Episode - 12

2.1K 272 7
                                    

Zawgyi

ဒီနေ့မိုးမရွာသလိုနေလည်းမပူပါ။ ရာသီဥတု သာသာယာယာရှိနေပါသည်။ ပူလောင်နေခြင်းက ရှောင်းကျန့်ကိုယ်တိုင်ဖြစ်သည်။

ဆေးရုံဝန်းသစ်ပင်အောက်တစ်နေရာတွင် ထိုင်နေသည်မှာ ကြာပြီ။ မကြာသေးခင်အချိန်ကမှ ကျိုးချန်းပြောခဲ့သောစကားများက ပဲ့တင်သံထပ်နေအောင် နားထဲပြန်ပြန်ရောက်လာသည်။ လေတစ်ချက်ဝှေ့တိုက်၍ သစ်ရွက်ကလေးများလှုပ်ခတ်သွားသည်။ သဲမှုန့်တစ်ချို့လွင့်လာ၍ မျက်စိစပ်လာသည်လားမသိပါ။ ရှောင်းကျန့်မျက်လုံးထဲအရည်ကျည်တို့ဝေ့ဝဲလာသည်။

"ရိပေါ် တကယ်ထောင်ကျသွားရင် မင်းနေနိုင်မှာလား" တဲ့။ တကယ်တော့ သူနေနိုင်မည်မဟုတ်ပါ။ ရိပေါ်ကိုလည်း ဒုက္ခရောက်စေလိုသောဆန္ဒဖြင့် အကူအညီတောင်းခဲ့ခြင်းမဟုတ်။ အားကိုးချင်စိတ်သာရှိသည်။

"ဒါကိုကူညီမှ သူ့ကိုလက်ခံပေးမယ်ဆိုတာ အပေးအယူဆန်လွန်းတယ်။ မင်းစိတ်ထဲကမပါဘဲ သူကဒါကူညီလို့သူလိုချင်တာ မင်းကပြန်ပေးတဲ့ သဘောဖြစ်နေတယ်။ သူ့အပေါ်ထားတဲ့ခံစားချက်က လေးလေးနက်နက်မဖြစ်ဘူးလို့သူထင်မိမှာပဲလေ"

ဟုတ်ပါသည်။ ကျိုးချန်းပြောခဲ့သည်မှာ အမှန်တွေချည်းဖြစ်သည်။ သူရိပေါ်နှင့်စကားပြောရန်လိုအပ်နေပြီ။

•••••••

"မင်းဒါကိုမလုပ်သင့်ဘူးနော်ရိပေါ်၊ ငါတားနေတယ်"

"ကျွန်တော် ကူညီမှဖြစ်မှာ ဟန်ကောရာ၊ ကျွန်တော့်ကိုကူညီပါ"

မပြည့်စုံသောအမှုတွဲဖိုင် သက်သေမခိုင်လုံသည်ကတစ်ကြောင်း။ တရားခံအရာရှိ၏ ဇနီးဖြစ်သူက ဤတရားစွဲချက်မမှန်မကန်ဟုသာ ရုံးသို့လျှောက်တင်လျှင် ရိပေါ်ဘဝဆုံးပြီ။ ဒါမျိုးကို ဝမ်ဟန်လည်းမဖြစ်စေချင်ပါ။

"မင်းကိုသူတကယ်မေတ္တာရှိရင် ပကာသနတွေမလိုပါဘူး"

ရိပေါ်သက်ပြင်းချသည်။ လုပ်ချင်တာလုပ်ခွင့်မရ၍ စိတ်လည်းတိုချင်နေပြီ။

"ကျွန်တော်က သူလက်ခံတာကိုမျှော်လင့်နေလို့ လုပ်ပေးနေတာမဟုတ်ဘူးဗျာ။ ဒီတိုင်းပဲတစ်ခါလောက်တော့ သူ့ရှေ့မှာသူသဘောကျတဲ့ပုံစံနဲ့ရပ်တည်ပေးချင်တာ"

Desendents Of The Sun (Yizhan) Completed!Where stories live. Discover now