Zawgyi
သတင်းစာအတွင်း ဘာအကြောင်းအရာပါလို့ပါမှန်း တိတိကျကျမသိ။ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရုံသက်သက် ဟန်လုပ်ကိုင်ထားရသည်။ ဒီအိမ်ထဲကိုရောက်ကတည်းက ရိပေါ်အသက်ပင်အောင့်ထားမိသည်ထင်၏။ မွန်းကြပ်သည်။ လူကမလာချင်ပေမယ့်စိတ်ကသွားချင်လွန်းနေသည်။ မှောင်ခိုကူးသန်းရောင်းဝယ်ရေးလူစုအား ဖမ်းပြီးချိန်မှစ၍ ရှောင်းကျန့်သူ့အားရှောင်နေသည်။ တစ်ပတ်တိတိရှိပြီ စခန်းဘက်ကိုလည်းလုံးဝလှည့်မလာခဲ့ပါ။ တခါတလေလှမ်းမြင်လိုက်ရလျှင်တောင် ရှောင်ရှောင်ထွက်သွားတတ်၍ ရိပေါ်နေရခက်လာသည်။ မသင့်တော်တော့သောအခြေအနေဖြစ်မှန်းသိလျက်နှင့်တောင် ရှောင်းကျန့်ကိုအနားမှာရှိစေချင်မိသည်။ သူ၏အတ္တစိတ်က နည်းနည်းလေးမှလျှော့နည်းမသွားသေး၊ ဒေါင်းယောင်ဆောင်ချင်သော ကျီးတစ်ကောင်လို မပိုင်တော့သောရှောင်းကျန့်ကိုလည်း သူ့အပိုင်ဖြစ်နေဆဲဟုကျွေးကြော်ချင်မိသည်။
အိမ်တံခါးဖွင့်ထားပေမယ့် တိတ်ဆိတ်နေသည်။ တွေ့ရာသတင်းစာတစ်ခုကိုကောက်ဖက်ကာ ဟန်လုပ်နေပေမယ့် စိတ်အာရုံကအိမ်ထဲမှထွက်လာမည့်ရှောင်းကျန့် ဘယ်လိုအနေအထားရှိမည်ကိုသာခန့်မှန်းနေမိသည်။ ရည်းစားဟောင်းရဲ့မိသားစုနေအိမ်ကို ရောက်နေတာ မသင့်တော်ဘူးဟုတွေးမိတာလည်းအကြိမ်ကြိမ်ပဲ။
"ရောက်နေတာကြာပြီလား"
စကားသံကြားလိုက်ရ၍ ကျောရိုးတလျှောက် မတ်သွားသည်။ အမူအယာမပျက်သတင်းစာကိုပိတ်လိုက်ရင်း မျက်လုံးလှန်ရုံကြည့်လိုက်သည်။ ရှောင်းကျန့်ဟုတ်မနေမှန်းကို မိန်းကလေးအသံကြားကတည်းက ရိပ်မိပြီးသားဖြစ်၍ အထူးအဆန်းတော့မဟုတ်။
"ဒေါက်တာရှောင်းကျန့်မရှိဘူးလား"
အပြုံးခပ်အေးအေးနှင့်ခေါင်းခါပြနေသူကို ရိပေါ်အားနာသည်။ ဒီအမျိုးသမီးသာဖြစ်ကြောင်းအစုံအလင်သိထားပြီးဖြစ်လျှင်ဟု တွေးမိတော့ မျက်နှာကိုရေနွေးပူပူအလောင်းခံလိုက်ရသလို ရှိန်းသွားရသည်။
"ဘယ်ကိုသွားတာလဲ"
"Beijing ကိုပြန်သွားတာပါ သုံးလေးရက်ထပ်ပိုကြာမယ်"
YOU ARE READING
Desendents Of The Sun (Yizhan) Completed!
Fanfictionbase on DOTS both Z&U available!!! this story is my second babe 🙆