Episode - 7

2.5K 317 18
                                    

Zawgyi

"ကောင်လေးက သနားပါတယ် ငယ်သေးတယ်"

"Operation က success မဖြစ်ခဲ့ဘူးလား။ အထူးကုတွေအားလုံး ကြိုးစားခဲ့ကြတယ်ဆို"

"အချိန်လွန်သွားတာ ဆေးရုံကိုရောက်တာနောက်ကျတယ် သွေးထွက်လွန်နေပြီ"

တစ်ယောက်တစ်ပေါက်ပြောနေကြသည့် စကားဝိုင်းထဲ သေသွားသည့်ကောင်လေးမှာ မည်သူမှန်းရှောင်းကျန့်မသိ။ အနည်းငယ်စိတ်ဝင်စားစရာကောင်း၍ နားထောင်နေရုံနှင့် အားမရကာဝင်ပါမိသည်။ ကျိုးချန်းကတော့ငြိမ်နေသည်။ နားထောင်နေပေမယ့်စိတ်ဝင်စားသည့်ပုံမပေါ်။ ဘောပင်ခလုတ်အား တတောက်တောက်ဖြင့် ပိတ်လိုက်ဖွင့်လိုက် လုပ်နေသည့်အသံက စကားဝိုင်းကြားမှ တချက်တချက်ထွက်လာသည်။

"ဆရာကြီးတွေတော်တော်များများ ဝိုင်းကယ်ကြသေးတယ်ပြောတာပဲ အင်ဂျင်နီယာကျောင်းသားလေးလို့ပြောတယ်"

"ဘယ်လို case လဲ" ဟု ဝင်မေးသူက ရှောင်းကျန့်၊ မျက်မှန်ခပ်ထူထူ ပုလင်းဖင်မှန်ဖြင့် ဒေါက်တာတစ်ဦးက ဝင်ဖြေသည်။

"သေနတ်မှန်တာတဲ့"

"ရဲအရာရှိတစ်ဦး ပစ်လိုက်တာလို့ပြောတယ် သတင်းကအတိအကျမထွက်ဘူး"

ဘယ်သူပစ်တာလဲမမေးခင် အလိုက်သိဝင်ဖြေပေးသူကြောင့် ကျိုးချန်းခေါင်းထောင်လာပြီ။ အဖွင့်အပိတ်လုပ်နေသော ဘောပင်အား လက်ထဲမှချလိုက်ပြီး နားထောင်သောအဆင့်သို့ ခေါင်းပြူဝင်လာချေပြီ။

"ဘာဖြစ်လို့ ပစ်တာလဲ"

"မဒိမ်းမှုတရားခံနဲ့ ရုပ်ဆင်နေတာ တရားခံကဖမ်းမရပဲထွက်ပြေးနေတော့ ကွင်းဆက်ဖြစ်တာကြောင့် ပစ်မိန့်ကျထားတယ်။ အဲ့တာကောင်လေးက ရုပ်ဆင်လို့မှားပစ်ခံရရှာတာ သနားပါတယ်"

"အမှုမဖွင့်ကြဘူးလား မိသားစုဘက်က"

တစ်ခွန်းမကျန်မေးနေသော ရှောင်းကျန့်လက်မောင်းအား ကျိုးချန်းဖျစ်ညှစ်ကာ သတိပေးလာသည်။ ဒီအတိုင်းဆိုအခြေအနေမဟန်တော့။ အစထဲကသိပြီးသားကိစ္စရပ်တို့အား ကျိုးချန်းဝင်မပါခဲ့သည်မှာ ရှောင်းကျန့်စိတ်ဝင်စားလာမည်စိုးရိမ်သည် တစ်ခုတည်းနှင့်။

Desendents Of The Sun (Yizhan) Completed!Where stories live. Discover now