"han လေး"
"ဟုတ်ကဲ့"
"ကိုယ်လေ han လေးကို ချစ်တယ်"
"ဟုတ်"
"အဲ့ ဒါ ဘယ်လို သဘောရလည်း ဟင်"
"........"
"ကိုယ် han လေးကို တကယ်ချစ်တာပါ han လေး စဉ်းစားပေးပါနော်"
"ဟုတ်ကဲ့"
"ဝမ်းသာ လိုက်တာကွာ "
အရှေ့က လူသားက ပျော်ရွှင်နေပေမဲ့ ကျနော်ကတော့ စိတ်လွတ်နေသူတစ်ယောက်လိုပါပဲ
"han လေး မျက်နာ မကောင်းပါလား ဘာဖြစ်လို့လဲ "
မျက်နာလေးကို တယုတယ ကိုင်ကာမေးလာသည်
"ဘာမှမဖြစ်ပါဘူး နည်းနည်း နွမ်းနေလို့ပါ"
"ကိုယ် မစောင့်နိုင်တော့ဘူး han လေး မင်းက အရမ်း ချစ်ဖို့ကောင်းနေတာ ကိုယ် စိတ်မချတော့ဘူး ခုပဲအဖြေပေးပါတော့ကွာ"
ချက်ချင်းကြီး ဖြစ်လာပြန်သောကြောင့်
သူ့မျက်နာကိုကြည့်မိသည်သူကလည်း ပြန်ကြည့်နေကာ အကြည့်ချင်း စုံနေကြသည်
တဖြေးဖြေး အနားကပ်လာသောကြောင့် သူဘာလုပ်မလဲ ကျနော်သိလိုက်ပါပြီသူ့နှုတ်ခမ်း ကျနော့်နှုတ်ခမ်းကပ်ခါနီးမှာ ကျနော်
ရှောင်လိုက်မိသည်"ဘာလို့လဲ han လေး ကိုယ့်ကိုမချစ်လို့လား ကိုယ်က အစထဲက အခွင့်အရေး မရှိဘူးလား"
"မဟုတ်ပါဘူး ကျနော်...အဆင်သင့်မဖြစ်သေးလို့ပါ အနမ်းခံရလောက်တဲ့ အထိ အဆင့်သင့်မဖြစ်သေးလို့ပါ"
သူက ပြုံးပြသည်
"ရပါတယ် ဒါနဲ့ han လေး ကိုယ့်ကို ချစ်လားဟင်"
"ဟို..လေ.."
"ဖြေပါကွာ မချစ်ဘူးဆိုရင်လည်း ပြတ်ပြတ်သားသား ငြင်းလိုက်ပါ ကြိုးရှည်ရှည်နဲ့တော့ မဆွဲထားပါနဲ့ အဲ့ဒါက ပိုနာကျင်ရတယ် တကယ်လို့ han လေး
စိတ်ထဲမှာ ကိုယ်ရှိနေတယ်ဆိုရင် ကိုယ့်ကို အခုပဲအဖြေ ပေးပါတော့ကွာ"
ESTÁS LEYENDO
ကိုကို သိလား ? 🍀Completed🍀
Fanficကျနော် အရမ်း မဆိုးပါဘူး ကိုကို မချစ်တော့မှာ ဆိုးလို့ ကျနော် စိတ်လည်း အရမ်းမကောက်ရဲပါဘူး ကိုကို မချော့တော့မှာ ဆိုးလို့ ကျနော် ကိုကို မကြိုက်တာလည်း မလုပ်ရဲပါဘူး ကိုကို ကျနော့်ကို မခေါ်တော့မှာကြောက်လို့ ကျနော် ကိုကို့ကို မမုန်...