အခန်း (၁၇၂)
Wrath
အာမေဋိတ်သံများ၊ အော်ဟစ်သံများက လူအုပ်ကြားမှ ထွက်ပေါ်လာပြီး၊ ဟော်မြန့်လည်း သူ့ခေါင်းကို တခုခုနဲ့ ရိုက်မိသည်ဟု ခံစားရကာ နာကျင်သွားတာကို ခံစားလိုက်ရ၏။
ဆေးရုံမှ လုံခြုံရေးဝန်ထမ်းများက အလောတကြီးတွန်းတိုက်ပြီး၊ လူနာ၏ မိသားစုဝင်များနှင့် စတင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတော့၏။
လူနာ၏မိသားစုဝင်များက ဒေါသပိုထွက်လာပုံရပြီး၊ ဟော်မြန့်ကိုသာ ရိုက်နှက်ချင်နေကြတော့၏။
အခြေအနေက တမဟုတ်ချင်း အဓိကရုဏ်းလို ဖြစ်လာလေတော့သည်။ ဆေးသိပံလောကထဲ နေသူမို့ သူ့ကိုယ်သူ ဘယ္လို ကာကွယ်ရမည်ဆိုတာ ဟော်မြန့် ကောင်းကောင်းသိနေသည်။ သူက ဘေးဘက်ဆီကို တွားသွားလိုက်ပြီး၊ အဓိကရုဏ်း၏ ပင်မဗဟို နေရာမှ အောင်မြင်စွာ ရှောင်ထွက်သွားနိုင်လိုက်သည်။
ရုတ်ရုတ်သဲသဲ အခြေအနေဟာ သုံးမိနစ်ခန့် ကြာမြင့်သွားပြီး၊ နောက်တော့ ရဲကားမ်ား ရောက်လာသံ ကြားရလေ၏။
လူအုပ်ကြီးလည်း တဖြည်းဖြည်းကွဲသွားပြီး၊ သတင်းထောက်များလည်း လွတ်မြောက်သွားကာ၊ ဘေးကပွဲကြည့်သူများလည်း ထွက်ခွာသွားကြလေပြီ။
ရဲကားသုံးစီး ရောက်လာပြီး၊ ပထမဆေးရုံရဲ့ ဝင်ပေါက်ရှေ့မှာ ရပ်လာသည်။ အရေးပေါ်ဖုန်းခေါ်ဆိုမှု လက်ခံရရချင်းမှာပဲ ၊ ကောင်းရန် က ပါ အကူအညီပေးဖို့ ရောက်လာတာ ဖြစ်သည်။
ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေမှာ ဟော်မြန့်က ပါဝင်သူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူ မထင်ခဲ့မိ။ ကောင်းရန်က ဟော်မြန့်ကို ကူထူပေးရန် လက်ကမ်းလိုက်ပေမဲ့ ၊ ဟော်မြန့်က မမြင်ချင်ယောင်ဆောင်ကာ သူ့ဘာသာ ထရပ်လိုက်သည်။
နင် အဆင်ပြေရဲ့လား
ရပါတယ် ၊ ကျေးဇူးပဲ
သို့ပေမဲ့ ကောင်းရန် က အလြယ္တကူ ယုံကြည်တတ်သူမဟုတ်၊ ထို့ကြောင့် သူက ရဲမေ နှစ်ယောက်ကို ဆေးရုံရဲ့ အရေးပေါ်ဌာနကို လိုက်ပို့ပေးခိုင်းလိုက်၏။ ဟော်မြန့်ခေါင်းမှာ ညိုမည်း၊ရောင်ယမ်းသွားရုံက လွဲပြီး တ်ခား ထပ်မရှိတော့ဘူးဆိုတာ သေချာအောင် အသေးစိတ် ထပ်စစ်ခိုင်းလိုက်သေးသည်။
ထို့နောက် ကောင်းရန်က ဟော်မြန့်နဲ့ အခြေအတင်ဖြစ်သည့် မိသားစုဝင်များကို ခေါ်ကာ ပြည်ထဲရေးနှင့် လုံခြုံရေး ဗျူရိုသို့ ပြန်လာခဲ့လိုက်၏။ မကြာခင်မှာပင် ဆေးရုံရှေ့၌ ဖြစ်ပျက်ခဲ့သည့် ဗီဒီယိုက ပျံ့နှံ့သွားတော့သည်။
WeChat မြာ ရှာဖွေမှု အများဆုံး ဖြစ်လာပြီး၊ ခေါင်းစဉ်က ( နှလုံးသားမရှိတဲ့ သူနာပြု ကိုယ်တိုင် သူ့အပြစ်ကို ဝန်ခံလိုက်ခြင်း၊ နှလုံးသားမရှိတဲ့ ဆေးရုံက လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို တာဝန်ယူခြင်း မရှိသည့်ပြင် လုံခြုံးရေးဝန်ထမ်းများကို တျခားသူမ်ားအား ရိုက်ရန် ခိုင်းစေခဲ့ခြင်း)
စာက ရှင်းလင်းနေကာ၊ ဆေးရုံနဲ့ ဟော်မြန့်တို့ရဲ့ လုပ်ဆောင်မှုဘက် လက်ညှိုးလှည့်ထိုးနေတာ ဖြစ်ပြီး လူနာဘက်ကိုတော့ မျက်နှာသာ ပေးထား၏။
-အထက်တန်းစားကလပ်တစ်ခုတွင်-
ငွေကြေးချမ်းသာကြွယ်ဝသော လူတစ်စုတို့ ဂေါ့ဖ် ကစားနေကြရင်း၊ သူတို့ ခဏနားချိန်၌ ဖုန်းများထုတ်ကာ အင်တာနက်သုံးကြတော့ ဒီဗီဒီယိုကို မြင်မိကြလေသည်။
ဒီသူနာပြုက စိတ်ဝင်စားစရာပဲ။ နေရာမှာတင် ဝန်ခံပစ်လိုက်တယ်။ ဒီတော့ လူနာ မိသားစုက သူ့ကို သရုပ်ပျက်အောင် လုပ်တော့မှာပဲ
အင်းလေ.. ငါတော့ ဒီသူနာပြုက တော်တော်မိုက်မဲတယ်လို့ ထင်တယ်။ ဟား..ဟား ၊ သူက အသိဉာဏ်နည်းတာပဲ ဖြစ်ရမယ်။ ငါသာ ဆိုရင် ဝန်ခံဖို့ထက် သေဖို့ကိုပဲ ရွေးမှာ
သခင်လေးဆု .. ခင်ဗျား ဘယ်လိုထင်လဲ ဒုတိယမျိုးဆက် အေမြခံ သခင်လေးများက အဖြူရောင် အဖိုးတန် အားကစားဝတ်စုံကို ဝတ်ထားသော လူငယ်လေးကို လေးစားမှုဖြင့် ကြည့်လိုက်သည်။
သူ ရေသောက်နေပုံက ခန့်ညားနေပြီး၊ လြေပသာ အရပ်မြင့်မြင့် မိန်းကလေးနှစ်ယောက်က သူ့ကျောကို နှိပ်နယ်ပေးနေ၏။ သူ့ ညာဖက်လက်ခလယ်မှာ ရှားပါးသော စိန်ဖြူလက်စွပ်တစ်ကွင်း တည်ရှိနေ၏။ သူ့မျက်ဝန်းများက မကြီးပေမဲ့ အလျားရှည်ကာ၊ အနည်းငယ်မှေးပြီး စူးရွေန၏။
သူ့ အသွင်အပြင်မှာ ချင်းချူကဲ့သို့သော လွှမ်းမိုးနိုင်သည့် အငွေ့အသက်မျိုး မရှိနေသော်လည်း ၊ သူ့ ချောမောမှုက မိန်းမချောချောပုံမျိုး ဖြစ်၏။ တစ်ချက်ကြည့်ရုံနဲ့တော့ သူက အရမ်းဆွဲဆောင်မှု ရှိသည်ဟု မဆိုနိုင်သော်လည်း နောက်ထပ် နှစ်ကြိမ်၊ သုံးကြိမ်တွေမှာတော့ ကြည့်သူရဲ့ စိတ်ရော၊ နှလုံးရော ဆွဲငင်သွားလောက်သည့် ချောမောမှုမျိုး ဖြစ်သည်။
အထက်တန်းလွှာအသိုင်းအဝိုင်းမှာ လူပြောများတာ တစ္ခုက (အလှပဆုံးအမျိုးသမီးတွေတောင်မှ သခင်လေးဆု ရဲ့ ငြို့ငင်တဲ့အကြည့်မှာ ရုန်းမထွက်နိုင်ဘူး) ဟု ဆိုကြသည်။
ကောလဟလ ပြောကြသေးတာက သူက လူတစ်ယောက်ကို သေသေချာချာ ကြည့်နေပြီဆိုရင် ၊ သူ့အကြည့်ထဲမှာ အလွန်အမင်း ဆွဲဆောင်ငြို့ငင်မှုတွေ ပါနေသည်ဟု ဆိုကြ၏။ အဲ့ဒါက ထောင်ချောက်တစ်ခုလို ဖြစ်ပြီး၊ အဲ့ဒီထဲက လွတ်မြောက်နိုင်ဖို့ ခက်ခဲလှသည် ဆို၏။ သူက မြို့တော်ရဲ့ မင်းသားလေးယောက်ထဲမှာ အထင်ပေါ်ဆုံး ဖြစ်ပြီး၊ ဟော်စစ်ချန်ကတောင် သူ့ကို အေလးထား ဆက္ဆံရ၏။ သူက C မြို့တော်ရဲ့ ပထမမင်းသားလေး ဆုယြီ ပင် ဖြစ်သည်။
သူ့ကို မေးလိုက်တဲ့ မေးခွန်းကို ကြားတော့ ဆုယြီ ရေဗူးကို ချထားလိုက်ပြီး၊ သူ့ဖုန်းထဲက နောက်ဆုံးသတင်းတွေကို ကြည့်လိုက်၏။ ဗီဒီယိုကို တစ်ချက်ပဲ ကြည့်လိုက်ပြီးတော့ သူက ဒါက လူနာ မိသားစုဝင်တွေက ပြဿ နာ ရှာနေတယ်ဆိုတာ ထင်ရှားနေတာပဲ။ သူနာပြုကတော့ Joan of Arc * လိုမျိုး အထင်လွဲခံရတာ ဖြစ်နိုင်တယ်
( Joan of Arc က ဆယ်ငါးရာစုနှစ်လောက်က ပြင်သစ် စစ်ဘက်ဆိုင်ရာ အမျိုးသမီးခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး၊ အသက် ၁၇ နှစ်မှာ ပြင်သစ်ထီးနန်းကို ထိန်းချူပ်နိုင်ခဲ့ပြီး တိုင်းပြည်၏ သူရဲကောင်း ဖြစ်ခဲ့သည်။ ရိုမန်ကတ်သလစ်ဘာသာဝင်တို့၏ သူတော်စင်တစ်ဦးလည်း ဖြစ်ပြီး၊ သူက သူ့အသံကို ဘုရားသခင်ကြားအောင် ပြောနိုင်သည် ဆို၏)
ဟမ်.. တကယ္လား အဲ့ဒီသူနာပြုက မကောင်းတဲ့သူ မဟုတ်ဘူလား။ သူက ခွင့်ပြုချက်မရှိဘဲ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ခွဲစိတ်ခဲ့တဲ့ ဆိုးယုတ်တဲ့မိန်းမတစ်ယောက်လေ သခင်လေးဆု ရဲ့ ထင်မြင်ချက်ကို ဒုတိယမျိုးဆက် သခင်လေးများ နားမလည်နိုင်ကြပေ။
ဆုယြီက နှာခေါင်းရံှု့လိုက်ပြီး ကိစ္စတော်တော်များများက မြင်ရတဲ့အတိုင်း မဟုတ်နေဘူး။ အခုက သေသေချာချာ သုံးသပ်နိုင်ဖို့ ကိုယ့်ဦးနှောက်လေးကိုယ်လည်း အသုံးချကြဦး
အဲ့ဒီနောက် ဆုယြီက ထရပ်လိုက်ပြီး ဂေါဖ်ကွင်းထဲသို့ လျှောက်သွားလိုက်သည်။
-
ချင်းချူ ကောင်းရန်ဆီက ဖုန်းကို လက်ခံရရှိချိန်မှာ သူက GK ရဲ့ လုပ်ငန်းခွဲ ၇ ခုက အကြီးအကဲများနှင့် ဗီဒီယိုဖုန်းခေါ်ဆိုကာ အစည်းအဝေး ကျင်းပနေဆဲ အချိန်ဖြစ်သည်။
ကောင်းရန် ဖုန်းခေါ်လာတာ မြင်တော့ စိတ်ကမသိလိုက်ဘဲ ဖုန်းချလိုက်လေ၏။ ကောင်းရန် က သူ့ကို စာပို့လာပြီး ၊ အဲ့ဒါကို ချင်းချူ ကြည့်လိုက်တော့ သူ့မျက်နှာ အမူအယာက ပြောင်းလဲသွားလေတော့သည်။
ချူ .. မင်းရဲ့အမျိုးသမီးကတော့ တခြားသူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တာမှာ ဒဏ်ရာနည်းနည်း ရသွားတယ်။ သူ အခု ဗျူရိုမှာ ၊ မင်း လာပြီး သူ့ကို အာမခံ ထုတ်ပေးချင်လား
-
အခန်း (၁၇၃)
Assault
ကောင်းရန်ရဲ့ စာကို ဖတ်လိုက်ရချိန်မှာ ချင်းချူရဲ့ တည်ငြိမ်၊ စမတ်ကျမှုတွေ လျော့ကျသွားရတော့သည်။ သူက အစည်းအဝေးဖုန်းခေါ်ဆိုမှုကို ကြားဖြတ်ကာ ရပ်တန့်လိုက်သည်။
တခြားဘက်မှာတော့ ကုမဏီခြဲမွ ဥက္ကဌများ အသံတစ်ချက်တောင် မထွက်ရဲကြ..
လက်ထောက်ယန်က ဗီဒီယိုဖုန်းခေါ်ဆိုမှုကို အသံပိတ်လိုက်ပြီး၊ သူ့သူဌေး ဖုန်းဆက်နိုင်အောင် လုပ်ပေးလိုက်၏။
ချင်းချူက ကောင်းရန်ကို ချက်ချင်း ဖုန်းပြန်ဆက်လိုက်ပြီး၊ ဘာဖြစ်ကြတာလဲ သူက အေးစက်စက် မေးလိုက်သည်။
ပထမဆေးရုံရဲ့ ဝင်ပေါက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ငါ အရေးပေါ်ဖုန်းရပြီး အဲ့ဒီကို ချက်ချင်း လိုက်သြားတာ၊ အဲ့ဒီမြာ တစ္ဖက္က လူက ဟော်မြန့် ဖြစ်နေတာ တွေ့တယ်။ ကြည့်ရတာ လူနာ မိသားစုနဲ့ ပဋိပက္ခ ဖြစ်သွားတာ ထင်တယ်။
သူ့မှာ တစ် ခုခု ဖြစ်သွားသေးလား ချင်းချူ တစ်ယောက် သူ့နှလုံးသားက ပြုတ်ကျလုဆဲ တဲတဲလေးကျန်တော့သလို ခံစားနေရ၏။
ရုတ်ရုတ်သဲသဲ ၊ ပဋိပက္ခ ဆိုတဲ့ စကားလုံးတွေက သူ့ကို ဖိနှိပ်ထားသကဲ့သို့ ရွိ၏။ ဟော်မြန့် ထိခိုက်ဒဏ်ရာ ရမြာ သူ အရမ်း ကြောက်မိနေတာ ဖြစ်သည်။
ကြီးကြီးမားမားတော့ မျဖစ်သြားပါဘူး။ သူ့ခေါင်းမှာ ညိုမည်းဒဏ်ရာ ရသွားရုံ ကောင်းရန် ပြောလို့ မဆုံးသေးခင် ၊ ချင်းချူက ဖုန်းချပစ်လိုက်သည်။
ဒီကောင် ကောင်းရန် ၊ ဘာမြ ကြီးကြီးမားမား မဖြစ်ဘူးလို့ ဘယ္လိုလုပ္မ်ား ပြောရဲ ရတာလဲ။ ခေါင်းမှာ ဒဏ်ရာ ရပါတယ်ဆိုတာတောင်မှလေ.. ။ ဖုန်းချပြီးတော့ ချင်းချူ စိတ်မကြည်နေတော့ .. ။ မျက်နှာကလည်း မည်းမှောင်လာသည်။
သူ့ဘေးက ယန် တစ်ယောက် အေးစက်တဲ့ လေများ တိုက္ခတ်သြားသလို ခံစားလိုက်ရသည်။
ငါ့ကို အစည်းအဝေး ရုတ်သိမ်းဖို့ ကြေငြာချက်တစ်စောင်လုပ်ပေး၊ ငါ အပြင်သွားဖို့ရှိတယ်
ဟုတ်ကဲ့ .. ဆရာ
ယန် က ချင်းချူနဲ့ အလုပ္တြဲလုပ္လာတာ ကာလတစ္ခု ကြာပြီမို့ ၊ သူ့ ဥက္ကဌကို ပြန်မေးခွန်း မထုတ်မိဖို့ရာ ပါးနပ္စြာ သိနေလေပြီ။ ယန်ရဲ့ အမြင်အရ သူ့သူဌေးကို ဒီလို ဖြစ်အောင် လုပ်နိုင်တဲ့ အမျိုးသမီးက မျိုးရိုးနာမည် ဟော် ဆိုသည့် သူ တစ်ယောက်တည်းသာ ရှိမှန်း ပြောနိုင်လေသည်။
-
ကောင်းရန် .. ငါ ဘယ်တော့လောက် ပြန်လို့ရမလဲ ဟော်မြန့် က တရွရွ ဖြစ်နေရပြီး၊ ဆေးရုံကို ပြန်ကာ အခြေအနေကို ဘယ္လို ကိုင်တွယ်ထားသလဲ သိမြင်ချင်နေလေသည်။
နင့် မိသားစုက အာမခံပေးပြီး လာခေါ်မှ ရမယ်
အာမခံနဲ့ ဟော်မြန့် လန့်ဖြန့်သွားရမိသည်။
အင်းလေ ကောင်းရန်က အချက်အလက်တွေ ဖြည့်ရင်း ပြန်ဖြေလိုက်၏။
ဒါဆို ငါက ငါ့မိသားစုဝင်တစ်ယောက် ကို ခေါ်ပြီးတော့ ဒီကို လာခိုင်းရမှာလား ဟော်မြန့်က ကျီရှင်းဆို ရလောက်သည်ဟု တွေးမိသည်။ လက်မှတ်တစ်ချက်ထိုးရုံလောက်ပဲ မဟုတ္လား..
သို့ပေမဲ့ ကောင်းရန်က ရုတ်ချည်း ပြောလာတာက ငါ ချင်းချူကို ခေါ်ထားပြီးပြီ
ဟော်မြန့် လုံးဝ ရှော့ခ်ရသွားရတော့သည်
နင် ချင်းချူကို ခေါ်လိုက်တယ်
သူက နင့် မိသားစုဝင် မဟုတ်လို့လားဟ ကောင်းရန်က ဦးပြန်မော့လာပြီး မေးခွန်းထုတ်လာ၏။
ဟော်မြန့် နှုတ်ဆိတ်သွားမိရ ပြီးမှ ၊ ကောင်းရန်ဟာ သူနဲ့ ချင်းချူတို့ရဲ့ ဆက်ဆံရေးကို သိပြီးသား ဖြစ်နေပေလိမ့်မည်ဟု တွေးမိသွား၏။ ဒါက အံ့သြစရာတော့ မဟုတ်နေပါဘူး။ ကောင်းရန် သိသွားတယ် ဆိုရင်လည်း ဒါက သာမာန်ပါပဲ၊ သူတို့က အင်မတန်ခင်ကြတဲ့ သူငယ်ချင်းတွေပဲလေ။ သူတို့ ဆက်ဆံရေးက မိမိနှင့် ကျူလင်းလင်း တို့လိုပင်..
ချင်းချူက ဆယ်မိနစ်တောင် မကြာဘဲ ရောက်လာ၏။ မီးနီ ၆ ခု ဖြတ်ခဲ့ပြီး၊ လမ်းကျော်ပြီးလည်း မောင်းလာခဲ့သေးတာ ဖြစ်သည်။ သူ ဝင်လာပြီးတော့ လမ်းကြောင်း တစ်ချက် ကြည့်ပြီး၊ ဟော်မြန့် နဲ့ ကောင်းရန် ရှိရာဘက်သို့ ဦးတည်လိုက်လေ၏။
သူ ကုမဏီမြ ထွက်လာတော့ သူ့ WeChat မြာ ဗီဒီယိုကို မြင်ခဲ့ရပြီးသား ဖြစ်ပြီး၊ ဘာကြောင့် ပထမဆေးရုံရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ရသလဲဆိုတာကို နားလည်လိုက်ပြီ ဖြစ်သည်။
ချူ .. မင်း ရောက်လာပြီလား .. ဒီမြာ လက်မှတ်ထိုးရမှာ.. ဟေ့ကောင် ကောင်းရန်က သူ့ကို လက်ပြလိုက်၏။
ချင်းချူက လျှောက်ဝင်လာပြီး၊ ဟော်မြန့်ဘက် အရင်ကြည့်လိုက်ကာ အေးစက်သော အသံဖြင့် ကိုယ့်ကို စောင့်နေ
ထို့နောက် .. သူက ကောင်းရန်ဘက် လှည့်ကြည့်လိုက်ပြီး တောင်းဆိုလိုက်သည်။ လူနာ မိသားစုတွေကို ဘယ်မှာ ထားတာလဲ
အိုး.. သူတို့က ဟိုဘက်မှာ ။ ငါ သူတို့ကို အချိန်ကြာအောင် ဆွဲထားလို့ပဲ ရမယ်။ သူတို့ကို ပညာပေးတာတွေ လုပ်ပြီးရင် ပြန်လွှတ်ပေးရမှာ..
ကောင်း ရန် ပြောလို့ မဆုံးသေးမှာပင် ချင်းချူက ထိန်းချုပ်ခန်း ဘက်သို့ ဦးတည်သွားတာ တွေ့လိုက်ရ၏။
ဟေး .. ချူ .. မင်း ဘယ်သွားမလို့လဲ ။ ငါ ပြောလို့ မပြီးသေးဘူးလေ ကောင်းရန်က သူ့နောက်မှ လှမ်းအော်နေ၏။
ချင်းချူက အဲ့ဒီဘက် လျှောက်သွားလိုက်ပြီး၊ နက်တိုင်ကို ဖြည်လျော့လိုက်ကာ ၊ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်၏။
ထိုအချိန်တွင် လူနာ၏ ယောကျ်ားက နံရံကို မှီနေတာ ဖြစ်ပြီး ပြည့်နေတဲ့ အညစ်အကြေးအိတ်တစ်လုံးလို ဖြစ်နေ၏။
မင်းက ဘယ်သူလဲ ထိုလူက စိတ်ကသိကအောက် ဖြစ်သွားပုံဖြင့်..
စကား တစ်ခွန်းမှ မဆိုဘဲ ချင်းချူက သူ့နား လျှောက်သွားလိုက်ပြီး၊ ထိုလူကို ဆြဲယူလိုက္ကာ၊ မျက်နှာကို တစ်ချက် ပိတ်ထိုးလိုက်လေသည်။
ထိုလူ၏ နှာခေါင်းပေါက်မှ သွေးများ လွင့်စင်သွားလေ၏။
-
အခန်း ( ၁၇၄)
Anger
မင်းက ဘယ်သူလဲ ။ ဘယ်သူက ငါ့ကို ထိုးခွင့် ပေးထားလို့လဲ ထိုလူက ခြိမ်းခြောက်သလို ငေါက်ငမ်း ပြောလာ၏။
ချင်းချူက သူပြောတာ အရေးမစိုက်ဘဲ ရောင်ကိုင်းလာသည်အထိ ထိုးကြိတ်နေတော့၏။
ကောင်းရန်က ထိုလူရဲ့ နာကျင်စွာ အော်ဟစ်နေသံကို ကြားရတော့ ၊ ဟော်မြန့်ကိုပါ ဆွဲခေါ်လာလိုက်သည်။ ကောင်းရန် ချင်းချူကို ဘေးမှ ဝင်ဆွဲရ၏။
ချင်းချူရဲ့ ရက်စက်ပြီးကြောက်စရာကောင်းတဲ့ အသွင်ကို ဒါ ပထမဆုံး ဟော်မြန့် မြင်ဖူးခြင်းဖြစ်သည်။ အဲ့ဒီလူကို ထိုးကြိတ်နေပုံက အသည်းမာလွန်းလှပုံဖြင့်
ထိုလူမြာ ပြန်ခုခံနိုင်စွမ်းပင် မရှိတော့။ ချင်းချူက စီးပွားရေးကြီးရဲ့ အေမြခံ တစ်ယောက်မို့၊ ငယ်စဉ်ကတည်းကပင် ကိုယ္ခံပညာ ကို လေ့လာသင်ကြားခဲ့ရသည်။ တိုက္ကြမ္ဒို ၊ မွေထိုင်း ၊ နပန်း၊ ကြန္ဖူး၊ တရုတ်ဘောက်ဆင်ထိုးခြင်း စေသာ တိုက်ခိုက်နည်း အဖုံဖုံကို သူသိနေရ၏ ။ ကြေးစား တိုက်ခိုက်ရေးသမား တစ်ယောက်လို စွမ်းရည်မျိုးဖြင့် ချင်းချူ လက်ဆောင်ပေးလိုက်၏။ ဒါက ထိုလူ ပြန်ခုခံနိုင်သည့် အရာမျိုး မဟုတ်နေပါ
ထိုးကြိတ်ခံရပြီးတော့ ၊ အဲ့ဒီလူက ကြမ်းပေါ် လဲကျနေပြီး ၊ ပြန်တောင် မထနိုင်တော့။ အဲ့လူရဲ့ ခေါင်းက ဝက်တစ်ကောင်လိုမျိုး ဖူးယောင်နေ၏။
ကောင်းရန် အံ့သြနေမိရတာက ၊ သူတို့ တစ်ယောက်ကို တစ်ယောက် သိခဲ့ကြရသည့် ကာလပတ်လုံး ချင်းချူရဲ့ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူမျိုးကို တခါမြ မမြင်ဖူးဘူး ခဲ့တာကြောင့် ပင်။
အဲ့ဒီလူကေတာ့ အသက်ရှင်နေရတာ ငြီးငွေ့နေပုံရသည်။ သူက ဟော်မြန့်ကို ရှုပ်ထွေးအောင် လုပ်ခဲ့တာမို့ ၊ ချင်းချူဆီက ထိုးကြိတ်ခြင်းကို ရလဒ်အဖြစ် လက်ခံရသည်။ ချင်းချူအတွက်ကတော့ ၊ ဟော်မြန့်ကို နာကျင်စေတာက သူ့ကို တိုက်ရိုက်နာကျင်စေတာထက်ပင် ပိုခံရခက်စေတာ ဖြစ်၏။
သားကြီး လုံလောက်ပြီ မဟုတ္လား၊ အိုကေ.. သူ့လို အမှိုက်အတွက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါနေစရာ မလိုပါဘူးကြာ
ကောင်းရန် က သူ့ကို နှစ်သိမ့်လာတာကို ကြားရချိန်မှာ ချင်းချူ နှုတ်ဆိတ်နေမိတုန်းပင်။ သူက ကြမ်းပြင်ပေါ်လဲကျနေသည့် လူကို အေးစက်စက် ကြည့်လိုက်သေး၏။
အေး.. မင်း စောင့်နေ လိုက် ။ မင်းကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ တရားစွဲပြမယ် ထိုလူက သြားကို တင်းတင်းစေ့ကာ ပြောလာသည်။
ကောင်းတာပေါ့။ မင်းရဲ့ ရုံးခေါ်စာ ကို စောင့်နေမယ် သူ့စကားဆုံးသည်နှင့် ချင်းချူ လှည့်ထွက်သွားလိုက်၏။
ချင်းချူ .. သွားရအောင်
ချင်းချူက ဘာမြ မပြော၊ ဒါပေမဲ့ သူက ရုတ်တရက်ကြီး ဟော်မြန့်ကို သတို့သမီးလို ပွေ့ချီလိုက်ကာ အဲ့ဒီအတိုင်း ခေါ်ဆောင်သွားတော့သည်။
ဟေး လက်မှတ်မထိုးရသေးဘဲ သူ့ကို ခေါ်သွားလို့ မရဘူးလေ သူ့တို့နောက်မှာ ကောင်းရန်က အော်ဟစ်ရင်း ကျန်ရစ်ခဲ့သည်။
ချင်းချူက သူ့ကို ဂရုမစိုက်ဘဲ ၊ ဟော်မြန့်ကို မောင်းသူဘေးခုံမှာ ချပေးကာ၊ ခါးပတ်ပတ်ပေးလိုက်၏၊ ထို့နောက် ကားကို အရှိန်တင်ကာ မောင်းထွက်သွားလေတော့သည်။
ကောင်းရန်က ကြမ်းပေါ် လဲကျနေသော လူကို သနားဂရုဏာသက်သလို ကြည့်ကာ ခင်ဗျားတော့ သွားပြီ
သူ တကယ်ပဲ ထိုလူကို မေးချင်မိသည်၊ ကမ်ဘာမှာ လူတွေ ဒီလောက်အများကြီးရှိတာ ဘာကြောင့်များ ချင်းချူလိုလူနဲ့ ပတ်သတ်ရတာတုန်း ဟူ၍ပင် ။ အရေးအကြီးဆုံးက ချင်းချူရဲ့ ဇနီးကို ပြဿ နာရွာခဲ့တဲ့ ကိစ္စပင် ဖြစ်၏။ ချင်းချူက သူ့ဇနီးဆီမှာပဲ သူ့ဘဝကို မြှုပ်နှံထားသူ တစ်ယောက်လေ
ရဲတစ်ယောက်က ငါ့ကို ရိုက္တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ငါ မင်းတို့ အားလုံးကို တရားစြဲမွာကြ ထိုလူက နှုတ်ခမ်းထောင့်မှ သွေးများကို ပွတ်သုတ်ရင်း ကြိမ်းဝါးနေ၏။
အဲ့ဒါက ရဲ တစ်ယောက် မဟုတ်ဘူး။ ကျေးဇူးပြုပြီး အသိစိတ်လေး ဘာလေး စုစည်းထားပါဦး၊ အိုကေ.. ။ အဲ့ဒါ နစ္နာသူရဲ့ မိသားစုပါ
ဒါဆို သူ ငါ့ကို ထိုးနေတုန်းက မင်းတို့ ဘာကြောင့် မတားကြတာလဲ ။ မင်းတို့ ဘယ္လိုလုပ္မ်ား ဒီလောက် ရက်စက်ကြရတာလဲ။ ရဲစခန်းမှာတောင်မှ ငါ့ရဲ့ လုံခြုံရေးကို စိတ်မချရတော့ဘူးလား။ ဒါက ရဲတွေရဲ့ လျစ်လျူရှုမှုပဲ ။ ငါ ဒါကို စာတင်ရလိမ့်မယ်
အရိုက်အကန် ခံရတာတောင် မောက်မာနေဆဲ ဖြစ်သည့် ထိုလူကို ကြည့်ကာ ကောင်းရန် မတတ္သာဘဲ ပြောရတော့သည်။ အာလူးလို ဦးနှောက်နဲ့ ခင်ဗျားလို လူတွေကလေ ၊ TV Show တွေ ထဲမြာဆို သက်တမ်းတစ်ဝက်လောက်တောင် ရှင်သန်ခွင့်ရမှာ မဟုတ်ဘူး
-
လမ်းပေါ်မှာတော့ .. ချင်းချူက စကား တစ်လုံးတစ်ပါဒမျှ မဆို။ ဟော်မြန့် ဘာပြောပြော ၊ ဘယ္လို အမူအယာမွ် မ်ပ ။ တင်းမာခက်ထန်သော အမူအယာ အတိုင်းသာ ရှိနေပြီး ဟော်မြန့် ရှိနေတာကို ဂရုမစိုက်သည့်အလား ရှေ့တည့်တည့်ကိုသာ ကြည့်နေလေ၏။
ဒါက သူ အရမ်း စိတ္ဆိုး ဒေါသထွက်နေလို့ ဆိုတာ ဟော်မြန့် သေချာ သိနေရ၏။ သို့ပေမဲ့ သူ ဘာကြောင့် ဒီလောက် ဒေါသ ထွက်နေရသလဲ ဆိုတာ ဟော်မြန့် စဉ်းစားနေမိသည်။
ချင်းချူ နေ့လည်စာ ဘာစားချင်လဲ..
ချင်းချူက နှုတ်ဆိတ်နေမြဲ
ချင်းချူ ဟော်မြန့် တစ္ခုခု ပြောချင်နေဆဲ..
သို့ပေမဲ့ ချင်းချူ မိမိဘက် ခေါင်းလှည့်ကြည့်လာတာ မြင်လိုက်ရတော့၊ အကြည့်ထဲမှာ သူက မိမိကို စားပစ်တော့မည့်ပုံ ပေါက်နေတာ မြင်ရ၏။
သူ နောက်ထပ် ပြောတော့မည့် ဝါက္ကို မျိုချထားလိုက်ရပြီး ၊ နောက်ထပ် စကားတစ်ခွန်းမှ မထွက်ရဲတော့။
သူတို့အိမ်ရှိရာ အဆောက်အဦရဲ့အောက် ကားပါကင်နေရာကို ရောက်တော့ ချင်းချူက ကားရပ်လိုက်ရင်း၊ ရှေ့တည့်တည့်ကို ကြည့်ကာ အေးစက်စက်လေသံဖြင့် မင်း ဒုက္ခရောက်နေတိုင်း ပထမဆုံး မင်းတွေးမိတဲ့သူက ဘာကြောင့် ကိုယ် မဟုတ်ရတာလဲ
သူ့မေးခွန်းကို ကြားရတော့ ဟော်မြန့် ပြန်ပြောဖို့ စကား ရှာမရနိုင်အောင် ဖြစ်သွားရ၏။
ကိုယ္က မင်းအတွက် အေရးမပါတဲ့လူ ဖြစ်နေလို့လား။ မင်းမှာ ဘယ်လောက်ပဲ အခက်ကြုံကြုံ ကိုယ့်ကို ဘယ်တုန်းကမှ မပြောပြဘူး။ ကိုယ့်ရဲ့ ခံစားခ်က်ဆိုတာက မင်းအတွက် အေသးအဖြဲ ဖြစ်နေလို့လား
ချင်းချူ က ဒီစကားတစ်လုံးချင်းဆီကို နှလုံးသွေး တောက်တောက်ကျကာ မေးရတာ ဖြစ်၏။
ဟော်မြန့် ထိခိုက်ဒဏ်ရာ ရတယ်၊ ဟော်မြန့် အစွပ်စွဲခံရတယ်၊ ဟော်မြန့်ရဲ့ ဗီဒီယို ထွက်ပေါ်လာတယ်၊ ပြီးတော့ ဟော်မြန့် ရဲစခန်းကို ခေါ်သွားခံရတယ်။
အဲ့ဒါတွေ အကုန်လုံးကို သူ့ကို စကားတစ်လုံးတောင်မှ မဟခဲ့။
ချင်းချူ စိတ်ထဲမှာ ရုတ်တရက် ခံစားလာနေရတာက၊ သူတို့ လက်ထပ်ခဲ့စဉ်တုန်းက သူ့ဆန္ဒတွေ ပြည့်ဝခဲ့ရပြီဟူ၍ တွေးခဲ့မိခြင်းကိုပင်
ချင်းချူ ပြောတာတွေ နားထောင်ပြီးတော့ ဟော်မြန့် ရဲ့ မျက်နှာအမူအယာက စိတ်ပြင်းပြင်းထန်ထန် ထိခိုက်နေသကဲ့သို့ ဖြစ်လာသည်။
-
အခန်း (၁၇၅)
Suspicion
ဟင့်အင်း ..ချင်းချူ အဲ့လို မဟုတ်ဘူး ။ က်မက ဒီအတိုင်း က်မကို စိတ်ပူမနေစေချင်လို့ပါ
မင်းက အဲ့လို ပြောတော့ မင်းမျက်လုံးထဲမှာ ကိုယ့်ကို အပြင်လူလို့ မြင်နေတာလား။
ဟင့်အင်း အဲ့လို မဟုတ်ပါဘူး။
နောက်ဆုံးတော့ နှစ်ယောက်သား ကားထဲမြာ တိတ်ဆိတ္စြာ ထိုင်နေကြပြီးတော့၊ ဘယ်သူမွ ဘာမြ မပြောဖြစ်ကြ။ ချင်းချူ စကားမပြောတာက သူ စိတ်ဆိုးဒေါသထွက်နေတာကြောင့် ဖြစ်ပြီး၊ ဟော်မြန့် မပြောတာက ဘာပြောရမှန်း မသိတာကြောင့် ဖြစ်သည်။
ဟော်မြန့် ခေါင်းပေါ်မှဒဏ်ရာက နာကျင်လာတာကို ခံစားလိုက်ရတော့၊ လက္က အဲ့ဒီကို ရောက်သွားကာ မျက်မှောင်ကုပ်မိသွားသည်။
အာ့ .. နာကျင်မှုကြောင့် မထိန်းနိုင်ဘဲ အသံတစ်ချက် ထြက်သြားမိ၏။
အဲ့ဒီအချိန်ကျမှ ချင်းချူရဲ့ နှလုံးသားက တမဟုတ်ချင်း နူးညံ့သွားရတော့ကာ
ကားထဲက ထွက်လိုက်ပြီးနောက်၊ သူ ဟော်မြန့်လက်ကို ကိုင်ထားလိုက်ကာ အပေါ်ထပ်ကို တက်လာကြသည်။ ထို့နောက် ဟော်မြန့်ရဲ့ ဒဏ်ရာကို ဆေးထည့်ပေးရန် အရေးပေါ်ဆေးပုံးကို ထုတ်ယူလိုက်၏။ ဟော်မြန့်ရဲ့ ဆံပင်ရှည်များကို ဘေးဘက်သို့ ညင်ညင်သာသာ ဖယ်ရှားလိုက်တော့ .. သူ့ခေါင်းရဲ့ ဘယ်ဘက်မှာ ခရမ်းရောင်စွဲနေတဲ့ ရောင်ယမ်းဒဏ်ရာကို တွေ့လိုက်ရ၏။ ချင်းချူ ထိတ်လန့် တုန်လှုပ်သွားရရင်း..
ခေဏလး ထိန်းထားဦးနော်၊ ကိုယ် ဒဏ်ရာနေရာကို ပိုးသတ်မလို့ အရက်ပြန်အရင် ပွတ်လိုက်မယ်။
အင်းပါ ဟော်မြန့် ခေါင်းညိတ်လိုက်သည်။
အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစလေးနဲ့ သုတ်လိမ်းကာ ပိုးသတ်ပေးလိုက်ပြီးနောက် ကြက်ဥပြုတ်တစ်လုံးကို ထုတ်ယူလာပြီး၊ ဟော်မြန့် ခေါင်းမှာ ဖိအုပ်ပေးလာ၏။
ရပါတယ် ၊ ကိုယ့်ဘာသာ လုပ်ပါ့မယ်။ ရှင် အလုပ်လုပ်ဖို့ ရှိတယ်မို့လား
ကိုယ် ဘာကို အဓိကထားရမယ္ဆိုတာ ကိုယ်သိတယ်။ သတိပေးနေစရာ မလိုဘူး။ ချင်းချူက သိပ်မချိုသာတဲ့ လေသံနဲ့ ပြောလာ၏။
ဟော်မြန့် ချက်ချင်းပဲ နှုတ်ဆိတ်သွားရပြန်သည်။
ဒီနေ့ ချင်းချူက ယမ်းမှုန့်တွေ စားလာတာမ်ားလား။ သူက ကြောက်စရာကောင်းနေသည်လေ၊ အထူးသဖြင့် ရဲစခန်းမှာ ဟိုလူကို ထိုးကြိတ်နေတဲ့ အချိန်တုန်းကပေါ့။ ကောင်းရန်သာ သူ့ကို လာမဆွဲရင် ၊ အဲ့ဒီလူကို သေအောင်များ ထိုးမလား မသိ လို့တောင် ဟော်မြန့် တွေးမိသည်။
ချင်းချူက သူ့ဖုန်းကို ထုတ်ယူကာ လက်ထောက်ယန်ဆီ ဖုန်းဆက်လိုက်သည်။ သူက ယန့်ကို ဒီနေ့လည်မှာ ရုံးကို ပြန်လာတော့မည် မဟုတ်ကြောင်း၊ အကုန်လုံးကို နောက်ရွှေ့ဆိုင်းထားလိုက်ဖို့လည်း မှာကြားထားလိုက်၏။
ထို့နောက် သူ့ လပ်တော့ပ်ကို ထုတ်ယူပြီး၊ ဟော်မြန့်ထိုင်နေတဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဝင်ထိုင်ကာ ၊ ဖိုရမ်ထဲမှာ ဆွေးနွေးထားကြတဲ့ သတင်းတွေကို ကြည့်နေလေ၏။
ဒီလောက်ဆိုးရွားသွားအောင် ဖြစ်စေတာ ၊ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာ ဖြစ်ရမယ်။ ဘယ်လိုပဲတွေးတွေး လူနာရဲ့ မိသားစုက ဒီလိုကိစ္စမျိုးကို ကိုင်တွယ်နိုင်လောက်တဲ့ သူတွေ မဟုတ်ဘူး။ ချင်းချူက ဆွေးနွေးချက်တွေကို ဖတ်ရှုနေရင်း ရှင်းပြနေလေသည်။
ဟော်မြန့်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး က်မ လည်း သဘောတူတယ်။ သူတို့ နောက်ကွယ်မှာ ဒါကို တွန်းအားပေးနေတဲ့ တစ်ယောက်ယောက် ရှိရမယ်။ ဒါကြောင့် ဒီလောက်မြန်မြန် တစတစအရှိန်မြင့်လာနေတာ။ နောက်ပြီး ဒီလိုဖြစ်လာဖို့ကိုပဲ အစီအစဉ်ဆွဲထားတာ ဖြစ်ရမယ်၊ သတင်းဌာနတွေက ဘာလို့ သတင်းကို ဖြတ်ထားတာလည်းဆိုတာတော့ သေချာမသိဘူး။ ကျမတို့ ဆေးရုံအုပ်က တစ္ခုခု လုပ်လိုက်လို့များလား။
မင်းတို့ ဆေးရုံအုပ်သာ ဒီလို လုပ်နိုင်စွမ်း ရှိတယ်ဆိုရင်၊ ဒါဆို သူ ဆေးရုံအုပ်နေရာလောက်မှာတင် ရှိနေမှာ မဟုတ်ဘူး ချင်းချူက မြန့် ဘက္ကို ခပ်တည်တည် လှည့်ကြည့်လိုက်သည်။
ဟမ်.. ဘာပဲဖြစ်ဖြစ်.. သတင်းဌာနတွေက ဒါကို ဖိထားလိုက်တော့ ၊ လူနာ မိသားစုက ဖိုရမ်နဲ့ WeChat မြာ ချက်ချင်း ပြန်ဖြန့်လိုက်တာပဲ။ သူတို့က ဒါကို လုပ်နိုင်စွမ်းရှိပုံ မပေါက်ဘဲနဲ့ ၊ ဒီလို ခရေစေ့တွင်းကျ အစီအစဉ်ကို ဘယ်သူကမ်ား ဆွဲတာပါလိမ့်
ခုတေလာမွာ ဆေးရုံထဲက တစ်ယောက်ယောက်ကိုများ စိတ်အနှောက်အယှက် ဖြစ်စေမိသေးလား
အင်း .. ရှိတယ်။ ဟော်မြန့် ခေါင်းညိတ်ကာ ဆက်ပြော၏ ။ ကျမနဲ့ သားဖြားမီးယပ္ဌာနက ဆရာဝန်ဝူရှောင်းရွှယ် နဲ့က ဆက်ဆံရေးက သိပ်မကောင်းဘူး။ သူက က်မကို ဖယ်ထုတ်ပစ်ချင်နေတာ။ ဒါပေမဲ့ ဒါရိုက္တာက ခွင့်မပြုဘူး။ သူက ဒါရိုက္တာရဲ့ တူမဆိုတော့ ဆေးရုံထဲ သူလုပ်ချင်တာ ဘာမဆို လုပ်နိုင်နေတာပဲ။ လူတော်တော်များများက သူ့ကို မကြိုက်ကြဘူး၊ ဒါပေမဲ့ သူက က်မကိုပဲ အရမ်းရွံမုန်းနေတာ
ဆရာဝန်တစ်ယောက်က သူနာပြုတစ်ယောက်ကို အကြောင်းမရှိဘဲ မုန်းမယ်လို့တော့ ကိုယ်မထင်ပါဘူး ချင်းချူက အေးအေးဆေးဆေးပဲ အခြေအနေကို သုံးသပ်ပြ၏။
အဲ့ဒီကျတော့မှ ဟော်မြန့် ချောင်းတစ်ချက်ဟန့်ပြီး ၊ တိုးတိုးပဲ ပြောလိုက်သည်။ သူက နဉ်ကျစ်ယွမ်ရဲ့ လက်ရှိချစ်သူ.. အဲ့တော့ ..
နဉ်ကျစ်ယွမ်က ဘယ်သူလဲ ချင်းချူ က အေရးမပါတဲ့ နာမည်တွေဆို မမှတ်ထားသည့်ပုံမျိုးဖြင့်..
အဟမ်း.. နဉ်ကျစ်ယွမ်က က်မ လက်ထပ်တော့မလို့ လုပ်တဲ့ တစ်ယောက်လေ ဟော်မြန့်က ရှင်းပြဖို့ ကြိုးစားသည့်ပုံဖြင့် အဖြေပြန်ပေး၏။
အဲ့ဒါကို ကြားတော့ ချင်းချူရဲ့ မျက်နှာက မည်းမှောင်သွားလေပြီ
မင်း ကိုယ့်ဘာသာ ပြဿ နာ ရှာမိမှန်း သိထားတယ်ပေ့ါ။ သူတို့နဲ့ ဆေးရုံတစ်ခုတည်း အလုပ်လုပ်နေတာကို မင်း သိနေတယ်ဆိုရင် ဘာလို့ တခြားဆေးရုံကို မပြောင်းတာလဲ ချင်းချူက မကျေမလည် ဖြစ်နေပုံရ၏။
သူ ကျမအပေါ်မှာ ဒီလို ရက်စက်လိမ့်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ တခုခုတော့ ထူးဆန်းနေတယ်။ ဝူရှောင်းရွှယ် လုပ်တယ်လို့တော့ က်မ မထင်ဘူး
တ်ခား တစ်ယောက်ယောက် ဖြစ်နိုင်သေးလား ချင်းချူ စိတ်ရှုပ်သွား၏။
ဟော်မြန့် ခေါင်းညိတ်ကာ က်မ တွေးမိတာကတော့ .. ဝူရှောင်းရွှယ်က မိုက်မဲတယ်ဆိုရင်တောင်၊ ဆေးရုံရဲ့ ဂုဏ်သိက္ခာထိခိုက်အောင်တော့ သူ လုပ်ရဲမှာ မဟုတ်ဘူး။ သူကလည်း ဆေးရုံမှာ အလုပ်ဆက်လုပ်နေတုန်းပဲလေ။ ဒီ့အပြင် ဒါက သူ့ဦးလေးကိုပါ ထိခိုက်စေမဲ့ ကိစ္စကြီး
သူ အရဲစွန့်ပြီး စွတ်လုပ်မယ် ဆိုရင်လည်း မင်းကို ထိခိုက်နာကျင်စေမယ်ဆိုရင် သူ့အတွက် လည်း ထိခိုက္လာမွာပဲ ချင်းချူက ခန့်မှန်းကြည့်လာသည်။
ဟော်မြန့်က ခေါင်းယမ်းမိကာ.. ဝူရှောင်းရွှယ်လုပ်တာ မဖြစ်နိုင်ဘူး။ သူ့ပုံစံ အရဆိုရင် သူက မာနကြီးတဲ့သူ ဆိုပေမဲ့ အစွန်းရောက်တဲ့သူတော့ မဟုတ်ဘူး။ က်မကို ဒုက္ခရောက်စေရုံသက်သက်နဲ့တော့ ဒီလိုကိစ္စမျိုးကို လုပ်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီကိစ္စ ပေါ်ထွက်လာရင် လူတွေက ဒီထဲမြာ ပါဝင်တဲ့သူတွေကို အစဆွဲထုတ်ကျတော့မှာ၊ သူက အဲ့ဒီညတုန်းက တာဝန္က် ဆရာဝန်ဖြစ်ပြီး၊ တာဝန်ချိန်ကို ပေါ့ဆခဲ့တာ ပေါ်သွားမှာပဲလေ။ ဒီတော့ သူလည်း က်မလိုပဲ အားနည်းချက် ရှိနေတဲ့သူ ဖြစ်နေခဲ့တာပဲ
ချင်းချူက ခေါင်းညိတ်နေပြီး၊ ဟော်မြန့်ရဲ့ သုံးသပ်ချက်တွေက အဓိပါယ် ရှိသည်ဟု တွေးနေမိသည်။ ခဏလောက် တွေးနေပြီးတော့မှ ထပ်မေးလိုက်တာက ဒါဆို ဝူရှောင်းရွှယ်အပြင် ၊ နောက်ထပ် သံသယ ရွိတဲ့သူ ရှိသေးလား။
-
YOU ARE READING
အခ်စ္စတင္ခ့ဲရာ( Volume two)
RomanceSynopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ြ...