"ကိုကို"
"ဟင် ပြောလေ ဖန်လေး "
"ကျနော် ကိုယ်ဝန် ရပြီလား မသိဘူး "
"ဟမ် ? "
ကြားလိုက်ရတဲ့ စကားလေးကြောင့် အိပ်ယာပေါ်မှ ငေါက်ခနဲ ထ ထိုင်မိသည်
"ကိုကို က လည်း ဖြေးဖြေးထပါ ကျန်းမာရေး ထိခိုက်ဦးမယ်"
"ဖန်လေး စောနက ဘာပြောတာလဲ ပြန်ပြောပါဦး ကိုယ့်ကို"
"ဟို ကျနော် ကိုယ်ဝန်ရှိနေပြီလား မသိဘူးရယ် စားရသောက်ရတာ တစ်မျိုးကြီးပဲဖြစ်နေတယ် ပြီးတော့လေ ကျနော် ခဏခဏ အန်နေတယ်"
ရင်ထဲ၌ ဝမ်းသာမှုက လှိုက်ခနဲ တက်လာရသည်
"အဲ့တာလေ သေချာသွားအောင် ဆေးရုံသွားပြရင်ကောင်းမလားလို့"
"ကောင်းတာပေါ့ ဖန်လေး ရယ် ဒီနေ့ပဲ သွားကြမယ်လေ"
"ကိုကို က အလုပ်မှမအားတာ"
"ဟာကွာ ဖျက်လိုက်မယ် အကြောင်းမရှိဘူး ကိုယ်ရေသွားချိုးတော့မယ် ဖန်လေး လည်း ပြင်ဆင်ထားလိုက်တော့ "
"ဟုတ်ကဲ့"
မနက်ခင်းလေး၌ ပျော်ရွှင်မှုက အတိုင်းမသိပါပဲ
**~*~**~*~**~*~**~*
"တ..တကယ်နော်.ဆရာ."
"ဟုတ်ပါတယ်ဗျာ ကိုယ်ဝန်ရှိနေပါပြီ"
"ဝမ်းသာလိုက်တာ ကိုကို ရယ် ကျနော် အရမ်းဝမ်းသာတာပဲ "
ပျော်ရွှင်ကာ ပြောလာသည် အရှေ့က ဆရာဝန်ဟာလည်း ပြုံးလို့
"ကိုယ်လည်း အရမ်းဝမ်းသာတယ် ဖန်လေး ရယ် "
"ဆရာ ပြောသားပဲ ဆရာပြောတဲ့ အတိုင်းလုပ်ရင် ကလေး အလွယ်တကူ ရပါတယ်လို့"
"ကျေးဇူးတင်ပါတယ် ဆရာ "
"ကဲ ယောကျာ်းလေး ကိုယ်ဝန်ဆောင်ဆိုတော့ နည်းနည်းတော့ ဂရုစိုက်ပါနော်"
YOU ARE READING
ကိုကို သိလား ? 🍀Completed🍀
Fanfictionကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...