အခန်း (၂၈) ရှီကျင်းနွမ်

6.3K 921 13
                                    

"ကျေးဇူးတင်ပါတယ် အရှင့်သား"

Ru Shan ရဲ့ မိခင် ကြင်ယာတော် Liang က သူမသား၏ အရိုးပြာအိုးကို ရဲရဲဝင့်ဝင့် လက်လွှဲယူလိုက်ရင်းဖြင့် အိမ်ရှေ့စံကိုကျေးဇူးစကားဆိုလိုက်၏။ သူမ ၏ မျက်ဝန်းများကတော့ မျက်ရည်များအလိုလိုစီးကျ နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ကိုယ်ဟန်ကိုကြည့်ယုံဖြင့် မည်မျှအားအင်ချိနဲ့နေကြောင်း သိနိုင်လေသည်။ လက်ထဲသို့ ရောက်ရှိလာသည့် သူမသား၏ အရိုးပြားအိုးလေးအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမှုဟာ ဘေးမှ ကြည့်နေသူတိုင်းကို နာကျင်ထိရှစေလေသည်။

ထိုမြင်ကွင်းကို မသက်သာသည့် စိတ်ဖြင့် ကြည့်နေမိသည့် ရှရီဟာလည်း ဟန်ဆောင်တင်းခံမထားနိုင်ပေ။ သူမဟာလည်း အသံမထွက်ပဲ တိတ်တဆိတ်မျက်ရည်တွေ ကျနေခဲ့တာဖြစ်လေသည်။ ရှရီဟာ မိမိကို ကယ်တင်သဖြင့် Ru Shan သေသွားခဲ့ရသည် ဆိုသော မလုံလဲစိတ်က အပြစ်တစ်ခုလို ဖိစီးနေခဲ့သည်။

Ru Shan ၏ မိခင် ကြင်ယာတော် liang ဟာ ရှရီအနီးသို့ လျှောက်လာခဲ့လေသည်။ တိုက်ပွဲမှာ ဖြစ်ခဲ့သည်များကို သူမသိထား၊ ကြားခဲ့ပြီးသားပင်။ သူမသားအကြောင်းကို မိခင်တစ်ယောက်အနေဖြင့် သူမက ကောင်းစွာသိထားခဲ့၏။ သူမ၏သား ငယ်စဉ်အခါကပင် စကားပြောတိုင်း ရှီကျင်းအကြောင်းကို အမြဲထည့်ပြောသည်မို့ ထိုကလေးကို သိထားပြီးဖြစ်သည်။ ရှီကျင်းအကြောင်း ပြောဆိုတိုင်း Ru Shan ၏ မျက်နှာပေါ် တန်ဖိုးထားမှုကိုလည်း မွေးမိခင်ပီပီ ရှင်းရှင်းလင်းလင်းမြင်ခဲ့ပြီးဖြစ်လေသည်။

ပထမတော့ သူမသားက ရှီကျင်း ဆိုသည့်ကလေးကို လိုအပ်ချိန်သုံးရန် လက်နက်သဖွယ်အရံထားသည်လို့သာ သူမကထင်ခဲ့သည်။ သို့သော် သူမ၏ မိန်းကလေးဖြစ်နေမှုကို ကြားသိပြီးနောက်မှာတော့ သူမ၏ သားက ဘာကြောင့် ရှီကျင်းအပေါ် တန်ဖိုးထားယုံအပြင် စောင့်ရှောက်ပေးနေရကြောင်းကိုပါ ရှင်းရှင်းလင်းလင်းသိခဲ့တော့သည်။ ဒါက သူမ၏ သားကိုယ်တိုင်က ထိုကလေးမကို မေတ္တာရှိနေကြောင်းကလွဲ၍ အခြားမရှိနိုင်မဟုတ်ပါလား။

ကြင်ယာတော် Liang က ရှရီကို ကြင်နာစွာ ကြည့်လိုက်ရင်းဖြင့် ကျနေသည့် သူမမျက်ရည်တွေကို တစ်ချက်သုတ်လိုက်ကာ...

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Onde histórias criam vida. Descubra agora