118 to 122(z+u)

1.4K 148 1
                                    

အခန်း (၁၁၈)
Present
ဟော်မြန့် လေးထောင့်လက်ဆောင်ဗူးလေးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်မိတော့ အဲ့ဒါက ရွှေရောင် iPhone 6S အသစ်တစ်လုံး ဖြစ်နေသည်။ ဒါဆို ဖုန်းလေးတစ်လုံးပဲကို  ။
မိမိကိုင်ထားတဲ့ ဟောင်းနွမ်းနေတဲ့ iPhone 4S လေးကို ငုံ့ကြည့်မိသည်၊ ဒါက သူမအရင် ကျီရှင်း ကိုင်ခဲ့တဲ့ ဖုန်း ဖြစ်သည်။ သူက iPhone 5 ကို ကျီရှင်းကို ပေးလိုက်တော့ ကျီရှင်းက သူ့ဖုန်းအဟောင်း ကို ပြန်ပေးလာတာ ဖြစ်၏။
ဟော်မြန့် နည်းနည်း သုံးကြည့်လိုက်တော့ ကောင်းနေသေးသည်၊ ထို့ကြောင့် သူ ဒါကို အချိန်အတော်ကြာ ဆက်သုံးနေမိခဲ့တာ ဖြစ်၏။ ဒီလက်ဆောင်ကို လက်မခံသင့်ဘူးလို့တော့ တွေးနေမိပေမဲ့ ငြင်းပယ်လိုက်ရင်လည်း အရမ်း ကြေးများရာ ကျလွန်းမည်လေ။ သူ့မှာ ချင်းချူရဲ့ လစဉ်လစာငွေ ယွမ်တစ်သန်းကိုတောင် လက်ခံပြီးနေပြီ၊ ဒီတော့ ဖုန်းတစ်လုံးကို ထပ်ပြီး လက်ခံသင့်လား မသင့်လား တွေဝေနေသင့်လို့လား၊ ဒါက ယွမ် ထောင်ဂဏန်း လောက်ပဲ ရွိတာကို..
ဒီလို တွေးမိတော့ ဖုန်းကို သူ့အခန်းဆီ ယူလာခဲ့လိုက်ပြီး အထဲက sim card ကို ထုတ်ယူလိုက်၏။ သူ့ရဲ့ ဖုန်းအသစ်ထဲ လဲထည့်လိုက်လေ၏။ အဲ့ဒီနောက်တော့ သူက ကင်မရာကို စမ်းကြည့်သည့်အနေဖြင့် သူမ အိပ်ရာပေါ်မှာတင် selfie ပုံများ ရိုက်ကြည့်နေလေ၏။
သူ မသိတာကေတာ့ ဒီဖုန်းရဲ့ ICloud က ချင်းချူရဲ့ ဖုန်းနဲ့ ချိတ်ဆက်ထားပြီးသား ဆိုတာကိုပင် ။ ဆိုလိုတာက သူ ဒီဖုန်းနဲ့ ရိုက်ယူသမျှ ဓါတ်ပုံတွေက ချင်းချူရဲ့ ဖုန်းမှာ ပေါ်နေပေလိမ့်မည်ပေါ့။
ထို့ကြောင့် မစ္စတာချင်း .. တခြားဖက်အခန်းဆီမှာ ထိုင်နေရာက ဟော်မြန့်ရဲ့ ညအိပ်ဝတ်စုံလေးနဲ့ ရူးပေါပေါ ဓါတ်ပုံလေးတွေကို မြင်လိုက်ရသည်။ သူ့ နှုတ်ခမ်းထောင့်များက အပြုံးအဖြစ်သို့ ကွေးညွတ်လာနေလျက်..
-
ဟော်မြန့်က WeChat ထဲ ဝင်လိုက်တော့ friend request တစ်စောင် ရှိနေသည်ကို တွေ့လိုက်ရ၏။ ကလစ်ထောက်ကြည့်လိုက်တော့ အဲ့ဒါက ချင်းချူ ဖြစ်နေတာ တွေ့လိုက်ရ၏။ သူ လက်ခံသည် ဆိုတာကို နှိပ်လိုက်ကာ ဆက်သွယ်သူစာရင်းထဲ ထည့်ထားလိုက်၏။
သူ ပထမဆုံး ရေးပို့လိုက်တဲ့စာက  က်မ WeChat account ကို ဘယ္လို ရှာတွေ့တာလဲ
သူ အံ့သြမိအောင်ပင် ချင်းချူက ချက်ချင်း ပြန်ဖြေလာတာက  ကိုယ်တို့ အဖွဲ့ထဲမှာ အတူတူပဲလေ
အို.. ဟုတ်သားပဲ။
အဲ့ဒီ ခဏအတွင်းမှာပဲ ဟော်မြန့် မွာ နောက်ထပ် အသိပေးချက် တစ္ခု ရောက်လာပြန်၏။ ချင်းချူက သူ့ကို ငွေလွှဲပေးလိုက်တာ၊ အဲ့ဒါက ၈၈၈၈ ယွမ်။
ဟော်မြန့်က ငွေကို လက်ခံလိုက်ပြီး စာပြန်ပို့လိုက်၏ ကျေးဇူးပဲ
ချင်းချူက ဘာမွ ပြန်မပို့လာပေ
-နောက်တစ်နေ့မနက်မှာတော့-
သူတို့ မနက္စာ စားနေချိန်တွင် ဟော်မြန့် ချင်းချူကို ကြည့်ကာ ပြောလိုက်သည်။
က်မ ဒီတစ္ပတ္ကို ညဆိုင်း တာဝန်ယူရမယ်။ ဒီတော့ က်မ ညဘက် ပြန်လာနိုင်မှာ မဟုတ္ဘူး
ဘာလို့ ညဆိုင်း ယူရတာလဲ ချင်းချူက စိတ်မကြည်သလို မျက်မှောင်ကုပ်လာသည်။
ဟော်မြန့်က ပြုံးမိရင်း..  ကျမလည်း မယူချင်ပါဘူး။ ဒါပေမဲ့ ဆေးရုံရဲ့ မူ ပဲလေ
ကိုယ် ဝူကျုံးရှင်း ကို ဖုန်းဆက်ပြီး မင်းရဲ့ ညဘက်တာဝန်ချိန်ကို ဖျက်ဖို့ ပြောလိုက်မယ်။
ဟင့်အင်း။ အဲ့လို မလုပ်ပါနဲ့။ ဆေးရုံအုပ်က က်မကို နေ့ဆိုင်း ပြန်ပြောင်းပေးရင် တျခား လုပ်ဖော်ကိုင်ဘက်တွေက ညဘက် တာဝန်ပြောင်းယူပေးရမှာပဲ။ ဒါဆို ကျမအတွက်နဲ့ တခြားသူတွေကို ဝန္ပိသလို ဖြစ်တာမို့ က်မမွာ အပြစ်မကင်းသလို ခံစားရလိမ့်မယ်။ က်မ အဲ့လို မဖြစ်ချင်ဘူး
ကောင်းပြီလေ၊ မင်းပျော်တယ်ဆို လုပ်ပေါ့
ချင်းချူက ဟော်မြန့် ငြင်းပယ်တာကို တွေ့ပြီး ဘာမွ ဆက်မပြောတော့။
အဟမ်း.. ရှင်ပေးတဲ့ ဖုန်းနဲ့ မုန့်ဖိုးငွေအတွက် ကျေးဇူးပဲ
အဲ့ဒါဆို ကိုယ်ကလည်း ဒီမနက်စာအတွက် ကျေးဇူးပြန်တင်ပေးရမှာလား  ချင်းချူက အေးစက်စက် ပြန်ပြောလာသည်။
ဟော်မြန့် ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့။ သူတို့နှစ်ယောက် စကား ထပ်မပြောမိကြတော့ဘဲ ဆေးရုံဆီသို့သာ သွားလိုက်ကြလေသည်။
ချင်းချူရဲ့ နားမွာ နားကြပ်ဖုန်း တပ္ထားကာ၊ သူ့လက်ထောက်နှင့် အလုပ်ကိစ္စအကြောင်း ပြောနေဟန်တူ၏။ ထို့ကြောင့် ဟော်မြန့် ဘာမွ ထပ်မပြောရဲတော့။
သူတို့ ရောက်သွားချိန်မှာလည်း ချင်းချူက အလုပ်များနေတုန်းပဲ ဆိုတာ မြင်နေရတာမို့ ဘာမွ ပြောမနေတော့ဘဲ ဆင်းဖို့ ပြင်လိုက်၏။
သို့ပေမဲ့ ချင်းချူက သူ့ ဘယ္လက္ကို ရုတ်တရက်ကြီး ဆွဲလိုက်သည်။
လန့်သွားက သူ့ကို လှည့်ကြည့်မိလိုက်တော့ .. ချင်းချူက သူ့ နားကြပ်ကို ဖြုတ်လိုက်ပြီး မေးသည်။ ညဆိုင်းတာဝန်က ဘယ်လောက် ကြာမှာလဲ
တစ်ပတ်လောက်ပဲ
ဒါဆို နေ့ဘက်ကျ နားရမှာပေါ့ ဟုတ္လား
ဟုတ်တယ်။ နေ့ခင်းကျရင် အိမ်မှာ ပြန်အိပ်မယ်လေ။
ချင်းချူက ဘာမွ ထပ်မပြောတော့ဘဲ ဟော်မြန့် လက္ကို လွှတ်ပေးလိုက်၏။
ဒါဆို က်မ သွားပြီနော်.. ကားကို ဂရုစိုက်မောင်းဦး ဟော်မြန့်က သူ့ကို လက်ပြလိုက်ပြီး ကားထဲက ထွက်လိုက်သည်။
ချင်းချူက သူမေလး ဆေးရုံထဲ ဝင်သွားသည်အထိ လိုက်ကြည့်နေပြီးမှ ကားကို မောင်းထွက်သွားလေသည်။
-အဲ့ဒီမနက် GK ရုံးချုပ် အစည်းအဝေးတွင်-
ဌာနအသီးသီးမွ ဒါရိုက္တာမ်ား သူတို့ရဲ့ တင်ပြချက်များ ပြီးစီးချိန်၌ ချင်းချူက အကုန်လုံးကို ဝေ့ဝဲကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။  ကျတော် တခု ကြေငြာစရာ ရှိတယ်။
အထက်တန်းအရာရှိအကုန်လုံးက အာရုံစူးစိုက်ကာ နားထောင်နေကြလေသည်၊ သူတို့တစ်ခုခု အရေးကြီးတာ လြတ်သြားမွာ ကြောက်ရွံ့နေသကဲ့သို့..
မနက်ဖြန်ကစပြီး ၊ တစ်ပတ် ၊ ဝန်ထမ်းတိုင်း နေ့ဘက်နားပြီး ညကို အလုပ်လာဆင်းရမယ်။
ဒါကို ကြားလိုက်ရတော့ အကုန်လုံးက ကြောင်အ- ငေးမောနေလျက်..
ဥက္ကဌချင်း.. ဒါ.. ဒါက
ဒါက မသင့်တော်ဘူးလို့ ထင်ရင် ခင်ဗျားတို့ရဲ့ နှုတ်ထွက်စာတွေ တင်ထားခဲ့လို့ ရပါတယ်။ ဒါပါပဲ
ချင်းချူက သူ့စကား ဆုံးသည်နှင့် ထွက်သွားဖို့ရာ ထရပ်လိုက်သည်။
လက်ထောက်ယန်က တိတ်ဆိတ္စြာ သူ့ဥက္ကဌနောက်က လိုက်လာပြီး နောက်တစ်ခါ သူ့သူဌေးရဲ့ သဘောဆန္ဒတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနေရလေသည်။
အမ်း ဥက္ကဌချင်း.. ကျတော် မေးချင်လို့ပါ၊ ဆရာ ဒီလိုလုပ္တာ အကုန်လုံးကို အချိန်ကွာခြားမှုကို အသားကျသွားအောင် လို့လား ။ ဒါက ကျတော်တို့ရုံးချူပ်က အေမရိကကို ရွှေ့ရင် အချိန်အပြောင်းအလဲကို ကျင့်သားရသွားအောင်လို့လား။ လက်ထောက်ယန်က သူ့ရဲ့ အတွေးတွေကို ထုတ်မေးလာသည်။
ချင်းချူက သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ကြည့်လိုက်ပြီး  မင်း အေတြး လွန်နေပြီ
ချင်းချူရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်ကြီးက သူ့မိန်းမနဲ့ နေ့ခင်းပိုင်း အတူရှိနေချင်တာကြောင့် ဆိုတာ ဘယ်သူမွ မသိနိုင်ကြ။
-
ဟော်မြန့် .. မြန်မြန်လာ။ ဒီမွာ အရေးပေါ် ဖြစ်နေပြီ သူနာပြုခေါင်းဆောင်က သူ့လက်တွေကို ဝှေ့ယမ်းကာ ဟော်မြန့်ကို ခေါ်နေ၏။
-

အချစ်စတင်ခဲ့ရာ( Volume two)Donde viven las historias. Descúbrelo ahora