Episode - 2

4K 441 37
                                    

Zawgyi

ဝတ်နေကျ ပုံစံတူယူနီဖောင်းကိုပင် ထည်လဲဝတ်ကြည့်ရင်း အသင့်တော်ဆုံး ကြည့်၍အကောင်းဆုံးဟူသော တစ်ထည်ကိုမှ ရွေးကာဝတ်ခဲ့သည်။ သိပ်မရှည်သော ဆံပင်တိုကပ်ကပ်ကို ဂျယ်ဖြင့်အနည်းငယ်သပ်တင်ကာ cap ဝတ်လိုက်၏။ ဒီလောက်ဆို ရဲတစ်ယောက်အတွက် ယူနီဖောင်းပြည့်စုံသွားပြီ။ ဘာကြောင့်များ အရာရှိတစ်ဦးနှင့် တွေ့ရတော့မလိုလို သပ်သပ်ရပ်ရပ် ပြင်ဆင်နေမိလဲ ကိုယ့်ကိုယ်ပင် ရိပေါ်နားမလည်နိုင်တော့။ သေချာသည်က ရှောင်းကျန့်လေးစားသောသူတစ်ယောက် ဖြစ်ချင်သည်။ ဂျူတီကုတ်အဖြူတလွှားလွှားဖြင့် ဆွဲဆောင်မှုရှိလွန်းသော ရှောင်းကျန့်၏ လုပ်ငန်းခွင်အတွင်းပုံရိပ်ကို သူမျက်စိကျခဲ့သလိုပင် ရှောင်းကျန့်လည်းသူ့အပေါ် လေးစားထိုက်သူတစ်ယောက်လို ဆက်ဆံစေချင်သည်။ အနည်းငယ်များ ထူးဆန်းနေသလား။

ဆေးရုံသို့ရောက်သည်နှင့် reception ၏အကူအညီကို အရင်ယူရသည်။ ဌာနပေါင်းသောင်းခြောက်ထောင်ရှိသော ဆေးရုံကြီးထဲ ဘယ်အရပ်များရှောင်းကျန့်ရောက်နေမလဲ သူမှမသိပါလေ။

"ဟို ဒေါက်တာရှောင်းကျန့်ကို ဘယ်မှာရှာရမလဲသိချင်လို့ပါ"

"Emergency ward မှာ တစ်ချက်မေးကြည့်လိုက်ပါရှင်။ သူ့ဂျူတီကအဲ့ ward မှာဆိုပေမယ့် သူက ဌာနတိုင်းကို သွားပြီးကူညီနေကျမို့ ဘယ်ရောက်နေမလဲ ကျွန်မတို့မပြောတက်ဘူးရှင့်"

အပြုံးချိုချိုနှင့် ခပ်ချောချောဆရာမလေးက ယူနီဖောင်းနှင့် ရိပေါ်ကိုဖော်ဖော်ရွေရွေရှိလှသည်။ ကိုယ့်ကိုယ်ကို အရမ်းခန့်နေပြီဟု ရိပေါ်အမှတ်ပြည့်ပေးလိုက်မိ၏။ လမ်းညွှန်ဘုတ် သေးသေးလေးများကိုဖတ်ရင်း emergency ward ကို ခက်ခက်ခဲခဲရှာကာ ရောက်လာချေပြီ။ နာမည်နှင့်လိုက်အောင် urgent case များဖြင့် ပြာယာခတ်နေကြသော ဝန်ထမ်းများထဲ ရှောင်းကျန့်ကိုသူဘယ်လိုရှာရမလဲ။ ခဏကြာတော့ ဝန်ထမ်းတစ်ယောက်မှပင်မရှိတော့အောင် လူရှင်းသွားသည့် စင်္ကြံတွင် သူတစ်ယောက်ထဲသာ။ ရိပေါ့်အဖြစ်က ထွက်ပြေးနေသောတရားခံကို လိုက်ဖမ်းရသည်ထပ် ခက်ခဲ၏။

ခေါင်းငိုက်စိုက်ချကာ ထိုင်နေရင်းမှ ရှေ့တည့်တည့်မှဖြတ်သွားသော ခြေအစုံ။ ကုတ်အဖြူဝတ်မထားသော်လည်း လည်ပင်းတွင် နားကြပ်သိုင်းထားသည်။ လက်ထဲတွင်လည်း လူနာမှတ်တမ်းနှင့်ဆိုင်သော ဖိုင်တွဲတစ်ခုကိုကိုင်ထားသူက ရှောင်းကျန့်တော့မဟုတ်ခဲ့ပေ။ သို့သော်လည်း သဲကန္တာရ ထဲရောက်နေသူကို ရေသန့်ဗူးလာလှူလိုက်သလိုပင် ရိပေါ်ခံစားရ၏။

Desendents Of The Sun (Yizhan) Completed!Tahanan ng mga kuwento. Tumuklas ngayon