Episode - 15

2.1K 269 13
                                    

Zawgyi

၅နှစ်ခန့်ကြာသော်...

အငွေ့ထနေသောဆေးလိပ်တိုကို ဖိနပ်ဖြင့်နင်းခြေလိုက်သည်။ နေအလွန်ပြင်းသောကြောင့် ချွေးစေးတို့က နားထင်ပေါ်မှပင်စီးကျနေသည်။ မရိတ်ဖြစ်တော့သော ပါးသိုင်းမွှေးကြမ်းကြမ်းအတွင်း ချွေးစတို့ကတွဲလွဲခိုနေသည်။

ပခုံးပေါ်တင်နေသော ဆံပင်ရှည်တို့အား အနောက်ဘက်တွင် စုထုံးထားသည်။ ဘောင်းဘီခါးကြားထိုးထားသည့် သံတုတ်တစ်ချောင်းနှင့်ရိပေါ်မှာ ဓားပြဗိုလ်နှင့်ပင်တူနေသည်။ မနက်ခင်းတွင်အလွန်ပူပြီး ညဥ့်နက်လေအေးလေဖြစ်သော နယ်စပ်မြို့ကလေးဖြစ်သည်။ ဒီညထင်းဖိုရန် သစ်အတိုအထွာများကို ရိပေါ်လာကောက်နေသည်။

မြေပြင်ပေါ်တွင် စောင့်ကြောင့်ထိုင်ကာ အတိုအထွာအကုန် အိတ်ထဲစုထည့်နေသည်။ ရိပေါ်မျက်စိရှေ့ရောက်လာသည်က ပန်းနုရောင်လေဒီရှူးနှင့် ခြေထောက်သေးသေးကလေး။ တဖြည်းဖြည်းချင်းမော့ကြည့်တော့ အဖြူရောင်ဂါဝန်အတိုလေးနှင့် နတ်သမီးလေးလိုလှနေသည့်ကလေးလေးပါ။ လော်လီပေါ့တစ်လုံးကို ရိပေါ့်ရှေ့ထိုးပေးနေသည်။

"ဖောက်ပေးရမှာလား"

ကလေးလေးကခေါင်းကိုခါယမ်းသည်။ လော်လီပေါ့လုံးကို ရီပေါ့်ဆီအတင်းထိုးပေးနေတုန်း၊ နောက်ဆုံး သူပြောသည်ကို နာမလည်ရကောင်းလားဟု အာပြဲအော်ငိုတော့သည်။

"ဟေ့ မငိုနဲ့လေ ငါမင်းကိုတစ်ခုခုလုပ်လိုက်တယ်ထင်ကုန်မယ်"

"အာ ဒုက္ခပဲ ငါမင်းကိုဘာမှမလုပ်ဘူးနော်"

ဘာလုပ်လို့လုပ်ရမှန်းမသိသည့်အဆုံး ရိပေါ်ကောက်ပွေ့လိုက်သည်။ ဟိုဘက်သည်ဘက် ခဏလမ်းလျှောက်ပေးလိုက်မှ အငိုရပ်သွားသည်။ မျက်ရည်ဥနေသော မျက်တောင်စိတ်ကလေးများအား ရိပေါ်လက်မဖြင့် ဖိသုတ်ပေးလိုက်တော့ တခစ်ခစ်ရယ်နေသည်။

ရိပေါ့်မျက်နှာအား သူ့လက်ဖဝါးသေးသေးလေးဖြင့် အုပ်ကိုင်ကာ ခိုးခိုးခစ်ခစ်ရယ်နေတော့သည်။ ရိပေါ်လှစ်ခနဲမြင်လိုက်ရသည်က နှုတ်ခမ်းအောက်ထောင့်စွန်းမှ မှဲ့နက်ကလေးပါ။ ရိပေါ်အလန့်တကြား ကလေးလေးကိုပြန်ချပေးလိုက်သည်။

Desendents Of The Sun (Yizhan) Completed!Où les histoires vivent. Découvrez maintenant