"ဂရုစိုက်သွားနော် appa နဲ့ omma "
"ကျန်းမာရေး ဂရုစိုက်နော် ပါးပါး နဲ့ မားမား ဟင့်"
"အေးပါကွယ် လိမ်လိမ်မာမာ နေကြနော်"
"ဟုတ်ကဲ့"
"သင့်သင့်မြတ်မြတ် နေကြနော် သားကြီးကလည်း
ဖန်လေးကို ခဏခဏ စိတ်မဆိုးနဲ့ နော်""ဟုတ်ကဲ့"
"ကဲ လေယဉ် ထွက်တော့မယ် မားတို့ သွားပြီ"
သူက မျက်ရည်လေးတွေ ကျလာသည်
ကိုရီးယားက ကုမ္ပဏီကို ပြင်သစ် သို့ပြောင်းလိုက်ပြီ
ဖြစ်သောကြောင့် မိဘနှစ်ပါးက ပြင်သစ်ကိုပြောင်းရမည်ဖြစ်သည် ကျနော်တို့နှစ်ယောက်ကတော့
ကျောင်းတက်နေဆဲမို့ ကိုရီးယားမှာ သာနေစေသည်"ဖန်လေးတော့ မားကို လွမ်းနေတော့မှာ အီး ဟီး"
"မားရောပါပဲ ကွယ်"
အသည်းငယ်တဲ့ သားအမိနှစ်ယောက်ကတော့
ဖက်ထားကြကာ အလွမ်းသယ်နေကြသည်"sehun .."
"ဗျာ appa ပြောလေ"
"ဖန်လေးကို စိတ်ဆိုးနေသေးတာမှတ်လား"
"......."
"ဖန်လေး သနားပါတယ်ကွယ် စိတ်ဆိုးပြေလိုက်ပါတော့ ကလေးက သားစိတ်ဆိုးနေတာ သူ့ကိုမခေါ်ဘူးဆိုပြီး ညတိုင်း appa တို့စီလာပြီး ပြောပြနေတာကွဲ့"
"ဟုတ်ကဲ့"
"စိတ်ဆိုးပြေလိုက်ပါတော့ ဖန်လေးက သားကို အရမ်းချစ်ရှာတာ"
"ဟုတ်ကဲ့ appa "
"ပြန်ခေါ်လိုက်တော့နော်"
"ဟုတ်"
"ဟိုမှာ ကြည့်ပါဦး ကလေးကို မျက်နာငယ်လေးနဲ့"
appa ပြလို့ကြည့်မိတော့ တကယ်မျက်နာငယ်လေးဖြင့်ကြည့်နေတာ
"ကဲ သွားတော့မယ်နော်"
"ဟုတ်ကဲ့"
appa တို့တက်သွားတဲ့ လေယဉ်ကြီး ပျောက်ကွယ်သွားသည်အထိ ကြည့်နေကြပြီးမှ အင်ချွန်းလေဆိပ်ထဲမှ ထွက်ခဲ့ကြသည်.
ESTÁS LEYENDO
ကိုကို သိလား ? 🍀Completed🍀
Fanficကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...