Zawgyi
စားပွဲဝိုင်းတစ်ခုပေါ် တင်ထားသည်မုန့်များက နှစ်ယောက်စာထပ်ပိုများနေ၍ အခြားဝိုင်းများမှပင် လှမ်းလှမ်းကြည့်သည်။ စပ်ပြဲနေသည့်ဟော့ပေါ့တစ်အိုးလုံးကို တရှူးရှူးတရှဲရှဲဖြင့် အားရပါးရ စားသောက်နေသည့် ရှောင်းကျန့်မှာ ပတ်ဝန်းကျင်ကိုပင်ဂရုမစိုက်တော့ပေ။ ရိပေါ်ကိုတောင်ရှိသည်ဟု မမြင်တော့။ စားနိုင်လိုက်တာဟုပြောမကောင်းပေမယ့် ဘုရားဘုရား ဒီလူကောင်သေးသေးလေးနဲ့စားနိုင်လိုက်တာဟူသော မျက်လုံးများစွာကိုရိပေါ်မြင်နေ၏။ ဒါကြီးကို ရိပေါ်အားရပါးရ ဝင်စားပေးရန်လည်း ရိပေါ်မှအစပ်မစားနိုင်တာ။ ရေသောက်လိုက် ဟိုတို့ဒီတို့လုပ်လိုက်ဖြင့်သာ ငြိမ်နေရ၏။
ပန်းရောင် Hoodie လေးကြားမှ ပျောက်ကွယ်နေသော ကိုယ်လုံးသေးသေးသည် အလွန်ပိန်ပါးနေမည်ကို ရိပေါ်ခန့်မှန်းမိ၏။ နှုတ်ခမ်းအပေါ်တဝိုက် မွှေးညင်းပေါက်ကလေးများတွင်မက နှဖူးတွင်ပါချွေးစလေးများ ခိုသီးနေပြီ။ ပန်းနုရောင် အသားဆိုင်နုနုသည် အပူအစပ်ဖြင့်ထိလေတော့ မခံမရပ်နိုင်စွာ နီတာရဲနေသည်။ ပူနေသောငုံးဥပြောင်ပြောင်ကို တူဖြင့်ဖောက်ထိုးကာ ထိုနီတာရဲနှုတ်ခမ်းတို့ကို စုချွန်ပြီး ငုံးဥအေးစေရန်လေမှုတ်နေ၏။ ဆေးရုံမှဝန်ထမ်းများစွာ၏ လေးစားအားကျရသော ဒေါက်တာရှောင်းကျန့်သည် ဆေးရုံအတွင်းမှာများပျောက်ကွယ်ခဲ့သလားဟုပင် ထင်မိသည်။
"တော်ပြီလား ဗိုက်ဝသွားပြီလား"
ပြောင်ရှင်းသွားသောပန်းကန်ပေါင်းမြောက်များစွာကိုမှအားမနာ ဗိုက်ဝပြီလားဟု အမေးရှိရပြန်သည်။ စကားလုံးများနှင့်ပင်မဖြေနိုင်ပဲ ပူလာသောဗိုက်လုံးလုံးလေးကို လှန်ပြတော့ ရိပေါ်အကြည့်လွှဲလိုက်ရ၏။ ဒီလိုအပြုအမူတွေကို အခြားလူတွေမမြင်ပါစေနဲ့ဟုသာ စိတ်ထဲတွင်ဆုတောင်းမိသည်။
ပိုက်ဆံရှင်းကာ ဟော့ပေါ့ဆိုင်မှထွက်ပြီး ရှော့ပင်းမောလ်အပြင်သို့ထွက်ရန်သာ ကျန်သည်။ ယောက်ျားလေးနှစ်ယောက်အတူယှဉ်လျှောက်ရာ လက်တွဲသွားဖို့ကလည်း အမြင်မတင့်တယ်သလို အချင်းချင်းကိုပင် ပခုံးဖက်ဖို့တောင်တွန့်မိ၏။
YOU ARE READING
Desendents Of The Sun (Yizhan) Completed!
Fanfictionbase on DOTS both Z&U available!!! this story is my second babe 🙆