"ငါ ဒီနေ့ han လေးနဲ့ ချိန်းတွေ့မှာ မင်းလိုက်မလား sehun "
"ဘာ...."
"ဘာလဲ မကြားလိုက်လို့လား ပြန်ပြောပြမယ်နော်
ငါနဲ့ မင်းညီ han လေး နဲ့ ချိန်းတွေ့ မို့ကွ ဟားဟား"ရယ်မောကာ ပြောလာသည်
မင်းမနိုင်စေရပါဘူး kris ရာ
"သွားပေါ့ ငါတော့မလိုက်တော့ဘူး ဒါနဲ့ ငါ့ညီလေးက လိုက်မယ်တဲ့လား"
အောင်နိုင်သူလိုပြုံးပြီပြောတော့ မျက်နာက တည်သွားကာ ကြည့်လာသည်
"မင်းက ဘာသဘောနဲ့ ပြောတာလဲ"
သူ့အပြောကို ပခုံးတွန့်ပြလိုက်သည်
"ဘာသဘောမှမဟုတ်ပါဘူး ငါဖုန်းသွားပြောဦးမယ်"
ထွက်လာခဲ့လိုက်ပြီး ဖုန်းခေါ်လိုက်သည်က
သူ့စီ"ဖန်လေး..."
"ဟုတ်ကဲ့ ကိုကို"
တစ်ဖက်ကအသံကြောင့် ကျေနပ်ပြုံးကိုပြုံးလိုက်မိသည်
"ငါ နေလို့မကောင်းဘူး"
"ဟင် ? ဘာလုပ်ပေးရမလဲ အရမ်းနေလို့မကောင်းတာလား"
"ဟုတ်တယ် ခေါင်းမူးနေတယ် ပြီးတော့ ကိုယ်တွေလက်တွေလည်း နာနေတယ် ပြီးတော့ ရင်ထဲလည်း နေလို့မကောင်းဘူး"
"ဟို ဆေးခန်းသွားမလား ကိုကို"
"မသွားဘူး ငါအိမ်ပြန်ချင်တယ် ပြီးတော့ မင်းလည်း
ပြန်လိုက်ခဲ့ ""ဟိုလေ...ကိုကို.အဲ့ဒါက.."
"ဘာလဲ ငါ့ထက်အရေးကြီးတာ ရှိနေလို့လား အဲ့ဒါဆိုလည်း ရတယ်နော် ငါ့ဘာငါ အဆင်ပြေသလို
နေလိုက်မယ်လေ မလုပ်တတ်မကိုင်တတ်နဲ့ ဖြစ်ချင်ရာဖြစ်နေလိုက်မယ်""မ..မဟုတ်ပါဘူး..ဖန်လေးလည်း..လိုက်ခဲ့ပါ့မယ်"
ကျေနပ်သလိုပြုံးလိုက်ပြီး"ငါလာခေါ်မယ် ကျောင်းရှေ့မှာစောင့်နေလိုက်"
"ဟုတ်ကဲ့"
BINABASA MO ANG
ကိုကို သိလား ? 🍀Completed🍀
Fanfictionကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...