ကိုကို သိလား ? 🍀18🍀

1.2K 98 7
                                    

တွေ့လိုက်​ရ​သော မြင်​ကွင်း​ကြောင့်​ ဘာမှစဉ်းစားမ​နေ​တော့ဘဲ ​ရေထဲခုန်​ဆင်းချလိုက်​သည်

~​ဗွမ်း.....~

ရေမွန်းကာ ​မေ့​မျော​နေ​သော သူ့ကိုယ်​​လေးကို ​ပွေ့ယူလာခဲ့သည်

"ဖန်​​လေး သတိထားဦး​လေ ဖန်​​လေး"

ကမ်းနား ပြန်​​ရောက်​​တော့ အကုန်​လုံးက ဝိုင်းကာ ဆွဲတင်​ကြသည်

သူ့ကိုယ်​​လေးကို ​မြေပြင်​​ပေါ်ချ​ပေးလိုက်​ပြီး
ပုတ်​နှိုး​နေလိုက်​သည်

"ဖန်​​လေး ထပါဦး "

"luhan သတိထားဦး​လေ  "

ဘယ်​​လောက်​နှိုးနှိုး နိုးမလာ​သေးပါဘူး

"နှလုံး ခုန်​​အောင်​ ရင်​ဘတ်​ကို ဖိလိုက်​"

သူ့ရင်​ဘတ်​​ပေါ် လက်​တင်​ကာ.ဆရာ​ပြောသည့်​အတိုင်း လုပ်​​နေမိသည်

"တစ်​..နှစ်​..တစ်​...နှစ်​..တစ်​...နှစ်​"

"မရ​သေးဘူး sam "

"ကျစ်​ နှုတ်​ခမ်းချင်း ​တေ့ပြီး ​လေ သွင်း​ပေးလိုက်​"

"ကျ​နော်​ပဲ လုပ်​​ပေးမယ်​ ဘယ်​သူ့မှ မထိနဲ့ "

တခြားလူ​တွေကို​ အတင်းကာထားကာ ကျ​နော်​ကိုယ်​တိုင်​သာ လုပ်​​ပေးမိသည်
ဟုတ်​တယ်​ သူ့နှုတ်​ခမ်းကို ဘယ်​သူထိတာမှ မလိုချင်​ဘူး

နှာ​ခေါင်း​လေးကို ပိတ်​လိုက်​ကာ နှုတ်​ခမ်းချင်း​တေ့ပြီး
လေ​ သွင်း​ပေး​နေမိသည်

ပထမ တစ်​ကြိမ်​ မရ
ဒုတိယအကြိမ်​ မရ
တတိယ အကြိမ်​ မရ
.
.
.
.
ခြောက်​ကြိမ်​​မြောက်​မှ

~အဟွတ်​  အဟွတ်​ အဟွတ်​ ~

ရေ​တွေ အန်​ထုတ်​ကာ မျက်​လုံး​လေးပွင့်​လာသည်
အစက​တော့ အကုန်​လုံးကို ​ဝေ့ဝဲကြည့်​​နေသည်
ပြီးမှ ကျ​နော့်​ကို မြင်​သည်​နှင့်​ မျက်​ရည်​​တွေ ပိုးပိုး​ပေါက်​​ပေါက်​ ကျလာကာ

"ဟင့်​ ကိုကို အီး ဟီး ဖန်​​လေး ​သေပြီ ထင်​​နေတာ အီး ဟီး ​နောက်​ဆုံး​တော့ ဟင့်​ ​နောက်​ဆုံး​တော့ ကိုကို လာကယ်​ပြီ"

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now