Zawgyi
ကိုယ်စီအလုပ်ရှုပ်နေကြသည်မို့ ရှောင်းကျန့်နှင့်ရိပေါ် မတွေ့ဖြစ်တာ သုံးလေးရက်ခန့်ရှိပြီ။ ရှောင်းကျန့်ဘက်မှ ပြန်စာမလာသော မက်ဆေ့ခ်ျဘောက်စ်အတွင်း ရိပေါ်ပို့ထားသော တနေ့တာလုပ်ငန်းများသာ အစီအတန်းလိုက်ရှိနေသည်။ ဒါကိုလည်း ကိုယ်ကသာတစ်ဖက်သက်ဖြစ်သူမို့ ရိပေါ် ဝမ်းနည်းခြင်းမရှိပါ။ အနည်းဆုံးတော့ဖုန်းဆက်လျှင်ဖုန်းကိုင်ပေးသည့် ရှောင်းကျန့်နှင့် တခါတလေညမိုးချုပ်သည်အထိ စကားပြောဖြစ်ကြသည်မှာ အလေ့အကျင့်ဖြစ်နေပြီ။
စခန်းနှင့်ဝေးသောဆေးရုံသို့ တကူးတကလာရန်လည်း ရိပေါ်နည်းနည်းလေးမျှ စိတ်ကွက်ခြင်းမရှိ။ ကိုယ်တိုင်ကပင် မျက်နှာလေးမမြင်ရသည်နှင့် အိပ်မပျော်စားမဝင်ဖြစ်နေပြီ။ ယခုလည်း မုန့်ထုတ်များကိုင်ကာ ရှောင်းကျန့်ဆေးရုံသို့ ရိပေါ်ရောက်နေသည်။ ဒီနေ့လာကြိုမည်ဟု ဖုန်းဆက်ထားသော်လည်း ရှောင်းကျန့်အခန်းတွင် ရှိမနေခဲ့ပါ။ reception မှ ဆရာမများကိုမေး၍ ဆေးရုံအုပ်ရုံးခန်းတွင် ရှိသည်ဟုသိရသည်။ ရုံးခန်းရှေ့ရောက်နေသော်လည်း ရိပေါ်အထဲအထိမဝင်သင့်၍ အပြင်၌သာရပ်စောင့်နေသည်။ အခန်းအတွင်းမှရယ်သံများက အပြင်အထိကြားနေရသည်။ ဘာတွေကိုသဘောကျနေမှန်းမသိပေမယ့် ရယ်သံသေးသေးလေးကတောင် ရိပေါ်နှလုံးသားကို ကိုင်လှုပ်နိုင်သည်။
တံခါးကိုခပ်လျှော့လျှော့မှီရင်း ဘယ်ဘက်ရင်အုံကို လက်သီးဆုပ်လေးဖြင့် ဖိကြည့်မိသည်။ အဟား...ပေါက်ကွဲထွက်တော့မလို ဖြစ်ပျက်နေလိုက်တာ။
"ဆရာ့သမီး လာရင် မင်းကသွားကြိုပေးမယ်မလား။ အားကိုးပါတယ် ရှောင်ရှောင်းကျန့်ရာ သမီးကနိုင်ငံခြားမှာအနေများတော့ ဒီမှာခင်တွယ်စရာမင်းကလွဲရင်မရှိဘူး"
"ဟား အန်ဒီ့ကိုလည်း ကျွန်တော်သတိရပါတယ်။ ဟိုမှာကနေ့နဲ့ညတလွဲဖြစ်နေတော့ ကျွန်တော်အွန်လိုင်းသုံးတဲ့အချိန်လည်း မဆုံဖြစ်လို့ အဆက်အသွယ်ပျက်နေတာ လေဆိပ်ဆင်းမဲ့နေ့ကျွန်တော်သွားကြိုပေးမှာပေါ့ဗျာ"
တဖြည်းဖြည်းကျယ်လာတဲ့ စကားသံတွေကြောင့် ရိပေါ်မနေနိုင်စွာ ချောင်းကြည့်မိသည်။ တစ်ခေါင်းလုံးဖြူဖွေးနေခြင်းမဟုတ်ပေမယ့် အသက်အရွယ်အရ အရောင်လွင့်လာသော ဆံနွယ်တွေနှင့်၊ အသက်ငါးဆယ်ကျော်ရှိမည့်လူကြီးတစ်ဦးက ရှောင်းကျန့်ရှေ့တွင် ထိုင်နေသည်။ ဆေးရုံအုပ်ဟူသော ဂုဏ်နှင့်အညီ သပ်ရပ်သည့်ကိုယ်ဟန်အနေအထားဖြင့် လူငယ်တစ်ယောက်လိုပင် ပေါ့ပါးနေသည်။
YOU ARE READING
Desendents Of The Sun (Yizhan) Completed!
Fanfictionbase on DOTS both Z&U available!!! this story is my second babe 🙆