Zawgyi
ညဆိုင်းဆင်းပြီး အိမ်မပြန်ခင် ဆေးရုံဝန်းထဲမပြေးရုံတမယ် အူယားဖားယားပြေးဝင်လာသော ရှောင်းကျန့်အား ပြတင်းပေါက်မှ လှမ်းမြင်လိုက်၏။ ပထမထပ်မှ ကြည့်နေခြင်းဖြစ်ရာ ဆင်ဝင်အောက်ရောက်သည်အထိ ရှင်းရှင်းလင်းလင်း မြင်ရသည်။ ညကဝတ်ဆုံနှင့်ပင်ဘိုသီဘက်သီ၊ အမြဲတမ်းရှင်းသန့်ကျော့မော့နေသော ရှောင်းကျန့်မှာ မနက်စောစောစီးစီးချွေးတလုံးလုံးနှင့် မူပျက်နေသည်။
အတွင်းဘက်ပြင်ပလူနာဆောင်ထဲဝင်လာမှ ကိုယ်ဟန်သပ်ကာ ခပ်တည်တည်ဝင်လာသူအား ကျိုးချန်းအမိဖမ်းသည်။ ပခုံးမှကိုင်ဆွဲကာ သူ၏ လူနာစမ်းသပ်ခန်းထဲ ဆွဲထည့်၊ ကုလားထိုင်ပေါ်တွင်ထိုင်စေသည်။
"ဘယ်လိုဖြစ်လာတာလဲ ရေတောင်မချိုးရသေးဘူးလား"
"အိပ်ယာထနောက်ကျသွားလို့ ဆေးရုံအချိန်မမှီတော့ဘူးထင်ပြီး ပြေးလာတာ"
မျက်နှာကိုတိုက်ရိုက်ကြည့်မဖြေ၊ စားပွဲပေါ်တင်ထားသောစာရွက်အထပ်လိုက်အား စူးစိုက်ကြည့်ရင်း ဖြေနေသည်။ အဲကွန်းလေက အေးစက်စက်ဖြင့် အခုမှလေစိမ်းပိုတိုက်လာသလို အခန်း၏ ရာသီဥတုကြား အရက်နံ့မပြောက်သေးသော ရှောင်းကျန့်ကိုယ်ငွေ့အား သတိထားမိသည်။ တစ်ခုခုတော့တစ်ခုခုပါပဲ။
"မင်းမနေ့ကသောက်တာအရမ်းများတယ်၊ ခေါင်းတွေကိုက်နေပြီလားအခု"
"တဆစ်ဆစ်ပဲထိုးကိုက်နေတာ"
ထိုင်ရာမှထကာ အပေါ်ဝတ်အင်္ကျီကိုချွတ်လိုက်တော့ လည်ပင်းနားတစ်ဝိုက် အနီကွက်တို့ကခပ်ရဲရဲ ပုရွက်နီ အုံလိုက်ခဲလိုက် အတွယ်ခံထားရသလိုဖြစ်နေသည်။ လက်မောင်းမှကိုင်ဆွဲကာ အနီးဆုံးသို့ကပ်စေပြီး နားရွက်ဖျားမှစ၍ လည်ပင်းတစ်ဝိုက်ကိုအကဲခတ်ကာ ကျိုးချန်းမျက်မှောင်တို့ တွန့်ကွေးကုန်သည်။
"ကျန့်ကျန့် မင်း alcohol allergic ထနေတယ်"
"ဘာ" ဟု အော်ချလိုက်သည်မှာ ကျိုးချန်းနား ပေါက်ကွဲမတက် အူထွက်သွားသည်။
ဆရာဝန်တစ်ယောက်ဖြစ်ပါလျက်နှင့် ဒါကိုအရင်မစဉ်းစားပဲ မှောင်ရိပ်ကျခဲ့သောအတွေးတွေနှင့် သူဦးနှောက်ဆေးသင့်ပြီ။ ညကြီးမိုးချုပ် မူးမှောက်နေတဲ့သူ့ကို အိမ်အရောက်ပို့ပေးခဲ့တဲ့လူကိုမှ သူဘာလို့များ။ တွေတွေဝေဝေကြည့်နေခဲ့တာ မလုပ်နဲ့လို့လည်းမတား။ ရုန်းဖယ်ခြင်းလည်းမပြုသည့်အပြင် ဘာကြောင့်ထိုးရခြင်းကိုလည်း ရိပေါ်မမေးဘဲ စိတ်ကျေနပ်ပါစေဆိုသောအကြည့်တွေနှင့် အကြိမ်ကြိမ်အနာခံခဲ့တာသွေးအလိမ်းလိမ်းထွက်သည်အထိပင်။ ပြန်စဉ်းစားရင် သွေးပူလာသည်။ ငိုချလိုက်ချင်သလို ဝမ်းနည်းသလိုရင်တွင်းကစူခနဲနေအောင်အောင့်ကာ အသက်ရှူမဝဖြစ်လာသည်။ အဲ့တုန်းကသာသေချာစဉ်းစားခဲ့ရင် ကလေးငယ်နာရမှာမဟုတ်ဘူး။
YOU ARE READING
Desendents Of The Sun (Yizhan) Completed!
Fanfictionbase on DOTS both Z&U available!!! this story is my second babe 🙆