ရှရီ၏ အနည်းငယ်လှုပ်ရှားမှုသဲ့သဲ့ကြောင့် Lou Xi ဟာ နိုးလာခဲ့ပြီး သူမကိုလှည့်ကြည့်လာခဲ့သည်။ ထဖို့ရှရီ၏ အနည်းငယ်လှုပ်ရှားမှုသဲ့သဲ့ကြောင့် Lou Xi ဟာ နိုးလာခဲ့ပြီး သူမကိုလှည့်ကြည့် လာခဲ့သည်။ ထဖို့ကြိုးစားနေသည့် သူမကို သူကတွဲထူဖေးမလိုက်၏။
"ဘာတွေဖြစ်သွားလဲ..? ငါနောက်ဆုံးမှတ်မိတာက..."
စကားလုံးတွေ ထပ်ထွက်မလာတော့ပဲ ရှရီဟာ မျက်လုံးပြူးပြူးလေးဖြင့်သာ Lou Xi ကို ကြည့်လိုက်မိတော့သည်။ သူမနာကျင်မှုကို မခံစားနိုင်တဲ့အဆုံး ဘာတွေဖြစ်ကုန်ခဲ့သလဲ..၊ အမှန်တကယ် ကောင်းတဲ့ဖြစ်ရပ်တော့ ဖြစ်ခဲ့မည်မဟုတ်ပါချေ။
T/N : [မတ်မတ်ရှရီက လူတွေများကြီးသတ်ခဲ့တာကို အသိလွတ်ပြီး သတ်တဲ့သဘောမျိုးပါ]
"Ru Shan ဘယ်မှာလဲ..?"
သူမ၏အမေးကို Lou Xi က ပြန်ဖြေခြင်းမရှိချေ။ သူက ခပ်မဆိတ်ပင် မျက်ဝန်းမှ နာကျင်ရိပ်စွန်းဟန်ဖြင့် သူမကိုငေးကြည့်နေခဲ့သည်။ သိလိုသည့် အဖြေမရသည့်အဆုံး ရှရီဟာ ခြုံစောင်ကိုဖယ်ရှားလိုက်ပြီး ကုတင်ပေါ်မှဆင်းရန် ပြင်လိုက်တော့သည်။ သို့သော် Lou Xi က သူမကို တားဆီးထားလိုက်၏။
Lou Xi ကသူ၏ခေါင်းကိုညင်ညင်သာသာခါလိုက်သည်။ ရှရီ အေးခဲသွားရသည်။
"အဲ့ဒါ ငါ့အမှားပဲ...ဟုတ်တယ် "
ရှရီဟာ သက်မောခပ်ပြင်းပြင်းရှူ့သွင်းလိုက်ပြီး ခပ်တိုးတိုးတင်းကျပ်စွာ ဆိုလိုက်မိသည်။
ရှရီဟာ စစ်ပွဲမခင်ကတည်းက ဇာတ်လိုက်မ နှင့်ယှဉ်ပြိုင်လျှင် သူမဟာဘယ်နည်းဖြင့်မဆို အရေးနိမ့်နိုင်ကြောင်းကို ကြိုတွေးပြီးသားဖြစ်ပါ၏။ အရံဇာတ်ကောင်လေးအဖို့ ဇာတ်လိုက်မဆိုသေည အရှိန်အဝါကိုချေဖျက်ရန် ခက်ခဲလှကြောင်း တွက်ဆပြီးသား။ အကယ်၍ တိုက်ပွဲရလဒ်တွင် သူမသာလျှင် သေလူဖြစ်ပေမည်ကိုလည်း ကြိုသိနေခဲ့တာပင်။ သို့သော် Ru Shan က သူမအစားဝင်ပေးခဲ့ပြီး ဇာတ်အဆုံးသတ်က လမ်းလွဲသွားသလို သူမလည်း မသေခဲ့။ သေဖို့ မျှော်လင့်ထားသည့် သူမအတွက် ထိုအရာကပိုခက်ခဲစေပါ၏။ မည်သို့ပင်ဆိုစေကာမူ ရှရီ အတွက်ကား သူမအတွက် အသက်ပေးဝင့်သည့် သူငယ်ချင်းကောင်းကို ဆုံးရှူံးလိုက်ရတာပင်။ ဒါကကြေကွဲနှမျောဖွယ် နာကျင်ရပါ၏။
BẠN ĐANG ĐỌC
4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)
Lãng mạn- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...