"ကိုလေး တို့က ဘာတွေလဲ ?"
"ဘာတွေ ပြောနေတာလဲ ji လေးရာ"
"ကိုလေးနဲ့ luhan နဲ့ကလေ တကယ်ပဲ ဘာတွေလဲ ဗျာ ညီအကိုရော ဟုတ်ရဲ့လား kris hyung ပြောတုန်းက ကျနော် သိပ်မယုံခဲ့ဘူး
ခု ကိုယ်တိုင် တွေ့လိုက်ရမှပဲ ယုံချင်လာသလိုပဲ""ကျစ် ဘာတွေလာဖြစ်နေတာလဲကွာ"
"ကိုလေးနဲ့ luhan နဲ့လေ တကယ် ညီအကိုတွေရော ဟုတ်ရဲ့လား"
"တဖအေ တမအေ ထဲမွေးထားတာ မွေးစာရင်းတောင်ကြည့်လို့ရတယ်"
စိတ်တွေလည်း ရှုပ်လှပါပြီ မနေ့က မလာလို့ပြဿနာ ရှာမယ်ထင်တာ အခုတော့ အခြားကိစ္စကို ပြဿနာ လာရှာနေတယ်
"မနေ့ကလေ ဟင့် ji လေး ကိုလေးစီလာသေးတယ် "
"ဟမ် ? "
"ကိုလေးနဲ့ luhan အခန်းထဲမှာလေ ချစ်ရည်လူးနေကြတာ "
"ဘာ..."
"ဟင့် luhan က ကိုယ်လုံးချွတ်နဲ့ ကိုလေးကို ဖက်ထားတာ ကိုလေးက သူ့ကို ရေဝတ်တိုက်ပေးနေတာလေ "
"ဟုတ်တယ်လေ သူမှ နေမကောင်းတာ ရေဝတ်တိုက်ပေးနေတာ ဘာဖြစ်လဲ "
သူက ငိုသည်
"ဟင့် ကိုလေး ရယ် ကျနော်က အဲ့လောက်ဆို မပြောပါဘူး ကျနော် နားလည်ပေးနိုင်ပါတယ် ခုဟာက..."
"ခုဟာက ဘာဖြစ်လို့လဲ "
"luhan က အရမ်းနာတယ် လို့ ပြောတယ် ပြီးတော့ ကိုလေးကလည်း မဖြစ်တာကြာလို့ပါဆို နောက်ဂရုစိုက်ပါ့မယ်ဆို ပြီးတော့ luhan က နာတာ မျက်ရည်တောင် ကျတယ်တဲ့ ကိုလေး ပြောပါ အဲ့စကားတွေရဲ့ အဓိပ္ပါယ်က ဘာလဲ လို့ "
"ကျစ် ခက်တယ် ji လေးရယ် အဲ့ဒါက သူက ခေါင်းကိုက်နေလို့လေ အဲဒါကို မပြောတတ်တော့
နာနေတယ်လို့ ဖြစ်သွားတာ ပြီးတော့ သူက ခေါင်းမကိုက်တာ ကြာပြီလေ ဒါကြောင့် မဖြစ်တာကြာပြီလို့ပြော မျက်ရည်ကျတယ်ဆိုတာကလည်း
သူခေါင်းကိုက်နေလို့ပါကွာ ရှင်းပြီလား "
ESTÁS LEYENDO
ကိုကို သိလား ? 🍀Completed🍀
Fanficကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...