Unicode Version
လေထုကအတန်ကြာ အမ်းတမ်းတမ်းအနေအထားဖြစ်သွားရသည်။ စကားပရိယာယ် ကြွယ်သောအမျိုးသမီးကြီး၏ အပြောကိုပြန်ဖြေနိုင်ရန် ခေတ္တခနမျှ အချိန်ကြာသွားရသည်။ အခန်းဒေါင့်တွင်ထိုင်နေသာ Devon ဟာ ဝင်ပြောခြင်းမရှိပဲ မျက်လုံးအသာပင့်လျက် ခပ်မဆိပ်အခြေ အနေကို ကြည့်နေခဲ့သည်။
အတန်ငယ်အကြာတွင် ရှရီ၏ မိခင်က..
"အခုလို ချီးကျူးလို့ကျေးဇူးပါ မဒမ်...ကျွန်မက မိခင်ဖြစ်လေတော့ ကျွန်မသမီးလေး သူ့စိတ်ဆန္ဒရှိရာ ရွေးချယ်လာသူကိုပဲ နှစ်သက်ပါတယ်"
ရှရီ၏ မိခင်ဖြစ်သူမှာ ထိုအခြေအနေကိုသတ္တိရှိစွာကိုင်တွယ်လိုက်ပါ၏။သို့သော် အဲ့ဒါက မြှားဦး ရှရီဘက်လှည့်သွားသည်ဟုလည်း ဆိုနိုင်ပေသည်။
ရှရီ ရုတ်တရက်အသက်ပြင်းပြင်းရှူလိုက်ရသည်။ ထိုအခိုက် မျက်လုံးများ သူမမျက်နှာထံ စုပြုံရောက်နေမည်မှန်းသိသဖြင့် အသာမျက်လွှာချလျက် အသက်ရှူရပ်သွားသလို သူမမှာဖြစ်သွားရလေသည်။
အမယ်အိုကတော့ ရှရီမိခင်ထံမှ အဆိုပါစကားကြားသည်နှင့် ကျေကျေနပ်နပ်အပြုံး တစ်ချက်ပြုံးလာလျက် သူမဘေးရှိ ကိုယ်ရံတော်ထံ ခေါင်းကိုလှည့်လိုက်ရင်း...
"Gabriel ရေ.. Raven နဲ့ William တို့ကို လှမ်းအပြောပြထားလိုက်ဦး၊ ငါတို့မှာ မကြာခင် မိသားစုဝင်အသစ်တိုးတော့မယ်လို့"
ရှရီ အေးခဲသွားရသည်။ [T/N : အရမ်းရမ်းကို အမျိုးတွေဖြစ်လာဖို့ သေချာနေပါ့လား?]
" System ရေ ငါနောက်မစ်ရှင်ကို အခုထမ်းဆောင်လို့ရမလားဟင်၊ ငါဒီ အကျိုးနည်းတဲ့ နေရာမှာ နဲနဲလေးတောင်မနေချင်တော့ဘူး၊ အခုလာခေါ်ပါဟယ်"
ရှရီဟာ System ကို 'တ' ပြီးခေါ်လိုက်သော်လည်း အတန်ကြားမြင့်သည်အထိ System ၏ အသံကို ပြန်လည်မကြားရပါချေ။
အခြားတစ်ဖက်မှ ရှရီ၏မိခင်မှာလည်းအလားတူပင် တောင့်ခဲသွားရလေသည်။ သူမ၏ နှလုံးခုန်သံဟာပိုမိုလို့ မြန်ဆန်လာကာ သူမ၏အရှေ့ရှိ Iron Lady ကြီးထံ အကြည့်ကို မလွှဲတမ်းကြည့်နေလေသည်။
KAMU SEDANG MEMBACA
4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)
Romansa- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...