အခန်း (၂၈၆)
Does Your Mom Know That You Are This Fierce? (3)
မောင် .. က်မ .. က်မ က .. စကားနည်းနည်းထစ်နေတဲ့ ဟော်မြန်..၊ ပိုးခနဲ ပက္ခနဲ ပြန်ပြောတတ်တဲ့ သူက အခုတော့ အရှုံးကို လက်ခံရပေတော့မည်။
မင်း သြား မေဆး သေးဘူးလား၊ ဒါမွ မဟုတ် ကိုယ်လုပ်ရမှာလား
အာ .. ကျမတို့ ဒီလိုတော့ မလုပ်သင့်ဘူးလေ .. အဲ့ဒါ.. ဟော်မြန်က ခေါင်းငုံ့သွားပြီး ၊ မျက်နှာကလည်း လုံးဝ နီရဲနေသည်။
မင်း ကိုယ့်ကို ပန်းကန်တွေတောင် မဆေးပေးတော့ဘူးပေါ့ ချင်းချူက စိတ်ပျက်သွားပုံမျိုးနဲ့ မေးလိုက်သည်။
ဘာရယ် .. ပန်ကန်တွေ ဆေးရမှာလား ဟော်မြန်က ကြောင်တောင်တောင် ပြန်ကြည့်လာ၏။
ဘာရှိသေးလို့လဲ ၊ မင်းက ဘာတွေ ဆေးခိုင်းတယ် ထင်လို့လဲ ချင်းချူက ပြုံးတုံ့တုံ့ ..
ဟော်မြန် အခုမွ လှည့်စားခံလိုက်ရတယ်ဆိုတာ ချက်ချင်း သိသွားတော့သည်။ သူ ရုတ္တရက္ခုန္ထျပီး ချင်းချူရဲ့ ပခုံးဆီကို လက်သီးဖြင့်ပစ်ထိုးလိုက်၏ ချင်းချူ .. ရှင် တမင်လုပ်တာပေါ့လေ ..ဟမ် .. ရှင် ဒါကို တမင်လုပ်တာ မဟုတ္လား
ဒါပေမဲ့ သူ့လက်က ချင်းချူကို ထိလိုက်ရုံရှိသေး၊ အဲ့ဒီလက်တွေကို ဖမ်းဆွဲလိုက်ပြီး ဆိုဖာပေါ် တွန်းဖိချခံလိုက်ရတော့သည်။
သုံးမိနစ်လောက်ကြာတဲ့ သူတို့ရဲ့ အရူးအမူးအနမ်းတွေက ဟော်မြန်ရဲ့ ခန္ဒာကိုယ်ကို အရည်ပျော်စေ၏၊ သူ့တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားရအောင် လုပ်နေသလိုပင်။
ချင်းချူ နောက်ဆုံးကျမှ လွှတ်ပေးလိုက်ပြီး၊ ပြုံးတုံ့တုံ့ဖြင့် မင်း ဒီလို နာခံတာမျိုးက ရခဲတယ်။ ဒါကြောင့် ဒီတစ်ခါတော့ ကိုယ် လွှတ်ပေးလိုက်မယ်
ကျေးဇူးတင်ပါတယ်.. မစ္စတာချင်း ရှင့်ပြောစကားဆုံးသည်နှင့် ဟော်မြန်က မီးဖိုဆောင်ဘက်သွားဖို့ လှည့်လိုက်သည်။
မင်း ဘယ္ကိုသြားမွာလဲ
ပန်းကန်တွေ ဆေးမယ်လေ
အရူးမေလး၊ မင်းလုပ်စရာ မလိုပါဘူး၊ ဒီလိုဟာတွေကို မင်းကို ဘယ်လိုလုပ် ခိုင်းရက်မှာလဲ ချင်းချူရဲ့ နှုတ်ခမ်းတွေက ကော့ညွတ်နေ၏။
အော် .. ဒါဆို ရှင်က က်မကို စချင်ရုံပေါ့လေ။ က်မက တကယ္ကို ကျမအတွက် ပန်းကန်တွေဆေးဖို့ ချန်ထားတယ် ထင်နေတာ။
မင်း တော်တယ်ဆိုတာ သေရောသေချာရဲ့လားကွာ ၊ မင်းကို IQ Test စစ်ပေးတဲ့ လူကို မင်း လာဘ္ထိုးခဲ့တာမ်ားလား ၊ ဟမ် ..
ဟော်မြန်ရဲ့ တုံ့ပြန်ပုံတွေဟာ တကယ္ကိုပဲ ထုံအသည့် မိန်းကလေးတစ်ယောက်နဲ့ တူနေသည်ဟု ချင်းချူ ခံစားနေရတာ ဖြစ်သည်။ ဥာဏ်ကြီးရှင်တစ်ယောက်နဲ့ နဲနဲမွ မတူ။
ကျမလည်း ဘာကြောင့်လည်းဆိုတာ ဘယ်သိမွာလဲ၊ ဒါပေမဲ့ ရှင့်ရှေ့ရောက်ရင် က်မရဲ့ အချက်ကျကျတွေးတတ်တဲ့ ဥာဏ္က လုံးဝ ပျက်စီးသွားတော့တာပဲ။ ကြည့်ရတာ ရှင်က က်မရဲ့ system ထဲက ဖ်က္ပိုး ပဲ ဖြစ်ရမယ်။ ဟော်မြန် နှုတ်ခမ်းစူပြီး ဖြေရှင်းချက်ပေးနေလေ၏။
ဆိုရိုးစကားရွိတာ မကြားဖူးဘူးလား
ဘာတဲ့လဲ ဟော်မြန် တွေဝေသွားသည်။
ဒီကမ္ဘာကြီးထဲမှာ အမြဲရှိနေမဲ့သူက တျခားသူကို သိမ်းပိုက်အောင်နိုင်တဲ့သူပဲတဲ့
ဒါဆို က်မကို သိမ်းပိုက်အောင်နိုင်တဲ့သူက ရှင်ပေါ့
မဟုတ္ဘူး၊ မင်းရဲ့ သိမ်းပိုက်အောင်နိုင်ခြင်းခံရတဲ့သူကမှ ကိုယ်ဖြစ်နေတာ ချင်းချူရဲ့ အဖြေက ရိုးရှင်းပါသည်။
ဟော်မြန် မရပ်နိုင်အောင် ရယ်နေမိတော့သည်၊ သူက ချင်းချူရဲ့ လည်ပင်းကို ဖက်ပြီးနောက်၊ နှစ်ယောက်သား လုံးထွေးသွားကြပြန်သည်။
အမွန္တကယ္ကေတာ့ ဟော်မြန် သူ့ကိုယ်သူတောင် သတိမထားမိဘဲ ချင်းချူနဲ့ အတူနေရတာ နေသားကျလာနေပြီဖြစ်သည်။
အရာအားလုံးက ပြီးပြည့်စုံနေသည်၊ သူတို့ရဲ့ မိဘေတြဆီက အတိတ်မှာတုန်းက ဖြစ်ပျက်ခဲ့တဲ့ စိတ်မကြည်စရာ ဖြစ်ရပ်များကို သူတို့ဆီကို သယ်မလာခင်အချိန်အထိပေါ့လေ။
သူတို့ အိပ်ရာထဲမှာ လဲလျောင်းနေကြစဉ် ချင်းချူက ဟော်မြန်ကို ဖက်ထားလေပြီး၊ သူ့ရင်ထဲမှာတော့ ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နေလေ၏။
မြန်
အင်း
မင်းတို့ ချီးထုပ်ဆေးရုံက ဘယ်တော့မှ မင်းကို ပိတ်ရက်ရှည်ပေးမှာပဲ
ဟမ် .. က်မ မမေးကြည့်ရသေးတော့ က်မရဲ့ ပိတ်ရက်က ဘယ်တော့မှန်း မသိသေးဘူး
ကိုယ် သြစတျေးလျကို နောက်လထဲလောက် သွားဖို့ရှိတယ်။ အဲ့ဒါ မင်းကိုပါ ကိုယ်နဲ့အတူ ခေါ်သွားချင်လို့။ ကိုယ်တို့ လက်ထပ်ပြီးဒီလောက်ကြာနေပြီး၊ မင်းကို ဟန်းနီးမွန်းတောင် မခေါ်သွားရသေးတာကို ကိုယ် စိတ်မကောင်း ဖြစ်မိလို့
အဲ့လို မဖြစ်နေပါနဲ့။ တခြားသူတွေ ပြောသလိုပေါ့ .. တကယ်လို့ အချစ်ရှိနေတဲ့ နေရာဆိုရင်၊ ဗယ်လင်တိုင်းဒေး ဆိုတာ နေ့တိုင်းပါပဲတဲ့ ဟော်မြန်က ပြုံးနေပြီး ချင်းချူကို ခပ်တင်းတင်း တိုးဖက်ထားလိုက်သည်။
ချင်းချူက ခေါင်းနည်းနည်းငုံ့လိုက်ပြီး မြန် ထံမွ ထူးခြားတဲ့ ကိုယ်သင်းရနံ့လေးကို လောဘတကြီး ရှိုက်ယူလိုက်သည်
နောက်တော့ .. သူက နူးညံ့တဲ့ လေသံနဲ့ .. နောင် ကိုယ်တို့ ကလေးရလာရင် ၊ သူတို့ရဲ့ ရုပ်ရည်၊ ဥာဏ်ရည်ဥာဏ်သွေး၊ စွမ်းရည်၊ အမူအကျင့် အကုန်လုံး ကိုယ့်နဲ့တူဖို့ မျှော်လင့်တယ်
ဒါဆို က်မ ကျတော့ရော ဟော်မြန်က မတရားခံရသလို ပြန်မေးလာသည်။
သူတို့ရဲ့ ဖွားဇာတာခွင်က မင်းနဲ့တူပေါ့၊ ကန် ရာသီဖွားလေ၊ အလုပ်ကြိုးစားတယ်
ချင်းချူ.. ရှင်တော့ ဟော်မြန် မထိန်းနိုင်တော့ဘဲ ကျိန်ဆဲစကား ဆိုလိုက်မိသည်၊ အဲ့ဒီချင်းချူက အရမ်း လွန်လွန်းနေတာကိုး..
ဘာကြောင့် သူတို့ရဲ့ ကလေးတွေက သူနဲ့ပဲ အကုန်တူပြီး ၊မိမိနဲ့ကျ ရာသီခွင်ပဲ တူရမွာလဲ။
ရာသီခွင်တူတာက ဘာများထူးခြားလို့လဲ။
သူတို့ က်မရဲ့ IQ မျိုး တူသင့်တယ်၊ က်မက IQ 130 ရွိတဲ့ ပါရမီရှင်လေ။
၁၃၀ လား၊ ၃၀ နဲ့တောင် ပိုတူနေသေးတယ် ချင်းချူက ပြုံးနေသည်။
ဟော်မြန် သမင်ပေါက်လေးလို သူ့ဆီခုန်အုပ်လိုက်ပြီး ကိုက်နေတော့သည်။
-
နောက်တစ်နေ့မနက် နှစ်ယောက်သား ကားကိုယ်စီဖြင့် အလုပ်သွားကြသည်။ လမ်းဆုံကျကာမှ ချင်းချူကားက ဟော်မြန်ရဲ့ လမ်းကြောင်းကနေ ခွဲထွက်သွားပြီး မနက်ခင်း အစည်းအဝေးတက်ဖို့ GK ဘက္ကို မောင်းထွက်သွားလိုက်လေသည်။
ဟော်မြန်မောင်းလာတာ တောင်ဘက်ပိုင်းစင်တာနဲ့ ၂ ကီလိုမီတာအလို လောက်ရောက်တော့ မီးနီတာကို စောင့်ဆိုင်းနေစဉ် ရုတ်တရက်
ဘန်း ..ခနဲ အသံနဲ့အတူ သူ့ကားက လှုပ်ခါသွားလေသည်။
ဒါက သူ ယဉ်မောင်းလိုင်စင်ရပြီးကတည်းက ပထမဆုံးအကြိမ် ကားတိုက်မှု ကြုံးဖူးခြင်းပင်။ သူ မီးနီစောင့်နေတုန်း နောက်ကလိုက်လာတဲ့ကားက မြန် ရဲ့ကား နောက်မြီးကို ဝင်ဆောင့်တာဖြစ်သည်။
ဟော်မြန် ကားထဲက ဒေါသတကြီး ဆင်းလာပြီး၊ သူ့ကားရဲ့ နောက်မြီးပိုင်းက အကြီးကြီးပိန်ချိုင့်နေတာ မြင်ရတော့ သူ့ရင်ထဲကတောင် နာကျင်သွားရ၏။
ဟေ့လူ.. က်မကားကို ရှင့်တို့ကားက ဝင်တိုက်တာ..
ဝင်တိုက်တဲ့ အဖြူရောင် Ferrari ကားပိုင်ရှင် ကားထဲက ထြက္လာတာ မြင်လိုက်ရတော့ ဟော်မြန် ရူးတောင် ရူးချင်သွားသည်။
ကားပိုင်ရှင်ကတော့ ဒီရက်တွေထဲ မမြင်ရတာ ကြာပြီဖြစ်တဲ့ ဆုယွီကလွဲလို့ ဘယ်သူ ဖြစ်ဦးမှာလဲ။
-
အခန်း (၂၈၇)
Does Your Mom Know That You Are This Fierce? (4)
ဆုယြီ .. ရှင်ဘာလို့ က်မကားကို ဝင်တိုက်တာလဲ ၊ ရှင် က်မကို မုန်းနေတာလား၊ ဒါမှမဟုတ် တခြားကြောင့်လား ဟော်မြန်တော့ ရူးချင်နေလေပြီ။
သူရဲ့ Volkswagen CC လေးကို ဘယ်လောက်ချစ်သလဲဆိုတာ နတ်ဘုရားတွေသာ သိပေတော့မည်။
မင်းရဲ့ ကားဆိုတာတောင် ငါ မသိပါဘူးကြာ ၊ ငါက ဖုန်းသုံးနေလို့ မတော်တဆတိုက်မိသွားတာပါ ဆုယြီက ဘာမွ မဟုတ်သလိုပင် ပြန်ဖြေနေ၏။
ရှင်က ကားမောင်းရင်း ဖုန်းသုံးနေတာ ? ရှင် သေချင်နေတာလား၊ ရှင့်ဘာသာ သေချင်နေတာက ကိစ္စမရှိပေမဲ့ က်မကေတာ့ အသက်ရှင်ချင်သေးတယ်ရှင့် ဟော်မြန် ဒေါသတကြီးဖြစ်နေလေသည်။
ထူးဆန်းစွာပင် .. မြန် ဒေါသထွက်နေတာကို မြင်ရတော့ ဆုယြီရဲ့ စိတ်တွေ ကြည်လင်လာလေသည်။
နောက်ဆုံးတော့ သူမေလးကို မြင်တွေ့ခွင့်ရဖို့ အကြောင်းရင်းတစ်ခု ရခဲ့ပြီလေ။
သည်လို တိုက်မှုဖြစ်ဖို့ သူ တစ်နေ့လုံး အစီအစဉ်ဆွဲခဲ့ရတာ ဖြစ်သည်။ သူက ဟော်မြန်ရဲ့ အလုပ်သွား အလုပ်ပြန်လမ်းကြောင်းကို လေ့လာထားပြီး၊ တိုက်လို့ကောင်းမဲ့ နေရာကို ရွေးချယ်ကာ ၊ ဟော်မြန်ရဲ့ကားကို ဝင်တိုက်ခဲ့တာ ဖြစ်သည်။
ဒါက လုံးဝ ပြီးပြည့်စုံတဲ့ ဆင်ခြေပဲလေ။
သူ သည်မိန်းကလေးကို ဘယ်လောက်လွမ်းဆွတ်နေသလဲဆိုတာ နတ်ဘုရားတွေသာ သိနိုင်လိမ့်မည်။ သူမေလးကို မြင်တွေ့ချိန်ကျတော့လည်း သူ့နှလုံးသားတွေက ပုံမှန်ထက် ပိုမြန်မြန်ခုန်ပေါက်နေပြန်သည်။
စိတ်လျော့ပါဦး ၊ ဒါက သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး။ မင်းကား ပျက်စီးသွားလို့လား၊ ငါ အသစ္တစ္စီး ဝယ်ပေးလိုက်ပါမယ်
ဟော်မြန်က ဇိမ်ခံကားသစ်ကြီးတွေကို လက်ခံမည်မဟုတ်တာ ဆုယွီသိနေသည်မို့ သူမလေးရဲ့ကားနဲ့ ပုံစံတူ၊ မိုဒယ္တူ ဝယ်ပေးဖို့ ကမ်းလှမ်းလိုက်တာ ဖြစ်သည်။
ရတယ်၊ ကျမလိုချင်တာက ပြန်ပြင်ဖို့ ပြင်ဆင်စရိတ်ပဲ ။ က်မဘာသာ ဆားဗစ်စင်တာကို ပို့လိုက်မယ်။
ငါက ငွေမရှိတဲ့လူနဲ့ တူလို့လား။ မင်း ဒီကားကို မလိုချင်တော့ရင်လည်း ငါ တျခား အသစ္တစ္စီး ဝယ်ပေးနိုင်တာပဲလေ။ မင်းကြိုက်တာသာ ရွေးလိုက်။ ဒါမှမဟုတ် ငါ့ Ferrari ကို ယူသွားလည်း ရတာပဲ။ မင်း ဘယ်လိုထင်လဲ ဆုယြီ က သူ့နောက်က အဖြူရောင် Ferrari ကို ထိုးပြရင်း ခပ်ပြုံးပြုံး ပြောနေလေသည်။
တော်ပြီ .. ကျမပြောသလိုသာ ပြင်ဆင်စရိတ်ပဲပေးဖို့လိုတာ၊ ပေးတော့ ဟော်မြန်က စိတ်မရှည်စွာ ငွေတောင်းဖို့ လက်ဖြန့်လိုက်သည်။
ငါ မင်းကို ငွေပေးမှာပါ ၊ ဒါပေမဲ့ ယဉ်စည်းကမ်းအတိုင်း သွားဖို့လည်း လိုသေးတယ်။ ယဉ်ထိန်းရဲက မကြာခင် ရောက်လာတော့မှာ။ သူတို့ ဒီအမှုကို စစ်ဆေးကြမယ်၊ ပြီးရင် အာမခံကုမဏီကို ဖုန်းဆက်မယ်။ ငါတို့ လုပ်ထုံးလုပ်နည်းအတိုင်း သွားဖို့ လိုတယ်လေ။
အဲ့လောက် ရှုပ်လား၊ ဒါဆိုလည်း ရတယ်၊ က်မ အခု အလုပ္ကို အမြန်သွားရတော့မယ်။ က်မကားကို ဒီမွာ ထားခဲ့မယ်။ ရှင် ပြင်ပြီးရင် က်မကို ဖုန်းဆက်လိုက် ၊ ဘိုင်
စကားဆုံးသည်နှင့် ဟော်မြန်က လှည့်ပြီး ကားတားဖို့ ပြင်သည်၊ ဒါပေမဲ့ ဆုယြီက တားဆီးလိုက်၏။
မင်း သွားလို့ မရေသးဘူး၊ ငါတို့ ဒီကိစ္စကို သေချာ မပြောရသေးဘူးလေ။ မင်းက ဒီအမှုမှာ ပါတဲ့ တစ္ဖက္လူပဲဟာကို။
ဒါပေမဲ့ က်မ အလုပ်သွားဖို့ လိုသေးတယ်
မင်း တစ်ရက်နားလိုက်ပေါ့
က်မကား အတိုက်ခံရပြီးတာတောင် တစ်ရက်နားနေရဦးမှာလား၊ ဆုယြီ .. ရှင်က ဂြိုဟ်ဆိုးပဲ ဟော်မြန် မူးလဲချင်လာသည်။ ဒီမနက်မှာမှ ဘာတွေ လာဖြစ်နေရတာလဲ။
ဂြိုဟ်ဆိုး ဆိုတဲ့နာမည်ကြီးက ရုပ်ဆိုးပါတယ်။ ငါက နာမည်ကျော်တစ်ယောက် ဆိုတာကမွ ပိုတူသေးတယ်
က်မကို နောက်ပြောင်နေတာ ရပ်တော့ ၊ ကျမရှေ့ကဖယ် ၊ က်မ နောက်ကျတော့မယ် ဟော်မြန်က စိတ်မရှည်တော့။
အဲ့ဒီအချိန်မှာ ယဉ်ထိန်းရဲ ရောက်လာ၏။ သူတို့က ဆုယြီကို တေလးတစား နှုတ်ဆက်ကြသည်။ သခင်လေးဆု .. မင်္ဂလာမနက်ခင်းပါ
ဖြစ်တဲ့ အခြေအနေကို ကြည့်လိုက်ပြီးတော့ ၊ ယဉ်ထိန်းရဲက ပြောလာသည်။ ကားစမောင်းတဲ့ မိန်းကလေးတစ်ယောက် အနေနဲ့များ ဘယ်လိုလုပ်ပြီး ဒီလို ကားကျပ်ချိန်မနက်ခင်းမှာ ဥမင်လမ်းတွေကို မောင်းရဲရတာလဲ။ မင်းရဲ့ကားက မီးနီစောင့်နေတုန်းမှာ စည်းကျော်နေတာ ။ ငါတို့ မင်းရဲ့ကားကို သိမ်းသွားရလိမ့်မယ်။ ငါနဲ့ လိုက်ခဲ့ပြီး၊ နောက်ထပ် ညွှန်ကြားချက်တွေ စောင့်သွားဦး
ရဲသားပြောတဲ့စကားကို ကြားရချိန်မှာ ဟော်မြန်တစ်ယောက် သွေးအန်တော့မလို ဖြစ်သွားရသည်။
ဒီယဉ်ထိန်းရဲရဲ့ ပါးစပ္က ဘယ်လိုစကားတွေ ထြက္လာတာလဲ။ သူက ဆုယြီ-င်ကို နမ်းဖို့ ကြိုးစားချင်တယ်ဆိုရင်တောင် ၊ ဒီလိုတော့ မလုပ်သင့်ဘူးလေ၊ ဟုတ်တယ်ဟုတ်..
သူက မိမိကားက မျဉ်းကျော်နေသည်လို့လည်း ပြောသေးသည်၊ သူ ကန်းများနေသလား။ မိမိကားက စည်းနဲ့ အဝေးကြီးဟာကို
နောက်ပြီး ယဉ်စည်းကမ်း ဥပေဒမွာ ကားမောင်းတတ်ကာစ အမျိုးသမီးက လမ်းကြပ်ချိန်မှာ ဥမင်လမ်းကို မမောင်းရဘူးဆိုတဲ့ စည်းမျဉ်းတောင် သတ်မှတ်လိုက်သေးသည်။ သူက အဝေးပြေးလမ်း မောင်းနေတာလည်း မဟုတ်ဘဲနဲ့လေ။
ယဉ်ထိန်းရဲရဲ့ ဆုံးဖြတ်ချက်ကို ကြားရတော့ ဆုယြီ မကျေမနပ်ဖြစ်သွားကာ အေးစက်တဲ့အသံနဲ့ ငါက ဒီမိန်းကလေးရဲ့ ကားကို ဝင်တိုက်လိုက်တာ၊ ငါက ဖုန်းသုံးနေတာမို့လို့။ ငါ သူ့ကား ပျက်စီးမှုအတွက် ပြင်ဆင်စရိတ် ပေးဖို့လိုတယ်။ သူက စည်းလည်း မေက်္ဘာူး။ ဒီမတော်တဆမှုက ငါမွားတာ။
သခင်လေးဆု .. ယဉ်ထိန်းရဲ လည်း ကြောင်ငေးနေတော့သည်။
အဲ့လို ဖြစ်ခဲ့တာပဲလေ၊ ဒီတော့ ငါ့တာဝန် အပြည့်ယူပေးမယ်။ မြန်မြန်ရေးလိုက်တော့ ဆုယြီ စိတ်မရှည်နိုင်တော့..
နောက်ဆုံးတော့ ဆုယြီရဲ့ ညွှန်ကြားချက်အတိုင်း ယဉ်ထိန်းရဲက သူတို့ကို စခန်းကို ခေါ်သွားပြီး ဒီအမှုကို မှတ်တမ်းတင်စေ၏။
ဟော်မြန် အလုပ်ချိန်တွေနောက်ကျ ကုန်ပြီမို့ ၊ သူ့အထက်လူကြီးထံမှာ ခွင့်တင်လိုက်ရတော့သည်။
နောက်ဆုံး ၊ ဆုယြီက ဒီမတော်တဆမှုအတွက် တာဝန်ယူသည်မို့ ဟော်မြန်ရဲ့ကားပြင်စရိတ် အကုန်လုံးကို ကျခံပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
တကယ်တော့ ဒီမတော်တဆမှုလေးက အမှုသေးလေးသာ ဖြစ်သော်လည်း ယဉ်ထိန်းရဲက ဟော်မြန်ကို သွားခွင့်မပြု။
ဟော်မြန်ရဲ့ သည်းခံနိုင်စွမ်းတွေအားလုံး ကုန်သွားရသည်မို့ သူ လူတွေကိုအော်ဟစ်ပစ်ချင်စိတ်သာ ပေါက်နေတော့သည်။
သူ့ခင်ပွန်းဖြစ်သူ ချူ ကို စိတ်အနှောက်အယှက် မဖြစ်စေချင်၍သာ ၊ မဟုတ်ရင် သူ ချင်းချူကို ဖုန်းလှမ်းဆက်ပြီး လာကြိုခိုင်းမိတော့မည်။
တကယ်လို့ ချင်းချူသာ ဒီနေရာမှာ ရှိနေလျှင် ဒီယဉ်ထိန်းရဲတွေဟာ သူ့လက်ပါးစေတွေလို ချက်ချင်း ပြောင်းလဲသွားပေမည်ဆိုတာ သူ ယုံသည်။
ဘယ္လို အထက်ဖားအောက်ဖိလူတွေလဲ
ရဲစခန်းထဲက ထွက်လာကြတော့ ၊ ဆုယီက စိတ်ကြည်လင်နေပြီး ငါတို့ နောက်တစ်ခါဆုံဖို့ ဆိုတာ ဖြစ်ခဲတယ်၊ ဒီတော့ ငါ မင်းကို ထမင်းတစ်နပ်လောက် ကျွေးမယ်လေ
ဟော်မြန်က စကားတစ်ခွန်းမှမဆို။ သူက အဖြူရောင် Ferrari နား လျှောက်သွားလိုက်ပြီး ဒေါသတကြီး ပိတ္ကန္ကာ ၊ အေဝးကို ဆက်လျှောက်သွားလိုက်တော့သည်။
ကျွတ်..ကျွတ် ..မင်း ဒီလောက် ရက်စက်ကြမ်းတမ်းတာ မင်း အေမေရာ သိရဲ့လားကြာ ဆုယွီတစ်ယောက် ပြောစရာစကားမရှိ ဖြစ်ရလေသည်။
-
အခန်း (၂၈၈)
Does Your Mom Know That You Are This Fierce? (5)
ဟော်မြန်က ဆုယြီကို အရေးမစိုက်ဘဲ အငွားကားတစ္စီး တားလိုက်ပြီး၊ ကားထဲဝင်ကာ ထွက်ခွာသွားတော့သည်။
ဆုယြီကေတာ့ ဟော်မြန်နဲ့ အချိန်နည်းနည်းဖြုန်းလိုက်ရသည့်အတွက် ပျော်မြူးနေလေသည်။
-ဂေါ့ဖ်ကလပ်တွင်-
သူဌေးလေးများက သူတို့ရဲ့ မိန်းကလေးအဖော်ကိုယ်စီနဲ့ ဂေါ့ဖ်ရိုက်နေကြပေမဲ့ ဆုယြီကေတာ့ တစ်ကိုယ်တော် ဖြစ်နေတုန်းပင်။
အိုး .. ဒါက ဘယ်လိုမြင်ကွင်းကြီးလဲ၊ မင်းက ဘာကြောင့် တစ်ကိုယ်တည်းအထီးကျန်နေရတာလဲ။ မိန်းမတွေကို ငြီးငွေ့သွားလို့လား ဟော်စစ်ချန်က တခိခိရယ်နေသည်။
အင်း .. ငါ အေပ်ာ်ရွာတာ များလွန်းသွားလို့ အခု ခဏအနားယူနေတာ။ ဆုယြီက ရယ်လိုက်သည်။
မင်း စိတ်ကြည်လင်နေပုံပဲ။ ဒါဆို ငါတို့ မိသားစုတွေကြားက စီးပွားရေးလုပ်ငန်းကိစ္စလေးတွေ ပြန်ပြင်ကြမယ်ဆိုရင်ရော ဘယ္လိုလဲ။ ငါတို့တွေ ငွေရေးကြေးရေး ကိစ္စနဲ့တော့ မဆန့်ကျင်သင့်ပါဘူးကွာ။ ဟာသအရွှမ်းဖောက်သလိုနဲ့ ၊ ဟော်စစ်ချန်က သူတို့ မိသားစုနှစ်ခုရဲ့ ပြန်ပူးပေါင်းဖို့ ကိစ္စကို ပြောလာ၏။
ဖုန်းကို ငုံ့ကြည့်နေရင်း ဆုယြီက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏ မင်းရဲ့ ဟိုဦးနှောက်မရှိတဲ့ ညီမကို ဖယ်ထုတ်ပြီးတော့မှပဲ ငါတို့ ပြန်ပူးပေါင်းဖို့အကြောင်း ပြောကြတာပေါ့
ဟော်စစ်ချန်က ပုခုံးတွန့်လိုက်သည်။ အဲ့ဒါ ဟော်ယန်ယန်ကြောင့်မှန်း ငါသိတယ်။ သူက မင်းရဲ့အိပ်ရာပေါ် တွားတက်ဖို့ စိတ်ကူးယဉ်နေတာမလား
ငါ့အိပ်ရာပေါ်တက်လာချင်နေတဲ့ သူတွေမှ အများကြီးပဲ၊ သူက ဘယ်သူမို့လို့လဲ ဆုယြီက မနှစ်မြို့စွာ ရယ်လိုက်၏။
ဒါဆို ငါ့ညီမေလး မြန် ကျတော့ရော ဘယ္လိုလဲ။ သူကေရာ တက်လာချင်တဲ့ထဲ ပါလား။ဟော်စစ်ချန် က ရုတ်တရက်ကြီး ဟော်မြန်ကို ထည့်ပြောလာသည်။
ဆုယြီ ခဏငြိမ်သွားပြီး၊ နောက်တော့ သူတို့စကားဆွေးနွေးခန်းထဲ စိတ်ဝင်စားလာ၏။ သူက ဖုန်းကို ကော်ဖီစားပွဲပေါ် တင်ထားလိုက်၏။
ဟော်မြန် .. တစ်နေ့ ငါသူ့ကို ရရမယ်
ဟုတ်လို့လား ၊ ဒါဆို ကြိုပြီး ဂုဏ်ပြုပေးထားရမှာပေါ့ ဟော်စစ်ချန်က သူ့ဝိုင်ခွက်ကို ကိုင်ထားလိုက်သည်။
ဆုယြီက ပြန်မဖြေ၊ ဒါပေမဲ့ သူ့နှုတ်ခမ်းတွေကတော့ ပြုံးနေ၏။
အဲ့ဒီမနက်ခင်းတုန်းက ဟော်မြန် မိမိရဲ့ကားကို ပိတ်ကန်ပြီး ထြက်သြားတာကို ပြန်စဉ်းစားကြည့်ရင်၊ အဲ့ဒီမျက်နှာလေးကေ-ာက်ရမ်းချစ်ဖို့ကောင်းနေတာလေ။
မိန်းကလေးတစ်ယောက်က ဘာကြောင့် အဲ့လောက် စိတ်ဝင်စားဖို့ ကောင်းနေရတာလဲ။ အဲ့မိန်းကလေး ကန်လိုက်တာကြောင့် သူ့ရဲ့ကား ပြင်ဆင်စရိတ် ယွမ် တစ်သိန်းခွဲလောက် ကုန်သွားတဲ့အကြောင်းတော့ သူ လုံးဝ မေ့နေပြီဖြစ်သည်။
သူကေတာ့ အနိုင်ရသည်ဟု တွေးနေမိတုန်းပင်၊ ဟော်မြန်နဲ့ အတူကုန်ဆုံးရတဲ့ မနက်ခင်းလေးတစ်ခုက အဲ့လောက် ထိုက်တန်သည်လေ။
ရုတ်တရက် သူ့ဖုန်းမြည်လာသည်၊ ခေါ်သူက ကျောင်ချင်းရာ။ သူ မဖြေဘဲ ရေတစ်ငုံသာ သောက်လိုက်သည်။
အိုး ..မိုက်တယ်၊ ကြည့်ရတာ မိန်းကလေးကျောင် တော့ အဖယ်ခံရတော့မဲ့ပုံပဲ ၊ မင်းက သူ့ရဲ့ ဖုန်းကိုတောင် မကိုင်တော့ဘူးပေါ့။ ထန်ချွမ် က မေးရင်း ရယ်နေသည်။
ဆုယြီ ပြန်မဖြေပါ..
ငါကြားထားတာ မင်းရဲ့ ကုမဏီမွာ မိန်းကလေးအသစ်တစ်ယောက် ရှိနေတယ်ဆို၊ သူ့နာမည်က မြန်မြန် လေ၊ ဟုတ္တယ္မလား။ ခါးသေး ၊ ရင်ချီလေး။ မင်း အဲ့ဒါတွေနဲ့ ပျော်မွေ့ပြီးနေပြီ မဟုတ္လား.. ထန္ခ်ြမ္က ဆက်မေးနေပြန်သည်။
မင်းသူ့ကို လိုချင်ရင် ယူသွားလိုက်
တကယ်ကြီး .
အင်း .. တကယ် ဆုယြီ တကယ္ကို မြန်မြန့် အကြောင်းကို မေ့သွားပြီဖြစ်သည်။ အဲ့မိန်းကလေးရဲ့ မျက်နှာကိုတောင် မမှတ်မိတော့။
သူ သည်နာမည်လေးကြောင့်သာ မှတ်မှတ်သားသားဖြစ်ခဲ့တာပင်၊ အဲ့ဒါက ဟော်မြန်ရဲ့ နာမည်နဲ့ နည်းနည်း ဆင်တယ်လေ။
ဟော်စစ်ချန်က ခပ်ဟဟရယ်လိုက်ပြီးမှ ခပ်တည်တည်နဲ့ မေးသည်။ ဒီရက်တွေမှာ နာမည်မှာ မြန် ဆိုတာ ပါတဲ့ မိန်းမတွေကို မင်း အာရုံပိုစိုက်နေသလိုပဲ
အဓိကအခ်က္က မင်းက ဒါကို သတိပြုမိနေတာဆိုတာ အဲ့ဒါက မင်းလည်းပဲ အာရုံပိုစိုက်နေလို့ပဲလေ ဆုယြီက ဟော်စစ်ချန်ကို အဓိပါယ်ပါပါ ကြည့်လိုက်သည်။
နှစ်ယောက်သား ဘာမှထပ်မပြောတော့ဘဲ ပြုံးနေကြတာက အဲ့ဒီနေရာမှာ ရှိနေတဲ့ ကျန်လူတွေကို ဇေဝဇဝါ ဖြစ်နေစေသည်။
-
သူ့ကား အတိုက်ခံရတာကြောင့် ဟော်မြန် ခွင့်တင်လိုက်တာမို့ ၊ အခုတော့ ငှက်တစ်ကောင်လို လွတ်လပ်နေလေသည်။
သူ ကျူလင်းလင်းနဲ့ အပြင်ထွက်ပြီး တစ်နပ်လောက်အတူစားကြဖို့ ဖုန်းဆက်ပေမဲ့ အဲ့ဒီကောင်မလေးက ဖုန်းပိတ်ထားသည်။ သူက လေယဉ်ပေါ်ရောက်နေတာ ဖြစ်ရမည်။
နောက်တော့ ရာသီပေါ် အဝတ်အထည်တစ်ချို့နဲ့ စားစရာတွေကို မိခင်ဖြစ်သူအတွက် ဝယ်သွားလိုက်သည်။
ဟော်မြန်လာတာကို ပျော်ရွှင်ကျေနပ်နေပုံရတဲ့ ယန်မေ့ရုန်က ဟင်းပွဲတွေ ထပ်တိုးပြင်ဆင်တော့သည်။
ကျီရှင်း .. ခုတေလာ ပြန်လာသေးလား ဟော်မြန်က တွန့်ဆုတ်နေမိသည်။
နိုး .. ဒါပေမဲ့ သူ ဖုန်းတော့ နေ့တိုင်းဆက်တယ်။ ကြည့်ရတာ စာဖတ်ရတာနဲ့ အလုပ်ရှုပ်နေတဲ့ပုံပဲ။
သူ့မိခင်ရဲ့ စကားကို ကြားရတော့၊ မိခင်ဖြစ်သူက ကျီရှင်းရဲ့ကားအကြောင်း မသိသေးဘူးဆိုတာ သိလိုက်ရသည်။ မဟုတ်ရင် သူ ဒီလောက် တည်ငြိမ်နေနိုင်မှာမဟုတ်။
နင်ရဲ့ အိမ်စရိတ်တွေ များနေမှာပေါ့။ အိမ်ပြန်လာခဲ့ရောပေါ့။ ဒီမွာဆို နင့်ရဲ့ စားစရာအတွက်ရော၊ အိမ္ဌားခေတြေရာ ချွေတာပြီးသား ဖြစ်သွားမယ်လေ။ ယန်မေ့ရုန်က အပ်ချုပ်ရင်း ဆက်ပြောနေသည်။
ဟော်မြန်က အနည်းငယ်တောင့်တင်းသွားသည်။
မေမေ .. တောင်ဘက်ပိုင်းစင်တာက အရမ်းဝေးတယ်။ သမီးငွားထားတဲ့ နေရာကနေဆို နီးတယ်။ အဲ့ဒါက ပိုအဆင်ပြေလို့ပါ
အေးလေ .. နင် အဆင်ပြေသလိုသာ လုပ်ပါ။ နင့်မှာ ငွေရော လောက်င ရဲ့လား။ မလောက်ရင်လည်း အမေ့ကိုပြော၊ အေမ့မွာ နင်နဲ့ နင့်မောင်လေးအတွက် အရေးပေါ်လိုရင် သုံးရအောင် စုထားတဲ့ ငွေနည်းနည်း ရှိသေးတယ်။
ရပါတယ် .. မေမေရဲ့ ၊ က်မမွာ သုံးဖို့ လုံလောက်တာထက်တောင် ပိုပါသေးတယ်။ က်မ လစာလည်း တိုးသွားပြီလေ။
အိမ္ကေန ပြန်လာတော့ အချိန်က မွန်းလွဲ ၂နာရီ သာ ရှိသေးတာကို သတိပြုမိလိုက်သည်။
သူ StarBucks ကော်ဖီဆိုင်နားက ဖြတ်သွားတော့ ခေါင်းထဲ အကြံတစ်ချက်ရသွားသည်။ အထဲဝင်ဝယ်လိုက်ပြီး GK ဘက်သို့ ဦးတည်သွားလိုက်၏။
အဝင်ဝနား ရောက်တော့မှ မက်ဆေ့ခ်ျလှမ်းပို့လိုက်၏။ မစ္စတာချင်း၊ က်မအခု ရှင်တို့ GK ရဲ့ ဝင်ပေါက်မှာ ရောက်နေပြီ၊ ရှင့်အတွက် နေ့လည်စာကော်ဖီ ဝယ်လာတယ်။ ရှင်လာယူချင်လား။ latte က အရသာ အရမ်းရှိတာနော်
သုံးမိနစ်ကြာပြီးနောက်၊ ချင်းချူက အဲ့ဒီအဆောက်အဦရဲ့ ဝင်ပေါက်နားမှာ ပေါ်လာသည်။ မင်း ဒီအချိန် အလုပ်မှာ ရောက်နေရမှာ မဟုတ္လား။ အဲ့ဒီအစား မင်းက ဒီမွာ ကော်ဖီ လာပို့နေတယ်။ မင်း ကိုယ့်ကွယ်ရာမှာ တစ္ခုခုလုပ္ထားတာလား
-
အခန်း (၂၈၉)
Does Your Mom Know That You Are This Fierce? (6)
ဘာလို့ က်မကို အထင်သေးနေတာလဲ ဟော်မြန်က မကျေနပ်သလို၊ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်သည်။
ဒါဆို ကိုယ့်ကိုပြောပါဦး၊ ဘာဖြစ်လို့ အလုပ်မှာ မဟုတ်နေရတာလဲ။ ချင်းချူက သည်မနက်မှာ သူတို့ အိမ္က အတူကားကိုယ်စီနဲ့ ထွက်လာကြတာ မှတ်မိနေသည်လေ။ အခုချိန်ဆို သူက တောင်ဘက်ပိုင်းစင်တာမှာ ရှိနေရမှာ မဟုတ္ဘူးလား။
က်မ .. အဟမ်း .. က်မ ပြောရင် ရှင် စိတ်မဆိုးနဲ့
ပြောသာ ပြောပါ
ခွင့်လွှတ်တယ်လို့ အရင်ပြောပေး
မင်း ဘာလုပ်ထားမှန်းတောင် မသိဘဲနဲ့ ကိုယ္က ဘယ်လိုလုပ် ခွင့်လွှတ်ပေးရမှာလဲ
ရှင်ကျမကို ခွင့်မလွှတ်ဘူးဆိုရင်၊ ဘာဖြစ်တယ်ဆိုတာ ရှင့်ကို မပြောပြတော့ဘူး ယဉ်တိုက်မှုအကြောင်း ပြောလိုက်ရင် သူစိတ်ဆိုးတော့မည်ဆိုတာ ဟော်မြန် သိနေသည်။ သူက အျမဲလိုလို မိမိရဲ့ လုံခြုံရေးအတွက် စိတ်ပူနေတတ်တာလေ။
ဟုတ်ပြီလေ၊ ဒါကို မင်းကို ခွင့်လွှတ်ပေးတယ်
တကယ်နော် ဟော်မြန် မယုံသင်္ကာဖြစ်နေတာ သိသာလွန်းနေ၏။
တကယ်
ရှင် က်မကို လိမ်ရင်၊ ရှင် ခွေးဖြစ်မှာနော်
ချင်းချူ ဘာမွ မပြောနိုင်တော့ဘဲ ထရယ်မိသည်။ သူက ဟော်မြန်ရဲ့ နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်ကာ ၊တကယ်လို့ ကိုယ္က ခွေးဆိုရင် ၊ ဂျာမန် Shepherd တစ်ကောင်ပဲဖြစ်မှာ။ မင်း .. မင်းကျတော့ အမွေးပွတက်ဒီလေးပဲ ဖြစ်မှာ။
သွားတော့ ရှင်ကသာ အမွေးပွတက်ဒီခွေး ဟော်မြန်က နှုတ်ခမ်းစူနေသည်။
မြန် ..ပြော.. ဘာဖြစ်လာတာလဲ
က်မ .. အမ်း .. က်မ ဒီမနက်တုန်းက ကားတိုက်မှုဖြစ်တာ
ကားတိုက်မှု ? တော်လောက်ပြီ၊ မစ္စတာချင်းတစ်ယောက် ချက်ချင်းပဲ တင်းမာခက်ထန်သည့်အခြေ ဖြစ်သွားသည်။
စိတ်မပူပါနဲ့ ၊ က်မ ဘာမွ မဖြစ်ပါဘူး။ သူတို့က ကားနောက်ဖုံးကို တိုက်မိရုံလေးပါ
ချင်းချူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
က်မ ဘာမွ မထိခိုက်ပါဘူး။ ဒါပေမဲ့ ကျမကားတော့ ထိသွားတယ်။ အဲ့ဒါကို ယဉ်ထိန်းရဲက ဖြေရှင်းပေးပြီးပြီ၊ တစ်ဖက်လူကလည်း အကုန်လုံး ပြန်လျော်ပေးတယ်။ တစ္ခုပဲ ရွိတာက က်မမွာ အခုလောလောဆယ် နောက်ရက်တွေ အလုပ်တက်ဖို့ ကားမရှိတော့ဘူး။
ကိုယ့်ကား ယူမောင်းပေါ့
နေပါစေ..ကျေးဇူးပဲ၊ က်မေတာ့ မနက်ဖြန်မနက် သတင်းစာ မျက်နှာဖုံးသတင်းမှာ မပါသွားချင်ပါဘူးနော်
ဒါဆို ကိုယ် အသစ္တစ္စီး ဝယ်ပေးမယ်လေ။
မလိုဘူး၊ က်မ ပိုင်ထားပြီးသား ပစ္စည်းလေးတွေကို လက်မလွှတ်နိုင်ဘူး။ နောက်ပြီး က်မ Volkswagen လေး သုံးရတာ အသားကျနေပြီ။ က်မ အဲ့ကားလေး ပြင်ပြီးတဲ့ အချိန်ထိပဲ စောင့်ဖို့လိုတာ
ဒါဆို အဲ့ဒီရက်တွေကျရင် မင်း ဘယ္လိုသြားမွာလဲ။ ချင်းချူရဲ့ မျက်ခုံးတွေက ကုပ်နေ၏။
လွယ်လွယ်လေးပဲကို၊ က်မ ဘတ်စ်တွေ တက္ကစီတွေနဲ့ သွားလို့ရတာပဲ
ချင်းချူက ဘာမွ ပြန်မဖြေပေမဲ့ သူ့မျက်နှာမှာတော့ ဝေခွဲမရဖြစ်နေတာတွေကို မြင်နေရလေသည်။
ဒီမွာ နေ့လည်စာ ကော်ဖီ ဟော်မြန်က အိတ္ကို လှမ်းပေးလိုက်၏။
မင်း အပေါ်မတက်လာတော့ဘူးလား
ရှင် အလုပ်များနေတာကို၊ က်မ မတက္လာတာက ပိုကောင်းမှာပေါ့ ဟော်မြန်က ရှက်ရွံ့နေသည်၊ GK ထဲမွာ သိသာအောင် ကိုယ်ထင်မပြချင်မိသေး။
ခဏေလာက်ဆို ရပါတယ်။ ဟော်မြန် ပြန်ဖြေမှာကို မစောင့်တော့ဘဲ၊ ချင်းချူက သူ့လက်ကို လှမ်းဆွဲကာ ဦးဆောင်ခေါ်သွားလေသည်။
သူတို့ နှစ်ယောက်သား ချင်းချူရဲ့ သီးသန့်သုံး ဓါတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့ တက်လာတော့ အတွင်းရေးမှုးများရုံးခန်းထဲက ဝန်ထမ်းများပင် မင်သက်ကုန်ကြသည်။
သူတို့ရဲ့ ဥက္ကဌက တကယ်ကြီး မိန်းမတစ်ယောက်ရဲ့လက်ကို ကိုင်ပြီး ရုံးခန်းထဲကို လျှောက်ဝင်သွားတယ်တဲ့။
သူတို့ ထိုအမျိုးသမီးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း အဝတ်အစားကို ကြည့်ရတာတော့ သာမာန်လူတစ်ယောက်လိုပင်။
အဲ့ဒီသတင်းက GK ထဲမွာ ပျံ့နှံ့သွားကာ၊ လူတိုင်းရဲ့ နားထဲ ရောက်သွားတာက ကျန်းလင်ယွဲ့လည်း အပါအဝင်မို့ သူ့ကို စိတ်လှုပ်ရှားပူပန်သွားစေ၏။
သူက ငွေလက်ခံစာရွက် တစ်ထပ်ကြီးကို ကောက်ယူကာ အပေါ်ဆုံးထပ်သို့ တက်သွားလိုက်တော့ လက်ထောက်ယန်က ဝင်ခွင့်မပြု။
ရှင်က အခု ဘာလုပ်နေတာလဲ၊ က်မ ဥက္ကဌကို လက်မှတ်ထိုးခိုင်းမလို့၊ ဒါတွေအကုန်လုံးက အရေးကြီးတဲ့ ကိစ္စတွေချည်းပဲ
ဆောရီး.. ဒါရိုက်တာကျန်း ၊ ဥက္ကဌက အခုလောလောဆယ်တော့ ဘယ်သူ့ကိုမှ ဝင်တွေ့ခွင့်မပေးထားဘူး
အထဲမွာ အရေးကြီးတဲ့လူ ရှိနေလို့လား ကျန်းလင်ယွဲ့က ဆက်မေးနေ၏။
လက်ထောက်ယန်က ခေါင်းညိတ်ကာ ဟုတ်တယ်၊ အဲ့ဒီအထဲမွာ ဥက္ကဌအတွက် အရမ်း အရေးကြီးတဲ့ လူတစ်ယောက် ရှိနေတယ်။ အဲ့တော့ ဒါရိုက်တာကျန်း ပြန်သွားလိုက်တာက အကောင်းဆုံးဖြစ်မှာပါ
အဲ့ဒီလူက.. ဥက္ကဌရဲ့ ခ်စ်သူမ်ားလား
ဒါက .. ကျတော် ခင်ဗျားကို ပြောလို့ မရပါဘူးခင်ဗျာ၊ ဒါက ဥက္ကဌရဲ့ ကိုယ်ရေးကိုယ်တာမို့ပါ။ ဝန်ထမ်းတွေ မေးသင့်တဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး လက်ထောက်ယန်က ဘယ်တုန်းကမှ အခုလို အေးစက်စက်မပြောဘူး..
-ဥက္ကဌရဲ့ရုံးခန်းတွင်းတွင်-
ချင်းချူက ဖုန်းပြောနေပြီး၊ အလုပ်ကိစ္စတချို့ ဆွေးနွေးနေ၏။
ဟော်မြန်က သရေစာမုန့်ဗူးကို ဖွင့်လိုက်ပြီး ကိတ္တစ္ခု ကို ထုတ်ယူလိုက်ပြီး ဇွန်းဖြင့်ခပ်ကာ ချူ့ကို ခွံ့ကျွေးလိုက်၏။
ချင်းချူက တကယ်ကြီး ပါးစပ်ဖွင့်ပေးလာကာ စားလိုက်တော့ ဟော်မြန် အံ့သြသွားရသည်။
သူက နောက်တော့ စားနေရာမှ လှည့်ကာ အလုပ်ကိစ္စ ညွှန်ကြားချက်များ ပေးနေလေသည်။
အနေအထားကြီးက ထူးဆန်းနေပေမဲ့ ချင်းချူရဲ့ ဒီလိုပုံစံကို ကြည့်နေရတာက ဟော်မြန့်ကို ရယ်ချင်နေစေ၏။
ဟော်မြန်က နို့လက်ဖက်ရည်ဗူးကို ဖွင့်ကာ တစ်ငုံစုပ်သောက်လိုက်၏။
ရုတ်တရက် .. သူ့ကို ပြတင်းပေါက်ဘက် ဖိချခံလိုက်ရပြီး၊ သူ့နှုတ်ခမ်းကို ပွင့်စေကာ၊ သူငုံထားတဲ့ နို့လက်ဖက်ရည်တစ်ငုံစာကို အကုန်လုံး အခိုးယူခံလိုက်ရတော့၏။
ချင်းချူက မိမိရဲ့ နို့လက်ဖက်ရည်ကို ခိုးယူသွားပြီး၊ သူ့နှုတ်ခမ်းသူတောင် ကျေနပ်စွာ လျှာဖြင့် သပ်နေသေး၏။
သူ့ရဲ့ အမူအယာတွေက ဆွဲဆောင်မြူဆွယ်နဲ့တောင် ပိုတူနေသေးသည်။
အာ.. သခင်လေးချင် .. ရှင် ဘာလုပ်နေတာပါလဲ ဟော်မြန်တော့ ငိုရမလား ၊ ရယ်ရမလားတောင် မသိတော့။
-
အခန်း (၂၉၀)
Does Your Mom Know That You Are This Fierce? (7)
မင်း ကိုယ့်ကို ဒီလို နည်းလမ်းမျိုးနဲ့ ခွံ့ကျွေးမယ်ဆိုရင် ကိုယ် ပိုပြီး ပျော်မိမှာ ချင်းချူ ဖုန်းပြောနေတာ ပြီးသွားတော့၊ ဟော်မြန်ဘက်လှည့်ကာ မျက်နှာထားတည်တည်နဲ့ ကြည့်လာ၏။
ဟော်မြန်ရဲ့ မျက်နှာက ချက်ချင်းပဲ ခရမ်းချဉ်သီးတစ်လုံးလို နီရဲသွားရသည်။
ကျမတို့ အခု ရှင့်ကုမဏီထဲမှာလေ .. ဒီလိုကြီးက မသင့်တော်ဘူး မဟုတ္လား
ဒါက ကိုယ့်ကုမဏီ၊ မင်းက ကိုယ့်ဇနီး ။ အဲ့ဒါ ဘာမသင့်တော်စရာ ရှိလို့လဲ ချင်းချူက ပြန်ချေပ၏။
ဟော်မြန် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
သူ ဝန်ခံရမည့်အကြောင်းကတော့ မစ္စတာချင်းရှေ့မှာဆို ဘယ်တော့မှ ဟန်တွေပန်တွေ မလုပ်နိုင်တာပဲ ဖြစ်သည်။
သူတို့ရဲ့ နေ့လည်စာကော်ဖီသောက်ချိန်က ပြီးစီးဖို့ အချိန်တော်တော်ကြာကြာ ယူလိုက်ရလေပြီး၊ သူတို့ရဲ့ ချစ်ကျီစယ်မှုလေးတွေ အျပီးသတ်သြားတာပဲ ကျေးဇူးတင်ရပေတော့မည်။
ချင်းချူ နမ်းနေရာမှ နောက်ဆုံး သူ့ကို လွှတ်ပေးလိုက်တဲ့အချိန်မှာတော့ ဟော်မြန်ရဲ့ နှုတ်ခမ်းတွေက နည်းနည်းတောင် ယောင်နေလေပြီ။
သူ ချူ့ရဲ့ရုံးခန်းထဲက ထွက်လာတော့ ခေါင်းငုံ့ပြီး ခပ်မြန်မြန်လျှောက်သွားရသည်။ သူ့ကို တစ်ယောက်ယောက် မြင်သွားမှာကို ကြောက်မိလို့ပဲဖြစ်သည်။ ဒါတောင် ဓါတ်လှေကားဝမှာ တစ်ယောက်နဲ့ တန်းတိုးတော့ သူ လန့်သွားရသေးသည်။
ဆောရီး ဟော်မြန်က ခပ်မြန်မြန် တောင်းပန်စကားဆိုလိုက်၏။
တောင်းပန်စရာမလိုပါဘူး ကျန်းလင်ယွဲ့က က်က်သေရရွိရွိ ပြုံးပြနေ၏။
ဥက္ကဌရုံးခန်းထဲက ဒီအရေးကြီးဧည့်သည်ဆိုတဲ့သူကို ဖမ်းမိဖို့ သူ မိနစ်လေးဆယ်နီးပါး စောင့်လိုက်ရသည်။
သူ့မြင်ကွင်းထဲ ဟော်မြန်ရောက်လာတော့၊ ကျန်းလင်ယွဲ့တစ်ယောက် စိတ်ပျက်သွားမိသည်..
ဒီအမျိုးသမီးက တိုင်းပြည်ကြီးတစ်ခုလုံး သူ့အတွက်ကျဆုံးရလောက်အောင်၊ ဘုရားပေးတဲ့ အလှပိုင်ရှင်မျိုးလည်းမဟုတ်၊ သူ့ ကိုယ်ကလည်း ဆွဲဆောင်ရလောက်အောင် ဘာမွရွိမေန။
သူ့အဝတ်အစားတွေတောင်မှ သာမာန်လေးပဲ ဖြစ်နေပြီး .. သန့်စင်ကြည်လင်သည့် နုပျိုသောသွင်ပြင်လေးက လွဲလို့ သာမာန္ထက္ပိုတာ ဘာမွမရွိ။
ဟော်မြန်က မနက်တုန်းက အလုပ်သွားဖို့ အဖြူရောင်အကျီလေးနဲ့ ၊ အနက်ရောင်ဘောင်းဘီရှည်၊ အနက်ရောင် ဖိနပ်ပါးတစ်ရံသာ ဆင်ယင်ထားခဲ့သည်မို့ ၊ ကြည့်ရတာ ခေတ်မမီသည့်ဆင်ယင်မှု ဖြစ်နေသည်။ ကျန်းလင်ယွဲ့လို လွပတဲ့ အမျိုးသမီးမျိုးနှင့်ယှဉ်တော့ ၊ သူ့အသွင်က ပြောပလောက်စရာ ဘာမှမရှိနေ။
ရှင်က .. ဥက္ကဌရဲ့ သူငယ်ချင်းလား ကျန်းလင်ယွဲ့က စူးစမ်းကြည့်သည်။
အမ်း.. ဟုတ်တယ် ဟော်မြန် ခေါင်းညိတ်မိ၏။
အရင်က ရှင့်ကို မမြင်ဖူးဘူးနော်၊ ဒီကိုလာတာ ဒါ ပထမဆုံးလား
အင်း ကျမထင်တာတော့ ဒါ ဒုတိယအကြိမ်ထင်တာပဲ ဟော်မြန် မနည်းကြိုးစားပြီး မိမိနောက်ဆုံး လာခဲ့သည့်အကြိမ်ကို ပြန်စဉ်းစားကြည့်လိုက်ရသည်။
ရှင်က အမေရိကမှာတုန်းက ဥက္ကဌနဲ့ သူငယ်ချင်းဖြစ်လာတာလား ကျန်းလင်ယွဲ့ သိထားသည်က ၊ ဥက္ကဌဟာ ပြန်လာကတည်းက မိတ်ဆွေဖွဲ့ဖို့ပင် အချိန်မရလောက်အောင် အလုပ်များနေသည်ကိုပင်။ သူ့ရှေ့က သည်အမျိုးသမီးဟာ အမေရိကမှာကတည်းက ဆုံလာတာဖြစ်နိုင်သည်။
အဲ့လို မဟုတ်ပါဘူး။ ကျမတို့ ဟိုးအရင်ကတည်းက သိကြတာပါ ဟော်မြန်က ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
အော် .. ကောင်းတာပေါ့၊ ဥက္ကဌချင်းက သိပ်သဘောကောင်းတဲ့သူ ၊ သူက မိတ်ဆွေဖြစ်ထိုက်တဲ့သူတစ်ယောက်ပါ
ရှင့်ကြည့်ရတာ ရှင်တို့ ဥက္ကဌအကြောင်းကို ကောင်းကောင်းသိထားပုံပဲ။ ဟော်မြန် ကျန်းလင်ယွဲ့ကို ကြည့်လိုက်သည်။
ဟော်မြန်သည်လည်း အရူးမဟုတ် ၊ မိမိရှေ့က သည်အမျိုးသမီးဟာ နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေတာ သိသာထင်ရှားနေသည်လေ။ မဟုတ်ရင် ဘာလို့ မိမိကို မေးခွန်းတွေ အများကြီး လာမေးနေမှာလဲ။
က်မကိုယ္က်မ မိတ်ဆက်ပါရစေ၊ က်မက ကျန်းလင်ယွဲ့ပါ၊ GK ရဲ့ အဖိုးတန်ပစ္စည်းဒီဇိုင်း ဌာနက ဒါရိုက္တာ တစ်ယောက်ပါ၊ ဥက္ကဌရဲ့ တန္ဖိုးထားရတဲ့ လက်ထောက်တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ တကယ်လို့ ရှင်သာ ကျမတို့ကုမဏီရဲ့ ရတနာဒီဇိုင်းတွေကို အမြဲကြည့်နေတဲ့သူဆိုရင် ၊ ခုလတ္တေလာမွာ ဈေးကွက်ထဲ ရေပန်းစားနေတဲ့ ဒီဇိုင်းက ..အဲ့ဒါ က်မဖန္တီးထားတာပါ
ကျန်းလင်ယွဲ့က သူ့ကိုယ်သူ ဂုဏ်ယူစွာ မိတ်ဆက်လိုက်သည်၊ သူဖြစ်စေချင်တာက ဟော်မြန်ကို ဖိအားနည်းနည်းပေးလိုက်ချင်သည့် ဆန္ဒနဲ့ ဖြစ်၏။
ကံမကောင်းစွာပင် ၊ ကျန်းလင်ယွဲ့က ဟော်မြန်သည်လည်း ဒီဇိုင်းရွေးရာမှာ ပါဝင်ခဲ့မှန်း သူ မသိခဲ့။ ချင်းချူကို အဲ့ဒီဒီဇိုင်းကို ပထမတန်းစားအဖြစ် ထုတ်လုပ်ဖို့ ဆွဲဆောင်ခဲ့သူက ဟော်မြန်ပဲ ဖြစ်သည်လေ။
ကျန်းလင်ယွဲ့ရဲ့ ဂုဏ်မောက်နေသည့် စကားတို့က ဟော်မြန်ရှေ့မှာတော့ အရှက်ရစရာအပြင် ဘာမွမပို။
ကံကောင်းတာကတော့ ဟော်မြန်က ဒါကို ရက္စက္စြာ ထုတ်ဖော်ပြောမည့်သူ မဟုတ်။
အော် .. ဟုတ္လား ၊ တကယ် လေးစားစရာပါပဲ ဟော်မြန် ပြုံးပြလိုက်သည်။
ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ
အဲ့ဒီအချိန်မှာပဲ ဓါတ်လှေကား ရောက်လာ၏။ ဟော်မြန် အထဲဝင်သွားလိုက်ကာ..
ရှင် မဝင်ဘူးလား ဟော်မြန်က စ.ဖိတ်ခေါ်လိုက်၏။
ကျန်းလင်ယွဲ့က လိုက်ဝင်ဖို့ စဉ်းစားလိုက်ပေမဲ့ ၊ ရုတ်တရက် တစုံတရာကို သတိရသွားပြီး နောက်ပြန်ဆုတ်လိုက်ရသည်။
ဟင့်အင်း.. ရပါတယ်၊ က်မ လုပ်စရာလေး ရှိနေသေးလို့။ နောက်မှတွေ့မယ်နော် ကျန်းလင်ယွဲ့က ပြုံးပြီး ပြောလိုက်သည်။
ဒီ ဓါတ်လှေကားက ဥက္ကဌအတွက်သာ သီးသန့်ထားသည်မို့ ၊ သူ သုံးမိသွားတာကို တစ်ယောက်ယောက် မြင်သွားရင် ဒါ ရှင်းပြဖို့ ခက်တော့မည်လေ။ သူ့ရှေ့က အမျိုးသမီးကတော့ သုံးခွင့်ပြုထားသည်။ သည်အမျိုးသမီးဟာ တကယ်ပဲ ဥက္ကဌအတွက် အရေးကြီးတဲ့ သူလေလား..
မစ္စက်ချင်း ပြောသည့် အမျိုးသမီးဟာ သူလေလား။ ဥက္ကဌရဲ့ ကားထဲ ပါသြားတယ်ဆိုတဲ့ အယောက်လေ။
ဒီအတွေးတွေက ကျန်းလင်ယွဲ့ရဲ့ စိတ်ထဲ ခုန်ပေါက်နေပြီး၊ ဆုံးရှုံးရတော့မည့် အငွေ့အသက်တို့ကြောင့် သူ့ရဲ့ သတ္တိတို့ကို ဆုတ်ချေခံရသလို ခံစားနေရလေသည်။
-
အဲ့ဒီညမှာတော့ ချင်းချူ အိမ်ပြန်ရောက်ချိန်တွင် ၊ ဟော်မြန် တစ်ယောက် ကျန်းလင်ယွဲ့ဆိုသည့် အမျိုးသမီးကို သတိရသွားလေသည်။
မောင် .. မောင့်ကုမဏီက ကျန်းလင်ယွဲ့ဆိုတဲ့ အမျိုးသမီးက မောင့်ကို သဘောကျနေတာလား
ဘာလို့ ဒီလိုကြီး ရုတ်တရက် လာမေးနေတာလဲ ချင်းချူက ဟော်မြန် ကို စိတ်ဝင်တစား လှည့်ကြည့်လာသည်။
မြန်က အလကား သဝန်တိုတတ်သည့် လူမျိုးလည်း မဟုတ်၊ ဒါကြောင့် အကြောင်းမရှိဘဲတော့ သူ မေးမှာမဟုတ်
-
အခန်း (၂၉၁)
Does Your Mom Know That You Are This Fierce? (8)
ဘာမွ မဖြစ်ပါဘူး၊ ဒီအတိုင်း လျှောက်မေးကြည့်တာ
အဲ့တစ်ယောက်ဘာတွေးတွေး အဲ့ဒါ သူ့ကိစ္စပဲ ။ ကိုယ်နဲ့ ဘာမွ မဆိုင်ဘူး
ကျန်းလင်ယွဲ့က ချင်းချူအတွက် ဘာမှမဟုတ်တဲ့လူ ဆိုတာ သိသာထင်ရှားနေသည်။
အင်း .. သူက မောင့်ကို ဂရုစိုက်နေသလားလို့ပါ။ က်မ ဒီနေ့ ထွက်လာတုန်းက သူက က်မကို ဓါတ်လှေကားနားမှာ စောင့်နေပြီးတော့ မေးခွန်းတွေ လာမေးနေတာ။
ချင်းချူ မျက်မှောင်ကုပ်နေ၏၊ စိတ်မကြည်တာက သိသာပေါ်လွင်နေသည်..
က်မ ဘာမွ သိပ်မပြောခဲ့ပါဘူး၊ ဒါကြောင့်မို့ သူ ဘာသတင်းမှ မရသြားဘူး
တကယ်လို့ ကုမဏီကလူတွေက မင်းကို နောက်တစ်ခါ စကားလာပြောမယ်ဆိုရင် ၊ သူတို့ကို ဒီအတိုင်း ဂရုမစိုက်ဘဲထားလိုက်
က်မ သိပါပြီ ဟော်မြန် ခေါင်းညိတ်လိုက်၏။
-
နောက်တစ်နေ့မနက်မှာတော့ ၊ ဟော်မြန် နိုးလာချိန်မှာ အလုပ်သွားဖို့ အချိန်နောက်ကျနေပြီဆိုတာ သတိပြုမိလိုက်၏။
ရှင် ဘာလို့ က်မကို မနှိုးတာလဲ
မင်းကြည့်ရတာ အရမ်း ငြိမ်းချမ်းနေလို့
လူဆိုးကြီး.. က်မေတာ့ အလုပ်နောက်ကျတော့မှာပဲ
နိုး .. မက်ပါဘူး၊ ကိုယ်လိုက်ပို့ပေးမှာပေါ့ ချင်းချူက ဒါကို တွေးပြီးသား ဖြစ်သည်။ ဟော်မြန်ရဲ့ကားပြန်မရခင်အချိန်ထိ သူ ယဉ်မောင်းတာဝန် ယူမည်လေ။ ဒါမွ သူလည်း စိတ္ပူရသက်သာသြားမွာ။
ဒါပေမဲ့ မနက်စာစားဖို့ အချိန်တောင် မရှိတော့ဘူးလေ
ကိုယ် မနက်စာထုပ်ပေးထားတယ်။ လမ်းမှာကျမှ စားပေါ့
မောင် .. မောင်က အရမ်းတော်တာပဲ ဟော်မြန် ရင်ထဲထိသွားပြီဖြစ်သည်။ သူ အိပ်ရာပေါ်က အျမန္ထျပီး ပြင်ဆင်၏။
မနက္စာဗူးကို ဆွဲယူပြီး၊ သူတို့ ချင်းချူရဲ့ကားထဲ ဝင်လိုက်ကြသည်။
ပဲနို့နှင့် တရုတ် ဒိုးနတ်ချောင်း တို့က လိုက်ဖက်သည့် အတွဲအစပ်ပင်။ ဒါက အရင်ကတည်းက ဟော်မြန်ရဲ့ အကြိုက် တရုတ္စားစရာမနက္စာ ဖြစ်သည်။
ဟော်မြန်က ပထမတစ်လုပ် စ.မစားခင် တရုတ္ဒိုးနတ္ကို ကိုင်ထားပြီး ချင်းချူရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
ချင်းချူ တစ်ကိုက် ကိုက်လိုက်ပြီးတော့မှ ဟော်မြန် မုန့်ကို ဆက်ကိုက်စားလိုက်သည်။ သူတို့ ကားမောင်းသွားတဲ့ တလျှောက်လုံး တစ်ယောက် တစ်လုတ်နဲ့ စားသွားကြတော့ ၊ နှစ်ယောက်လုံး စားဖြစ်သွားသည်ပေါ့။
တောင်ဘက်ပိုင်းဆေးရုံကို ဟော်မြန် အချိန်ကိုက် ရောက်သွားတာမို့ ချင်းချူ လိုက်ပို့ပေးတာကိုပင် ကျေးဇူးတင်ရမည်။
ရောက်ပြီ၊ လမ်းမှာ ဂရုစိုက် မောင်းသွားဦးနော်
မင်း အလုပ်ဆင်းချိန်ကျရင် ကိုယ်လာကြိုမယ်
အိုကေ ဟော်မြန်က ပြုံးနေပြီး ချင်းချူကို လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်။
သူ့မှာ ကြည်နူးစရာမနက်ခင်းအချိန်လေးမှာ ကြည်မွေ့နေတုန်း ၊ ဆေးရုံဝင်ပေါက်နားမှာ ရပ်နေသည့် လူကို မြင်တော့ အရာအားလုံး ပြောင်းလဲသွားရလေတော့သည်။
ဘယ်လိုလုပ် ဒီရောက်နေတာလဲ
ညီမလေးမြန် ..နောက်တစ်ခါ အစ်ကို့ကို မြင်ရင် တခြားနည်းနဲ့ နှုတ်ဆက်ပေးလို့ ရနိုင်မလား၊ ဒါက အစ္ကိုက အဲ့လောက် ဒေါသထွက်စရာ ကောင်းနေလို့လား ဟော်စစ်ချန်က ကော်ဖီရောင်ဝတ်စုံကို ဆွယ်တာထပ် ဝတ်ဆင်ထားပြီး၊ မျက်နှာမှာတော့ ရယ်ချင်ဟန်အမူအယာ ရှိနေ၏။
ဟော်စစ်ချန်သည်လည်း တကယ်တော့ ခန့်ညားပြီး ကျော့ကျော့မော့မော့ရှိသူ တစ်ယောက်ဖြစ်ကာ၊ သူပြုံးလိုက်လျှင် အနားရှိလူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်လောက်အောင် ချောမွေ့သူ။
အမျိုးသမီးအများစုက သူ့ကို သဘောကျကြပြီး၊ သူက ဘယ်မိန်းမကိုမဆို ရအောင်ပြောနိုင်သည့် နည်းလမ်းများရှိသူမို့ သူ့ကို အပြောချိုသော လူကြီးလူကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုထားကြသည်။
ဟော်မြန်သာ သူ့ကို မြင်တာနဲ့ မျက်နှာအမူအယာမကောင်းတော့သည်မို့ သူတစ်ယောက်တည်း ချွင်းချက်ဖြစ်နေရတော့သည်။
ဒါက ဟော်မြန် အသက်ဆယ်နှစ်အရွယ် သူတို့ ပထမဆုံး စတင်တွေ့ဆုံစဉ်ကတည်းက အမြဲတမ်း ဒီလိုသာ ဖြစ်သည်၊ အဲ့ဒီတုန်းက သူ ဟော်မြန်ကို ပေးလာသော ချောကလက်ဗူးကိုပင် မြေပေါ်လွှင့်ပစ်ခဲ့သေးသည်။
ဟော်မြန်က ဟော်အိမ်တော်မှဆိုရင် ဘာတစ္ခုမွ လက်မခံခဲ့၊ ထို့ကြောင့်ပင် ဟော်စစ်ချန်ရဲ့ ကြင်နာစွာ၊ ဂရုစိုက်တတ်တဲ့ အပြုအမူတွေအကုန်လုံးကို သူ ငြင်းပယ်ခဲ့တာ ဖြစ်သည်။
က်မ ရှင့်ကို သေဘာမက်ဘူး၊ အဲ့ဒါ တစ်ကမ္ဘာလုံးလည်း သိတယ်။ ဒါကို ဘာလို့ ဖုံးကွယ်နေရဦးမလဲ ဟော်မြန်က အေးစက်စက် ပြောလိုက်သည်။
အစ်ကိုတော့ နောက်ထပ် ပိုကောင်းတဲ့ သတင်းရင်းမြစ်တွေ လိုနေပြီ။ ညီမေလးရဲ့ ရာထူးတိုးတာကိုတောင် အစ္ကို မသိတာ ယုံတောင် မယုံနိုင်ဘူး။ အဲ့ဒါ အစ်ကို့ အမွားပါပဲ။ ဒီမွာ ညီမလေးအတွက် ရာထူးတိုး လက်ဆောင်။ နောက်တော့ ဟော်စစ်ချန်က ဂွမ်းဗူးလေး တစ္ဗူး ကမ်းပေးလာသည်။
ဟော်မြန် ဗူးကို ယူဖွင့်ကြည့်လိုက်တော့ အထဲမွာ လွပတဲ့ စိန်ထည်လက်ပတ်လေးတစ်ခု ကို တွေ့လိုက်ရသည်၊ အဲ့ဒါက နောက်ဆုံးပေါ် ဒီဇိုင်းဖြစ်ပြီး တစ်လက်လက်တောက်ပနေ၏။ ကွင်းအပြင်ဘက်မှာ Mian ဆိုတဲ့ အင်္ဂလိပ်စာလုံးကွေးလေး ထွင်းထားသည်ဆိုတော့ ဒါက သီးသန့်အပ်ထားသည့်အထည်ဆိုတာ ထင်ရှားနေလေသည်။
အဲ့ဒီလက်ဝတ်ရတနာလေးက လုံးဝ ဈေးမပေါနိုင်..
ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ က်မ ဒါမျိုး မလိုပါဘူး
အစ်ကိုကြီးတစ်ယောက်က ကိုယ့်ညီမလေးကို လက်ဆောင်ပေးတာ ဒါ ပုံမှန်ပဲ မဟုတ္ဘူးလား။ ဘာလို့များ ငြင်းနေရတာလဲ
က်မကိုယ္က်မ ရှင့်ရဲ့ ညီမလေးလို့လည်း မမြင်သလို၊ ရှင့်ကိုလည်း က်မ အစ်ကိုတစ်ယောက်လို မမြင်ဘူး။
မြန် .. အစ္ကို ညီမေလးကို ဘယ်တုန်းကမှ ရန်သူတစ်ယောက်အဖြစ် မမြင်ထားပါဘူး။ အစ္ကို က ဟော်စစ်ရီတို့ ဟော်ယန်ယန်တို့နဲ့ ခြားနားပါတယ်
ဟော်စစ်ချန် .. ကျမရှင့်ကို မကူညီနိုင်ဘူး။ ရှင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား .. က်မ အဲ့ဒီကို ပြန်သွားပြီး ရှင့်အတွက်နဲ့ ရှန်းကျားနီနဲ့ရန်ဖြစ်ပေး မနေနိုင်ဘူး။
ဟော်မြန်က အမြဲလိုလိုတွေးနေတာက ဟော်စစ်ချန် မိမိအပေါ် ကောင်းပေးနေတာဟာ မိမိကို သူ့အတွက် အသုံးချဖို့ ရှိနေတာကြောင့် ဟုပင်။
ဟော်စစ်ချန်က ဟော်မြန်ကို အဓိပါယ်များစွာပါနေတဲ့ အကြည့်တို့ဖြင့် ကြည့်ငေးလာပြီး ညီမေလးက တကယ်ကြီး အစ္ကို ညီမလေးအပေါ် ကောင်းပေးတာ ညီမေလးက အစ်ကို့အတွက် အသုံးဝင်နေလို့လို့ ထင်နေတာလား
မဟုတ်လို့လား
ဟား ဟား.. လူတိုင်းက ညီမေလးကို ဥာဏ်ကြီးရှင်လို့ ပြောကြတယ်။ ဒါပေမဲ့ အစ်ကိုတော့ အဲ့လို မထင်ဘူး။ ညီမေလးက တစ်ခါတစ်လေ တကယ်အ.တယ်
ရှင်ပဲအ. ၊ ရှင်တို့ တစ်မိသားစုလုံးပဲအ.
အမ် .. ညီမကေရာ အစ်ကိုတို့ မိသားစုထဲ မပါလို့လား၊ ညီမရဲ့ IQ က တကယ့်ကို ပြန်သုံးသပ်ဖို့ လိုနေပြီပဲ ဟော်စစ်ချန်က ခပ်ဟဟရယ်နေလေပြီး၊ ဟော်မြန်ရဲ့ ငြင်းပယ်မှုတွေက သူ့ကို အနှောက်အယှက်မပေးသလိုပင်..
က်မ ဒီလို အဓိပါယ်မရှိတာတွေပြောဖို့ အချိန်မရှိဘူး။ က်မ အလုပ်လုပ်ရဦးမယ်၊ ကျေးဇူးပြုပြီး ဖယ်ပါတော့။
ညီမရဲ့ ဒီနေ့အလုပ်က အစ်ကို့ကို အဖော်လုပ်ပေးဖို့ပဲ။
ဟော်မြန် စက္ကန့်ပိုင်းလောက် ကြောင်သွားသည်။..
ဟော်စစ်ချန်က ဆက်ပြော၏ အစ္ကို တောင်ဘက်ပိုင်းစင်တာရဲ့ နာတာရှည် နာလန်ထဌာနအတွက် ယွမ် သန်း၃၀ လှူထားတယ်။ ဒါကြောင့် ညီမတို့ တွဲဖက်ဒါရိုက်တာက ညီမကို ခွင့်ပြုပေးလိုက်တာ၊ ကဲ.. သူနာပြုခေါင်းဆောင်ပေါက်စလေး .. ကျတော့်ကို ဆေးရုံထဲ လိုက်ပြပေးပါခင်ဗျ
ဟော်စစ်ချန် .. ရှင် တကယ် ရူးနေတာပဲ .. ဟော်မြန်တစ်ယောက် ဟော်စစ်ချန်ရဲ့ မိမိနဲ့ ဆေးရုံထဲ လျှောက်သွားဖို့အတွက်နဲ့ ယွမ် သန်း၃၀ လှူတဲ့ ကြောင်တောင်တောင် အပြုအမူကြောင့် လုံးဝ မင်သက်နေမိတော့သည်။
တစ်ခါတစ်လေ ရူးသလို လုပ်ကြည့်တာ ဘာမှားလို့လဲ။ ဘဝဆိုတာ အမြဲတမ်းတော့ လေးနက်မနေသင့်ဘူးလေ။ မြန် .. အစ္ကိုကို ပြောစမ်းပါ .. ညီမေလး ချင်းချူနဲ့ နေရတာ တကယ်ပျော်လို့လား။ ဟော်စစ်ချန် က လက်ထဲမှာ စိန်လက်ပတ်လေးကို ဆော့ကစားနေရင်း ဘာရယ္မဟုတ်သလို မေးလိုက်သည်။
-
အခန်း ( ၂၉၂)
Does Your Mom Know That You Are This Fierce? (9)
အင်းပေါ့ ပျော်တာပေါ့ ၊
အိုး .. ဟုတ္လား? ဒါဆို ဘာလို့ သူနဲ့ တွဲနေတာက အကျပ်ကိုင်ခံရသလိုပုံ ပေါက်နေရတာလဲ။ ဟမ် .. အစ္ကိုသာ ဒီသတင်းကို လူတိုင်းသိအောင် ကြေငြာလိုက်မယ်ဆိုရင် ဘာတွေ ဖြစ်ကုန်မယ်ထင်လဲ.. ဟင်..၊ အထူးသဖြင့် ၊ ညီမေလးရဲ့အေမ။ ကျွတ်..ကျွတ်စ်.. ဒါက အရမ်း စိတ်ဝင်စားစရာကောင်းတာပဲ
ဟော်စစ်ချန် .. ရှင် ဘာဖြစ်ချင်နေတာလဲ ဟော်စစ်ချန်တစ်ယောက် မိမိတို့ပတ်သတ်မှုအကြောင်း ဘယ်လိုသိရှိသွားသလဲဆိုတာတော့ ဟော်မြန် မသိပေ။ မိမိနှင့် ချင်းချူက အမြဲတမ်း လျို့ဝှက်ထားခဲ့သည်၊ အရာအားလုံးကို ဖုံးကွယ်ဖို့တောင် ချင်းချူရဲ့ အာဏာတွေ သုံးပြီး ဖုံးဖိထားခဲ့တာ ဖြစ်သည်။ ဟော်စစ်ချန်မှာ စူပါပါဝါ ရှိနေလို့သာ ၊ သူလည်း မိမိတို့ရဲ့ ပတ်သတ်မှုကို သိနိုင်တာနေမှာပေါ့။
ဘာမွ မဖြစ်ချင်ပါဘူး၊ ကြည့်ရတာ အစ္ကို တတ်နိုင်တာလည်း ဘာမွ ရှိပုံမပေါ်ပါဘူး။
တကယ်လို့ ရှင် ဒီကိစ္စကို အများသိအောင် ကြေငြာချင်တယ်ဆိုရင်လည်း ကြေငြာလိုက်ပေါ့၊ ရှင် က်မကို ခြိမ်းခြောက်ဖို့ မလိုပါဘူး၊ ဒါက က်မကို ဘာမွ မသက်ရောက်ဘူး
ဟော်မြန်က ခြိမ်းခြောက် အကျပ်ကိုင်ခံရတာမျိုးကို မုန်းသည်။ သူ တွေးမိတာကတော့ ဒီလူရဲ့ ထိန်းချုပ်ခံနေရမဲ့ ဘဝမျိုးထက် ရန်သူနဲ့အတူ သေရတာကပင် ပိုကောင်းလိမ့်ဦးမည်ဟုပင်။
ဟား..ဟား .. အစ္ကိုက စတာကို၊ ညီမေလးက တကယ်ကြီး ဒေါသထွက်သွားတာပဲ။ ညီမရဲ့ အဲ့လိုအတွေးတွေကို သေဘာက်တာ..
က်မမွာ ရှင်ရဲ့ ချီးထုပ်ကိစ္စတွေအတွက် အချိန်မရှိဘူး။ တကယ်လို့ ဒီဆေးရုံတဝိုက်ကို စစ်ဆေးကြည့်ချင်တယ်ဆိုရင်လည်း ကိုယ့်ဘာသာပဲ သွားလိုက်တော့။ က်မကေတာ့ ရှင်နဲ့အတူ မသွားနိုင်ဘူး။ ရှင် ကျမတို့ ဒါရိုက္တာကို တိုင်ပြောနိုင်တယ်၊ ဒါမှမဟုတ်ရင်လည်း က်မ မျက်စိရှေ့က ထွက်သွားလိုက်တော့။
ပြောပြီးသည်နှင့် ဟော်မြန် ချက်ချင်းပဲ လှည့်ထွက်သွားကာ ဟော်စစ်ချန်ကို လျစ်လျူရှုလျက် အေဝးကို ထွက်သွားတော့သည်။
သည်လို ဟော်မြန်နဲ့ တွေ့ဆုံရတာကိုက ဟော်စစ်ချန်ကို အပျော်လွန်နေစေတာဖြစ်သည်။ သူရဲ့ ကျန်တဲ့ လေ့လာမှုတွေကို ဆေးရုံရဲ့ တွဲဖက် ဒါရိုက်တာနဲ့ ဆက်လုပ်လိုက်ရပေမဲ့၊ သည်မိန်းကလေးကို မြင်နေခွင့်ရသည့်အတွက် ပျော်ရွှင်မှုကတော့ ရှိနေဆဲပင်ဖြစ်သည်
တွဲဖက်ဒါရိုက်တာကော် .. ကျတော့်ညီမလေးကို ဂရုစိုက် ကြည့်ရှုပေးပါဦးဗျာ
ဥက္ကဌဟော်က အရမ်း ယဉ်ကျေးလွန်းနေပါပြီ၊ ကျတော်တို့ တောင်ဘက်ပိုင်းစင်တာရဲ့ ဝန်ထမ်းတွေထဲမှာ ဟော်မြန်က အျမဲလို အတော်ဆုံးဝန်ထမ်းပါဗျ၊ လူတိုင်းက သူ့ကို ဂရုစိုက်ပေးကြပါတယ် ကော်ယွီမင် က ဟော်စစ်ချန်နဲ့ ဟော်မြန် ကြားက ပတ်သတ်မှုကို လေ့လာကြည့်ထားသည်မို့၊ သူဘာမွ မတတ်နိုင်ဘဲ ဟော်မြန်အတွက် ချီးကျူးစကားတွေ ပြောပေးနေရလေသည်။
သူသည် ဟော်မြန်က ဟော်အိမ်တော်မှ တရားမဝင်သမီးတစ်ယောက်ဆိုတာ အရင်ကတည်းက သတင်းစာတွေမှတဆင့် သိထားသည်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဟော်မြန်က ဟော်အိမ်တော်နဲ့ ဘာမွ ပတ်သတ်မှုမရှိပါ၊ သူတို့နှင့်လည်း ဘယ်တော့မှ မဆက်ဆံပါဆိုတဲ့ ကြေငြာချက်ကိုလည်း ရှင်းရှင်းလင်းလင်း သိထား၏။
ဟော်မြန်ဟာ ကြောက်ရလောက်မည့် တစုံတယောက်တော့ မဟုတ်နေဟူ၍ သူ အျမဲလို တွေးထင်မိသည်၊ ဒါပေမဲ့ ဟော်စစ်ချန် ပေါ်လာတာက သူ့ရဲ့ ထင်မြင်ချက်တွေကို ပြောင်းလဲသွားစေလေသည်။
ဒီလူက ငွေများသာ လှူဒါန်းရုံသာမဟုတ်၊ ဒါက သူ့ညီမဖြစ်သူကို ဂရုစိုက်စေချင်သည့် ရည်ရွယ်ချက်များ ပါနေမှန်း သိသာထင်ရှားနေစေသည်။ သူတို့ ကြည့်ရတာ မောင်နှမဆက်ဆံရေး ကောင်းပုံရ၏။
ဟော်စစ်ချန်ရဲ့ စကားအရဆိုရင်၊ ကောင်းယွီမင်အနေနဲ့ ဟော်မြန်ကို မုန်းတီးရန်ငြိုးဖွဲ့နေ၍ မရေတာ့၊ မဟုတ်ရင်တော့ .. တိတိကျကျပြောရလျင် သူ့မှာ ဘောတောင် ကျန်တော့မည်မဟုတ်။(ခြီ)
ဟော်စစ်ချန်ရဲ့ ကား ထွက်သွားပြီးနောက်၊ ကော်ယွီမင်က ဟော်မြန်ရဲ့ ရုံးခန်းရှိရာဆီ ရောက်လာသည်။
ဟော် ..
တွဲဖက်ဒါရိုက်တာ . ဟော်မြန် ထရပ်လိုက်သည်။
ငါ အခုလက်ရှိ အလုပ်ချိန်ဇယားကို ကြည့်လိုက်တော့ မင်း မွာ ညဆိုင်းတွေ များနေတယ်။ သူနာပြုခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲ့လောက် အလုပ်များများလုပ်နေစရာ မလိုပါဘူး။ ဒီအတိုင်း မင်းလက်အောက်က သူနာပြုတွေကို စီမံခန့်ခွဲပေးပြီး၊ ကိုယ့်ဘာသာလည်း အနားယူဦးပေါ့
အမ် .. အာ .. စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တွဲဖက်ဒါရိုက်တာ ကော်ယွီမင်ရဲ့ ရုတ်တရက်ကြီး ဂရုစိုက်လာမှုတွေက ဟော်မြန်ကို ဆင်ခြင်ဥာဏ်ဘောင်ထဲက မဟုတ်သည်မို့ ကြောက်လန့်သွားမိသည်။ မြန် ထင်တာက မိမိကို သူ ရိုက်တော့လေမည်လားဟုတောင် ထင်မိခဲ့တာ ဖြစ်သည်။
သူရဲ့ နောက်ထပ်စကားတွေက သူ့အပြုအမူအကြောင်းကို ရှင်းပြနေသလိုရှိ၏။ ဥက္ကဌဟော်က တောင်ဘက်ပိုင်းစင်တာကို မင်းကြောင့် လှူဒါန်းခဲ့တာ။ နောင်အနာဂတ်မှာ မင်း သူ့နားရောက်လို့ ရှိရင် တို့တွေအကြောင်း ကောင်းတာလေး ပြောပေးပါဦးနော့
တွဲဖက် ဒါရိုက္တာ .. ဆရာ နားလည်မှုလွဲနေပြီ။ ဟော်စစ်ချန်နဲ့ က်မက.. ဟော်မြန်က ရှင်းပြချင်မိသော်လည်း ကော်ယွီမင်က အခွင့်မပေး..
ငါ နားလည်တယ်၊ ငါနားလည်တယ်။ မင်းကိုယ်တိုင် ရှင်းပြနေစရာ မလိုပါဘူး။ ကဲ.. မင်းလုပ်လက်စတွေ ဆက်လုပ်လိုက်ပါဦး ပြောပြီးသည်နှင့် ကော်ယွီမင်က လှည့်ထွက်ကာ အေဝးကို လျှောက်သွားတော့သည်။
ဟော်မြန်မှာ ကြောင်တောင်တောင်နှင့် ကျန်နေခဲ့ရတော့၏။ သူ တီးတိုးရေရွတ်မိတာက သူက ဘာတွေကိုများ နားလည်သွားရတာတုန်းဟ
-GK ရုံးချုပ်တွင် -
ချင်းချူပြန်ခါနီးမှာ သူ့ဆီ သူ့မိခင်က ဖုန်းဆက်လာသည်၊ သူ့မိခင်ပြောသည်က ကျန်းလင်ယွဲ့ကို ခေါ်လာပြီး အိမ်မှာ ညစာလာစားပါတဲ့။
ချင်းချူက မြန်မြန်ပြောပြီး ဖုန်းချလိုက်သည်။ အဲ့ဒီအချိန်မှာပဲ ကျန်းလင်ယွဲ့က တံခါးခေါက်ကာ ဝင်လာ၏။
ဥက္ကဌချင်း .. က်မကို မစ္စက်ချင်းက ဖုန်းဆက်လာတယ်။ သူက ကျမတို့ သူ့အိမ်မှာ ညစာအတူ စားရမယ်တဲ့။ အဲ့ဒါ ရလား ကျန်းလင်ယွဲ့က ချင်းချူကို ရှက်ရွံ့ရွံ့ဖြင့် ကြည့်နေလေ၏။
-
အခန်း (၂၉၃)
Does Your Mom Know That You Are This Fierce? (10)
တကယ်လို့ အေမက မင်းကို လာစေချင်တာဆိုရင်လည်း ၊ မင်းသွားလိုက်ပေါ့
ကျန်းလင်ယွဲ့ရဲ့ အမူအယာက ချက်ချင်းပဲ တက်ကြွသွားကာ၊ ချင်းချူရဲ့ စကားကြောင့် ကျေနပ်သွားပုံရ၏။ ဒီစကားက မိမိကို သူ့အိမ်ခေါ်သွားပြီး ညစာအတူစားကြဖို့ သေဘာတူလိုက္တာ မဟုတ္လား။
အဲ့ဒီအချိန်မှာပဲ ချင်းချူက မေးလာသည်။ မင်း ဘာလို့ မသွားသေးဘဲ ဒီမွာ ဘာလာစောင့်နေတာလဲ
က်မ.. က်မရဲ့ကားက ပြင်ဆိုင်ရောက်နေတယ်။ က်မ သွားမယူရသေးလို့ ၊ အဲ့ဒါ .. က်မက တွေးနေတာက..
မင်း အဲ့ဒီကို ကားငှားသွားလို့ ရတာပဲ ချင်းချူက ကျန်းလင်ယွဲ့ရဲ့ စကားမဆုံးခင် ကြားဖြတ်ပြောလိုက်သည်။
အော် .. ဟုတ်ကဲ့ ဥက္ကဌချင်း၊ က်မ ပစ္စည်းတွေယူပြီး အခုပဲ သွားလိုက်ပါတော့မယ် ကျန်းလင်ယွဲ့တစ်ယောက် ချင်းချူ ပြောတာကြားတော့ နည်းနည်း စိတ်ပျက်သွားမိပေမဲ့ ၊အဲ့ဒါက ချင်းချူနဲ့ အတူ ညစာစားရမည်ဆိုသည့် အတွေးကြောင့် သူကျေနပ်နေတာကိုတော့ မရပ်တန့်သွားစေနိုင်ပါ။
ဥက္ကဌကြီးရဲ့ ဇနီးဖြစ်သူတို့ကသာ မိမိကို နှစ်ယောက်လုံး လက်ခံပေးမည်ဆိုလျင်၊ ဒါဆို မိမိက သူတို့ မိသားစုဝင်ဖြစ်လာဖို့ဆိုတာသည်လည်း အချိန်စောင့်ရုံသာ ရှိတော့သည်မဟုတ်လား။
ကျန်းလင်ယွဲ့ ထွက်သွားပြီးနောက်၊ ချင်းချူလည်း ပစ္စည်းများ ယူကာ အပြင်ထွက်သွားတော့သည်။
သို့ပေမဲ့ သူက သူ့မိဘတွေအိမ်ကို သြားတာ မဟုတ်။ အဲ့ဒါထက် သူက ဟော်မြန်ကို ကြိုပေးဖို့ တောင်ဘက်ပိုင်းစင်တာကို မောင်းသွားလိုက်တာ ဖြစ်သည်။
သူရောက်သွားပြီးတော့၊ ချင်းချူက မြန့်ကို စာလှမ်းပို့လိုက်လေသည်။ ကိုယ်ရောက်ပြီ
သုံးမိနစ်လောက်ကြာချိန်မှာ၊ ဟော်မြန် ဆေးရုံထဲက အပြေးအလွှားထွက်လာတော့ ချင်းချူရဲ့ ကားက ဆေးရုံဝင်ပေါက်နဲ့ မီတာ ၅၀၀ လောက်ကွာတဲ့ နေရာမှာ ရပ္ထားတာ တွေ့လိုက်ရလေ၏။
ဟုတ်ပါသည်၊ ဒါက မြန်ရဲ့ တောင်းဆိုမှုပင်၊ သူက သည်လို ဇိမ်ခံကားအကောင်းစားကြီးက မိမိကို လာကြိုသွားတာကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မမြင်စေချင်တာကြောင့် ဖြစ်သည်။ ဒါဆို လူတွေက ပြောဆိုကုန်ကြတော့မှာလေ။
ရှင် ဒီနေ့ အစောကြီး အလုပ်ဆင်းတာပဲ ဟော်မြန် ပြုံးလိုက်သည်။
အင်း .. မင်း ဘာစားချင်လဲ
ကျမတို့ စားစရာနည်းနည်း ဝင်ဝယ်ပြီး အိမ်မှာ ချက်စားကြမယ်လေ၊ ရှင် ဘာစားချင်လဲပြော ဟော်မြန် စိတ်ကြည်လင်နေပုံရ၏။
ကိုယ် ကောင်းရန်ကို မေးထားတယ်၊ သူက ကိုယ်တို့နဲ့ ညစာအတူစားချင်လို့တဲ့၊ ဒါကြောင့်သူက ကိုယ်တို့ကို စားသောက်ဆိုင် ရွေးတဲ့လေ
ရှင် ကောင်းရန်ကို ခေါ်ပြန်ပြီ၊ ဒါဆို ကျမလည်း လင်းလင်းကို ခေါ်လိုက်သင့်လား ဟော်မြန်က ရွှတ်နောက်နောက် ပြောလိုက်၏။
ခေါ်သင့်တယ်လို့ ကိုယ်တော့ မထင်ဘူး
ဘာလို့လဲ .. သူတို့နှစ်ယောက်က ချစ်စရာကောင်းတဲ့ စုံတွဲလို့ ရှင်မထင်ဘူးလား။ သူတို့ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်တွေ့ဖြစ်အောင် ကျမတို့ စီစဉ်ပေးသင့်တယ်
အဲ့လို မဟုတ္ဘူး။ ကောင်းရန်က အခု ကြင်ဖက်ပါခေါ်လာမှာ
အို.. တကယ်ကြီး.. ကောင်းရန် သူ့ဘာသာသူ ချစ်သူရှာနိုင်သွားပြီပေါ့ ဟော်မြန် အံ့သြသွားမိသည်။
ကိုယ်လည်း သိပ်မသေချာသေးဘူး။ ခဏေန သူတို့ကို တွေ့ရင် သိမှာပဲလေ
ချင်းချူက ဘာမွ ထပ်မပြောတော့ဘဲ၊ ဟော်မြန့်ကို မြို့ထဲ လျှောက်သွားဖို့ ခေါ်သွားလေသည်။
နောက်ဆုံးတော့ ဟော်မြန်က စီချွမ်ဒေသစာတွေ စားချင်သည်ဟု ဆိုလိုက်တော့၊ သူက နာမည်ကျော် စီချွမ်စားသောက်ဆိုင်ရှေ့မှာ ရပ်ပေးလေသည်။
နောက်တော့မှ ချင်းချူက ကောင်းရန်ကို ဖုန်းဆက်လိုက်ကာ နေရာပြောလိုက်၏။
၁၅ မိနစ်လောက်ကြာတော့ ကောင်းရန် ရောက်လာ၏။ ပေါ့ပေါ့ပါးပါး ဝတ်စုံလေး ဝတ္ထားတဲ့ မိန်းကလေးက ကောင်းရန်နဲ့အတူ Jaguar ကားထဲက ဆင်းလာ၏။
သူ့ကြည့်ရတာ ၂၃၊၂၄ လောက်ပင် ရှိဦးမည်။ မျက်လုံးကြီးကြီး၊ အသားရေကောင်းကာ၊ ဆံပင်ရှည်နက်နက်တွေနဲ့ လွပတဲ့ မိန်းကလေးတစ်ယောက်ပဲ ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင်၊ သူ့ရဲ့ စိတ်သဘောထားကလည်း ကျူလင်းလင်းနှင့် မယှဉ်နိုင်၊ သူ့ပုံစံလေးက နူးညံ့ကာ သည်းခံတတ်ပုံလေးပေါက်နေပြီး၊ ယောက်ျားလေးများကို ကလူတတ်သည့် ပုံစံမျိုးလို ထင်ရ၏။
ကျူလင်းလင်းတို့ ဟော်မြန်တို့လို ၊ သံမဏိလူသားတွေ မဟုတ်ပေ။
မင်းတို့ စောင့်ရတာ ကြာသွားလား ကောင်းရန်က သူ့မိန်းကလေးနဲ့အတူ သူတို့နား လျှောက်လာကာ ပြုံးပြရင်း ပြောလိုက်သည်။
မကြာပါဘူး၊ ၁၅ မိနစ်လောက်ပါပဲ ချင်းချူရဲ့ အချိန်နဲ့ ပတ်သတ်သည့် စိတ်သေဘာထားက အျမဲလို တိကျနေတတ်တာဖြစ်သည်။
ကောင်းရန်က ရယ်လိုက်ပြီး ဟေး .. ဥက္ကဌချင်း ရဲ့ အချိန်က တန်ဖိုးကြီးတယ်။ ကျတော်တို့ကို ၁၅ မိနစ်စောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါကြောင့် ကျတော်တို့ကို ဒီညအတွက် ညစာဝယ်ကျွေးခွင့် ပြုပါခင်ဗျာ
ငါလည်း ပေးဖို့ မစဉ်းစားထားပါဘူး၊
ဟော်မြန် .. နင့်ယောက်ျားကို ပြန်သိမ်းထားလိုက်ဦး၊ ကြည့်ရတာ သူနဲ့ စကားကောင်းကောင်းပြောလို့ ဖြစ်နိုင်မယ်မထင်ဘူး။ ကောင်းရန်က ဒေါသကြောင့် နင်မလို ဖြစ်နေ၏။
ငါ့ယောက်ျားပြောတာ မှန်တာပဲလေ။ အစောကတည်းက ငါတို့ကို နင်ဒကာခံမယ်လို့ ပြောခဲ့တယ် မဟုတ္ဘူးလား ဟော်မြန်ကလည်း တမင် မီးထိုးပေး၏။
အေး.. နင်တို့က တော်တော်လိုက်တဲ့မိသားစုပဲနော်၊ တစ်ယောက်က နှလုံးသား မရှိလားမှတ်တယ်၊ နောက်တစ်ယောက်က ပိုဆိုးနေတယ်
သူတို့ ခဏတာမွ် ထွေရာလေးပါး ပြောဆိုနေကြပြီးမှ ဆိုင်ထဲဝင်ကာ သီးသန့်ခန်းယူကာ ဝင်ထိုင်ကြလေ၏။ အခန်းက သိပ်မကျယ်ပေမဲ့ သူတို့လေးယောက်အတွက်တော့ လုံလောက်ပါသည်။
သူက .. ဟော်မြန်က ကောင်းရန်ရဲ့ ကြင်ဖက်မိန်းကလေးကို ကြည့်လာပြီး မေးလိုက်၏။
သူက သူငယ်ချင်းပါ၊ လင်းရွှယ်ကျောင်း တဲ့
သူငယ်ချင်းပဲလား၊ မိန်းကလေးသူငယ်ချင်း မဟုတ်ဘူးပေါ့၊ မိတ်ဆက်တာကြီးက ဘာလို့များ အဲ့လောက် ရှေးရိုးဆန်လွန်းနေရတာလဲ ဟော်မြန်က စလိုက်သည်။
-
အခန်း (၂၉၄)
This Woman Is Too Capricious (1)
အဟမ်း .. ငါတို့က ချိန်းတွေ့တဲ့ အဆင့်တော့ မဟုတ်သေးဘူး၊ ဒီအတိုင်း သူငယ်ချင်းအဆင့်ပဲ ရှိသေးတယ်။ ကောင်းရန်ပုံစံ ကြည့်ရတာ နည်းနည်း ရှက်နေသလို ဖြစ်နေ၏။
မိန်းကလေးကလည်း ရှက်ရွံ့စွာ ပြုံးပြလာပြီး၊ သူ့ကိုယ်သူ မိတ်ဆက်၏။ ဟိုင်း ၊ က်မက လင်ရွှယ်ကျောင် ပါ။ က်မက တတိယဗျူရိုမှာ မှတ်တမ်းထိန်းသိမ်းရေးမန်နေဂျာ တစ်ယောက်ပါ။
အော် .. ရှင်တို့ နှစ်ယောက်စလုံး ဗျူရိုမှာ အလုပ်လုပ်ကြတာကိုး ဘာဖြစ်သည်ဆိုတာ ဟော်မြန် နားလည်သွားသည်။
က်မ အလုပ္က အရမ်းပျင်းစရာကောင်းပါတယ်။ ကျမအပြင်မှာ ချစ်သူရဖို့တောင် အခွင့်အရေးမရှိဘူး။ ဒါကြောင့် ဗျူရိုက လူတွေက ကျမအတွက် စီစဉ်ပေးတာ
ရဲဌာနက အချောအလှတစ်ယောက်ပဲဆိုတော့ မဆိုးပါဘူး ၊ ရှင်ကံကောင်းပါတယ် ဟော်မြန်က ပြုံးနေသည်။
ချင်းချူက စကားများများပြောသူ မဟုတ်၊ ဒါကြောင့် သူက ကောင်းရန် ရဲ့ တွဲဖက်ကောင်မလေးနှင့် စကားပြောဆိုခြင်းမရှိ။ သူက ကောင်းရန်နဲ့သာ နည်းနည်းပါးပါးပြော၏။
လင်ရွှယ်ကျောင်က နည်းနည်းတိုးရွှေ့လာပြီး၊ ဟော်မြန်နဲ့ ဟိုအကြောင်း သည်အကြောင်းပြောကြ၏။
က်မ ကြားထားတာ ရှင်တို့က ခေါင်းဆောင်ကောင်း နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဆို
အင်း.. ဟုတ်တယ် .. တို့တွေက အထက်တန်းကတည်းက သူငယ်ချင်းတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်သိကြတာ နှစ်တော်တော်ကြာပြီ
အဲ့ဒါ ကောင်းလိုက်တာ၊ ရှင့် ခင်ပွန်းကလည်း ကြည့်ကောင်းတယ်နော်၊ ရှင်တို့လည်း ငယ်ချစ်တွေလား
အဲ့လို ပြောနိုင်ပါတယ်။ ဟော်မြန် နည်းနည်း အေနရခက်သလို ခံစားလာရသည်။
ကျမကြားထားတာ ၊ ခေါင်းဆောင်ကောင်းရန် ရဲ့ မိဘေတြက အထက်တန်းအရာရှိတွေတဲ့၊ ရှင် သူတို့အိမ် ရောက်ဖူးလားဟင် ထိုမိန်းကလေးက မျက်တောင်တောင်မခတ်ဘဲ ရိုးသားတဲ့မျက်လုံးတွေနဲ့ မေးလာ၏။
ဟင့်အင်း.. ကျမလည်း သူ့မိဘတွေ ဘာလုပ်သလဲ သေချာမသိဘူး။ ကျမတို့က ဒီအတိုင်း ညစာစားကြ၊ အပြင်ထွက်လည်ကြတာမျိုး လုပ်ပေမဲ့၊ သည်လိုကိစ္စတွေကျ မပြောဖြစ်ကြဘူး။ ဒီမိန်းကလေးက မိမိထံမွ သတင်းနှိုက်ဖို့ ကြိုးစားနေတာကို ဟော်မြန် သတိပြုမိလိုက်သည်။ ဘယ်လိုတောင် လက်တွေ့ကျလိုက်သလဲ၊ နှုတ်ဟလိုက်တာနဲ့ ကောင်းမိသားစုရဲ့ နောက်ခံကို တန်းမေးလာသည်တဲ့လား။ ဟော်မြန်က ဘယ်အချိန်မှာ နှုတ်ဆိတ်ရမယ်ဆိုတာကို မသိတဲ့သူဟုမ်ား အထင်မှားနေလေသလားပဲ။
အော်.. ကျမနားလည်ပါပြီ။ က်မက အိမ်မှာ တစ်ဦးတည်းသောသမီးဆိုတော့ မိဘေတြက အလိုလိုက်ထားတယ်။ ဒါကြောင့် သူတို့က က်မ ကြင်ဖက်ကိုလည်း ဆင်းရဲတဲ့သူနဲ့ မတွဲစေချင်ဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ က်မကို ပင်ပန်းတဲ့ဘဝမျိုးနဲ့ နေရမှာစိုးလို့လေ။ အမှန်အတိုင်းပြောရရင်.. ခေါင်းဆောင်ကောင်း က သဘောကောင်းပြီး ရုပ်လည်း ကြည့်ကောင်းတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ အလုပ်သဘောသဘာဝက အန္တရာယ်များတယ်၊ ဒါကြောင့် ကျမတို့ စမတွဲသေးတာ။ ဒါက က်မ ပြန်စဉ်းစားရမဲ့ အချက် ဖြစ်နေလို့လေ
ဟော်မြန်က သူ့ကို ပြန်ကြည့်လာပြီး စိတ်မတွေ့သည်မို့ ရှင်က ငယ်ရွယ်ပေမဲ့ အကုန်လုံးကို ခြုံငုံစဉ်းစားတတ်ပုံပဲ။ ဘာပဲဖြစ်ဖြစ် ရှင့်အနေနဲ့ ကိုယ်သဘောကျတဲ့သူကိုရှာဖို့ မစဉ်းစားသင့်ဘူးလား။ တခြားအချက်တွေက တကယ်ပဲ အရေးကြီးလို့လား။ တကယ်လို့ ရှင် သူနဲ့ တြဲတာက သူ့ရဲ့ တခြားအချက်အလက်တွေကြောင့်ဆိုရင် ဒါက တစ်ယောက်ယောက်ကို သဘောကျတာလို့ ယူဆလို့ ရပါ့မလား
က်မ သူ့ကို သဘောကျပါတယ်။ ဒါပေမဲ့ တခြားအချက်တွေကလည်း အရေးကြီးတာမို့ က်မ မျက်လုံးကျယ်ကျယ်ဖွင့်ထားဖို့ လိုမယ်လေ။ နောက်ဆုံးမှာ အခ်စ်ဆိုတာက ပေါင်မုန့်နေရာမှာ အစားမထိုးနိုင်ပါဘူး။ ကျမပြောတာ မွန္တယ္မလား လင်ရွှယ်ကျောင်က အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေပေမဲ့ သူပြောနေတဲ့ စကားတွေကျတော့ တကယ့်စိတ်ရင်းကို ညွှန်းပြနေ၏။
လူတိုင်းက မွေးရာပါ ချမ်းသာလာကြတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာ ချမ်းသာသူ အချိုးက ဆင်းရဲသူအချိုးရဲ့ ၂ ကေန ၈ ရာခိုင်နှုန်းလောက်အထိပဲ ရှိတယ်။ ဒါကြောင့် တို့တွေထဲက အားလုံးတော့ ချမ်းသာတဲ့ အိမ်နဲ့ချည်းပဲ လက်ထပ်နိုင်မှာ မဟုတ္ဘူး။ ဒါပေမဲ့ တို့တွေ ရွာတဲ့လူက အလားအလာရှိပြီး၊ သူ့အပြုအမူအတွက် တာဝန်ယူတတ်တဲ့သူမျိုး ဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ လူတွေက သူတို့ရဲ့ အနာဂတ္ကို ကိုယ်တိုင် ဖန္တီးရတာပဲ။ ဒါပေမဲ့ တကယ်လို့ လူတစ်ယောက်က စိတ်ဓါတ်အဆင့်အတန်း နိမ့်ကျနေပြီဆိုရင် .. ဒါဆို သူ့ရဲ့ နောက်ခံအချက်အလက်တွေ ဘယ်လောက်ကောင်းကောင်း တချိန်မှာ သူ ကျဆုံးရမှာပဲလေ
ရှင် ပြောတာ အချက်ကျပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဘီလီယံနာတွေ ဒေဝါလီခံရရင်တောင်မှ သူတို့မှာ သန်းနဲ့ချီကျန်နေသေးတာပဲ။ နောက်ပြီး အဲ့ဒီ ရှင်ပြောတဲ့ လူမျိုးကို ကျမလက်ထပ်ဖို့ဆိုရင် သူတို့ကို ဘယ်လောက်ကြာအောင် စောင့်ရမလဲ ရှင်သိလား။ ဆယ်နှစ်လား။ နှစ်နှစ်ဆယ်လား။ ကျမတို့ မိန်းကလေးတွေက အမြဲတမ်းနုပျိုနေမှာမဟုတ်ဘူး။ ဘယ်သူက အဲ့ဒီ ဆင်းရဲသားတွေ ချမ်းသာလာအောင် စောင့်နေနိုင်မှာလဲ
အဲ့ဒီမိန်းကလေးရဲ့ စကားတွေကြောင့် ဟော်မြန် ရှော့ခ်ရသွားတော့သည်။
သူက မိမိတို့နဲ့ အသက်သိပ်မကွာလောက်ပေမဲ့ သူ့ရဲ့ ရင့်ကျက်မှုက အသက် သုံးဆယ်ကျော်၊လေးဆယ်တွင်း အမျိုးသမီးလောက်ကို ဖြစ်နေပြီလေ။ မိမိ အထင်သာ မမှားဘူးဆိုရင်တော့ သူ့မိဘတွေက သူ့ကို လက်တွေ့ကျကျရင်ဆိုင်တတ်အောင် လေ့ကျင့်ပေးထားခဲ့ပုံရသည်။ ဒါပေမဲ့ သူက ငယ်ရွယ်တုန်းပဲ ရှိသေးတာ၊ ဒီလိုအရွယ်က အချစ်မှာ ကျဆုံးနေသင့်တာ မဟုတ္ဘူးလား။ သူ သည်လို အပေါ်ယံပစ္စည်းတွေ၊ လက်တွေ့ဆန်မှုတွေနဲ့ အချည်နှောင်ခံနေရတာ နှမြောစရာပါပဲ..
အဲ့ဒီအချိန်မှာ ထိုမိန်းကလေးက ရေဆာလာပုံရပြီး Evian တစ္ဗူးကို လှမ်းယူလိုက်၏။ နောက်တော့ ဖွင့်ဖို့ လှည့်ချင်ယောင်ပြုပြီး ၊ သူ့ မျက်ခုံးလေးတွေ တွန့်သွား၏။ (ကတောက်စ် တို့တောင် အဲ့ဒီ စမ်းရေ ဝယ်မသောက်နိုင်ဘူး .. မြန် တို့များ သာယာချက်)
ဒါက ဖွင့်ရခက်နေတယ်.. က်မ မလှည့်နိုင်ဘူး လင်ရွှယ်ကျောင်က ပျော့နွဲ့နွဲ့ပုံစံလေးဖြင့် ညည်းညူလာ၏။
နောက်တော့ ဟော်မြန်က ပြောလိုက်ရ၏ က်မ ဖွင့်ပေးမယ်
မြန်က အဲ့ဒီမိန်းကလေးထံမှ ရေဗူးကို ယူပြီး လှည့်ဖွင့်ပေးလိုက်သည်။
ကောင်းရန်နဲ့ ချင်းချူတို့ တပြိုင်တည်း လှည့်ကြည့်ဖြစ်သွား၏..
-
KAMU SEDANG MEMBACA
အချစ်စတင်ခဲ့ရာ( Volume two)
RomansaSynopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ြ...