အခန်း (၂၉) ရှီကျင်းနွမ်

6.4K 968 72
                                    

အချိန်အတန်ငယ်ကြာပြီးနောက်တွင် သီးသန့်ဆွေးနွေးခန်းမှ ဧကရာဇ်နှင့် ရှီကျင်း၏ဖခင် စစ်သူကြီးဟာ ထွက်လာခဲ့ကြသည်။ စစ်သူကြီးက လက်ထဲ၌ စာလိပ်တစ်ခုကိုကိုင်လျက် ထွက်လာခြင်းဖြစ်သည်။ ရှရီက သူတို့ကို ဂါရဝပြုဦးညွှတ်လိုက်၏။ သူမက ဆွေးနွေးခဲ့သည့် အခြေအနေကို အလွန်သိလိုလှသော်လည်း စိတ်ရှည်လက်ရှည်စောင့်နေခဲ့သည်။

ဧကရာဇ်က သူ၏နေရာတွင် ထိုင်ပြီးနောက်...

"ဒီအချိန်က တို့နိုင်ငံရဲ့ အောင်ပွဲအခမ်းအနား ကျင်းပရမယ့်အချိန်ကောင်းပဲ .. ၊ ကဲ...အခုပဲ ဂုဏ်ပြုပွဲဖော်ဖြေရေးတွေ စကြတော့"

ဂုဏ်ပြုအခမ်းအနားစတင်ကြောင်း ကြေညာသံနှင့်အတူ လှပညိမ့်ညောင်းသည့် ဖော်ဖြေပွဲအစီအစဉ်၊ အစားအစာတည်ခင်းမှုတွေ စတင်တော့သည်။စစ်ပွဲပြန်အရာရှိများ၏ သက်ဆိုင်ရာမိသားစုများဟာလည်း နန်းတွင်းသို့ တစ်ဖွဲဖွဲဝင်လာကြတော့ သည်။ ထိုမိသားစုတွေနှင့်အတူ ရှီကျင်း၏မိခင်ဟာ သူမ၏မောင်ငယ်အုပ်စုအတူ လိုက်ဝင်လာသည်။ ရှီကျင်းမိခင်နှင့် သူ၏သားများဝင်လာသည်ကို တွေ့သည်နှင့်စစ်သူကြီးက နေရာမှထကာ သူ၏ဇနီးကို လက်မောင်းများအတွင်းထည့်လျက် ပွေ့ဖက်အနမ်းပေးကာ ကြိုဆိုလေသည်။ သူကား စစ်ပွဲမှပင်ပန်းခဲ့သမျှ သည်းခံထားရသည့် စိတ်အခြေအနေတို့ကား သူ၏ ဇနီးကို ပွေ့ဖက်လိုက်ရပြီးနောက် အလုံးစုံပျောက်ကွယ်သွားဟန် မျက်နှာထက်တွင် သိသာနေခဲ့သည်။

လူတိုင်းလူတိုင်းဟာ သူတို့၏ မိသားစုတွေနှင့်အတူ စီစဉ်နေရာချထားသည့် နေရာများတွင် ထိုင်လိုက်ကြသည်။ ရှရီဟာလည်း သူမ၏ မိဘများအနောက်တွင် မောင်နှမများနှင့်အတူ နေရာယူလိုက်၏။ ရှီကျင်း၏ မောင်မှာ သူ၏အမစစ်ပွဲတွင် လူအယောက် ၅၀ နီးပါးကို ခနတွင်း ရှင်းပစ်ခဲ့သည့် သတင်းကိုကြားသိထားရပြီးဖြစ်သည်။ ထိုသတင်းက သူ့ကို အလွန်တရာ ရင်ခုန်စိတ်လှုပ်ရှားစေသည်။ သူက ထိုမျှစွမ်းသည့် အမလုပ်သူအား သူ့ခံစားချက်ကို ဖုန်းကွယ်မထားလေပဲ မျက်လုံးတွင် ဘလင်းဘလင်းထ တောက်ပနေသည့်အကြည့်ဖြင့် ဂုဏ်ဆာစွာကြည့်နေလေသည်။ ထိုအကြည့်သာ စကားပြောပါတတ်ပါက "လေးစားပါတယ် မမကြီး" ဟုအဓိပါယ်ရလိမ့်မည်ဖြစ်သည်။ ရှရီဟာ ထိုအကြည့်ကို နားလည်စွာဖြင့် ပြုံးယုံပြုံးနေခဲ့မိသည်။ သူမ၏ အတွေးတွင်တော့ သူမ၏ မောင်ငယ်များဟာ အလွန်စိတ်လှုပ်ရှားလွယ်သည့် ကလေးများသာဟု။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now