အခန်း (၃) ရှီကျင်းနွမ်

11.8K 1.3K 19
                                    

ရှရီဝင်ရောက်လာသည့် ခန္ဓာပိုင်ရှင် ရှီကျင်းနွမ် ဟာဧကရာဇ်မင်းကြီး၏ ပထမသားတော်ဖြစ်သည့် အိမ်ရှေ့စံ Lou Xi နှင့် အလွန်ခင်မင်ရင်းနှီးသည့် သူငယ်ချင်းအရင်းတွေ ဖြစ်ကြသည်။ အကြောင်းကတော့ ရှီကျင်းနွမ်၏ ဖခင်မှာ မြောက်ပိုင်းနယ်စပ်မျဉ်းကို အပိုင်စားထိန်းချုပ်နိုင်သည့် ကျော်ကြားနာမည်ကြီးသည့် စစ်သူကြီးဖြစ်သောကြောင့်ပင်။

အိမ်ရှေ့စံ Lou Xi ဟာ စစ်သူကြီးထံ တပြည့်ခံပညာသင်နေသည်မို့ ၎င်းဆရာ၏ ကလေးဖြစ်သော ရှီကျင့်နွမ်နှင့် ရင်းနှီးခင်မင်သည်ကား မထူးဆန်းလှပါချေ။ သို့သော်ငြားလည်း ရှီကျင့်နွမ်၏ ဖခင်စစ်သူကြီးကတော့ ရှီကျင့်နွမ်၏ Gender {ကျား / မ} ကို အမှန်မသိစေပဲ သတိထားကာ ကွယ်ဝှက်ထားလေသည်။

စစ်သူကြီးဟာသူ၏ တစ်ဦးထဲသော ရင်နှစ်သည်းခြာလေးကို နန်းတွင်းထဲ၏ ရှုပ်ထွေးရက်စက်မှုတွေကြားထဲ ခံစားရမည့်အရေးကို မျှော်တွေးမိသည်။ သူဟာ သူ့ရဲ့ငယ်ဘဝက ဆိုးရွားလှသည့် အတွေ့အကြုံ အခက်အခဲတွေကို သူ၏တစ်ဦးထဲသော ရင်သွေးရတနာအပေါ် ထပ်မံမကြုံစေလိုပေ။ သူ၏ ကလေးကို သူ့လိုကလေးဘဝက အလွန်စိတ်ပျက်ဖွယ် ဖြစ်ရပ်တွေနှင့် မတွေ့စေလို။ ဒါကပင် သူ့သမီးလေးရဲ့ သရုပ်မှန်ကို ဖုံးကွယ်ဖို့အဓိက အကြောင်းဖြစ်လာခဲ့သည်။

စစ်သူကြီးဟာ နန်းတွင်းမှာနေထိုင်နေကြတဲ့ အထူးသဖြင့် အနောက်ဆောင်က အမျိုးသမီးတွေကြားက ယုတ်မာမှုနှင့် စိတ်ပျက်ဖွယ် ဂျောက်တွန်းမှု ကိစ္စရပ်တွေကို ထဲထဲဝင်ဝင်သိသူလည်း ဖြစ်သည်။ သူက သူ့သမီးထိုနန်းတွင်း အနောက်ဆောင် အရှုပ်အထွေးထဲ ရောက်သွားရမည်ကို အလွန်စိုးရိမ်ခဲ့၏။ သို့နှင့် သူတို့တွင် ရင်သွေးလေး ကိုယ်ဝန်လွယ်ထားရကြောင်း သိချိန်မှာ သူ၏ ချစ်ဇနီးကို ထိုကိစ္စအတွက် သမီးလေးမွေးသော် ဖုံးကွယ်ထားရန် ဆွေးနွေးပြောဆိုထားခဲ့လေသည်။

ထိုအစား ကလေးကိုလည်း စစ်သူကြီးဇနီးဘက်မှ မိဘများထံ ချက်ချင်းဆိုသလို ပို့ထားဖို့ကိုလည်း သူတို့ဟာ ပြင်ဆင်ထားခဲ့၏။

သူတို့တွေးထင်မျှော်ထားသလိုပင် စစ်သူကြီး၏ ဇနီးဟာ မိန်းကလေးရှီကျင့်နွမ်ကို မွေးလာခဲ့၏။ သူတို့ဟာ သမီးလေးမွေးသည်ကို သိတာနှင့် တန်းပြီး သားယောင်္ကျားလေး မွေးတာဖြစ်ကြောင်း သတင်းကို ပြောင်းကာဖုံးကွယ်ခဲ့သည်။ လူအများက ဂုဏ်ပြုချီးကျူးသံများ၊ စာလွှာများဖြင့် ဂုဏ်ပြုခဲ့ကြ၏။ သူတို့တွေဟာ သိက္ခာ၊ ပညာနှင့် ကျော်ဇောလှသည့် စစ်သူကြီးဟာ ပေါ်ပေါ်လွင်လွင် လိမ်ထားလိမ့်မည်ဟု ယောင်လို့တောင် သံသယမရှိခဲ့ကြချေ။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Onde histórias criam vida. Descubra agora