"ဆရာ...ဘာ..ဘာလေးလဲ ဟင်"
"ခဏလေးနေပါဦး luhan shi ဆရာ စစ်နေပါတယ်"
"ဟုတ် ကိုကို ကျနော် ရင်တွေခုန်နေတယ် "
ပြောလာတဲ့ သူ့လက်လေးမှာ အေးစက်နေသည်
"ကိုယ်ရောပဲ"
"ကျနော့် ရင်ဘတ်တွေ ပေါက်ထွက်တော့မယ် ထင်တယ်"
"ကလေးက အမွှာလေးတွေပါ "
"ဟင် ? အ...အမွှာလေးတွေ "
"ဟုတ်ပါတယ် ယောကျာ်းလေး အမွှာလေးတွေပါ ကျန်းလည်း ကျန်းမာပါတယ်"
"ဝမ်းသာလိုက်တာ ကိုကို ရယ်"
ပြုံးရွှင်ကာပြောလာသောကြောင့် ကျနော်လည်း ပြုံးနေမိသည်
"ကိုယ်တို့ သားလေးတွေရမှာပေါ့"
"ဟုတ်တယ်ရယ် ပျော်လိုက်တာ"
"ကိုယ်လည်း အရမ်းပျော်နေတယ်"
"ဂုဏ်ယူပါတယ်နော်"
"ဟုတ်ကဲ့ အစအဆုံး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် Dr..Daniel "
"ရပါတယ်ဗျာ "
"ဒါဆို ခွင့်ပြုပါဦးနော်"
"ဟုတ်ကဲ့ပါဗျာ "
သူလေးကို ကုတင်ပေါ်က ဖြေးဖြေးချင်း ဆင်းစေကာ
ဆေးရုံထဲမှ ထွက်လာခဲ့ကြသည်"ကျနော် အရမ်းပျော်နေတာ သိလား ကိုကို "
"ကိုယ်ရောပါပဲကွာ ဒါနဲ့ ကိုယ်တို့ သားလေးတွေကို ဘယ်လို နာမည်ပေးကြမလဲ"
"ကိုကို ကြိုက်တဲ့ နာမည်ပေးလေ ဖန်လေးက ကိုကို ပေးတဲ့နာမည်ဆို ငြင်းစရာမရှိပါဘူး"
"အင်း Dream နဲ့ song ဆိုရင်ရော oh Dream နဲ့ oh song လေ"
"အင်း ကောင်းပါတယ် ဒါမဲ့ Xiao Dream နဲ့ xiao song ဆိုရင်ရော"
"ဟာ ဖန်လေး ရယ် ကိုယ်က oh လေကွာ ဒီတော့ ဖန်လေး လည်း oh ပဲ ပြီးတော့ ဟောဒီ ဗိုက်ထဲက ကလေးလေးကလည်း oh ပဲ"
VOCÊ ESTÁ LENDO
ကိုကို သိလား ? 🍀Completed🍀
Fanficကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...