အောက်ပါအကြောင်းအရာများသည် ၁၈ + အရေးအသားများဖြစ်ပါသဖြင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ရှုပါရန်.....
နေခြည်ဖျဖျလေးလင်းဖြာကျလျက် ရှရီဟာနံနက်ခင်းကို သာသာယာယာနိုးထလာခဲ့သည်။ သူမနိုးလျှင် နိုးချင်း မြင်တွေ့လိုက်ရသည်က ဘယ်အချိန်ကတည်းက သူမကိုငေးကြည့်နေခဲ့သည်မသိသော Lou Xi ၏ မျက်နှာကိုပင်။
သူ၏မျက်နှာမှာ မှိုရသည့်မျက်နှာဟုဆိုရအောင်ကလည်း မှိုရသည့်အဆင့်ပင်မဟုတ်လေပဲ သူကိုယ်တိုင်က မှိုပွင့်ကြီးကဲ့သို့ အပြုံးကြီးကြီးတစ်ပွင့်နှင့်ရှိနေခဲ့သည်။ ရှရီဟာအမှုအမှတ်မဲ့နိုးထနေရာမှ စိတ်ဝိဉာဉ်က နိုးနိုးကြားကြားဖြစ်သွားရလေသည်။ ဘယ်လိုဖြစ်လို့ သူက ဒီမှာရောက်နေရတာလဲ... သူမအခန်းထဲ ကို.. သူဘယ်ချိန်ကတည်းက ရောက်နေတာလဲ...?? ? Question marks တွေ က ရှရီခေါင်းထက် နေရာယူသွားကြပြီး..
"အရှင့်သား သူများအိပ်နေတာကို အဲ့လိုကြီးကြောက်စရာကောင်းအောင်စိုက်မကြည့်နေနဲ့လေ...နေပါဦး ဒါနဲ့ဘယ်လိုဖြစ်လို့ ဒီငယ်သားအခန်းထဲရောက်နေရတာလဲ..?"
ŞİMDİ OKUDUĞUN
4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)
Romantizm- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...