~ခွပ် ~
ပါးပါးက လက်သီးဖြင့် ထိုးချလိုက်သောကြောင့်
သူ့ခဗျာ အောက်ကို လဲကျသွားသည်"yebo အဆင်ပြေရဲ့လား ဟင်"
"ရတယ် lu အကြောင်းမရှိဘူး"
"ဟက် ဘာ yebo ဟုတ်လား "
".........."
ပါးပါးက ရယ်ကာ ပြောတော့ ကျနော်နဲ့ ကိုကိုမှာ
ဘာမှမပြောရဲဘဲ တစ်ယောက်လက်ကိုသာ တစ်ယောက်ကိုင်ထားမိကြသည်"lu ဖြေးဖြေးထ "
ကိုကိုက ဖြေးဖြေးချင်း ထူပေးသောကြောင့် ထလိုက်သည်
ဒါကို ပါးပါးက ဗိုက်ကို လက်ညှိုးထိုးကာ
"အဲ့ဒါ ဘယ်သူ့ ဗိုက်လဲ"
"ကျနော့ ဗိုက်ပါ appa ကျနော်နဲ့ lu နဲ့ရဲ့ ရင်သွေးလေးပါ"
"ဒါဆို မင်းတို့ နှစ်ယောက်က မိဘနေရာကို ခံယူပြီးပြီပေါ့"
"ဟုတ်ပါတယ် "
"မင်းတို့ အဲ့ဗိုက်ထဲက ကလေးလေးကို ချစ်လား"
"ချစ်ပါတယ်"
"ဒါဆို မင်းတို့ ငါ့တို့ မိဘတွေရဲ့ ခံစားချက်ကို ခံစားမိလား သူတို့ ဘယ်လောက် ချစ်လဲဆိုတာ"
".........."
"မင်းတို့က အပြင်မရောက်လာသေးတဲ့ ကလေးကိုတောင် ဒီလောက်ချစ်တာ ငါတို့နေရာကို စဉ်းစားကြည့်စမ်း မင်းတို့ကို အနှစ် 20 လောက် ကျွေးမွေးလာတဲ့ ငါတို့ရဲ့ ခံစားချက်ကို နည်းနည်းပါးပါး ကိုယ်ချင်းစာကြည့်စမ်း"
"တောင်းပန်ပါတယ်"
"ငါတို့ ဘယ်လောက် ခံစားရမယ် ထင်လဲ "
"တောင်းပန်ပါတယ် "
"မင်းတို့ ဘာမပြောညာမပြောနဲ့ ထွက်သွားလို့ ဟိုမှာ မင်းအမေက အိပ်ယာထဲတောင် လဲနေပြီ"
VOCÊ ESTÁ LENDO
ကိုကို သိလား ? 🍀Completed🍀
Fanficကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...