Zawgyi
မိသားစု သုံးလေးငါးစုလောက် စုနေ၍ရနိုင်သောအိမ်ကြီးတွင် ရိပေါ်တို့ရောက်နေသည်။ လူမနေတော့သော အိမ်ဟောင်းအိမ်ပျက်ဟု ပြောရမည်။ ညမိုးချုပ်ကြီးဖြစ်သော်လည်း ရောက်ရောက်ချင်းပင် နေရာထိုင်ခင်းပြင်ဆင်ရသည်။ အပေါ်ထပ်တွင် ဘယ်သူတစ်ယောက်ထဲမနေရဲ။ အငယ်တွေနှင့်အတူ ရှောင်းကျန့်ကိုနေခိုင်းရသည်။ အောက်မြေညီခန်းတွင် ရိပေါ်၊လုယန်နှင့် ဝမ်ဟန်တို့က ကင်းစောင့်သည့်သဘောဖြစ်စေရန်နေရာယူထားသည်။
ရှောင်းကျန့်ကို ရိပေါ်အနားခေါ်ထားချင်ပေမယ့် လုယန်ကိုမသင်္ကာဖြစ်ရသည်။ လုယန်၏မျက်လုံးများမှာ ရှောင်းကျန့်ဆီကိုပင် အမြဲဦးတည်နေတတ်သည်။ ရိပေါ်သဝန်တို၍မဟုတ်ပါ။ အလုပ်ချိန်အတွင်း ကတောက်ကဆမဖြစ်လို၍သာ ခွဲထားလိုက်ရသည်။ တဖြည်းဖြည်းနှင့်ညဥ့်နက်လာပြီ။ ရိပေါ်ကညဘက်တွေ တော်ရုံအိပ်ပျော်သည့်လူမဟုတ်၍ လုယန်နှင့်ဝမ်ဟန်ကို အိပ်ခိုင်းကာ တစ်ယောက်တည်းစောင့်သည်။
ရှိုက်သံလိုလိုပဲ့တင်သံတစ်ခုက အပေါ်ထပ်မှကြားနေရသည်။ ရိပေါ်လူမကြောက်ပေမယ့် သရဲတော့အနည်းငယ်ကြောက်သည်။ ရုပ်ဆိုးဆိုးကြီးထွက်လာမည်ဆိုလျှင် ပို၍ကြောက်သည်။ သေနတ်ကိုမောင်းတင်၊ အသင့်ချိန်ထားရင်း အပေါ်ထပ်လှေကားဆီသို့ ခြေဖွဖွနင်းကာလှမ်းလာခဲ့သည်။ အစိမ်းနုရောင်ညထွန်းမီးသည် ပိတ်လိုက်ပွင့်လိုက်ဖြင့် ကျွမ်းချင်နေပြီ။ လှေကား၏ထောင့်နေရာနှင့်နီးလေလေ ရှိုက်သံကြီးကိုခပ်ကျယ်ကျယ်ကြားရလေဖြစ်သည်။ ရိပေါ်မျက်စိစုံမှိတ်ကာ အသံလာရာကိုသေနတ်နှင့်ထိုးချိန်လိုက်သည်။
တော်တော်ကြာသည်အထိ ရှိုက်သံကြားနေရဆဲ၊ မျက်လုံးတစ်ဖက်ကို အသာဟကာ မြင်ရရုံလေးချောင်းကြည့်မိသည်။ ဒူးနှစ်လုံးကြား ခေါင်းဝှက်ကာ တအီအီငိုနေသည်က ရှောင်းကျန့်ဖြစ်နေသည်။
"ဘာ...ဘာဖြစ်လို့လဲ"
မော့ကြည့်မလာပဲ ရှိုက်ငိုနေဆဲဖြစ်သည်။ အိမ်ခန်းအကျယ်ကြီးတစ်ခုလုံး အပေါ်ထပ်ရောအောက်ထပ်ပါမကျန် ရှောင်းကျန့်အသံက ပဲ့တင်ရိုက်ခက်သည်။ ခေါင်းကိုကွယ်ဝှက်ထားသည့်လက်နှစ်ဖက်အား အတင်းဆွဲဖြည်ကာ မေးမော့စေရသည်။ မျက်တောင်ဖျားနက်နက်များတွင် မျက်ရည်စများစိုနေပြီ။ ပါးနှစ်ဖက်ရဲပတောင်းခက်နေသည်အထိ ဘယ်အချိန်ကတည်းကများ ငိုထားသလဲခန်းမှန်းရခက်သည်။
أنت تقرأ
Desendents Of The Sun (Yizhan) Completed!
أدب الهواةbase on DOTS both Z&U available!!! this story is my second babe 🙆