တစ်နာရီခန့် မေ့မျောခဲ့ပြီးနောက် ရှရီပြန်သတိလည်လာခဲ့၏။ သူမ၏ ဇက်ပိုးမှာ နာကျင်နေသည်။ယခုထိ ပတ်ဝန်းကျင်ကို သတိမပြုမိပဲ နာနေသည့် ဇက်ပိုးကို ကျိုးကျိုးကျွတ်ကျွတ်အသံထွက်ရင်း လက်ဖြင့်လှမ်းနှိပ်မိလေသည်။
"သက်သာရဲ့လား..?"
သြရှရှ နှင့် ရင်းနှီးနေသည့် အသံတစ်ခုက သူမ၏ကုတင်နံဘေးဆီမှ ပေါ်ထွက်လာချိန်မှ ရှရီဟာ ပစ္စုပ္ပန်တွင် အာရုံကပ်လျက်ဘေးကို ငဲ့ကြည့်မိတော့..... Lou Xi...!
သူ့လက်ထဲမှာ ကြိုချက်ထားသည့် ဆေးခွက်ကိုကိုင်လျက် သူမကိုကြည့်နေခဲ့၏။
ရှရီဟာ နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး ချက်ချင်းထထွက်ပြေးရန်အပြင် Lou Xi က ရိပ်မိဟန်ဖြင့် ပြေးလမ်းမှပိတ်ဆို့လိုက်လေသည်။ သူမ၏ ရှိသမျှအားဖြင့် သူ့ကိုကန်ကျောက်တိုက်ခိုက်လိုက်သည်။ လက်တွေဖြင့် သူ့မျက်နှာကို ကုတ်ဆွဲဖို့လုပ်လေသည်။ သူမ၏ ရိုက်ပုတ် ကန်ကျောက်မှုများကို Lou Xi က သူ့ခေါင်းကိုလက်နှစ်ဖက်ဖြင့် ယှက်ဖုံးကာကွယ်ထားသည်မှတပါး ပြန်မလုပ်ပဲ ရိုက်သမျှကို ခံယူနေခဲ့သည်။
ရှရီဟာ ထိုမျှ မကျေနပ်သေး၊ အလွန်တရာကို ပေါက်ကွဲဒေါသကြီးလျက် ခုန်ထကာ Lou Xi ဝမ်းဗိုက်ကို လှမ်းကန်လိုက်သည်။
Lou Xi က သူမ၏ ကန်ကြောက်ချက်များ၊ ရိုက်ပုတ်မှုများကို ပြန်တိုက်ခြင်း မပြုလေပဲ ခုခံသည့်အနေအထားဖြင့်သာ လိုက်လိုက်လျောလျော ခွင့်ပြုနေခဲ့တာ ဖြစ်သည်။ သူက သူ့ကိုယ်သူအနာတရ ဖြစ်မှာထက် နေ့မအိပ်ညမအိပ် ခံစားချက်တွေတနင့်တပိုးဖြင့် ခရီးပြင်းနှင်လာခဲ့ရသူလေးကို အနာတရမကျန်အောင်သာ ဂရုစိုက်ပေးနေမိသည်။ သူဟာ သူ့ကိုယ်သူထက်ပင် ဒီအရှေ့က လူမလေးကို ပိုမိုစိတ်ပူလှပါ၏။ သူကရှောင်တမ်းရင်း အခြေအနေကိုထိန်းရင်းဖြင့် အခွင့်အလမ်းကို တွေ့သွားသည့်နောက် ရှရီ၏ လက်နှစ်ဖက်လုံးကို ပူးကိုင်ချုပ်ပြီး နံရံတွင်တွန်းကပ်ပစ်လိုက်သည်။ ထို့နောက် သူကဒေါသကြီးကာ မျက်နှာလေးနီရဲနေသော မိန်းကလေးကို အပေါ်စီးကနေ ငုံ့မိုးကြည့်လိုက်တော့သည်။
YOU ARE READING
4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)
Romance- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...