"ဖန်ဖန် ကိုကို့ စကား နားထောင်နော် "
"ဟုတ် မားမား"
"သားကြီးကလည်း ညီလေးကို ဂရုစိုက်လိုက်နော်"
"ဟုတ်ကဲ့ omma "
"ကဲ သွားကြတော့ appa ကအလုပ်သွားရဦးမှာဆိုတော့"
"ဟုတ် တာ့တာ့ omma "
"ချစ်တယ်နော် မားမား"
"အေးပါကွယ် သွားကြတော့ ပထမဆုံးနေ့မှာ ကျောင်းနောက်ကျဦးမယ်"
ဖန်ဖန်လေး အသက် ပြည့်သွားလို့ ကျောင်းတက်ရပါပြီ ကလေးငယ်ကတော့ အရမ်းပျော်နေတာပေါ့
"ပျော်နေတာလား ဖန်ဖန်"
"ဟုတ်ကဲ့ အရမ်းပျော်နေတာရယ် ကိုကိုနဲ့ ကျောင်းအတူ တက်ရပြီလေ"
"ဟုတ်လို့လား ကိုကိုနဲ့ ကျောင်းအတူတက်ရလို့ပျော်တယ်ဆိုတာ"
"ဟုတ်တယ်"
ကလေးငယ်က သူ့အကို ပခုံးပေါ် ခေါင်းလေးတင်ထားသည်
"ရောက်ပြီ ညီလေးကို ဂရုစိုက်နော် သား"
"ဟုတ်ကဲ့"
"သွားကြတော့ ကျောင်းနောက်ကျ ဦးမယ်"
"ဟုတ်"
ညီငယ်လေးလက်ကို ဆွဲကာ ကျောင်းခန်းထဲ ဝင်လာခဲ့သည်
မူလတန်းပဲ ရှိသေးတဲ့ ညီငယ်အား အငယ်တန်းတွေဘက်မှ သေချာနေရာချပေးကာ
"ဖန်ဖန် ဒီမှာနေနော် နေ့လည်ကျရင် ကိုကို လာခေါ်မယ်"
ကလေးငယ်က လက်ဆွဲထားသည်
"ဖန်ဖန် ကြောက်တယ် ကိုကို"
မျက်နာငယ်လေးနဲ့ ပြောလာသောကြောင့်
အကိုဖြစ်သူက ပြုံးပြသည်"ကိုကို ရှိတယ်လေကွာ မကြောက်နဲ့ အဆင်ပြေသွားလိမ့်မယ် ဟုတ်ပြီလား"
"ဟင့်...."
"အဆင်ပြေသွားမှာပါ နေ့လည်ကျ ကိုကို လာခဲ့မယ်"
ESTÁS LEYENDO
ကိုကို သိလား ? 🍀Completed🍀
Fanficကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...