186 to 192 (z+u)

1.3K 122 0
                                    

အခန်း (၁၈၆)
Bickering
သူတို့လေးယောက် အတူ စားကြဖို့ဆိုတာ နည်းနည်း ထူးဆန်းနေသည်ဟု ဟော်မြန့် ထင်ပေမဲ့ ချင်းချူက ခုခံပြောနေတော့ သူ ဘာမွ ထပ်မပြောမိတော့။
ချင်းချူက တရုတ်ရိုးရာဟင်းတွေကြောင့် နာမည်ကျော်တဲ့ Phoenix စားသောက်ဆိုင်မှာ ကြိုတင်နေရာမှာထားလိုက်သည်။
စားသောက်ဆိုင်က ရိုးရာပုံစံ ပြင်ဆင်ထားလေပြီး၊ အဓိကဟင်းလျာအဖြစ် နှပ်ထားသောအသားများ၊ အသားကင်ဟင်းပွဲများ ကို ပြင်ဆင်ပေးတာ ဖြစ်သည်။ သူတို့ရဲ့ နာမည်အကြီးဆုံး ဟင်းလျာက ကြက်သားအစပ်ဟင်း ဖြစ်သည်။ ထိုဟင်းက ပထမဆုံး အသားကို သူတို့ရဲ့ လျှို့ဝှက်ဟင်းချက်နည်းဖြင့် ၂၄ နာရီ နှပ်ထားပြီး ၊ အသားကင် မလုပ်ခင် အရင် ရွှေရောင်သန်းနေအောင် မီးအေးအေးဖြင့် အပူပေးထားတာ ဖြစ်သည်။ အသားက အပြင်ပန်းမှာ ကြွပ်ရွနေပြီး၊ အတွင်းဘက်မှာ နူးညံ့နေကာ ၊ သင်းပျံ့တဲ့ ရနံ့က အဝေးမှပင် အနံ့ရနိုင်တာ ဖြစ်သည်။ အဲ့ဒါက ဒီ စားသောက်ဆိုင်မှာတော့ မျဖစ္မေန မှာယူစားသုံးရမည့် ဟင်းလျာပဲ ဖြစ်သည်။
ဒီစားသောက်ဆိုင်မှာ စားပွဲတစ်ဝိုင်းစာ နေရာရဖို့ပင် ခက်ခဲပေမဲ့ .ချင်းချူကတော့ အဆက်အသွယ်တွေ အများကြီးရှိသည့် လူတစ်ယောက်ပေမို့.. ..သူတို့ လေးယောက်လုံး နေရာရရုံတင်မက ၊ ဆိုင်ရဲ့ အကောင်းဆုံး သီးသန့်ခန်းမှာပါ နေရာပေးခြင်း ခံရလေသည်။
ချင်းချူနဲ့ ဟော်မြန့်က သူတို့ ရောက်သည်နှင့် အထူးဟင်းပွဲများစွာ အော်ဒါ ပေးထားလိုက်သည်။ ကံအကြောင်းတိုက်ဆိုင်စွာပင် ကောင်းရန်နှင့် ကျူလင်းလင်း တို့ နှစ်ယောက်က အောက်ထပ်မှာ ကတည်းက ဆုံလာကြသည်။
သူတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြတာ နှစ်များစွာ ကြာနေပြီ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် သံသယဖြင့် ကြည့်ကြတာက သာမာန်ပင် ဖြစ်သည်။ ကောင်းရန်ရဲ့ အနက်ရောင် Jaguar ကားက ကားနှစ်စီးစာ နေရာယူ ရပ္ထားလိုက္တာက ကျူလင်းလင်းရဲ့ မာဇဒါ ကားလေးကို ဘယ်နားရပ်ရမှန်းမသိ ဖြစ်နေစေလေသည်။ ထို့ကြောင့် သူက ဒီအတွက် စကားပြောရတော့မည်။ လင်းလင်း ကားပေါ်က ဆင်းလိုက်ပြီး စကားပြောဖို့ တဖက်ကားမောင်းသူကို ကြည့်လိုက်တော့ ကောင်းရန် ဖြစ်နေလေသည်။
နင်က ဘာလို့ ဒီကို ရောက်နေတာလဲ  ကျူလင်းလင်းက မျက်မှောင်ကုပ်သွား၏။
ဟေး .. ကျူလင်းလင်း ၊ မတွေ့ရတာ ကြာပြီနော်  ကောင်းရန်ကတော့ လင်းလင်းနဲ့ ဟော်မြန့် နေ့လည်စာအတွက် ချိန်းဆိုထားမှန်း သိထားသည်မို့ မအံ့သြမိပေ။
နင့်ေ-ာက္ကားကို ရွှေ့ပေး ။ ဒီကားက နှစ်နေရာစာတောင် ယူထားတာ၊ နင် မလြန္ဘူးလား
ငါ ထင်ထားတာက နင် အထက်တန်းတုန်းက ဂျပန်ထုတ် ပစ္စည်းတွေ သုံးဖို့ ဆန့်ကျင်ခဲ့တဲ့ လူလေ၊ အခု ဘာကြောင့် ဂ်ပန္ကားကို ဝယ်ထားရတာတုန်း  ကောင်းရန်က ပြန်ချေပသည်။
ကျူလင်းလင်းက မျက်စောင်းထိုးလိုက်ပြီး ပြန်ပြောလေတာက  အရင်တုန်းက ရှစ်နိုင်ငံမဟာမိတ်ဖွဲ့ပြီး တရုတ္ကို ဆန့်ကျင်ခဲ့တာ၊ အဲ့ထဲမွာ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတော်က အဆိုးဆုံးလေ၊ အဲ့ဒါကို ဘာကြောင့်များ နင်က Jaguar ကားကို ဝယ်နေသေးတာလဲ။
ဟား..ဟား .. ။ နင် နားလည်မယ်လို့ မထင်ဘူး။ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် Ford ကုမဏီက Jaguar ကို အိန္ဒိယ ကို ၂၀၀၈ မွာ ရောင်းလိုက်တာ ၊ ဆိုတော့ .. အခုက အိန္ဒိယပိုင် ဖြစ်နေပြီ။ သူမ်ားကို သင်ခန်းစာပေးဖို့ မကြိုးစားခင် ကိုယ့်ဘာသာ အရင်သေချာအောင် အချက်အလက် စုလိုက်ပါဦး။
အိန္ဒိယကားလား ? ဒါဆိုလည်း နင်က တိုင်းပြည်ချစ်စိတ်ရှိတဲ့သူတစ်ယောက်တော့ မဟုတ်သေးဘူးပဲ ကျူလင်းလင်းက ကောင်းရန်ကို မျက်စောင်းခဲမိသွားကာ၊ သူ့ကားကို ပါကင်နေရာထဲ ဆုတ်ရပ်ပြီးမှ ပြန်ထွက်လာလေသည်။
သူတို့ သီးသန့်ခန်းထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြလေသည်။ ဟော်မြန့်က ပြုံးပြရင်း  နင်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ ကြာပြီ မဟုတ္လား
ဟုတ်တာပေါ့ ၊ ဘယ်တွေ့ပါ့မလဲ ၊ ငါက အတ္တကြီးတဲ့သူတွေနဲ့ ရင်းနှီးတာမှ မဟုတ္တာ  ကျူလင်းလင်းက ချက်ချင်းပဲ သူ့ရပ်တည်ချက်ကို ကြေငြာလာ၏။
ကောင်းရန်က သူ့ဘက် တစ်ချက်လှမ်းကြည့်ရင်း  အရင်တုန်းကလည်း ငါ နင့်ကို ကြိုက်ခဲ့ဖူးတာ မဟုတ်ပါဘူး။ နင်က လေယာဉ်မယ်တစ်ယောက် ဖြစ်နေတာနဲ့ပဲ သူများတွေထက် သာတယ်လို့ ထင်နေတာ မဟုတ္လား
လေယာဉ်မယ်တစ်ယောက် ဖြစ်ရတာ ရဲတစ်ယောက် ဖြစ်ရတာထက် ပိုကောင်းတယ်လေ၊ နင်တို့တွေက ငါတို့ရဲ့ အခွန်ငွေတွေကို ယူပြီး၊ ဘာမွ လုပ်ပေးတာမှ မဟုတ္တာ ။
သူတို့နှစ်ယောက်ရဲ့ ရန်သူတွေလို အငြင်းပွားမှုကို ကြားနေရတာနဲ့ ဟော်မြန့် ခေါင်း ကိုက် ချင်လာသည်။ ဒါတွေ အားလုံးက အဲ့ဒီ မိုက်မဲတဲ့ချင်းချူရဲ့ အကြံဆိုးကြီးကြောင့်ပဲ ။ သူကေတာ့ သူ့ဘာသာသူ ပျော်နေပုံရပြီး၊ ဖုန်းပွတ်ကာ ငြင်းခုန်မှုတွေကို အေးအေးဆေးဆေး နားထောင်နေလေသည်။
မင်းတို့ မှာပြီးပြီလား  ကောင်းရန်က မေးလိုက်သည်။
ဟော်မြန့် ခေါင်းညိတ်ပြလိုက်ပြီးမှ၊ တံခါးနားမွ စားပြဲထိုး ဝန်ထမ်းကို ပြောလိုက်သည်။  ဟင်းပွဲတွေ အခု ချပေးလို့ ရျပီ
ဟေး.. တစ်ခုလောက် ညှိရအောင် ၊ ဒီနေ့ ငါဝယ်ကျွေးမယ် ၊ ချူ .. ဘီလ်အရင်ဆွဲယူဖို့ မစဉ်းစားနဲ့နော်  ကောင်းရန်က အသိပေးလိုက်သည်။
ကောင်းသားပဲ ၊ ငါလည်း မင်းနဲ့ ပြိုင်ပြီး လု မရှင်းပါဘူး  ချင်းချူက ပြုံးနေလေသည်၊ သူ စိတ်လက် ကြည်လင်နေပုံ ရေလ၏။
ကောင်းရန် ရဲ့ ဧည့်ခံမှုဆိုတာ ကြားကြားချင်းပဲ ကျူလင်းလင်းက လှည့်ကာ စားပွဲထိုးဝန်ထမ်းဘက် မေးလိုက်၏။  ဒီမွာ .. မင်းတို့ဆီမှာ ဝိုင်နီ ရလား
ရပါတယ်ခင်ဗျာ၊ အစ္မေလး .. ဘာကိုမ်ား ကြိုက်ပါသလဲ
တို့က မင်းတို့ရဲ့ ဈေးအကြီးဆုံး ဝိုင်ကို မှာမယ်။
ကျတော် အခုပဲ ယူလာပေးပါ့မယ်။ ခဏေလး စောင့်ပါ ခင်ဗျာ
ကျူလင်းလင်းက ပြုံးနေလေပြီး၊ မီနူးစာရွက်ကို ကြည့်နေလေ၏။ ဈေးအကြီးဆုံး ဝိုင်နီရဲ့ တန္ဖိုးက ယွမ် ၃၈၈၈ ဖြစ်လေ၏။
ကောင်းရန်က ရယ္လိုက္ကာ  တစ်ပုလင်း လောက်လို့လား။ ငါတို့ နောက်ထပ် ထပ်မှာသင့်တယ် ထင်တယ်
ငါ က နင့်ကို ကြောက်မယ်များ ထင်နေလား။ ဒီမွာ.. ဟေ့ .. တို့ဆီကို ဝိုင်နှစ်ပုလင်း ယူခဲ့ပေး  ကျူလင်းလင်းက အောက်ကျမခံချင် ဖြစ်နေ၏။
နင် ဘယ်နှစ်ပုလင်း မွာမွာ ငါဂရုမစိုက်ပါဘူး။ ဒါပေမဲ့ အလဟသ ဖြစ်မှာတော့ ငါမကြိုက်ဘူး၊ ဒီတော့ နင် ကုန်အောင် သောက်တာ ပိုကောင်းမယ်နော  ကောင်းရန်က နှာခေါင်းရှုံ့လိုက်သည်။
ရတာပေါ့၊ ငါသောက်ပြမယ်
လင်းလင်း ၊ နင် အကုန်လုံး ကုန်အောင် သောက်နိုင်လို့လား  ဟော်မြန့်က သူ့သူငယ်ချင်းရဲ့ အကျီအနားစကို လှမ်းဆွဲရင်း ကျိတ်ပြောရ၏။
ဒါဆို ငါ မကုန်ရင်လည်း ၊ နင် သောက်ပေးပေါ့ .. မဟုတ္ဘူးလား ။ နင်က ဆရာကြီးပဲ ။ ငါ ကြားထားတယ်နော် ၊ မနေ့ညတုန်းက နင်တို့ အများကြီး သောက်ကြတာတဲ့ ။ ဘယ်လောက်တောင် သောက်ခဲ့တာလဲ..ပြော ။ ငါးပုလင်း ကျော်တယ် မို့လား
ဟော်မြန့် ချက်ချင်းပဲ ကျူလင်းလင်းရဲ့ ပါးစပ္ကို လှမ်းပိတ်ရသည်။ တစ်စုံတစ်ယောက်ကြောင့် ဒီစားပွဲကြီးပါ ပေါက်ကွဲလွင့်စင်သွားမှာ သူ ကြောက်မိသည်လေ။
အဲ့ဒီနောက်မှာတော့ ချင်းချူက သူ့ဖုန်းကို အေဝးမွာ ချထားလိုက်ပြီးတော့၊ စကားတစ်လုံးချင်းစီ ပီပီပြင်ပြင်ဖြင့်  သူတို့ သောက်နိုင်စွမ်းကို မထိန်းနိုင်တဲ့ လူက မကြွားသင့်ဘူး 
ဟား .. နင် ညတုန်းက အရက်မူးသွားတာလား။ နင် ရှုံးသွားတယ်ပေါ့လေ ။ ကျူလင်းလင်းက ညစ်ကျယ်ကျယ် အမူအယာနဲ့ ဟော်မြန့်ကို ကြည့်နေလေသည်။
ဟော်မြန့် ပြန်မဖြေနိုင်ခင် ကောင်းရန်က ရုတ်ချည်း ကြားဖြတ်ပြောလာသည်  ဒါဆို ညတုန်းက မင်းတို့ ပျော်ခဲ့ကြတယ်ပေါ့လေ .. ဟမ် ။ မင်းတို့ ဘယ္လို အနေအထားတွေနဲ့များ လုပ်ခဲ့ကြတာလဲ။ ချင်းချူက အပေါ်ကလား ၊ ဒါမွ မဟုတ် နင် ကလား
-

အချစ်စတင်ခဲ့ရာ( Volume two)Donde viven las historias. Descúbrelo ahora