အခန်း (၃၅၆)
Young Master Su’s Declaration of War (8)
“ အရင် ဝတ်ကြည့်စမ်းပါဦး ” ဟော်မြန်က ပေးမသိချင်ပုံဖြင့် ဖုံးကွယ်နေသေးသည်။
ချင်းချူလည်း ဘာမှ မတတ်နိုင်တော့ဘဲ လှမ်းယူကာ အိပ်ခန်းထဲ ဝင်သွားလိုက်သည်။ နောက်တော့ သူ့ရဲ့ ရုံးတက်ဝတ်စုံကို ချွတ်ပြီး ဟော်မြန်ပေးတဲ့ ဟာကို လဲဝတ်လိုက်သည်။
ချင်းချူ အဝတ်လဲချိန်မှာ သူက ဟော်မြန်ကို ဘာမှ ဖုံးကွယ်မနေ ၊ အဝတ်တွေကို ချွတ်ပြီး သူ့ခန္ဒာကိုယ် အပေါ်ပိုင်းကို လှစ်ပြလာ၏။
ဟော်မြန်ကလည်း ရှက်ရွံ့ပြီး ထွက်သွားတာမျိုး မလုပ်၊ သူ့မျက်နှာကိုသာ လိုက်ကြည့်နေသည်။
မြန်က ကျိတ်ပြီးတော့တောင် ချင်းချူရဲ့ ခန္ဒာကိုယ် ဘယ်လောက်တောင့်ဖြောင့်သလဲဆိုတာ စူးစမ်းနေသေးသည်။ အသားအရောင်က ဖြူရော်မနေဘဲ နေလောင်ခံထားသည့်ကြေးနီရောင်မျိုးဖြစ်ပြီး ကြည့်ရတာ အရမ်း ဆွဲဆောင်မှု ရှိနေစေသည်။ ယောက်ျားသား အားလုံးက သူ့လို ခန္ဒာကိုယ်မျိုး ရှိသင့်သည်လေ။
မိနစ်ပိုင်းလောက်ကြာပြီးတော့၊ ချင်းချူက ဟော်မြန်ပေးလာတဲ့ အကျီကို ဝတ်လိုက်သည်။ ဟော်မြန်ကို ပြန်ကြည့်လာပြီး မေးခွန်းထုတ်လာတော့၏ “ ဒါက ဘာတွေလဲ”
“ ကျမနဲ့ ဆင်တူလေ ၊ စုံတွဲဝတ်စုံပေါ့ ” သူ ဝတ်ထားတဲ့ အနီရောင် တီရှပ်ကို ပြန်ထိုးပြရင်း ဟော်မြန်က ပြောလိုက်သည်။
ချင်းချူတစ်ယောက် ပြောစရာ စကားမရှိတော့။
“ဒါဆို .. ကိုယ်က ဒီလို မစ်ကီမောက်စ် ပုံနဲ့ ဟာကြီးကို ဝတ်ပြီး အပြင်ထွက်ရမယ်ပေါ့ ”
ချင်းချူ တစ်သက်လုံးမှာ ဘယ်တုန်းကမှ ဒီလို ကာတွန်းရုပ်တွေနဲ့ ရှပ်တွေ မဝတ်ဆင်ခဲ့စဖူး။ ဒီလို ထင်သာမြင်သာအရောင်ကြီးကို ပထမဆုံး ဝတ်ဆင်မိတာက သူ့ကို နေရခက်နေစေသည်။
“ ကျမကတော့ လိုက်တယ်ထင်တာပဲ၊ ရှင်က ဘာကို စိုးရိမ်နေတာလဲ”
“ အဟမ်း .. ကိုယ် .. ကိုယ် ဒါကို မဝတ်လို့ မရဘူးလား။” ချင်းချူက နှာခေါင်းကို အသာပွတ်ရင်း၊ စိတ်ဓါတ်ကျနေတဲ့ လေသံနဲ့ ပြန်မေးလာသည်။
ESTÁS LEYENDO
အချစ်စတင်ခဲ့ရာ( Volume two)
RomanceSynopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ြ...