Zawgyi
စခန်းနှင့်မဝေးသောနေရာတွင် ရေတံခွန်အသေးစားကလေးရှိသည်။ ရေစီးသိပ်မသန်ပါ။ ရိပေါ်တို့အားလုံး ဒီမှာပဲရေချိုးလေ့ရှိကြသည်။ သစ်တောဦးစီးမှုးတို့လည်း ဒီမှာပင်ရေချိုးကြသည်။ အနည်းငယ်သာရှိသောမြို့သားများကတော့ ဒီဘက်ကိုသိပ်မလာကြပါ။ အန္တရာယ်ရပ်ဝန်းဖြစ်ပြီး တားမြစ်နယ်မြေဟုလည်းသတ်မှတ်ထားကြသည်။
ရေတံခွန်မှရေက အနည်းငယ်စိမ့်သည်။ ရေထိ၍ဗိုက်မှအနာသည် စပ်ဖျင်းဖျင်းဖြစ်နေသည်။ ကျောဘက်မှဒဏ်ရာများသည်လည်း စပ်လာသလိုခံစားရသည်။
"Opppaaaaaaaa"
ပဲ့တင်သံထပ်သောအသံသေးသေးလေးအား ဝေ့ဝဲရှာကြည့်မိသည်။ ကျောက်တုံးများပေါ်တွင် ခြေဆင်းထိုင်ရင်း ရိပေါ့်အားကြည့်ကာလှမ်းအော်နေသည့် ကလေးလေးပါ။ ကလေးကဒီအထိရောက်နေသည်ဆိုတော့ ရိပေါ်မမြင်ချင်သည့်ပုဂ္ဂိုလ် ပါလာလိမ့်မည်။ သဘက်ကိုခါးတွင်ပက်လိုက်ကာ ကုန်းမြင့်ပေါ်သို့တက်ခဲ့သည်။
ကလေးလေးက ရိပေါ့်ကို ရွှန်းရွှန်းစားစားကြီး မေးထောက်ကာကြည့်နေသည်။
"ဘာလဲ ငါကြည့်ကောင်းလို့လား"
ခေါင်းပြုတ်ထွက်မတက်ညိတ်ပြပါသည်။ တကယ်ကိုမလွယ်သည့်ကလေး။
"Oppa sarangaeyoo"
"မင်း တရုတ်လိုမတက်ဘူးလား"
တအံ့တသြရိပေါ်မေးတော့ လက်ဖဝါးသေးသေးလေးဖြင့် နှုတ်ခမ်းကိုအုပ်ကွယ်ကာ ရယ်နေသည်။
"ဝေါ်အိုက်နီ ကော့ကော"
ကလေးနှင့်အတူ တစ်ယောက်ယောက်ပါမှာပဲဆိုသည့်အတွေးနှင့် ကလေးကိုထားကာ ထွက်လာခဲ့သည်။ ကလေးကမနေခဲ့ပါဘဲနှင့် ရိပေါ့်ခါးအောက်ပိုင်းတွင်ပက်ထားသော သဘက်၏အနားစအား ကိုင်ဆွဲကာလိုက်လာသည်။ ဒီလိုအခြေအနေမျိုးနှင့်မှ ရှေ့တည့်တည့်တွင်ရပ်နေသည့် ရှောင်းကျန့်နှင့်ပက်ပင်းတိုးသည်။ ရိပေါ့်နှလုံးခုန်နှုန်းတွေအစိုးမရတော့။
"Annna! ပါပါးဆီပြန်လာခဲ့လာ"
"မလာဘူး"
ရိပေါ့်အနောက်ထဲသို့ ပုံးကွယ်လိုက်သည်။ ရှောင်းကျန့်ကရှေ့တည့်တည့်ကိုလျှောက်လာနေပြီ။ ရိပေါ့်အနောက်တွင်ကွယ်နေသော Anna အရှေ့မှဖယ်ပေးရန် အကူအညီတောင်းနေသောမျက်ဝန်းများဖြင့် ရိပေါ်ကိုကြည့်သည်။ ရိပေါ်အကြည့်ကတော့ ခင်ဗျားကလေးတောင်မနိုင်ဘူးလားဆိုသည့် မျက်နှာဘေးမျိုး။
DU LIEST GERADE
Desendents Of The Sun (Yizhan) Completed!
Fanfictionbase on DOTS both Z&U available!!! this story is my second babe 🙆