၊ ဟုတ်တယ်မလား... အရှင့်သား "

ထိုစစ်သူကြီးက Lou Xi ထံမှ အယူခံဝင်လိုစွာ ထပ်မံ ရှေ့တိုးတားစီးလိုက်လေသည်။

Lou Xi က ထိုစစ်သူကြီး၏ စကားကြောင့် ရှရီထံ ရွှန်းရွှန်းစားစားကြည့်လိုက်ကာ...

" ကိုယ်တော် သူမ ​ကိုယုံတယ်.."

သူကပြောလိုက်သည်။

သီးသန့်ဆွေးနွေးအခန်းအတွင်းမှ လူအားလုံး ပါးစပ်တွေ ဟ သွားရသည်။ အသံတိတ်သွားကြသည်က ခြင်အော်သံပင် ကြားနိုင်လောက်သည်။ သူတို့အားလုံး ရှော့ရသွားခဲ့ရသည်။ အထူးသဖြင့် "သူမ "ဆိုသည့် အသုံးအနှုန်းက အငြင်းပွားစရာ၊ သို့လော ဖြစ်စရာမို့ ပိုမိုအံ့သြကုန်ကြသည်ဟု ဆိုရမည်။

T/N: [မူလ စာရေးသူက မရှင်းထားပေမဲ့ ကိုယ့်အထင် ဒီနေရာလေးမှာ ရှရီဟာ မိန်းကလေးလို ဝတ်ထားတယ်လို့ ထင်ပါတယ်/ ဒါကြောင့် သူတို့ ကို့ယို့ကားယား ဖြစ်နေတာပါ၊ ကိုယ်လဲ သူငယ်လေးလို့ ပဲပြန်ပေးလိုက်ပါတယ်၊ her..တွေ he တွေ ဝဲလယ်ခတ်နေလို့ 😁]

တခနအကြာ တိတ်ဆိတ်မှုအပြီး သူတို့က ဆူဆူညံညံဆွေးနွေးလာကြတော့သည်။ အကြောင်းအရာ ကတော့ရှရီယောင်္ကျားလေးအဖြစ် ဟန်ဆောင်နေခဲ့သည်ကို အပုတ်ချသည့်ခေါင်းစဉ် ဖြစ်သွားတော့တာပင်။

" ဒါတော့ တရားလွန်သွားပြီ၊ မိန်းကလေး ဖြစ်ရဲ့နဲ့ လူတွေအားလုံးကိုရော၊ ဧကရာဇ်ပါ ယောင်္ကျားလေးလို့ လိမ်ပြီးနေထိုင်တယ်..၊ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းကို မရှိဘူး ။ "

စစ်သူကြီးနောက်တစ်ယောက်က တစ်စခန်းထလာတော့သည်။

"တော်လောက်ပြီ..! အခု ကိုယ်တော်တို့အားလုံးက စစ်မြေပြင်မှာ..စစ်တိုက်မယ့်အချိန်ရောက်နေတာ..၊ ခုထိသဘောမပေါက်သေးဘူးလား..? ကိုယ်တော်က သူမကို ငယ်ကတည်းက သိလာတဲ့သူ၊ သူမရဲ့ စွမ်းဆောင်နိုင်မှုကိုလည်း သိထားတယ်။ ဒါပေမဲ့ ဒီမှာရှိသူအားလုံး သူမကိုသေချာမသိထားတဲ့သူတွေ...ခုချိန်မှာ ဒါကိုငြင်းခုန်နေစရာ အချိန်အားသိပ်ရှိနေတယ်လား...? အားလုံးမှာ သူမနဲ့ ပတ်သက်ပြီးလက်ခံဖို့ ပြဿနာ ရှိနေရင် စစ်ပွဲရဲ့အတိဒုက္ခဆိုးကို ကျော်လွှားအောင်မြင်ပြီး ခင်များတို့်အသက်တွေသာ အကောင်းအတိုင်းရှိနေနိုင်မယ်ဆိုရင် ကိုယ်တော့်ဆီ အဲ့ချိန်ကျမှ လာတွေ့ပြီးငြင်းခုန်ရင်လည်း နောက်မကျသေးပါဘူး.."

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now