ကိုကို သိလား ? 🍀12🍀

1.1K 95 14
                                    

~အင်း...~

အပျင်း​ကြောကို ဆန့်​​နေမိ​တော့

"နိုးပြီလား ? ကိုကို့ က​လေး​လေး "

ပြုံးကြည့်​ကာ​ပြောလာတဲ့ ကိုကို့ ကို ပြုံးပြလိုက်​သည်

"ဟုတ်​ ကိုကို "

"​နေရတာ သက်​သာရဲ့လား?  "

"နည်းနည်း​တော့ သက်​သာ​နေပါပြီ "

ပြောရင်း ကိုကို့ ရင်​ခွင်​ထဲ​ခေါင်းတိုးဝင်​မိသည်

ကိုကို Taeji နဲ့ သွားမ​တွေ့ဖြစ်​​အောင်​ အမျိုးမျိုး
ဥာဏ်​များမှ ဖြစ်​​တော့မယ်

ညက​တောင်​ ဖျား​အောင်​ ​ရေ​အေး​အေးဖြင့်
သုံး​လေးနာရီ​လောက်​ စိမ်​​နေခဲ့တာ ​တော်​​သေးတာ​ပေါ့ ဖျားသွားလို့ မဟုတ်​ရင်​ မလွယ်

"ကိုကို ဒီ​နေ့ ဖန်​​လေးနဲ့ တ​နေကုန်​​နေ​ပေးမှာ မှတ်​လားဟင်​ "

"ကိုယ်​ ညက ကတိ​ပေးပြီးသား​လေကွာ ဘယ်​မှမသွား​တော့ဘူး ဖန်​​လေး ​ဘေးမှာပဲ ​နေ​ပေး​တော့မှာ"

"​ကျေးဇူးပဲ​နော်​ ဖန်​​လေး ဖျား​နေတဲ့အချိန်​ ဖန်​​လေး​ဘေးမှာ ​နေ​ပေးလို့"

"ရပါတယ်​ကွာ ဒါနဲ့ ဘယ်​လိုလုပ်​ဖျားရတာတုန်း ဖန်​​လေး"

"အဲဒါက​လေ ...သိလား..."

စကား​ပြော​နေရင်း တ​အောင့်​နား​နေ​တော့ ကိုကိုက
မေး​ငေါ့ပြသည်

"ဆက်​​ပြော​လေ ..ဘယ်​လိုဖြစ်​တာလဲ "

"ဖန်​​လေး ​ရေချိုးမှားသွားတာပါ ကိုကို."

ကျ​နော်​ ​ပြောလိုက်​​တော့ ​ခေါင်းကို ဖွဖွ​လေး ပုတ်​သည်

"ဖြစ်​ရမယ်​ ​ကောင်​ဆိုး​လေး  ကိုယ်​က ဒီ​လောက်​ နုနယ်​တာကို မသိတာကြလို့ ​နောက်​ခါ ဆင်​ခြင်​​နော်​"

"ဟုတ်​  ဖန်​​လေးကို မဆူပါနဲ့​နော်​ "

"မဆူပါဘူးကွာ ထ​တော့မလား ဖန်​​လေး "

"ဟင့်​အင်း ဖန်​​လေး နုံး​နေတယ်​  လမ်းမ​လျှောက်​နိုင်​ဘူး"

"​ဟော​ဗျာ ဒါဆို ဘယ်​လိုလုပ်​ရမလဲ ​ပြော"

"ဟီး ကိုကိုက ဖန်​​လေးကို ချီ​လေ "

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now