ကိုကို သိလား? 🍀17🍀

1.1K 94 19
                                    

"ဖန်​​လေး  ထ​တော့ "

"ဟင်​ အင်း  တ​အောင့်​​လောက်​ ကို ကို တ​အောင့်​​လောက်​ပါ "

မျက်​လုံး​လေး​တွေမပွင့်​ဘဲ လက်​ညှိုး​လေး​ထောင်
နှုတ်​ခမ်း​လေးဆူကာ ​တောင်းဆို​နေသည်

ဒီ​ကောင်​​လေးနဲ့​တော့ မနက်​​စော​စောစီးစီး ဘာ​တွေဖြစ်​​စေချင်​​နေလဲ မသိ

"ထ​တော့ ဖန်​​လေး သူများ​တွေ ​ရေတံခွန်​စီ သွားကြပြီ "

"ဟမ်​ ?"

ဆတ်​ခနဲ ထ ထိုင်​လာသည်

"​ဖြေး​ဖြေး ထပါကွာ "

"​ရေတံခွန်​ ဘယ်​မှာလဲ ​ရေတံခွန်​က "

"​ဟိုဘက်​နား​လေးမှာ သူများ​တွေက သွားပြီး ကိုယ်​လက်​ သန့်​စင်​​နေကြပြီ ဖန်​​လေးနဲ့ ကိုယ်​ပဲ ကျန်​ခဲ့​တော့တာ "

"ဟာ ကိုကို က ​​​ဗျာ ​စော​စောမနှိုးဘူး လာသွားကြရ​အောင်​"

"မင်း​လေးပဲ တ​အောင့်​​လောက်​ဆို "

"ဟွန့်​ ထားလိုက်​​တော့ လာသွားကြမယ်​ "

"အင်းပါ "

လိုအပ်​​တွေ ပစ္စည်း​တွေယူပြီး ရွက်​ဖျင်​တဲထဲမှ
ဒ​ရော​သောပါး ​ပြေးထွက်​ကာ ​ရေတံခွန်​စီ​ပြေးကြရ​တော့သည်

"ကိုကို့ မြန်​မြန်​လာ "

"လာ​နေပါတယ်​ကွာ "

အ​ရှေ့က​နေ လှမ်း​အော်​​နေ​သော အ​ကောင်​​ပေါက်
ကျ​နော့်​မှာ အင်္ကျီထုတ်​လဲ ဆွဲထားရပါ​သေးတယ်

"ဝါးးးး  မိုက်​လိုက်​တာ "

ပါးစပ်​အ​ဟောင်းသား​လေးဖြင့်​ ​ရှေ့မှ ​ရေတံခွန်​ကိုကြည့်​ကာ​ပြောလာသည်

"ဟီး ကိုကို လာ ​ရေချိုးကြရ​အောင်​ "

"အင်း.."

အတင်းဆွဲ​ခေါ်သွား​သော သူ့​နောက်​ပါလာရင်း ​​ရေထဲဆင်းခဲ့ကြသည်

"ဟီး ​အေးတာ ကိုကို ရယ်​"

"အင်္ကျီ​တွေ ချွတ်​ဦး​လေ ဖန်​​လေး သူများ​တွေလည်း အင်္ကျီချွတ်​ထားကြတာ"

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now