Episode - 1

11.7K 629 48
                                    

Zawgyi

Nanjing မြို့၊ လေ့ကျင့်ရေးစခန်း။
၂၀၁၈ခုနှစ် လေ့ကျင့်ရေးသင်တန်းသားများအတွက် နောက်ဆုံးပိတ်ဖြစ်သော ဒီဇင်ဘာကိုရောက်ရှိခဲ့ပြီ။ ဆောင်းလေ အေးအေးက ယူနီဖောင်းဖြင့်ပင် မကာကွယ်နိုင်ဘဲ ကျောထဲစိမ့်ခနဲ ဖြစ်စေသည်။

"အားလုံး လေ့ကျင့်ရေးကာလမှာလည်း ပင်ပန်းခဲ့ပြီ။ ကိုယ်တာဝန်ကျရာအရပ်မှာ တာဝန်ကျေကျေလုပ်ဆောင်နိုင်ကြဖို့ မျှော်လင့်ပါတယ်"

ကြယ်သုံးပွင့်ပိုင်ရှင် စခန်းမှူးကြီး ဝမ်ဟန်မှ အမှာစကားချွေသည်။ ထောင့်မှန်စတုဂံပုံ စားပွဲရှည်ကြီး၏ ပတ်လည်ရှိ ရဲသားငယ်များ အားလုံးသည် စခန်းမှူးကြီးဝမ်ဟန်ကို တညီတညွတ်တည်း အလေးပြုကျ၏။ အချိန်အားဖြင့် မနက်ဆယ်နာရီထိုးချေပြီ။ မကြာခင် လူစုခွဲကာ အဖွဲ့လိုက်တာဝန်ကျရာစခန်းကိုယ်စီကို ထွက်ခွာကြရတော့မည်။ အချိန်တော်တော်ကြာ အေးအတူပူအမျှ ဖြတ်သန်းခဲ့ကြသော ရဲဘော်ညီအစ်ကိုအတွက် ခွဲခွာရခြင်းက သံယောဇဉ် အမျှင်တန်းလန်းဖြင့် ခံစားနေရသည်မှာ အသားမကျလှပေ။

"အခြားအဖွဲ့သားတွေ အထုပ်တွေသွားသိမ်းလို့ရပါပြီ။ ဝမ်ရိပေါ်! မင်းက အယ်လ်ဖာနဲ့ အတူ beijing ကိုလိုက်ခဲ့ပါ"

ကိုယ်စီကိုယ်စီ ထွက်ခွာသွားကြပြီး ဝမ်ရိပေါ်အပါအဝင် ငါးရောက်ကျန်ရစ်ခဲ့သည်။ စခန်းမှူး ဝမ်ဟန်ကိုပါ ထည့်တွက်မည်ဆိုလျင် အစည်းဝေးခန်းထဲ စုစုပေါင်းလူဦးရေမှာ သူတို့ခြောက်ယောက်သာ။ ရိပေါ်နှာခေါင်းရှုံ့မိသည်။ သူ့ကိုမှဘာလို့ beijing လွှတ်ရသည်လဲ။

ဝမ်ဟန်ဦးဆောင်သော အယ်လ်ဖာအဖွဲ့သည် beijing စခန်းကို တာဝန်ကျသည်။ မနက်အစောပိုင်းတွင် ထွက်ခွာခဲ့ပြီး ၆၃၆မိုင် အကွာအဝေးရှိသောခရီးလမ်းကို ကျည်ဆံရထားဖြင့် ၃နာရီကျော် ခရီးနှင်ခဲ့သည်။ beijing သို့ရောက်ရောက်ခြင်း ဂျူတီမဝင်ရသေးခင် အနားယူခွင့်ရထားသည်။ စခန်းမှူးကြီး ဝမ်ဟန်သည် ရိပေါ်ကိုညီလေးတစ်ယောက်လို အလွန်ချစ်သည်။ အငယ်ဆုံးဖြစ်ပြီး အတော်ဆုံးဖြစ်နေသော ရိပေါ်ကို တိုးတက်ရာတိုးတက်ကြောင်း အမြဲဆွဲခေါ်သည်။ ရိပေါ်သည်လည်း အလုပ်ချိန်အတွင်း ဝမ်ဟန်ကိုအလွန်လေးစားသော်လည်း တာဝန်ကင်းလွတ်သော အချိန်တွင် သူတို့နှစ်ဦးကြား ညီအစ်ကိုဆက်ဆံရေးက ခိုင်မြဲခဲ့သည်မှာကြာလေပြီ။

Desendents Of The Sun (Yizhan) Completed!Where stories live. Discover now