အခန်း (၇) ရှရီဟုမ်း (After Arc-4)

3.8K 479 29
                                    

" ဘာလို့ခုလိုလုပ်နေတာလဲ"

သူမကို ခပ်ပြုံးပြုံးကြည့်နေသော Devon ကို ခပ်တည်တည်ပင် တဲ့တိုးမေးလိုက်ပါတော့သည်။ ဒီလူဟာ မွေးကတည်းက ရှက်ကျောပါလာပုံမရ၊ လူကို ကိုက်မစားဘူးဟု မယုံကြည်ရဲလောက်အောင် စေ့စုံအောင် ကြည့်နေခဲ့သည်မှာ တော်ယုံလူအတွက် အနေကြုံ့စရာပင်။

Devon က သူ၏ လက်ချောင်းတွေကို သေသပ်စွာ သုတ်လိုက်ပြီး တံတောင်ဆစ်များကို ထောက်ကာ ရှရီ၏ မျက်နှာနှင့် နီးကပ်လိုက်လျက် ငုံမိုးကြည့်ကာ...

" ကိုယ် ... မင်းလေးကို မြင်လိုက်ကတည်းက ဒီအတွင်းနေရာထဲကနေ သိမ်းထားချင်တာ၊ ဖက်ထားချင်တာ ... အဲ့ဒီခံစားချက်တွေ ဒီအထဲကနေဖြစ်တည်နေတာ၊ အဲ့ဒီခနမှာကတည်းက ကိုယ်သိလိုက်တယ် ကိုယ်မင်းရဲ့လူဖြစ်ချင်တယ်၊ မင်းကိုယ့်ကို ကြိုက်လာဖို့ ကိုယ်ဘာမဆို လုပ်မှာ၊ မင်းက အလက်စကာ( ALaska) မှာပဲရှိရှိ အဆုံးစွန်ထိကွာ မင်းလေးက မြောက်ဝန်ရိုးစွန်းမှာပဲ ရောက်နေနေ ကိုယ်ကမင်းရှိရာကို ရောက်အောင်လိုက်လာမှာ။ "

မျက်လုံးချင်းထိလုနီးပါး တည့်တည့်ကြည့်ပြောနေသော... ဒီလူ...။

ထို့နောက် သံရှည်ဆွဲသံဖြင့် သူမနားအနီး ကပ်ပြောလိုက်သံက ..

" Miss ရှရီ ... ကိုယ်က မင်းခြေဖဝါးလေးတွေဆီ လုံးဝကို ကျွမ်းထိုးကျနေခဲ့ပြီ.."

ထိုညို့ငင်သော အသံက ရှရီကို တောင့်တင်းသွားစေပြီး သက်ပြင်းချမိစေသည်။ သူမ၏ ဝဋ်ကြွေးက ကြီးလှကြောင်းကို အခုမှပိုသိသွားရသလိုပင်။ လိုက်တုန်းကပြေးခဲ့ကြသူတွေ၊ ရိုက်တုန်းက ရိုက်ခဲ့ကြသူတွေ ဘာလို့များ တစ်ဖန်ပြန်ရတဲ့ ဘဝခနလေးထိ အရိပ်တွေလို သူမ၏ အနောက်ကို တွင်တွင်လိုက်နေကြပါသနည်း။

" ဆောရီးပါ Mr. Devon ရှင့်ကို စိတ်ပျက်စေမိတဲ့အတွက်...၊ ကျွန်မက အိမ်ထောင်တစ်ခုကို ထူထောင်မဲ့ အမျိုးသမီးမျိုးမဟုတ်တာတော့ စိတ်မကောင်းစရာပါပဲ၊ ရှင်ပင်ပန်းမစိုးလို့ ကြိုပြောပါရစေ ၊ သင့်တော်တဲ့ အခြားတစ်ယောက်ကိုသာ ရှာလက်ထပ်လိုက်ပါ၊ ကျွန်မအတွက်နဲ့ ရှင့်အချိန်တွေ ဖြုန်းမနေပါနဲ့"

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Onde histórias criam vida. Descubra agora