ကိုကို သိလား? 🍀24🍀

1.2K 91 24
                                    

"ကိုကို အာ "

ပါးစပ်​​လေးဟ​ပေး​တော့ ဝက်​အူ​ချောင်း​လေး ​ကျွေးလာသည်

"နင်​တို့ ညီအကို နှစ်​​ယောက်​ ဘာမှ ဝိုင်းမကူဘဲနဲ့ ဘာလို့ အသားလွတ်​ နှိုက်​စား​နေကြတာလဲ သွားကြသွား"

omma က နှင်​ထုတ်​​နေတာမို့  ထိုင်​ခုံမှာ ထိုင်​​နေကြသည်

"မ "

"ဟွန့်​"

omma က မျက်​​​စောင်းထိုးသည်

အင်း​လေ appa က မနက်​ထဲက သွားတာ ခု ညမှပြန်​​ရောက်​သည်​ကိုး

"​မောင့်​ကို စိတ်​​ဆိုး ​နေတုန်းလား"

"........"

omma က ဒယ်​အိုးထဲက ဝက်​အူ​ချောင်း​တွေကိုသာ အသာလွတ်​​မွှေ​နေသည်

"​မောင်​ ​တောင်းပန်​ပါတယ်​ကွာ  ငယ်​သူငယ်​ချင်း မို့ ပါသွားတာပါ"

"ဘာပဲဖြစ်​ဖြစ်​ ​မောင်​ ကျမကို မ​ပြောသွားဘူး​လေ"

"​မောင်​ lu ​လေးနဲ့​တော့​ပြောလိုက်​တယ်​​လေ"

"ဒါမဲ့ ​မောင်​ ကျမကို ဖုန်းမဆက်​သင့်​တယ်​ ​မောင်​က ကျမကို ​အ​လေးမထားတာ မှတ်​လား မိဘ​တွေ​ပေးစားတာ​ကြောင့်​ ယူထားရတယ်​ ဆိုပြီး ဂရုမစိုက်​တာမှတ်​လား ပြီး​တော့ က​လေးနှစ်​​ယောက်​​မွေးပြီးသွားပြီဆို​တော့ မချစ်​​တော့တာ မှတ်​လား ​မောင်​ ကျမကို ရိုးသွားပြီ​လေ ဟုတ်​တယ်​မှတ်​လား"

"မဟုတ်​ပါဘူးကွာ "

"​မောင်​ ကျမကို သူငယ်​ချင်း ​လောက်​​တောင်​ မချစ်​ဘူးမှတ်​လား"

"ချစ်​ပါတယ်​ကွာ ​မောင်​က မကို အရမ်းချစ်​တာပါ မိဘ​တွေ ​ပေးစားလို့ ယူခဲ့​ရတယ်​ ဆို​ပေမဲ့ ​မောင်​ မ ကို မြင်​မြင်​ချင်း ချစ်​ခဲ့တာပါကွာ မကို ​မောင်​အရမ်းချစ်​တာပါ ခုကိစ္စ အတွက်​လည်း ​မောင်​မှားမှန်း သိပါပြီကွာ  ​မောင်​​တောင်းပန်​ပါတယ်​ စိတ်​ဆိုး​ပြေပါကွာ မ စိတ်​ဆိုး​နေရင်​ ​မောင်​မ​နေတတ်​လို့ပါ"

ပြောရင်း  appa က​ခေါင်းအနည်းငယ်​ ငုံ့သွားသည်

"​မောင်​ ​တောင်းပန်​ပါတယ်​ ပြီး​တော့ မကိုလည်း အရမ်းချစ်​ပါတယ်​ "

ကိုကို  သိလား ? 🍀Completed🍀Tahanan ng mga kuwento. Tumuklas ngayon