အခန်း (၂၀၇)
Incite Defection
ထိုမေးခွန်းကြောင့် မစ္စက်ချင်း ရဲ့ အမူအယာက နည်းနည်းပြောင်းသွားရသည်။ သူ့မှာ မိန်းကလေးချစ်သူ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ လမ်းခွဲသွားကြတာ တော်တော်ကြာပါပြီ။ အဲ့ဒါက ကြာနေပါပြီ ၊ အဲ့ဒီနောက် အန္တီ့သားက ပြည်ပထွက်သွားခဲ့တာ၊ သူ U.S မွာ တွဲတာရှိသေးလားတော့ သေချာ မသိဘူး။ သူ့အကြောင်းက အန်တီတို့ကို ပြောပြခဲတယ်လေ။
အိုး .. အန္တီ စိတ္ပူ နေဖို့ မလိုတော့ပါဘူး။ ဥက္ကဌချင်း မွာ အရင်တုန်းက ချစ်သူမိန်းကလေး ရှိခဲ့တယ်ဆိုကတည်းက အပြင်က သတင်းတွေ ကောလဟလ ဆိုတာထက် မပိုနိုင်တော့ပါဘူး။ ကျန်းလင်ယွဲ့လည်း စိတ်သက်သာရာ ရသလို ခံစားလိုက်ရသည်။
ကျန်း မိန်းကလေး ၊ အန္တီ မင်းကို တစ်ခုလောက် မေးချင်တယ်။ မင်း အမှန်အတိုင်း ဖြေပေးမယ်လို့ မျှော်လင့်ပါတယ်
က်မ ဖြေပါ့မယ် အန္တီ
မင်း ချင်းချူကို သေဘာက်လား မစ္စက်ချင်းက ကျန်းလင်ယွဲ့ကို စေ့စေ့ကြည့်ရင်း မေးလိုက်သည်။
ကျန်းလင်ယွဲ့ရဲ့ မျက်နှာက ချက်ချင်းပဲ ရှက်သွေးဖြာသွားရကာ .. နှုတ်ခမ်းတစ်ချက်ကိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
မစ္စက်ချင်းက ပြုံးနေရင်း မင်း သူ့ရဲ့ ခ်စ်သူ မိန်းကလေး ဖြစ်ချင်လား
ကျန်းလင်ယွဲ့ရဲ့ အမူအယာက တစ်ချက်ခက်ထန်သွားပြီး ပြန်ကြည့်လာသည်။ ဥက္ကဌချင်းက က်မ ဆီ ဘယ်တော့မှ လာမွာ မဟုတ္ဘူး
မင်း မကြိုးစားကြည့်ဘဲ ဘယ်သိနိုင်မှာလဲ ၊ အန်တီပြောတာ မမွန္ဘူးလား
ဒါက ဘာကို ဆိုလိုတာလဲဟင် .. အန္တီ ကျန်းလင်ယွဲ့ အံ့သြသွားသည်၊ မစ္စက်ချင်းက မိမိကို ကူညီဖို့ ကမ်းလှမ်းနေတာလား။
မစ္စက်ချင်းက ကျန်းလင်ယွဲ့ရဲ့ အံ့သြမှုကို မြင်တော့ ထပ်ပြောသည် အန္တီက မင်းရဲ့ သန့်ရှင်းတဲ့ မိသားစုနောက်ခံ ကို သဘောကျတယ်။ မင်းက နောက်ခံကြီးကြီးမားမားရှိတဲ့ မိသားစုရဲ့ သမီးတော့ မဟုတ်ပေမဲ့ မင်းမှာ ရိုးအေးတဲ့ မိသားစုရှိနေပြီး၊ မင်းရဲ့ မိဘတွေကလည်း အကုန်ပညာတတ်တွေဖြစ်ပြီး၊ ပြည်ပမှာ နေထိုင်ကြတာ။ မင်းမှာလည်း ဘွဲ့လွန်တွေ ဒီဂရီတွေ ရထားပြီး၊ ကိုယ့်အလုပ်ကိုလည်း ကောင်းကောင်းလုပ်နိုင်တယ်။ အားလုံးပေါင်းလိုက်တော့ မင်းက စံပြ ချွေးမလောင်းတစ်ယောက် ဖြစ်နေတာပဲ။
မစ္စက်ချင်း .. က်မ ပျော်ရွှင်ကျေနပ်မှုတို့ကြောင့် ကျန်းလင်ယွဲ့ ဘာပြောရမှန်းမသိ ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ်၊ မင်းတို့နှစ်ယောက်အတွက် အခွင့်အရေးတွေ ဖန်တီးပေးမယ်။ ရိုးသားမှုအတွက် ဆုလဒ် ရွိတယ်ဆိုတာ အန္တီ ယုံကြည်တယ်။ ချူ က မြင်နေတာနဲ့ မတူဘဲ နွေးထွေးတဲ့သူဆိုတာ မင်း သိလာလိမ့်မယ်
ကျေးဇူးတင်ပါတယ် အန္တီ !!! ကျန်းလင်ယွဲ့က စိတ်ရင်းအပြည့်နဲ့ ခေါင်းညိတ်နေလေ၏။
ထို့နောက် သူ ချင်းအိမ်တော်မှာ ညစာစားချိန်အထိ နေခဲ့သည်။ သူတို့ စားသောက်ပြီးချိန်မှာ ချင်းချူက ရုတ်တရက်ကြီး အိမ်ပြန်လာသည်။
မေမေ .. ကျတော့်ကို ဘာလို့ ခေါ်တာလဲ ။ အေဖ နေမကောင်းပြန်ဘူးလား ချင်းချူက တံခါးကေန ဖြတ်လျှောက်လာရင်း မေးလိုက်သည်။
အိုး .. သူ နေကောင်းပါတယ်။ သူက ပြန်လည်ထူထောင်ရေးခရီးတစ်ခုနဲ့ တောင်ပေါ် ရေပူစမ်းကို လိုက်သွားတယ်။ အဲ့တော့ သူ အခု အိမ်မှာ မရှိနေဘူး
အေမျဖစ်သူရဲ့ အဖြေကို ကြားလိုက်ရတော့ မိခင်နားမှာ ထိုင်နေတဲ့ ကျန်းလင်ယွဲ့ကို မြင်သော်လည်း ချင်းချူ ဘာမွ ထပ်မပြောတော့။
ဥက္ကဌချင်း ကျန်းလင်ယွဲ့က နှုတ်ဆက်လိုက်သည်။
မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ချင်းချူ စိတ်သိပ်မကြည်နေ။
ဒါဆို တခြားကိစ္စမရှိတော့ဘူးဆိုရင် ၊ ကျတော်အခုပဲ ပြန်တော့မယ်။ ချင်းချူ က ပြန်ဖို့ လှည့်ထွက်လိုက်ရင်း ပြောလိုက်သည်။
ချူ .. အိမ္က ယာဉ်မောင်းက ဒီနေ့ နားလို့ ၊ ဒီနားက အငွားကား ခေါ်ဖို့လည်း ခက်တယ်လေ။ သား လင်းယွဲ့ကို သားနဲ့ ခေါ်သွားပေးလို့ ရမလား။ သူ က သားရဲ့ ဝန်ထမ်းပဲ မစ္စက်ချင်းက ရုတ်တရက် ပြောလိုက်သည်။
ချင်းချူက ပြန်လှည့်လာပြီး မိခင်ဖြစ်သူနဲ့ ကျန်းလင်ယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။ နောက်ဆုံးမှ သွားကြမယ်
ချင်းချူ သဘောတူလိုက်သည်နှင့် ကျန်းလင်ယွဲ့ က ရွှင်မြူးသွားသည်။ သူ တံခါးအပြင် မထွက်ခင်မှာ မစ္စက်ချင်းက သူ့ကို အားပေးတဲ့အကြည့်ဖြင့် ကြည့်လာ၏။
သူ ချင်းချူနောက်ကနေကပ်ပြီး Maybach နားကို သွားလိုက်သည်။ ဒါပေမဲ့ သူက မောင်းသူဘေးခုံက တံခါးကို ဖွင့်မည်ပြုတော့ ချင်းချူက အေးစက်စက်လေသံနဲ့ ပြောလိုက်သည်။ အနောက်မှာပဲ ထိုင်
ဟုတ်ကဲ့ ဥက္ကဌချင်း ထပ်စကားပြောဖို့ ကြောက်နေသည်မို့ အနောက်ထိုင်ခုံဆီမှာသာ ဝင်ထိုင်လိုက်သည်။
စထွက်လာကတည်းက တစ်ယောက်မှ စကားမပြောဖြစ်ကြ။ ကျန်းလင်ယွဲ့ နှုတ်ဆိတ်နေတာက သူပြောတာ တစ္ခုခု မွားသြားမွာ ကြောက်လို့ ဖြစ်သည်။
ရုတ်တရက် ချင်းချူက မေမေက မင်းကို ဘာခေါ်ပြောတာလဲ
ဘာ.. ဘာမွ မဟုတ်ပါဘူး ၊ အလုပ်ကိစ္စပါပဲ
မင်း ငါ့ကို လှည့်စားလို့ မရဘူး။ မင်းတို့ကြားမှာ သဘောတူညီမှု တစ္ခုခု ရှိနေတာ ခန့်မှန်းနိုင်တယ်။ အမှန်အတိုင်းပြောရရင် ငါ မင်းကို သေဘာမက်ဘူး၊ ဒါကြောင့်မို့ .. ဘယ်တော့မှ မဖြစ်လာနိုင်မဲ့ဟာတွေကို စိတ်ကူးယဉ်မနေနဲ့ ။ ငါ့အေမရဲ့ စိတ်ကူးအကြံဥာဏ်တွေက ငါ့ကို ကိုယ်စားမပြုဘူး။
က်မ သိပါပြီ .. ဥက္ကဌချင်း ကျန်းလင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် နောင်မှာ အေမ့ရဲ့ အနှောက်အယှက်ကနေ ကင်းလွတ်အောင်လို့ မင်းနဲ့ ငါ သဘောတူညီမှု တစ္ခု လုပ်ကြရအောင်
ဘယ္လို .. သဘောတူညီမှုမျိုးလဲ ကျန်းလင်ယွဲ့က ငိုင်တွေနေရင်းမှ မေးမိသည်။
-
အခန်း (၂၀၈)
Karma
နောင်မှာ မေမေက မင်းကို ဘာပြောပြော ၊ သူ့ကို ခပ်ဝါးဝါးပဲဖြေ၊ သတင်းတွေ သိပ်ပေးမနေနဲ့။ သူ့က မင်းကို မျက်စိကျနေတယ် ဆိုရင် ၊ သူ့ အားအင်တွေအကုန်လုံး မင်းအပေါ်မှာပဲ ပုံအောထားမှာ၊ အဲ့ဒါဆို သူ ငါ့ကို တျခား မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးဖို့ အချိန်ရမှာ မဟုတ်တော့ဘူးဆိုတဲ့ အဓိပါယ်ပဲ။ ဒီနည်းလမ်းက ကောင်းတာပဲ
ကျန်းလင်ယွဲ့ ချက်ချင်းပဲ ချင်းချူ ဘာကို ဆိုလိုသလဲဆိုတာ နားလည်လိုက်ရသည်။ သူ သတိထားပြီးတော့ ဥက္ကဌချင်း .. က်မကို နှစ်ဖက်ချွန် လုပ်ခိုင်းနေတာလား။ မစ္စက်ချင်းရှေ့မှာ သရုပ်ဆောင်ပြီး၊ သူ့ကို သတင်းအမှောင်ချထားရမှာမျိုးလား
ငါမင်းကို လစာ ၂၀ % တိုးပေးနိုင်တယ်။
က်မ လစာတိုးဖို့ကို ဂရုမစိုက်ပါဘူး။ ဥက္ကဌချင်း ကျမဘာပြောချင်လဲဆိုတာ ဥက္ကဌ မသိဘူး .. က်မ တကယ္ကို .. ကျန်းလင်ယွဲ့ က တခုခု ထပ်ပြောချင်သေးသော်လည်း ချင်းချူက စကားကို ဖြတ်ချလိုက်သည်။
မင်း ငါ့ ကမ်းလှမ်းချက်ကို သဘောမတူဘူးဆိုရင် ၊ မင်းကို မေလးရွား ရုံးခွဲကို မနက်ဖြန်ပဲ ပြောင်းပေးလိုက်မယ်။
ကျန်းလင်ယွဲ့ ပြောစရာ စကား မရှိတော့။
သူဌေးက အရမ်းကို ရက်စက်လွန်းသည်၊ သူ့နည်းလမ်းအတိုင်း သွားဖို့ သဘောမတူရင် ဒါဆို မလိုအပ်တော့ဘူးဆိုတဲ့ အဓိပါယ်ပင်။
နောက်ဆုံးတော့ ကျန်းလင်ယွဲ့မှာ ဘာမွ မတတ်နိုင်တော့ ၊ က်မ ဥက္ကဌရဲ့ ကမ်းလှမ်းချက်ကို သဘောတူပါတယ်။
ကောင်းတယ် ထို့နောက် ၊ ချင်းချူက ကားထိုးရပ်လိုက်သည်။ မင်း ဒီမွာပဲ ဆင်းပြီး၊ မင်းဘာသာပဲ ကားငှားလိုက်တော့။ ပြီးရင် ရုံးမှာ စရိတ်ပြန်တင်လိုက်၊ မနက်ဖြန်မှာ ဘဏ္ဍာရေးဌာနက မင်းကို ပြန်ရှင်ပေးလိုက်လိမ့်မယ်။
ဝမ်းနည်းစွာ၊ မဆင်းချင် ဆင်းချင်နဲ့ ကျန်းလင်ယွဲ့ ကားထဲက ထွက်လိုက်ရပြီး ချင်းချူရဲ့ Maybach ကားလေး အရှိန်တင် မောင်းထွက်သွားတာကို ကြည့်နေရလေသည်။
သူက အမြဲလိုပင် အသည်းနှလုံးမရှိတဲ့သူသာ ဖြစ်သည်။ မိမိကိုတောင် လမ်းတစ်ဝက်မှာ ချပေးသွားသည်။ ဒါပေမဲ့လည်း ဒီလောက်နဲ့တော့ သူ့ကို လက်မလျှော့နိုင်ပေ။
-
ဟော်မြန် အလုပ်ဆင်းတော့ အိမ္ကို ကားမောင်းလာတဲ့ လမ်းမှာ လမ်းပိတ်နေတာကြောင့် ကြန့်ကြာနေ၏။ အချိန်က ကားပိတ်တဲ့ အချိန်မို့ သူ့မှာ မီးနီတွေချည်း မိနေတော့သည်။
ပျင်းရိစွာဖြင့် ဖုန်းကို ထုတ်ယူပြီး ကားလမ်းပိတ်နေတာကို ဓါတ်ပုံရိုက်လိုက်ကာ post တင်လိုက်၏။
သူရေးထားတာက ( မြို့တော်အသစ် Jam City ကို ရှာဖွေတွေ့ရှိခဲ့ပြီ။ ဒီမြို့က အကုန်လုံးအထဲမှာမှ အကျပ်ညပ်ဆုံး ပါပဲ)
ကျူလင်းလင်းက ချက်ချင်းပဲ ပြန်ရေးလာသည်၊( သဘောတူတယ်၊ အခုကဈပီး ဒီနေရာကို Jam City လို့ ခေါ်ကြရအောင် )
ကျီရှင်းကလည်း ဝင်ရေးလာသည် (မမ .. ကားဝယ္လိုက္တာလား )
ဟော်မြန် ချက်ချင်းပဲ ပြန်ဖြေပေးလိုက်၏ ( မဟုတ္ဘူး၊ ဆေးရုံက မမသုံးဖို့ ငှားပေးထားတာ)
ကျီရှင်းက ရိုးသားတဲ့ ကောင်လေးမို့ (ယေး.. ) ဆိုသော အရုပ်လေးသာ ပြန်ပို့လာသည်။ (မိုက်တယ် မမ၊ ကျတော့်ကို တစ်ခါလောက် ပေးစီးပါ )
ဟော်မြန် စာပြန်ပို့တော့မည့်ဆဲဆဲမှာ မီးစိမ်းသွားပြီမို့ ၊ ကားမောင်းတဲ့ဆီကိုသာ အာရုံ ပြန်ထည့်ထားလိုက်ရသည်။
သူ စူပါမားကတ္ကို ဖြတ်သွားတော့ ကားရပ်လိုက်ပြီး သစ်သီးနည်းနည်းနဲ့ အသီးအရွက်များ ဝယ်ရန် စိတ်ကူးဖြင့် အထဲကို သွားလိုက်သည်။ သို့ပေမဲ့ အဲ့ဒီမွာ ထူးဆန်းတဲ့ မြင်ကွင်းကို မြင်လိုက်ရသည်။ လူတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ကြမ်းပေါ်လဲအောင် ကန်ထားလေသည်။ မိန်းမဖြစ်သူကို ကြည့်ရသည်မှာ နာကျင်နေပုံရနေပေမဲ့ အဲ့ဒီလူကေတာ့ ဆက်ပြီး ရိုက်ပုတ်နေတာ ဖြစ်သည်။
လူမ်ားစြာ သူတို့နားကို စုဝေး ဝိုင်းအုံလာပေမဲ့ ဘယ်သူမွ အဲ့ဒီလူကို တားဆီးဖို့ ထွက်လာခြင်းမရှိ။ အဲ့ဒီ စုံတွဲက ဘယ်သူတွေ ဆိုတာ ဟော်မြန် တွေ့လိုက်ရတော့ ၊ သူ့စိတ်ထဲမှာ ဖော်မပြနိုင်တဲ့ စိတ်ခံစားချက်များနဲ့ ပြည့်လာသည်။ သူတို့တွေက ဟိုတေလာက မိမိ ကယ်ခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ပြီး၊ သူ့ကို ရိုက်နှက်နေတဲ့ သူကေတာ့ သူ့ခင်ပွန်းသာ ဖြစ်လေသည်။
အစ်ကိုရယ် .. အိမ္ကို ပြန်လာခဲ့ပါ။ မိန်းမ တောင်းပန်ပါတယ်နော်။ ကျမတို့ သမီးလေးတွေကလည်း အစ်ကို့ကို လွမ်းနေကြတယ်လေ။ ထို အမျိုးသမီးက ငိုယိုနေ၏။
နင်က ကံဆိုးတဲ့မိန်းမ ၊ နင် ငိုနေတာ မရပ်နိုင်ဘူးလား။ နင်နေ့တိုင်း လုပ်နိုင်တာက ငိုနေဖို့ပဲ၊ ငါ့မွာ ဒီလောက် ကံဆိုးရတာ အံ့သြစရာတောင် မဟုတ်တော့ဘူး။ ငါ့ငွေတွေ ဆုံးရှုံးရတယ်၊ ထောင်ကျလုနီးပါး ဖြစ်ခဲ့ရတယ်။ နင်က ငါ့ဘဝကို ပျက်စီးစေခဲ့တာ။ ငါ နင့်ကို သေအောင် ရိုက်ပစ်မှ ဖြစ်မယ် ထိုလူက ဆဲဆိုရင်း သူ့ကို ဆက်ရိုက်နေပြန်သည်။
သူ့ကို ရိုက်နေတာ ရပ်လိုက်ပါ။ ကိုယ့်မိန်းမကို ပြန်ရိုက်နေတာ ဘယ္လို ယောက်ျားမျိုးလဲ ဝိုင်းရံနေတဲ့ သူတွေက ထိုလူကို ရပ်တန့်ဖို့ ကြိုးစားကြသည်။
ဝေးဝေးဖယ်နေစမ်း ၊ ငါတို့က လက်ထပ်ပြီးသားကွ၊ ရဲတောင်မှ ဝင်နှောင့်ယှက်လို့ မရဘူး။ မင်း ဘာလို့ ကိုယ့်အလုပ်ကိုယ်သွား မလုပ္တာလဲ ထိုလူက အလွန် မောက်မာနေဆဲ ဖြစ်သည်။
အမျိုးသမီးကတော့ ကြမ်းပေါ်မှာတင် ငိုပြီးရင်း ငိုနေတော့သည်။..
ဟော်မြန် ခဏ ဝေ့ကြည့်မိပြီးတော့ ဈေးဝယ်ချင်စိတ် ပျောက်ဆုံးသွားရတော့သည်။ သူ ဒီအတိုင်းပဲ ကားဆီ လှည့်ပြန်ဖို့ ပြင်လိုက်သည်။
သူ အဲ့ဒီအမျိုးသမီးကို ကူညီဖို့ ရှေ့ထွက်ရပ်မည် မဟုတ်ပါ။ ဟော်မြန်က သူ့ကို ကယ်တင်ပေးခဲ့သူ ဖြစ်သော်လည်း သူ က မိမိကို ဒုက္ခရောက်လုနီးနီး ဖြစ်ခဲ့ရသည်။ ဒါက လယ်သမားနဲ့ မြွေ ပုံပြင်လိုပဲမို့ သူ့ကို ဟော်မြန် သနားနေစရာ အကြောင်းမရှိတော့ ။ လူကြီးတွေ ပြောကြတာက - သင်ကြဲတဲ့ မျိုးစေ့ကို သင်ပြန်ရိတ်သိမ်းရမယ်၊ နောက်ပြီး သူတို့က သနားစရာကောင်းနေတယ် ဆိုရင်တောင် အဲ့လိုဖြစ်ဖို့ အကြောင်း မုခ် ရှိနေလို့ပဲ ဖြစ်တယ်။ သူက အိမ်တွင်းရေး နှိပ်စက်မှုမှာ နစ္နာသူ ဖြစ်တယ် ဆိုရင်တောင် ၊ သူက ကွာရှင်းဖို့ ငြင်းပယ်နေခဲ့သေးတာပဲ၊ သူက အဲ့ဒီလူ မရွိဘဲ မနေနိုင်ဘူးလို့ လုံးဝ ယုံကြည်နေတာပဲ။ သူလို မိန်းမမျိုးဟာ ပျော်ရွှင်မှုဆိုတာကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး ။
မကြာခင်ကပဲ သူက ဟော်မြန်ဆီမှာ သူ့ယောက်ျားကို လွှတ်ပေးဖို့ တောင်းပန်လာခဲ့သည်။ ဒါက ယုတ္တိရှိသေးသည်၊ ဒါပေမဲ့ နောက်တော့ သူက မီဒီယာတွေရဲ့ ဖိအားကို အခွင့်ကောင်းယူပြီး ဟော်မြန်ရဲ့ ဆုံးဖြတ်ချက်ချမှုကို ဖိအားပေးခဲ့တာက မိမိကို ဒေါသထွက်စေခဲ့တာပင်။ သူသာ လူကြားထဲမှာ ပြဿနာရှာ ရှိုးမလုပ်ဘဲ မိမိကို သီးသန့် လူကိုယ်တိုင် လာရောက်ကာ သူ့ယောက်ျားကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့မည်ဆိုရင်လည်း ဟော်မြန် သေဘာတူမိမွာပါ။
ဟော်မြန် အနေနဲ့ ဒီဖြစ်ရပ်ရဲ့ ရလဒ္ကို လက်ခံနိုင်ပါသည်။ သူတို့ ဆေးရုံကို လာနှောက်ယှက်တာ ရပ်သွားပြီး ၊ မိမိရဲ့ နာမည်ဂုဏ်သတင်းလည်း ပြန်ကောင်းမွန်လာနေသရွေ့ မိမိအတွက် အဆင်ပြေပါသည်။
သို့ပေမဲ့ အခု ဟော်မြန် တွေးနေတာက ဒီလူယုတ္က ထောင်ထဲမှာပဲ ရှိနေသင့်သည်၊ သူ့ ဖြစ်တည်မှုက ဒီကမ္ဘာကြီးကို ဘေးသင့်စေသည် ဟူ၍ပင်။
သူတို့ ဒီနေ့ အသက်ရှင် နေထိုင်နိုင်တာဟာ ကံအကြောင်းတရားကြောင့်ပင် .. ကြေကွဲဝမ်းနည်းစရာ ဇာတ်လမ်းတွေက ရွေးချယ်မှု တစ်ခုနဲ့အတူ စတင်လာတာ ဖြစ်သည်။
ဟော်မြန် လမ်းပေါ်မှာ အချိန်နည်းနည်း ကုန်ခဲ့ရသေးသည်မို့ သူ အိမ်ပြန်ရောက်တော့ ၇ နာရီ နီးပါး ရှိနေပြီ ဖြစ်သည်။ လက်ထဲမှာတော့ ဘာမွ မပါလာပေ။
သူ အိမ်ထဲ ဝင်လာလိုက်ချင်းမှာပဲ ဆီနံ့ ရလိုက်သည်။
အံ့အားသင့်သွားရတာက၊ မီးဖိုဆောင်ဘက် ဝင်သွားလိုက်ချိန်မှာ မြင်လိုက်ရတဲ့ ပထမဆုံး အရာကြောင့် ဖြစ်သည်။ ချင်းချူက အကျီအဖြူ၊ အနက်ရောင် ဘောင်းဘီရှည်နဲ့ ကြော်လှော်နေသည်လေ။
ဒါ အမှန်ပါပဲ ၊ မစ္စတာချင်း၊ ကျမတို့ရဲ့ သခင်လေးချင်း ၊ ဆီပူပူနဲ့ အကြော်တစ်မျိုးကို ကြော်နေတာပါ။
အမ် .. ဥက္ကဌချင်း .. ရှင် ဘာလုပ်နေတယ်ဆိုတာလေး က်မကို ပြောပြနိုင်မလား ဟော်မြန် သိချင်စိတ်ဖြင့် မေးမိသည်။
-
အခန်း (၂၀၉)
Bad Stuff
ကိုယ် တရုတ်ဟင်းတွေ ဘယ်လိုချက်လဲ သင်နေတာ သူ့ရဲ့ ရိုးရှင်းတဲ့ အဖြေက ဟော်မြန်ကို ကြောင်အသွားစေသည်။
ရှင် .. ရှင် .. ရျင်က ဘာလို့ တရုတ်ဟင်းချက်တာ သင်ရမှာလဲ ။ က်မ ချက်နိုင်တာပဲကို ဟော်မြန် တွေးမိတာက မိမိ ခ်က္တာက အရသာ ကောင်းနေသားပဲ၊ ဒါကြောင့် မိမိကပဲ ဘယ္လို ခ်က်သလဲ သိရင် ရျပီ မဟုတ္လား။ ချင်းချူ က အေမရိကမွာ ၇ နှစ်လုံး နေခဲ့တာ ဆိုတော့ တရုတ်ဟင်းလျာ ချက်ဖို့ ဆိုတာ အခုမွ စသင် ရမှာလေ။ ဒါဆို အရမ်း အဆင်မပြေ ဖြစ်နေမှာပေါ့။
မင်း က တရုတ်ဟင်းတွေ မကြိုက်ဘူးလား
ဒါပေမဲ့ က်မ ဘယ်လိုချက်လဲတော့ သိနေတာပဲလေ။ ဟော်မြန် မတတ်နိုင်ဘဲ ပြန်ဖြေလိုက်ရ၏။
တခါတေလ မင်း အလုပ်ဆင်းတာ နောက်ကျရင်၊ မင်းပင်ပန်းပြီး ဗိုက်ဆာလာမှာပဲလေ။ ကိုယ် အလုပ်စောစောဆင်းတဲ့အခါ ချက်လို့ ရတာပေါ့ ချင်းချူက မှိုကို ဒယ်ပြားထဲမှာ ကြော်နေရင်း ဖြည်းဖြည်းချင်း ပြောနေ၏။
အရသာရှိနိုင်မည့် အစားအစာရဲ့ ရနံ့တို့ မြန် ရဲ့ အာရုံမှာ သင်းပျံ့လာပြီး ဟော်မြန် ရဲ့ မျက်လုံးများလည်း စိုစွတ်ဝေဝါး လာလေသည်။ သူ့ရဲ့ အသွင်မှာ စိတ်လှုပ်ရှားသွားရတာပဲ ဖြစ်သည်။
အမှန်မှာ ခင်ပွန်းဖြစ်သူက ဇနီးမယားကို ဟင်းချက်ကျွေးတယ်ဆိုတာဟာ တကယ့် အခွင့်ထူးကြီး မဟုတ္လား။ ချင်းချူက သာမာန်ခင်ပွန်းတစ်ယောက်တောင် မဟုတ္ဘူး၊ GK အုပ္စုရဲ့ CEO ကြီး၊ အျမဲလို မတရား အလုပ်များနေတတ်တဲ့ သူလေ။
GK မွာ ရုံးခွဲ ၇ ရုံး ရှိပြီး၊ တစ်ရုံးစီမှာ သက်ဆိုင်ရာ လုပ်ငန်းအလိုက် အုပ်ချုပ်သူတွေ ရှိနေသည်။ ချင်းချူ မွာ တစ်ရက်ကို ၄ နာရီ၊ ၅ နာရီ လောက် အစည်းအဝေးပဲ ထိုင်နေရသည်။
အဲ့ဒါကိုတောင် သူက အလုပ်ကအပြန် အိမ်မှာ မိမိအတွက် ညစာ ချက်ပေးဦးမယ်တဲ့လား။ ဘယ်လိုလုပ် ဟာ့တ် မထိပဲ နေနိုင်မှာလဲ။
လက်သွားဆေးပြီး အဝတ်လဲလိုက်တော့၊ ညစာ အဆင်သင့် ဖြစ်နေပြီ။
နှုတ်ဆိတ်လျက်ပင် ဟော်မြန် အပေါ်ထပ် တက်သွားလိုက်ပြီး ဂါဝန်ရှည်တစ်ထည် လဲဝတ္လိုက္ကာ လက်ဆေးလိုက်သည်။
သူ ထမင်းစားပွဲမှာ ထိုင်လိုက်တဲ့ အချိန်မှာတော့ ၊ မိမိရှေ့ စားပွဲပေါ်မှာ ဟင်းပွဲ လေးပွဲနဲ့ ဟင်းချု တစ်ပန်းကန် ကို တင်ထားပြီးသား ဖြစ်နေတာ တွေ့လိုက်ရ၏။ ဟင်းပွဲတွေရဲ့ အရောင်အဆင်းကို ကြည့်ပြီး အရသာ ကောင်းလိမ့်မည်ဆိုတာ ပြောနိုင်ပေ၏။
ကြည့်ရတာတော့ အရသာရွိမဲ့ ပုံပဲ မိမိရှေ့က ဟင်းတွေကို ကြည့်ပြီး ပြောလိုက်တာ ဖြစ်သည်။
ကကတစ်ငါးပေါင်း ၊ မှိုဝက်သားကြော်ချက်၊ ကြက်ဟင်းခါးသီးကြော် နဲ့ ဝက်နံရိုးဟင်း တို့ ဖြစ်သည်။ သူက ခရုဟင်းချိုတောင် ချက်ထားသေးသည်။
ချင်းချူက ပန်းကန်လုံး တစ်လုံး ယူလိုက်ပြီး ၊ ခရုဟင်းချို ဖြည့်ထည့်ပေးလိုက်သည်။
ကျေးဇူးပါ
ဟော်မြန် က တစ်ဇွန်း ခပ်သောက် ကြည့်လိုက်ပြီး ၊ လက်မထောင်ပြလိုက်သည်။ အရသာရှိတယ်။ ကျမတောင် ဒီလို ခရု ဟင်းချို မခ်က္တတ္ဘူး။ ရှင် ဘယ္လို လုပ်တတ်ရတာလဲ
ကုမဏီက စားဖိုမှုး သင်ပေးတာ၊ သူ ချက်ထားတာတွေက ကောင်းလို့လေ၊ အဲ့ဒါနဲ့ ကိုယ် သူ့ကို မေးလိုက်တာ
ဝိုး .. ကော်ပိုရေးရှင်ကြီးက စားဖိုမှုးတွေရဲ့ လက်ရာက ကျမတို့နဲ့တော့ ကွာခြားနေမှာပဲ
ဒါက ချင်းချူရဲ့ ပထမဆုံး ဟင်းချက်တာ ဖြစ်သည်မို့ ၊ ဟော်မြန် က မိမိစားနေကျ ပမာဏထပ် ပိုပြီး တစ်ပန်းကန်နဲ့ တစ်ဝက်လောက် စားလိုက်မိသည်။
နောက်ဆုံးမှာတော့ မနေနိုင်တော့ဘဲ ထုတ်ပြောရတော့သည်၊ က်မ သာ ဝ လာမွာ ကြောက်မနေရရင် နောက်ထပ် တစ်ပန်းကန်လောက် ထပ်စားတယ်
အဲ့ဒါကို မစိုးရိမ်ပါနဲ့ ၊ မင်း ဝ တာ ကိုယ် က ဂရုမစိုက်ပါဘူး
ဒါပေမဲ့ က်မက ဂရုစိုက်တယ်၊ က်မ ဝိတ် မတက်ချင်ပါဘူး ။ ဟော်မြန်က မျက်တောင်လေး တစ်ဖျတ်ဖျတ်ခတ်ရင်း ၊ ချစ်စဖွယ် အမူအရာလေး လုပ်ပြနေ၏။
ဟော်မြန် ကို ကြည့်နေရင်း ချင်းချူရဲ့ စိတ်ထဲမှာတော့ ကျေနပ်ပီတိများ လွှမ်းနေလေတော့သည်။ ဟော်မြန်ရဲ့ ပျော်ရွှင်မှုဆိုတာ သူဖြစ်ချင်တဲ့ ဆန္ဒ အကုန်ပင် ဖြစ်သည်။
-
နောက်တစ်နေ့မနက်မှာတော့ တောင်ဘက်ပိုင်း စင်တာကို ဟော်မြန် ရောက်သည်နှင့် ယူနီဖောင်း လဲဝတ်လိုက်သည်။ နောက်တော့ အခန်း ၂ ရွိ အဘိုး ကို သွေးဖိအား တိုင်းပေးသည်။
ဆရာ .. ဒီရက်တွေထဲ ပို ဂရုစိုက်ဖို့ လိုမယ်နော်၊ အချိုပွဲတွေ ဖွက်စားမနေနဲ့နော် ။ ဆရာရဲ့ သွေးတွင်းသကြားဓါတ်က အရင်ကထက် ပိုတက်နေတယ်။
ငါ သိပါပြီ၊ ဟေး ကောင်မလေး .. သမီး အလုပ္မမ်ားဘူး ဆိုရင် ငါနဲ့ စစ်တုရင် နည်းနည်းလောက် ကစားရအောင်လေ။ လူနာရဲ့ စိတ်အခြေအနေက မျှော်လင့်ချက်နဲ့ တက်ကြွလာသည်။ ဟော်မြန် မွာ စစ်တုရင် ကစားတာ ကျွမ်းကျင်မှု ရှိသည်ဆိုတာ သိသွားကတည်းက ၊ သူနဲ့ အတူ ကစားဖို့ပဲ မေးနေတော့တာ ဖြစ်သည်။
ကစားမှာပေါ့ ၊ ဒါပေမဲ့ အဘိုး ခဏေတာ့ စောင့်ရမယ်။ က်မ ဟိုဘက်ခန်းက သခင်လေးကို အရင်ဆုံး IV သွင်းပေးရဦးမယ်
ထို့နောက် ဟော်မြန် တာဝန်ကျနေရာသို့ သြားကာ လိုအပ်သည့် ဆေးပစ္စည်းများ ယူငင်ပြီး၊ အခန်း ၁ ဘက်သို့ ပြန်ထွက်လာသည်။
ဆုယြီရဲ့ သက်တော်စောင့်တွေအားလုံး မနက္စာ သွားစားကြပုံရပြီး၊ တံခါးဝမွာ တစ်ယောက်တည်းသာ ဖုန်း ဖြင့် WeChat message ပို့ရင်း အလုပ်ရှုပ်နေ၏။ သူက ဟော်မြန် တံခါးဖွင့်ပြီး ဝင်သွားတာကိုတောင် မသိလိုက်ပေ။
ဟော်မြန်က တံခါးခေါက်ပြီး ဝင်သွားလိုက်တော့
မြင်ကွင်းက မြင်ရသူ အရှက်ရစေမည့် အခြေအနေမျိုး .
ခပ်မိုက်မိုက် ခန္ဒာကိုယ် ရှိသည့် ခပ်ချောချော အမျိုးသမီးတစ်ယောက်က ဆုယွီနဲ့ တရင်းတနှီး ပြုမူနေခြင်း၊ အမျိုးသမီးရဲ့ အဝတ်တွေတောင် ချွတ်ပြီး ဖြစ်နေကာ ၊ သူ့ အပြုအမူက အမြင်မတော်အောင် ပြီတီတီ ဖြစ်နေလေတာ ဖြစ်သည်။
ဟော်မြန်ရဲ့ ရုတ်တရက် ထွက်ပေါ်လာမှုက ထိုအမျိုးသမီးက ကြောက်လန့်သွားစေပြီး၊ သူ့ အဝတ်တွေကို ချက်ချင်း ဆြဲယူကာ ဖုံးအုပ်လိုက်သည်။
အာ .. စိတ်မရှိပါနဲ့ ၊ ရှင်တို့ ဆက်လုပ်ကြပါ ဟော်မြန် က ပြန်လှည့်ပြီး လှည့်ထွက်သွားလိုက်သည်။
ဟော်မြန် .. ဒီကို ပြန်လာခဲ့ ဆုယြီက ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။
-
အခန်း ( ၂၁၀)
Treatment Methods
အဟမ်း .. ဒါက သိပ်ကောင်းတဲ့ အကြံလို့တော့ မထင်ဘူး။ ဟော်မြန်က မျက်နှာပူပူနဲ့ ပြန်လှည့်လာ၏။ ဒီလောကကြီးမှာ .. ဆေးရုံလိုနေရာမျိုးမှာ ဒီလို ဖြစ်ရပ်မျိုးနဲ့ ဝင်တိုးလိမ့်မယ်လို့များ မေတြးမိဖူးပါဘူး။
ဆုယြီက သူ့နားက မိန်းမချောလေးကို ပြန်ကြည့်လိုက်ပြီး ဒီကေန ထွက်သွားလိုက်တော့
သခင်လေးဆု .. မိန်းကလေးရဲ့ ပုံစံက မထွက်သွားချင်တာ သိသာနေသည်။
တော်လောက်ပြီ၊ ဒီကေန ထွက်သွားလိုက်တော့
မျက်ဝန်းမှာ မျက်ရည်များ ဝေ့သီနေတဲ့ မိန်းမလှလေးသည်လည်း မတတ်သာတော့ဘဲ အဝတ်များ ကောက်ဝတ်ကာ တံခါးအပြင်ဘက် ထွက်သွားလေတော့သည်။ သူ ဟော်မြန် နားက အဖြတ်မှာ ဒေါသတကြီးနဲ့ စောင်းကြည့်သွားသေးသည်။ သူတို့ရဲ့ ကြည်နူးဖွယ် အခိုက်အတန့်လေးကို ဟော်မြန်က ဝင်နှောက်ယှက်သည်ဟု အပြစ်တင်ချင်ဟန် တူ၏။
ဟော်မြန် ထိုအမျိုးသမီးကို လိုက်ကြည့်ရင်း ၊ ကိုယ့်ဘာသာ မသဲမကြဲ ရေရွတ်မိသည်။ ဟမ် .. သူ့ ကြည့်ရတာ အရမ်း ရင်းနှီးနေသလိုပဲ ၊ သူက ခရီးသွားအစီအစဉ်တစ်ခုက တင်ဆက်သူ မဟုတ္ဘူးလား။ ငါ ထင်တာ ည ၈ နာရီမွာ လာတဲ့ Walk Around The World က လို့ ထင်တာပဲ
အပြင်က အစောင့်တွေ သေကုန်ကြပလား ။ ဘာကြောင့်မို့ မင်းကို ဒီထဲ ဝင်ခွင့်ပြုလိုက်တာလဲ ဆုယြီ က မကြည်မသာဖြင့် မေးလာသည်။
သူ ဒီလို စိတ္ပ်က္စရာ ထူထောင်ရေးစင်တာ ကို ရောက်တာ ရက်တော်တော် ကြာပြီဆိုတော့ သူ့ဘဝဟာလည်း ဘုန်းကြီးတစ်ပါး လို ခြောက်သွေ့နေရသည်လေ။
အဲ့ဒီ တင်ဆက်သူက မိမိဆီကို မနက္စာ လာပို့တာ ဖြစ်သည်၊ ဒီတော့ ဆုယြီက သူလေးနဲ့ နည်းနည်း အကြည်ဆိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဟော်မြန် အထဲဝင်လာတော့ သူ ထိတ်လန့်သွားခဲ့ရသည်။
သို့ပေမဲ့ ဘာကြောင့်ရယ်မသိ .. ဟော်မြန် သူတို့ဆီ ဝင်လာတဲ့အချိန်မှာပဲ ၊ အဲ့ဒီမိန်းကလေးအပေါ် ဆာလောင်နေတဲ့ သူ့စိတ်တွေအကုန် ပျောက်သွားလေတာဖြစ်သည်။ အဲ့မိန်းကလေးကို ဒေါသထွက်လာပြီး၊ ချက်ချင်းပဲ မောင်းထုတ်ပစ်လိုက်တာ ဖြစ်သည်။
ဆုယြီရဲ့ မေးခွန်းကို ကြားတော့ ဟော်မြန်က အမှန်အတိုင်း ပြန်ဖြေလိုက်၏။ သူတို့ထဲက သုံးယောက်က မနက္စာ သွားစားနေတယ် ထင်တယ်။ အပြင်က လူကောင်အကြီးကြီးကတော့ သူ့ဖုန်းထဲက WeChat နဲ့ မခွာနိုင်အောင် ဖြစ်နေတာပဲ ။ သူ့ရဲ့ စွဲလမ်းနေတဲ့ပုံကို ကြည့်ပြီး ပြောရရင်တော့ သူ အချစ်နဲ့ တွေ့နေတာပဲ ဖြစ်ရမယ်။ ဒါကြောင့်မို့ သူက က်မ လာတာကိုတောင် မသိတော့ဘူး
ဆုယြီက ဟော်မြန့်ဘက် တစ်ချက် လှမ်းကြည့်လာသည်။ သူက ချဉ်တူးတူးအသံဖြင့် မင်းက ရှားလော့ခ်ဟုမ်း လား ။ အဲ့ဒါက မှုခင်းနေရာမို့လို့လား။ ငါ့ သက်တော်စောင့်တွေ ဘာတွေဖြစ်နေလဲဆိုတာ ငါသိပါတယ်။
ဟော်မြန် ပြောနေတာကို ချက်ချင်း ရပ်လိုက်မိသည်။
ဒီနား လာခဲ့ ဆုယွီက လက်ဝှေ့ယမ်းပြရင်း ခေါ်လိုက်သည်။
ရှင် ဘာလိုချင်လို့လဲ
မင်း ဒီကိုလာတာ IV သွင်းမလို့ မဟုတ္လား။ မြန်မြန်လုပ်၊ ငါ ဒီ အမှိုက်လိုနေရာကနေ ဖြစ်နိုင်သမျှ မြန်မြန် သြားမွ ဖြစ်မယ် ဆုယြီ က စိတ်မရှည်နိုင်တော့။
ဒီတစ်ခါ IV သွင်းဖို့ သူကိုယ်တိုင် တောင်းဆိုတော ဆိုတော့ ၊ ဟော်မြန် သူ့နား တိုးသွားလိုက်ပြီး သွေးကြောထဲ အပ်ထိုးလိုက်သည်။
ဆုယြီက ဟော်မြန်ရဲ့ နည်းလမ်းတွေကို ကျင့်သားရနေပုံဖြင့် ၊ ဆေးထိုးတာကို လုံးဝ မငြင်းပယ်နေတော့ပေ။ ဟော်မြန်က သူ့အနားကပ်ပြီး ရပ်နေကာ ခေါင်းငုံ့ထားလေတော့ သူ့နောက်နားက ဆံပင်တချို့က နားရွက်နားမှာ ဝဲကျနေသည်။
ဆုယြီ က အဲ့ဒီဆံနွယ်လေးတွေကို မတင်ပေးလိုက်ဖို့ ရည်ရွယ်လိုက်တာဖြစ်သည်။
ထိုအခိုက်အတန့်မှာပဲ မြောက်တက်နေတဲ့ ဆုယွီလက်မောင်းကို ဟော်မြန်က ရုတ်တရက် လှည့်ကြည့်လာသည်။ ချက်ချင်းပဲ ခံစစ်ပြင်လိုက်ပုံဖြင့် ရှင် ဘာလုပ်နေတာလဲ
ဟော်မြန်က ဒီလူဆိုးသည် မိမိကို နာကျင်အောင် ရိုက်တော့လေမည်လော ဟု တွေးထင်မိလိုက်တာပင်
ဆုယြီရဲ့ အဖြေက အိုး .. ငါက မင်းရဲ့ ဆံပင်တွေက အစစ္လား ဒါမှမဟုတ် ဆက္ထားတာလား သိချင်လို့ပါ
က်မ ဆံပင် ဘာလုပ်လုပ် ရှင်နဲ့ ဘာဆိုင်လို့လဲ ။ ဒါက ဘယ္လို အကျင့်ကြီးလဲ ဟော်မြန် က သူ့ကို သတိထားကာ တစ်ချက်ကြည့်လိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သေး၏။
ဆုယွီလည်းပဲ မိမိရဲ့ အဆင့်နိမ့်နိမ့် ဆင်ခြေကို ပြန်အရှက်ရမိသွားသည်၊ ထို့ကြောင့် ချက်ချင်းပဲ တခြားအကြောင်းအရာကို ပြောင်းပြောလိုက်၏။ မင်း မနေ့ကလုပ်ထားတဲ့ ကင်မ်ဘတ်ကို ငါ ကြိုက်တယ်။ ဒီနေ့ မင်း အိမ်ပြန်ရောက်ရင် နည်းနည်း ပိုလုပ်ပြီး ၊ မနက်ဖြန်ကျတော့ ငါ့အတွက် ပိုယူပေး။
ဘာလို့ က်မက ယူလာပေးရမှာလဲ ဟော်မြန်က လက်ပိုက်ထားပြီး ဆုယြီကို ကြည့်လိုက်သည်။
ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ လူနာလေ
ဒါက ဆေးရုံရဲ့ မူ လည်း မဟုတ္ဘူး။ ရှင် က ပန်ဒါဝက်ဝံတောင် ဝယ်စားချင်စားလို့ရလောက်အောင် ချမ်းသာနေတာ ၊ ဘာလို့ က်မ ကင်မ်ဘတ်ကိုမှ လိုချင်နေတာလဲ
ဘာလို့လဲဆိုတော့ အရသာ ကောင်းလို့ပေါ့ ။ ဘာဖြစ်ရဦးမှာလဲ
လူထူးဆန်းပဲ ဟော်မြန့်က ပြန်ရန် လှည့်ထွက်လိုက်သည်။
ဟေး .. ပြန်လာခဲ့ဦး
ရှင် ဘာလိုချင်သေးလို့လဲ ဟော်မြန် ပြန်လှည့်ကြည့်ရပြန်သည်။
ဒီနေ့ ရာသီဥတုလေးလည်း ကောင်းနေတာ ၊ ငါ့ကို အပြင်မှာ လမ်းလျှောက်ရအောင် ခေါ်သွားပေးပါလား
ဒါက ရှင့်သက်တောင်စောင့်တွေရဲ့ အလုပ္မဟုတ္ဘူးလား ဟော်မြန် ကြောင်သွားသည်။
ဒီလူ ဒီနေ့ ဆေးစားများ မွားသလားပဲ လို့ တွေးမိလိုက်သည်။
ငါ ယောက်ျားတွေချည်းပဲ ကြည့်ရတာ ငြီးငွေ့နေပြီ။ ဒီတော့ ဒီနေ့ မင်းအလှည့်ပဲ
က်မ .. ဟော်မြန် ငြင်းပယ်တော့မည့်ဆဲဆဲ ၊ ဆုယြီက ထပ်ပြောလာသည်။
ဒါက သူနာပြုတစ်ယောက် လုပ်ပေးရမဲ့ တာဝန် ဝတ္တရား ဘောင်အတွင်းမှာပဲ ရှိနေတာနော်၊ မင်း ငြင်းရင် ငါ မင်းကို တိုင်စာ တင်ပေးလိုက်မှာ
ရွေးချယ်စရာ မရှိတော့ဘဲ ၊ ဆုယြီ ထလို့ရအောင် ကူပေးလိုက်ရသည်။ သူတို့ ဓါတ်လှေကားကနေ ဆင်းလာကြပြီး ၊ ဆေးရုံရဲ့ အနောက်ဘက်ရှိ ပန်းခြံထဲကို သွားလိုက်လေသည်။
နေရောင်ကလည်း တောက်ပနေသည်မို့ အပြင်ဘက်မှာက တကယ္ကိုပဲ သာယာနေတာ ဖြစ်သည်။
ဟော်မြန်က ဆုယြီကိုယ္ကို ထိန်းပေးထားရသည်မို့ သူတို့ အသားချင်း ထိနေကြ၏။ ဆုယြီက လက်မောင်းကို မြှောက်လိုက်ပြီး ဟော်မြန်ရဲ့ ပခုံးသွယ်သွယ်ကို လှမ်းဖက်ထားလိုက်သည်။
၁၈၅ စင်တီမီတာလောက် မြင့်တဲ့ ဆုယြီရဲ့ အရပ်နဲ့ ယှဉ်တော့ ဟော်မြန်ရဲ့ ၁၆၅ စင်တီမီတာပဲ ရွိတဲ့ အရပ္က မနည်း ကွာဟနေတာပင်။
ရှေ့နားမှာ လေသာဆောင်လေး မြင်တော့ သူ အဲ့ဒီမွာ ထိုင်ချင်လောက်သည်ဟု ထင်မြင်လိုက်ချိန်မှာပဲ ၊ ဆုယြီက ခေါင်းက ငုံ့နေပြီး၊ သူ့မျက်လုံးအစုံက မိမိရင်ဘက်ကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ ပြီးတော့ အဲ့ဒီလူယုတ္က အရှက်မရှိ ထင်မြင်ချက်ပေးနေသေးသည်။ မင်း ဒီလို ဆိုဒ်ကြီးကြီး ယူနီဖောင်းကို ဝတ္ထားတာ အံ့သြစရာ မရွိပါဘူး။ ဘာလို့ဆိုတော့ မင်းဟာတွေက သေးသေးလေးတွေ ဖြစ်နေတာကိုး
-
အခန်း (၂၁၁)
Temper
ဟော်မြန် ဒေါသကြောင့် ဆုယြီကို လက်လွှတ်လိုက်တော့ ၊ ဆုယြီ ဟန်ချက်ပျက်ပြီး မြေပေါ် လဲကျသွားသည်။
မင်း ကောင်မစုတ်လေး .. ဘာလို့ ငါ့ကို လွှတ်လိုက်တာလဲ၊ မင်း ငါ့ကို သေစေချင်နေတာလား
ဒါကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းခြင်း ကုထုံးလို့ ခေါ်တယ် ဟော်မြန်က သူ ခုနတုန်းက ပြောနေတဲ့စကားကို ပြန်သတိမရအောင် စိတ်ဆွပေးလိုက်သည်။
ဒါက ဘယ္လို စိတ်ပျက်စရာကုထုံးမျိုးကြီးလဲ ။ ငါ တိုင်စာ တင်မှ ဖြစ်တော့မယ်
ကောင်းသားပဲ ၊ အဆိုးဆုံး ဖြစ်နိုင်လှမှ က်မ အလုပ်ဖြုတ် ခံရရုံပေါ့။ ဒီအလုပ် မရှိလည်း က်မက သေသွားမှာမှ မဟုတ္တာ။ နားထောင်ဦး ဆုယြီ ၊ က်မ ရှင့်ကို ဂရုစိုက်ပေးတာ လုံလောက်နေပြီ ၊ ရှင်က ဟိုဘက်ခန်းက အဘိုးထက် ပို စိတ်ရှုပ်စရာကောင်းတယ်။ ရှင့်ကို IV ပေးရမှာထက် အဘိုးနဲ့ စစ်တုရင် ကစားရတာတောင် ပိုကောင်းဦးမယ် .. ဟွန့် စကားဆုံးသည်နှင့် ဟော်မြန် လှည့်ထွက်သွားတော့သည်။
ဆုယြီ မြက်ခင်းပေါ် တစ်ယောက်တည်း ထိုင်ကျန်နေခဲ့ရပြီး၊ ပြန်မထနိုင်ချေ။ ဒီနေရာမှာ အခန်းထဲက ထြက္လာသူ ဟူ၍လည်း မိမိမွလြဲ၍ မရှိနေ။ ဟော်မြန် သူ့ကို ပစ်ထားခဲ့ခြင်း၊ နေရောင်တောက်တောက် အောက်မှာ ၁၀ မိနစ်လောက် ထိုင်နေရခြင်း တို့အတွက် ဒေါသထွက်နေရလေသည်။
နောက်တော့မှ ဖြတ်သွားတဲ့ သူနာပြုတစ်ယောက်က သူ့ကို တွေ့သွားပြီး အခန်းကို ကူပြီး ပြန်ပို့ပေး၏။ အခန်းထဲ ပြန်ရောက်လာတော့ ချက်ချင်းပဲ စင်တာရဲ့ အုပ်ချုပ်သူတွေကို တိုင်ကြားဖို့ ဖုန်းကို ကောက်ကိုင်လိုက်သည်။ သို့ပေမဲ့ ဖုန်းခေါ်နေတုန်းမှာပဲ ပြန်ပိတ်လိုက်မိ၏။
ဟော်မြန် ပြောတာ မှန်နေတာပဲ၊ အလွန်ဆုံးမှ သူ့ကို အလုပ်ဖြုတ်ရုံပဲ ရွိမွာ။ ဒါပေမဲ့ သူ သာ အလုပ်ဖြုတ်ခံလိုက်ရရင်၊ တျခား ဦးနှောက်နည်းတဲ့ သူနာပြုတွေ ထဲက တစ်ယောက်က မိမိကို ဆေးလာသွင်းပေးဦးမည်၊ ဒါဆို ပထမတုန်းကလို မိမိပင် နာကျင်ရလိမ့်ဦးမည်။
ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်ပြီးတော့ ၊ မိမိကိုယ္မိမိ စိတ်သဘောထားကြီးသည့်လူအဖြစ် ထားကာ ဒီမိုက်မဲတဲ့ မိန်းကလေးကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
သူ မသိတာကေတာ့ ဟော်မြန် ဆုယြီကို ဂရုမစိုက်ဘဲ တမင် ထားခဲ့တယ်ဆိုတာ အကြောင်းရင်းတစ်ခုတည်းကြောင့်ပင်။
သူကို ပြုစုရတာ ခက်ခဲသည့်အတူ၊ မိမိကို အသားယူခံရတာမျိုးကိုလည်း မကြိုက်လို့ ပင် ဖြစ်၏။
ဒီနေ့ ဖြစ်တာကိုသာ ချင်းချူ သိသွားရင်၊ မိမိကို သေအောင် လည်ပင်းညှစ်လိမ့်မည် ထင်သည်။
မိမိနှင့် ချင်းချူ လက္ထပ္ထားတာက နောက်ဆုံးအဆင့်ထိ မရောက်သေးဘူး ဆိုသော်လည်း တခြားယောက်ျားတွေနဲ့ ရင်းရင်းနှီးနှီးနေခြင်းကို ရှောင်ကြဉ်တာက ပိုကောင်းသည်ဟု တွေးမိပြီးသားဖြစ်သည်။
ဟော်မြန် .. ဒီလို မလုပ်ပါနဲ့ ။ ယူ မလုပ်ရင် တခြားလုပ်မဲ့သူလည်း မရွိဘူး။ ယူက ဒီမွာ အရည်အချင်း အရှိဆုံးလေ။ နန်နန် နဲ့ ၊ တခြားသူနာပြုတစ်ယောက်တို့ တာဝန်လွှဲချိန်မှာ သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားကြသည်။
တို့တွေ အဆင်ပြေမှာပါ။ ဒီနေရာမှာ သူနာပြုတွေ အများကြီး ရှိနေတာပဲ ။ ဒီတော့ အဲ့ထဲမွာ တော်တဲ့သူတွေလည်း ရှိမှာပေါ့ ။ ဆေးထိုးရတာ အဲ့လောက် မခက်ပါဘူး။ နည်းနည်းလောက် ကြိုးစားကြည့်လိုက်ရင် နောက်ဆို အသားကျသွားပြီး ၊ က်မ မရှိဘဲလည်း အဆင်ပြေသွားတော့မှာ
ဟော်မြန် မစ္စတာဆုက မင်းကို အခက်တွေ့အောင် လုပ်လို့လား သူနာပြုခေါင်းဆောင်က မနေနိုင်တော့ဘဲ ဝင်မေးမိသည်။
ဟော်မြန် ခေါင်းညိတ်ပြလိုက်တော့
ဟော်မြန် .. ဒီလိုဆိုရင်ရော .. အစ္မ မင်းကို နောက်ထပ် တစ်ရက် ၅၀၀ ယွမ် ထပ်တိုးပေးမယ်လေ။ အစ္မ ဒါကို အထက္ကို တင်ပြပေးလိုက်ရင် ..
ဟော်မြန်က သူနာပြုခေါင်းဆောင် ကို ကြားဖြတ်တားလိုက်သည်။ ခေါင်းဆောင်၊ ဒါက ငွေကြောင့် မဟုတ်ပါဘူး။ က်မ သူ့ကို ထပ်ပြီး မပြုစုပေးချင်တော့ဘူး။ အခန်း ၂ က အဘိုးကို က်မ တာဝန္ထားပါ။ ဒါမှမဟုတ်ရင် က်မကို ဦးနှောက်အာရုံကြောဌာနကို ပြောင်းပေးပါ။ လေဖြတ်တဲ့ လူနာတွေကို က်မ ကြည့်ပေးနိုင်ပါတယ်။
ဟော်မြန် အတွေးထဲမှာတော့ လေဖြတ်တဲ့လူနာကို ဂရုစိုက်ပေးရတာက ဆုယြီကို ပြုစုပေးရတာထက် ပိုလွယ်မယ်လို့ တွေးမိသည်။ အနည်းဆုံးတော့ သူတို့က မောက်မာနေမှာ မဟုတ်ဘူးလေ။
မိမိက ကြင်နာတတ်သည့် သူနာပြုတစ်ယောက်ဆိုသော်လည်း မိမိမှာလည်း စိတ် တော့ ရှိသေးသည်လေ။ မိမိက က်ားလို အစွယ်ထုတ် မပြဘူးဆိုရင် Hello Kitty နဲ့ အမှတ်မှားနေနိုင်သည် မဟုတ္လား။
ဟော်မြန် စကားကို ကြားရတော့ သူနာပြုခေါင်းဆောင်က တားမေနေတာ့ဘဲ ခေါင်းညိတ်လိုက်သည်။
အဲ့ဒီညမွာ သူနာပြုအသစ်မှ ဆုယြီကို ဆေးသွင်းပေးဖို့ စီစဉ်လိုက်ကြသည်။ သို့ပေမဲ့ သူအခန်းထဲ ဝင်သွားသည်နှင့် ဆုယြီက သူ့ကို မောင်းထုတ်လိုက်သည်။
သူက ဟော်မြန် ကိုပဲ ခေါ်လာခဲ့
သခင် .. သခင်လေးဆု ၊ ဟော်မြန် က သခင်လေးကို ဆေးလာထိုးပေးတော့မှာ မဟုတ္ဘူး။
ဘာလို့လဲ အေးစက်စက်မျက်နှာနဲ့ ဆုယြီက သူနာပြုရဲ့ကြောက်ရွံ့နေတဲ့ မျက်နှာကို အကဲခတ်နေ၏။
သူက .. သူပြောတာက .. သူနာပြုက အရမ်းကြောက်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။
မင်းက အ.ထစ် လား ။ မြန်မြန်ပြော သူဘာပြောတာလဲဆိုတာကို ဆုယြီ ရူးချင်လာမိသည်။
သူ ပြောတာက သူက .. သူက သခင်လေးဆုကို ပြုစုပေးရတာက လေဖြတ်ထားတဲ့ လူနာတွေကို ပြုစုပေးရတာထက် ပိုခက်တယ်တဲ့
အထက်ပါစကားကို ကြားရတဲ့နောက်တော့ ဆုယြီရဲ့ မျက်နှာက မဲမှောင်လာသည် .. ကောင်းပြီလေ .. ဒီနေ့ အစောပိုင်းတုန်းက ဥယျာဉ်ထဲမှာ နေပူပူအောက် ပစ်ထားခံရတာကိုတောင် မတိုင်တောခဲ့ပေမဲ့ ၊ အခုတော့ ဟော်မြန်က မိမိကို လှည့်ကွက်လုပ် ကစားနေပြီပေါ့။
-
အခန်း (၂၁၂)
The Hidden Truth
သူနာပြုခေါင်းဆောင်ကို သွားခေါ်လိုက် ဆုယြီ စိတ်မရှည်တော့။
သူနာပြုခေါင်းဆောင် ဆုန်းလင်း ရောက်လာတော့ ၊ ဆုန်းလင်းက တေလးတစား တောင်းပန်စကား ဆိုပေမဲ့ ဟော်မြန် အကြောင်းတော့ စကားမစလာခဲ့။
နောက်ဆုံးတော့ ဆုယြီ စိတ်လျှော့ပြီး ဟော်မြန် ကိုပဲ တောင်းဆိုလိုက်သည်။ ဟော်မြန် ကေရာ၊ သူ ငါ့ကို တာဝန်ယူပေးလို့ ရတာပဲ။ တခြားသူနာပြုတွေကို ငါ့နား မလွှတ်ပါနဲ့ ၊ သူတို့ တွေက ဝက္လိုပဲ ဥာဏ္မရွိဘူး
သခင်လေးဆု ပြောချင်တာက တခြားသူနာပြုတွေအကုန်လုံးထဲမှာ ဟော်မြန် တစ်ယောက်သာပဲ ကျွမ်းကျင်မှု ရှိသည်ဟု ဆိုလိုရင်း ဖြစ်သည်။ ဒါပေမဲ့ အရေးကြီးတာက ဟော်မြန်က သာမာန်သူနာပြုတစ်ယောက် သက်သက် မဟုတ်နေတာပင်။ သူ့မှာ ဆရာဝန်လက်မှတ် မရှိသော်လည်း ၊ သူက ကိုယ်ဝန်ဆောင်လူနာကို C-Section ခွဲစိတ်မှု လုပ်ပေးနိုင်ခဲ့တာ ဖြစ်သည်။ ဒါရိုက္တာဝူ က ဟော်မြန်ရဲ့ အရည်အချင်းတွေ အလဟသ မဖြစ်ရအောင် ပြင်ဆင်ပေးချင်ပေမဲ့ ဟော်မြန်က လက်ရှိအလုပ်ကိုပဲ ဆက်လုပ်ဖို့ ရွေးခဲ့တာ ဖြစ်သည်။
ဆုယြီက ဟော်မြန် ကို မေးလာတာကို ကြားရတော့ ၊ ဆုန်းလင်း နည်းနည်းတော့ တုန်လှုပ်မိသည်။ သခင်လေးဆု ၊ က်မ စိတ်မကောင်းပါဘူး။ ဟော်မြန် .. သူက
သူ ဘာတွေ တွေးနေလဲ ငါ ဂရုမစိုက္ဘူး။ ဘာလိုဖြစ်ဖြစ် သူ့ကို ဒီခေါ်လာခဲ့။ ငွေရေးကြေးရေးက ပြဿ နာ မဟုတ္ဘူး။ သူ ဘယ်လောက် လိုချင်လဲ မေးလိုက်၊ သူ့ခေါင်းအထိ ငွေနဲ့ ဖို့ထားလို့ ရတယ်။ တစ်ရက်ကို ယွမ် ၁ သိန်း ပေးမယ်ဆို မလုံလောက်ဘူးလား ဆုယြီက သူ့လက်တွေ ဝှေ့ယမ်းလိုက်ပုံက ဘာကို မွ ဂရုမစိုက္ဘူး ဆိုတဲ့ ပုံစံပင်။
အမွန္ကတော့ ပိုက်ဆံပေးလို့ ရမည်လားဆိုတာ သူကိုယ်တိုင်လည်း သိပ္မေသခ်ာ။ ဟော်မြန်က ငွေကို ဂရုမစိုက္ဘူးဆိုတာ ကင်မ်ဘတ်ကိစ္စ ကတည်းက သိထားချဲ့ပီပဲ။
ဒါက ငွေကြောင့် မဟုတ်ပါဘူး၊ သခင်လေးဆု ဆုန်းလင်း ရဲ့ တုံ့ပြန်ပုံက မျှော်လင့်ထားသလိုပင်။
ဒီကမ္ဘာမှာ ငွေနဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿ နာ ရွိတယ်ဆိုတာ ငါ မယုံဘူး သခင်လေး ဆု ရဲ့ အလိုလိုက်ခံထားရတဲ့ စိတ်သေဘာထားက ပြန်ပေါ်လာကာ၊ သူ အေးစက်စက်ပုံဖြင့် နှာခေါင်းရှုံ့လိုက်၏။
သခင်လေးဆု .. ဟော်မြန် က မတူပါဘူး
သူက ဘာတွေ မတူတာလဲ ။ လူတိုင်းမှာ နှာခေါင်းတစ်ခု ၊ မျက်လုံး နှစ်လုံး ရှိတာပဲလေ။ သူက လှနေတာလည်း မဟုတ်ဘဲနဲ့ ၊ သူ့ ရင်ဘတ်ကလည်း သနားစရာကောင်းအောင် သေးသေးလေး ၊ သူ့ စိတ်သဘောထားကလည်း စိတ္ပ်က္စရာ။ သူ့လို မိန်းမက ဘာမွ ထူးခြားနေတာလည်း မဟုတ်ဘဲနဲ့ ။ ဆုယြီက ခပ်ကြမ်းကြမ်းပဲ ပြောလိုက်၏။
ဆုန်းလင်းက ပြုံးလိုက်ပြီး ၊ ဖြေရှင်းပြလာသည် ဟော်မြန်ရဲ့ အေတြးက သူများတွေနဲ့ မတူတာပါ။ ကျမလည်း အရင်ကတော့ သူ့ကို ဒီလိုပဲ ထင်ခဲ့မိတာပါ။ ဒါပေမဲ့ သူ့ကို ပိုရင်းနှီးလာတော့ ၊ သူ့ရဲ့ ခြားနားချက်လေးတွေကို သိလာရတယ်။ သူ့အလုပ်ကပဲ သူ့ရဲ့ပျော်ရွှင်မှု ဖြစ်နေတာပါ ။ သူ လုပ်တဲ့အလုပ်ကို ကောင်းကောင်း ဂရုစိုက်လုပ်တယ်၊ ဒါပေမဲ့ သူက နည်းနည်းတော့ ခေါင်းမာတယ်။
ဆုန်းလင်းပြောတာ မှန်ပါ၏။ ဟော်မြန်ရဲ့ ကျွမ်းကျင်မှုအဆင့်က ကောင်းမွန်လွန်းနေသည် မှန်သော်လည်း သူက အရမ်း ခေါင်းမာလေသည်။
ဘယ်လောက်ပဲ သူ့ကို သင်ကြားပြောပြပေးပေမဲ့ သူက ဆုယြီကို VIP လူနာတစ်ယောက်အဖြစ် မဆက်ဆံခဲ့။ အခါပေါင်းများစွာပဲ ဆုယြီရဲ့ ဒေါသက ထူထောင်ရေးစင်တာ တစ်ခုလုံးကို လောင်ကျွမ်းစေတော့မည်ဟု ဆုန်းလင်း ခံစားမိရသည်။ ဒါဆို မိမိတို့ ဘာလုပ်နိုင်မလဲ ။ ဟော်မြန်က အဲ့ဒါကို ဂရုမစိုက်ရုံတင်မက ၊ ဆုယြီကို ပြုစုပေးဖို့ကိုတောင် ငြင်းဆန်နေသည်။ သူ့ရဲ့ အကြောင်း ပြချက်က ဒီသခင်လေးထက် လေဖြတ်ဝေဒနာသည်တွေကို ပဲ ပြုစုပေးချင်သည် ဟူ၏။ ဒါကို ဆုယွီသိရင် ဒီစင်တာ တစ်ခုလုံး ထပေါက် ပေတော့မည်။
ဆုန်းလင်း မသိသည်က ဒီစကားကို ဆုယြီ ကြားပြီးပြီ ဆိုတာကိုပင်။ သူ ဒေါသတွေ ပေါက်ကွဲထွက်လု ဖြစ်နေရသော်လည်း သူ စိတ်အေးအေးထားပြီး၊ ဟော်မြန်ကို မိမိရဲ့ သီးသန့် သူနာပြု ဖြစ်လာဖို့ တောင်းဆိုနေတာ ဖြစ်၏။ ဒါက ဟော်မြန်ကို ပိုနားလည်ဖို့ ပေးတဲ့ အခွင့်အရေး ဖြစ်နိုင်ပြီး ၊ ဒါဆို နောင်ကျ လက္စား ပြန်ချေလို့ ရနိုင်ပေမည်။
ခင်ဗျားက သူ့ရဲ့ အထက်အရာရှိပဲ ၊ ခင်ဗျားသူ့ကို အာဏာသုံးပြီး ခိုင်းလို့ မရဘူးလား။ ဆုယြီက ဆုန်းလင်းကို တစ်ချက်ကြည့်ပြီး အကြံဥာဏ် ပေးလိုက်၏။
ဒါပေမဲ့ က်မ အဲ့လို လုပ်ရင် ၊ သူ အလုပ်ထွက်သွားလိမ့်မယ်။ ဒါဆို က်မ အမွား ဖြစ်သွားမှာပေါ့ .. သခင်လေးဆု ရယ်
ဘာရယ် .. သူက ငါ့ကို ပြုစုဖို့ထက် အလုပ်ပိုထွက်ချင်တယ်ပေါ့ ဆုယြီရဲ့ မာနကို ရိုက္ခ် ခံလိုက်ရသလို ဖြစ်သွားသည်။
သူက သူကောင်းကောင်း ဂရုမစိုက္တာကို တာဝန်မယူချင်လို့ ဖြစ်ရမယ်။ အခုခေတ် မိန်းကလေးတွေက တော်ကြတာပဲ၊ သူတို့ရဲ့ တာဝန် ယူရမွာ များရင် သူတို့ ရင်မဆိုင်ချင်ကြတော့ဘူး ဆုန်းလင်းက ညင်ညင်သာသာ ရှင်းပြ၏။
ဒါဆို ရျပီ၊ ခင်ဗျား အခု ထွက်သွားလို့ ရျပီ ဆုန်းလင်းလည်း မိမိကို မကူနိုင်ဘူးဆိုတာ မြင်ရတော့ ဆုယြီ လက်တစ်ချက် ယမ်းပြလိုက်သည်၊ သူ့နဲ့ စကားထပ်ပြောချင်စိတ် ရွိမေနေတာ့။
သူ့ဖုန်းကို ယူလိုက်ပြီး နံပါတ္တစ္ခုကို ဆက်သွယ်လိုက်သည်၊ မင်း တစ္ခုခု ရှာတွေ့ပြီလား
ဆောရီး ၊ သခင်လေး ၊ ဘာမွ မသိရေသးဘူး။ သူ့ နောက်ကြောင်းက အရမ်း ရိုးရှင်းတယ်။ တျခားဘာမွ ထပ်မတွေ့ဘူး။ သခင်လေးရဲ့ ခန့်မှန်းချက် သံသယက မှားနေတာလည်း ဖြစ်နိုင်ပါတယ်
ဆုယြီ မျက်နှာအိုသွားသည်။ မင်းက ငါ့ အမိန့်ကိုတောင် မဝေခွဲနိုင် ဖြစ်နေတာလား။
မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး သခင်လေး ၊ ကျတော် က သူ့လို သာမာန်မိန်းကလေး တစ်ယောက်က ဒီလို ရှုပ်ထွေးတဲ့ နောက်ကြောင်း ရှိနိုင်မယ် မထင်လို့ပါ
-
အခန်း (၂၁၃ )
Invitation
မင်း သိတာ ဘာရွိလဲ ။ ငါ့ရဲ့ သုံးသပ်ချက်က ဘယ်တုန်းကမှ မမွားဘူး။ မင်းတို့လူတွေ ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ။ သူ့အကြောင်း ထပ်စုံစမ်းထား ဖုန်းချလိုက်ပြီးတော့ ၊ ဆုယြီ စိတ်ရှုပ်ထွေးစွာ အိပ်ရာပေါ် ပြန်လှဲနေမိသည်။
ဟော်မြန် အပေါ် မိမိသေဘာထားက ပုံမှန် မဟုတ်နေ။ မိမိရဲ့ စိတ်ဝင်စားမှု မြင့်တက်နေရသည့်အကြောင်းက သူတို့ ဆေးရုံမှာ အငြင်းပွားနေတာကြောင့်မဟုတ်၊ သူ့ရဲ့ နောက်ကြောင်းကြောင့်သာ ဖြစ်သည်။ စုံစမ်းသိရှိရသလောက်က ၊ ဟော်မြန်ရဲ့ ဇာတ်ကြောင်းမှာ သာသာယာယာတော့ ရွိမေန၊ သူ့မှာ မောင်အငယ် တစ်ယောက် ရှိနေပြီး၊ မိခင်ရယ်၊ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပေထြးရယ်သာ ရှိသည်။ သူ့ရဲ့ သွေးရင်းဖခင်ကတော့ လျှို့ဝှက်ချက် ဖြစ်နေသေးသည်။ ပြီးခဲ့တဲ့ အင်တာနက်ပေါ်က ကိစ္စတုန်းကတော့ သူက ရိုးရိုးပင်၊ ဒါပေမဲ့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာက ဟော်မြန်ရဲ့ အပြစ်ကင်းမှုကို မြန်မြန်ကြီး အတည်ပြုချက် ရသွားတာကြောင့် ဖြစ်သည်။ သတင်းတွေက သူ့ကို နတ်သမီးလို တောင် ပုံဖော်ပြောနေကြသည်။ ဒီလို အကြောင်းအရာမျိုးက ဆေးရုံလို ဆက်သွယ်ချက် သိပ်မရှိတာမျိုးနှင့်တော့ ဖြစ်နိုင်မည်မဟုတ်။ ဆေးရုံအုပ် ဝူကျုံးရှင်းနဲ့လည်း ပတ်သတ်မှု မရှိဘူးဆိုတော့ ဒါက ပိုလို့တောင် ထူးဆန်းနေတာ ဖြစ်၏။
ဟော်မြန်လို သာမာန်အမျိုးသမီးရဲ့ နောက်ကွယ်မှာ ဘယ္လို အင်အားကြီးသည့်သူမျိုးက တိတ်တဆိတ် ကာကွယ်ပေးနေတာပါလဲ။ သူ ဟော်မြန်ကို TV သတင်းမှာ မြင်ရတော့ ဆုယြီ ခန့်မှန်းမိတာက ဒီသူနာပြုရဲ့ နောက်ကွယ်မှာ နောက်ခံ ကောင်းကောင်း ရှိနေနိုင်သည် ဟူ၍။
သို့ပေမဲ့ ၊ သူ့ကို ပိုသိလာ ပြီးနောက်မှာတော့ သူက ထူးဆန်းတဲ့ အမူအကျင့်တွေ ရှိနေတဲ့ အမျိုးသမီးလည်း ဖြစ်သည်ဆိုတာပင်..
ဟော်မြန်နားမှာ ရှိနေသည့် အရာအားလုံးကို ဆုယြီ စိတ်ဝင်စားသည်၊ သူ့အကြောင်းကိုလည်း ပိုပိုပြီး သိချင်နေမိသည်။ ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာသလို လည်း ဖြစ်လာသည်။
ဟော်မြန်က ဆုယြီရဲ့ သီးသန့်သူနာပြု ဖြစ်ဖို့ရာ ငြင်းပယ်သည်ဆိုသည်က တောင်ဘက်ပိုင်း ပြန်လည်ထူထောင်ရေးစင်တာမှာတော့ စက်ရပ်သတင်း ဖြစ်နေလေတော့သည်။
ဆေးရုံသက်သာဆိုင် ထဲ နေ့လည်စာစားချိန်မှာ ၊ ဟော်မြန်က အကုန်လုံးရဲ့ မ်က္စိက်ရာ၊ အချက်ပြရာ၊ လက်ညှိုးထိုးရာ ကြီး တစ္ခု ဖြစ်နေလေတော့သည်။
ကြည့်ပါဦး ၊ ယူက တို့ဆေးရုံမှာ နာမည်ကြီး ဖြစ်နေပြီ နန္နန္က ပါးစပ္ကို ကြယ္ကာ ရယ်မောနေ၏။
ဟော်မြန် စကားမပြောဖြစ်၊ ခေါင်းငုံ့ကာသာ တိတ်တိတ်ဆိတ်ဆိတ် ဆက်သာစားနေ၏။
မိမိ အမြဲတမ်း မထင်မရှားနေလေ့ရှိသော်လည်း၊ ဘယ်နေရာရောက်ရောက် ပြောစရာ ဖြစ်နေတာကို ရှောင်မရနိုင်အောင် ဖြစ်ရ၏။ ဘာကြောင့် ဖြစ်ရသည်ဆိုသည်ကို မိမိ သေချာ မသိသော်လည်း ၊ ဒါနဲ့ ရေစက်ပါနေတာလည်း ဖြစ်နိုင်သည်။
ဟော်မြန် .. ယူ တကယ်ပဲ ဆုယြီ အခန်းကို မသွားတော့ဘူးလား
အင်း နန်နန် ရဲ့ စပ်စုမှုကို ရင်ဆိုင်ရတော့ ဟော်မြန် အတည်ပြုရုံသာ တုံ့ပြန်လိုက်မိသည်။
ဒါပေမဲ့ ဒီလို အခွင့်အရေးနဲ့ လြဲရတာကို နောင်တရမနေနဲ့နော် ။ သခင်လေးဆုရဲ့ သည်းခံနိုင်စွမ်းကလည်း သိပ်ကောင်းတာ မဟုတ်ပေမဲ့လည်း ၊သူ့ရဲ့ သီးသန့်သူနာပြု ဖြစ်ဖို့က သူနာပြုတိုင်းရဲ့ အိပ္မက္လို ဖြစ်နေတာ။ သူနာပြုတွေ ဘယ်လောက်တောင် ယူ့ကို အားကျနေသလဲ၊ မုန်းနေကြသလဲ ဆိုတာ ယူ သိရဲ့လား။
သူတို့ လုပ်ချင်တယ်ဆိုလည်း လုပ်ကြပေါ့။ ဘာလို့ မနာလိုတာ၊ အားကျတာတွေ ဖြစ်နေရမှာလဲ
အဓိပါယ္မရွိတာ၊ သူတို့ အကုန် သွားပြီးသွားပြီ၊ ဒါပေမဲ့ သခင်လေးဆုက သူတို့ထဲက တစ်ယောက်ကို ရွေးမယ်များ ယူ ထင်နေလို့လား။ သခင်လေးဆုက ယူ့ အပေါ် ကောင်းပါတယ်။ ယူ သူ့ကို အကြိမ်များစွာ ဆေးထိုးပေးဖူးတာပဲ ၊ ယူ နဲ့ဆို သူ လုံးဝ စိတ်မဆိုးဘူး။ ယူ့ရဲ့ လျှို့ဝှက်ချက်က ဘာမ်ားလဲ နန်နန် က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဟော်မြန် မျက်နှာက ကူကယ်ရာမဲ့သလို ဖြစ်သွားရကာ ၊ စားစရာတွေကိုသာ ကုန်အောင် စားနေလိုက်သည်။ သူ့ရှေ့က မိန်းကလေးကို ကြည့်ပြီး က်မမွာ ဘယ္လို လျှို့ဝှက်ချက်မှ မရွိပါဘူး
အော် .. ဒါဆို ယူ့ရဲ့ ပညာကြောင့်ပဲ ဖြစ်ရမယ်။ ယူက ဆေးထိုးတာတောင် မနာအောင် ထိုးပေးတတ်တာကိုး။ ဟော်မြန် နန္နန္ကို သင်ပေးပါလား။ ယူ့ဆီက သင်ယူချင်တယ်
ပလိစ် .. ဒါက အခြေခံအကျဆုံး အချက်ပါနော်၊ ရှင်တို့ ဆေးကျောင်းမှာတုန်းက မသင်ရဘူးလား ဟော်မြန် ရယ်ချင်တာရော၊ စိတ်မကောင်းတာရော နှစ်ခုတွဲ ဖြစ်နေရသည်။
နန်နန် က သူနာပြု ဖြစ်တာတောင် နည်းနည်းကြာနေပြီ၊ ဒါပေမဲ့ သူက မိမိဆီကေန ဘယ္လို ဆေးထိုးရမယ်ဆိုတာ ပြန်သင်ချင်နေသည်တဲ့။ သူတို့ ကျောင်းမှာတုန်းက စာမွ အာရုံစိုက်ခဲ့ကြရဲ့လားဆိုတာ ဟော်မြန် တွေးနေမိသည်။ ဒီလို အခြေခံ အကျဆုံး အခ်က္ကို ဘာကြောင့် မသိရတာလဲ၊ တောင်ဘက်ပိုင်းစင်တာကရော သူ့ကို ဘာကြောင့် ခန့်ထားရတာလဲ။ သူက လှလို့၊ ချောလို့ ပဲ ခန့်လိုက်တာလား။
ဟုတ်တယ် နန်နန် သင်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်လေးဆု ကျတော့ မတူဘူးလေ။ သူက ညှိလို့ မလြယ္ဘူး ဖြစ်နေတာ။ ပလိစ် .. ဟော်မြန်
နန်နန်ရဲ့ တောင်းဆိုချက်ကို မငြင်းပယ်နိုင်တော့ဘဲ ၊ အခန်း ၂က အဘိုးကို ကုထုံးများဖြင့် ပြုစုပေးခြင်းများ အပြီးမှာတော့ မိမိရဲ့ ဆေးထိုးပုံ နည်းလမ်းအချို့ကို သင်ကြားပေးရတော့သည်။
အဲ့ဒီမိန်းကလေးက သူ့လက်မောင်းသူ သုံးပြီး လေ့ကျင့်နေလိုက်တာ ၊ မွန်းလွဲပိုင်းမှာတော့ လက်မောင်းတလျှောက် အနီစက်များ ပြည့်နေတော့သည်။
အလုပ်ဆင်းလို့ ကားမောင်းပြီး အိမ်ပြန်နေတုန်း ဟော်မြန်ရဲ့ ဖုန်းက ရုတ်တရက် မြည်လာသည်။ တစ်ချက်ကြည့်လိုက်တော့ နဉ်ကျစ်ယွမ် ခေါ်နေတာမို့ ပြန်ချထားလိုက်သည်။
သုံးမိနစ်လောက် ကြာတော့ စာတစ်စောင် ပို့လာ၏၊ (ဟော်မြန် .. ကို ဝူရှောင်းရွယ်နဲ့ နောက်လ ၁၇ ရက်နေ့မှာ လက်ထပ်မယ် ။ အခမ်းအနားက မနက် ၉ နာရီမွာ စမယ်။ ရှန်းကျင်း ဟိုတယ်လ်ရဲ့ သုံးလွှာမှာ လုပ်မှာ။ အဲ့နေ့ လာဖို့ မမေ့နဲ့နော် )
-
YOU ARE READING
အချစ်စတင်ခဲ့ရာ( Volume two)
RomanceSynopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ြ...