ကိုကို သိလား ? 🍀32🍀 Final

3.9K 112 22
                                    

"ကိုကို ထ​တော့​လေ"

"ခဏ ​လေးပါ lu ရယ်​ ကိုယ်​ ညက ညဉ့်​နက်​သွားလို့"

"မရဘူး​ဗျာ ထ​တော့ မားတို့​တောင်​ နိုး​နေပြီလို့"

အတင်း လှုပ်​နှိုး​နေ​သော​ကြောင့်​ မျက်​လုံးတို့ကို မမှိတ်​မသုန်​ ဖွင့်​လိုက်​ပြီး

"morning kiss"

"လူကဲကြီး မွ "

ပါးကို မွ​သော​ကြောင့်​ သိပ်​မ​ကျေနပ်

"ဒီကို မွခိုင်းတာ"

နှုတ်​ခမ်းကို လက်​ဖြင့်​ထိုးပြ​တော့ မျက်​နာ​လေးရဲသွားကာ

"အရမ်း ကဲတယ်​ မွ "

"ဟား အားကို ရှိသွားတာပဲကွာ"

ပြောရင်း သူ့ကိုယ်​​လေးကို  အိပ်​ယာ​ပေါ်  ဆွဲချကာဖက်​ထား​တော့ လက်​ဖြင့်​ အတင်းတွန်းထုတ်​သည်

"ဘာလို့လဲ ကွာ"

"​ဗိုက်​ရှိ​သေးတယ်​​လေ"

"အာ ဟုတ်​သားပဲ "

လွှတ်​​ပေးလိုက်​​တော့ ကျ​နော့်​​ကြောင့်​ ​ကြေသွားတဲ့ သူ့အင်္ကျီ​လေးကို ပြန်​ဖြန့်​ကာ

"ထ​တော့ "

"ဟုတ်​ပါပြီကွာ"

သူ့အလိုကျ အိပ်​ယာက ထလိုက်​ပြီး ​ရေချိုးခန်းထဲ ဝင်​လာခဲ့​တော့ အထဲမှာ သွားတိုက်​​ဆေးက အဆင်​သင့်

ပြုံးလိုက်​မိကာ  သူပြင်​​ဆင်​​ပေးထားတဲ့ အတိုင်းပဲ
ရေချိုးခြင်းကို လက်​စသတ်​ခဲ့သည်

အပြင်​ပြန်​ထွက်​လာ​တော့ သဘတ်​​လေးကို ကိုင်​ထားကာ အသင့်​​စောင့်​​နေသည်

"ချစ်​ဖို့​ကောင်းလိုက်​တာကွာ"

နဖူးထက်​ အနမ်း​လေး​ခြွေ​တော့ မျက်​လုံး​လေးမှိတ်​ထားကာ ခံယူသည်

"ကိုကို ဒီ​နေ့ အလုပ်​သွားဦးမှာလား "

"ဒီ​နေ့ ပိတ်​တယ်​​လေကွာ"

"ဟုတ်​သားပဲ ဟီး.."

"​ဗိုက်​က ​မွေးခါနီး​နေပြီ မှတ်​လား"

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now