Episode - 14

2.1K 254 22
                                    

Zawgyi

လက်နှစ်ဖက်လုံး ကုတင်တိုင်တွင် လက်ထိပ်ချည်ခတ်ပြီးသည်အထိ ဘာမျှမသိသေးသူ ရှောင်းကျန့်မှာ လှုပ်ပင်လှုပ်မလာခဲ့ပါ။ ဖယိုဖရဲဖြစ်နေသော တီရှပ်အဖြူအပါး လစ်ဟနေသော အတွင်းသားဖွေးဖွေးများအား ရိပေါ်ဆက်မကြည့်ရဲအောင်ကတုန်ကယင်ဖြစ်လာသည်။ တစ်ကိုယ်လုံးမှသွေးကြောများ ပေါက်ထွက်သွားမတတ် ပူလောင်အိုက်စက်လာသည်မှာ အခန်းတွင်းအဲကွန်းလေစိမ့်စိမ့်ကို မေ့စေသည်။

ဝတ်ထားသော ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်နေသည့် ရိပေါ့်လက်တွေ တုန်ရီနေသည်။ ရှောင်းကျန့်ကိုယ်ပေါ် အုပ်မိုးကာ နှုတ်ခမ်းသားတစ်ခုလုံးအား စုပ်ယူငုံထွေးလိုက်သည့်အခိုက်အတန့် စည်းချက်မညီတော့သောနှလုံးခုန်နှုန်းများ ရိုက်ခက်လာသည်။ ဘာမှမထူးတော့ဘူး။ ဒီတစ်ညပါပဲ။ ဒီညပြီးရင်ရှောင်းကျန့်က သူ့အပိုင်ဖြစ်လာတော့မှာ...

•••••••

မူးဝေနေသည့်ခံစားချက်ဖြင့် ခေါင်းထဲကတဆစ်ဆစ်၊ မျက်လုံးကိုမဖွင့်နိုင်သေးခင် အသက်ရှူသံပြင်းပြင်းတို့ကိုကြားရသည်။ နှုတ်ခမ်းတစ်ခုလုံးအား ထိတွေ့နေသည်ကိုခံစားမိသည်။ သို့သော်အသက်ရှူမရ။ ရင်းနှီးနေသောကိုယ်ငွေ့ကြောင့် ဘယ်သူဘယ်ဝါမှန်းရှောင်းကျန့်သိသည်။ ရုန်းကန်၍မရအောင် ချည်နှောင်ခြင်းခံထားရသောလက်နှစ်ဖက်ကို သူကိုယ်တိုင်လည်းရုန်းမထွက်မိပါ။

နှုတ်ခမ်းတစ်စုံကို လွတ်မြောက်ခွင့်ပေးသည်နှင့် ပါးစပ်ဟကာလေရှူရသည်အထိ မောဟိုက်နေသည်။ နားရွက်အောက်ဖက် လည်ပင်းနားအား ပူနွေးနွေးနှုတ်ခမ်းများထိကပ်လာသောအခါ ရှောင်းကျန့်ခန္ဓာကိုယ်မှ အပူကန်ချင်လာသည်။

ဝမ်းဗိုက်တစ်လျှောက်နှင့် ခါးနားတို့ကို လူလားခေါက်တွန့်နမ်းရှိုက်နေသည်။ ငြင်းဆန်ရန်အင်အားတို့ ယုတ်လျှော့လာရအောင် တဖက်လူက အားနည်းချက်ကိုအပိုင်ကိုင်ထားသည်။ ရင်ဘတ်တစ်ဝိုက် ပြေးလွှားနေသော လက်ချောင်းတွေကြောင့် ညည်းသံမထွက်မိစေရန် နှုတ်ပိတ်ထားရပြန်သည်။ ချက်ချင်းကြီး ခြေထောက်နှစ်ချောင်းကြား နေရာဝင်ယူလိုက်သူကြောင့် အထိတ်တလန့်ပြန်ငဲ့ကြည့်မိသည်။

Desendents Of The Sun (Yizhan) Completed!Where stories live. Discover now