"luhan မျက်နာ မကောင်းပါလား"
"အင်း နည်းနည်း နွမ်းနေလို့ပါ"
"အဆင်မပြေတာတွေ ရှိလို့လား?"
ရှိတာပေါ့ သိပ်ကို ရှိတာပေါ့
ဘာအပြစ်မှမရှိဘဲ ကိုကို့ရဲ့ ပစ်ဖယ်ခြင်းကို ခံထားရတာ နည်းနည်းလေးမှ အဆင်မပြေပါဘူး"ပြေပါတယ် ကွာ"
တအောင့်နေတော့ ဆရာလည်း ရောက်လာသောကြောင့် စကားမပြောဖြစ်ကြတော့
နေ့လည် စာ စားချိန် ကျနော်တို့ သူငယ်ချင်း
သုံးယောက် ကန်တင်းမှာ နေ့လည်စာ စားနေကြသည်"luhan....."
ပါးလေးတွေ ရဲကာ ခေါ်လာသော Taeji
"ပြောလေ Taeji"
"ဟို ငါလေ မင်း ကိုကို ကို ချစ်တယ်"
"ဟမ်?"
"အဲ့ဒါလေး ပြောပေးပါလား ဟင်"
ဟင့်အင်း မပြောပေးနိုင်ပါဘူး ဘာလို့ပြောပေးရမှာလဲ
"ကိုကိုက အရမ်း ရှုပ်ပွေတယ်ဟ "
"ရပါတယ်"
"ဟင့်အင်း မရဘူး ကိုကိုက ဘယ်သူ့ကိုမှ အတည်မတွဲဘူး မင်းက အရမ်းရိုးသားတယ် မဖြစ်နိုင်ပါဘူးကွာ"
"ဟင့်အင်း ရတယ် သူနဲ့ တစ်ပတ် လောက်ဖြစ်ဖြစ်တွဲလိုက်ရရင်တောင် ကျေနပ်ပါတယ်"
ခက်ပြီ ဘာလို့လဲ ဘာလို့ ကိုကို့ ကို အဲ့လောက်ဖြစ်နေတာလဲ မရက်စက်ပါနဲ့ ကံကြမ္မာကြီးရယ်
ပိုင်ဆိုင်ခွင့်မရရင်တောင် အဲ့လောက်ကြီး မရက်စက်ပါနဲ့"မဖြစ်ပါဘူး ကိုကိုက မကောင်းဘူးဟ "
"ရတယ် "
"ခက်လိုက်တာ Taeji ရာ ငါကိုကို နဲ့ ရန်ဖြစ်ထားတယ် စကားမပြောဘူး ဟ "
"အာ အဲ့ဒါကြောင့်လား အဲ့ဒါဆိုလည်း စကားပြန်ပြောရင် ပြောပေးလေ ဒီကြားထဲ ငါ့ဘာငါ ကြိုးစားကြည့်ထားမယ် "
ESTÁS LEYENDO
ကိုကို သိလား ? 🍀Completed🍀
Fanficကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...