အခန်း ( ၂၅၆ )
Something Good
အမ် .. တစ္ခုမွ မဟုတ်ပါဘူး။ ရှင့်ကို ဒီပိုက်ဆံအိတ် ပြန်ပေးမလို့ပါ ။ က်မ ဒါကို လက်မခံနိုင်ပါဘူး ဟော်မြန်က ပိုက်ဆံအိတ္ကို ကောက်ယူပြီး ကျောင်ချင်းရာရဲ့ လက်ထဲ ပြန်ထိုးထည့်ပေးလိုက်သည်။
ဆေးရုံရဲ့ စည်းမျဉ်းတွေထဲမှာ လက်ဆောင်ပစ္စည်း လက်မခံရဘူးလို့များ တာမြစ်ထားလို့လား ။ ဒါဆိုလည်း ရပါတယ်၊ ဒါက တံစိုးလက်ဆောင်မှ မဟုတ္တာ၊ မင်းကို ငါက သက်သက်ပေးတာပဲ
မဟုတ်ပါဘူး၊ က်မက မယူချင်တာပါ၊ ဒါပေမဲ့ ရှင့်ကို ကျေးဇူးတင်ပါတယ် ကျောင် မိန်းကလေး၊ က်မကို ကြင်ကြင်နာနာတွေးပေးတဲ့ အတွက်ပါ။
ကျောင်ချင်းရာတစ်ယောက် လက်ထဲက ပိုက်ဆံအိတ္ကို ကြည့်ပြီး စိတ်ထဲ ရှုပ်ထွေးသွားသည်။ သူတွေးထင်ထားသည်က မိမိနဲ့ ချင်းချူရဲ့ ဆက်ဆံရေးကို ထုတ်ကြွားလိုက်ခြင်းဖြင့် ၊ ဒီသူနာပြုလေးက မိမိနဲ့ ယှဉ်ပြိုင်ရမှာကို ကြောက်ပြီး နောက်ဆုတ်သွားပေလိမ့်မည်ဟု .. ဘာပဲဖြစ်ဖြစ် မိမိ ကျောင်ချင်းရာသည်သာ ဆုယြီ နဲ့ နှစ်ကြာကြာ တွဲသည့် တစ်ဦးတည်းသောသူ မဟုတ္လား။
ဒီတော့ သည်သူနာပြုမ က မိမိရဲ့ လက်ဆောင်ကို လက်မခံဘူးဆိုတာက ဆုယြီကို လက်မလွှတ်လေဘူး လို့များ ဆိုလိုတာလေလား။ ဆုယြီ ထံမွ ပိုလိုချင်တာတွေများရှိလို့လား။
အဲ့ဒီအေတြး တစ်စနဲ့အတူ ကျောင်ချင်းရာရဲ့ မျက်နှာက တင်းမာခက်ထန်သွားပြီး ဟော်မြန်ကို အထက်အောက် ဆုန်ချည် ဆန်ချည် ကြည့်လိုက်သည်။
ငါက မင်းဟာ ကိုယ့်နေရာကိုယ်တော့ သိတတ်လောက်အောင် ပါးနပ်မယ် ထင်ခဲ့တာ၊ ဒါပေမဲ့ မင်းက ငတုံးတစ်ယောက်လို လှေကားနဲ့ အမြင့်တက်ဖို့ စိတ်ကူးယဉ်နေတာကိုး။ မင်းက ဒီကမ္ဘာပေါ်က အလှဆုံး မိန်းကလေးလည်း မဟုတ္ဘူး၊ နောက်ခံ ကြွယ်ဝချမ်းသာတဲ့ မိသားစုကလည်း မဟုတ္ဘူး။ မင်းလိုလူက ဆုယွီကို ဖမ်းဖို့ ယုံကြည်မှုတွေ ဘယ္ကမ်ား ရလာလဲတော့ ငါမသိဘူး။ ပါးနပ်တဲ့ မိန်းမဆိုရင် ဘယ်အချိန်မှာ ပြန်ဆုတ်သင့်တယ်ဆိုတာကို သိသင့်တယ်။ သူမင်းကို ရွံမလာခင် ငါ မင်းကို အကြံပေးလိုက်မယ်။ မဟုတ်ရင် .. သူစွန့်ပစ်မှဆိုရင် မင်းဘဝကြီး ပိုဆိုးရွားသွားလိမ့်မယ်။ မင်းက သူ့ရဲ့ မောင်းထုတ်တာကို ခံရရုံလောက် မဟုတ္ဘူး။ ဒီ C မြို့တော်ကြီးထဲမှာတောင် မနေနိုင်အောင် ဖြစ်သွားရလိမ့်မယ်။ ဒါကြောင့်မို့ မင်း အေးအေး သက်သာ နောက်ပြန်ဆုတ်ချင်လား၊ ဒါမှမဟုတ် တကယ်ကြီးကို ငါ့လိုလူနဲ့ ယှဉ်ပြိုင်ချင်နေတာလား။ ဒါမှမဟုတ် မင်းက ငါ့ထက်လှတယ်ထင်နေလို့ ပိုပြီး နာမည်ကြီးလာရမယ်လို့များ တွေးနေတာလား
ကျောင်ချင်းရာရဲ့ ရန္လိုတဲ့ အပြုအမူတွေကြောင့် ဟော်မြန် သက်ပြင်းဖွဖွ ချမိသည်။
ဘာကြောင့်များ မိန်းမ အမ်ားစုဟာ သူတို့ဘဝမှာ ယောက်ျားတွေကို အရေးအကြီးဆုံးဟု စဉ်းစားနေကြတာပါလိမ့်ဟု တွေးနေမိသည်။
သူတို့မှာ ကိုယ်ကိုယ်တိုင် ဆိုတဲ့ အသိကိုမ်ား မေ့နေကြလေသလား။
ကျောင်မိန်းကလေး .. ရှင် အထင်လွဲနေတယ်ထင်တယ် ၊ ဆုယွီနဲ့ က်မက ..
မင်းနဲ့ ဆုယြီ ရဲ့ ကြားမှာ ဘာတွေ ရှိနေလဲ ငါ ဂရုမစိုက္ဘူး။ သူ့မှာ မိန်းကလေးတွေ အများကြီး ရှိနေတတ်တာ ငါ သိနေပြီးသား ကိစ္စပဲ။ ငါက မင်း မျှော်လင့်ချက်တွေ သိပ်မထားဖို့ သတိပေးတာ။ သာမာန်မိန်းမတစ်ယောက်က သူ့လိုလူမျိုးကို ရနိုင်မှာ မဟုတ္ဘူး။ မင်း သေသေချာချာ သတိထားသင့်တယ်။ နောက်တော့ ကျောင်ချင်းရာက နေကာမျက်မှန်ကို တပ္ကာ ၊ လှည့်ထွက်သွားလေတော့သည်။
ဟော်မြန် သူ့ကို ကြည့်ရင်း ပြောစရာ စကား မရှိတော့..
ဒီစကားတွေက ဟော်စစ်ချန် မိမိကို ပြောခဲ့ဖူးသည်၊ အခု ကျောင်ချင်းရာကပါ မိမိကို တစ်လေသံတည်း ပြောနေပြန်ပြီ။
ပြဿ နာက ဘာကြောင့်များ သူတို့က မိမိနဲ့ ဆုယွီကြားမှာ တစ္ခုခု ရှိနေသည်ဟု စဉ်းစားကြတာလဲ ဆိုတာပင်၊ မိမိအတြက္ကေတာ့ ဆုယွီအပေါ်ထားသည့် သေဘာထားက အခန်း ၂ က အဘိုးအပေါ် ထားတဲ့ သဘောထားထက်တောင် ပိုဆိုးသေးသည်။ အနည်းဆုံးတော့ အဘိုလျို ကိုဆို အျမဲ ပြုံးပြဖြစ်ပြီး၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံသည်၊ အဘိုးနဲ့အတူ တရုတ်စစ်တုရင်လည်း ကစားကြသေးသည်။
-
ကျောင်ချင်းရာ က ပန်းရောင် Lamborghini ကြီး စီးပြီး ထွက်သွားတော့ .. အဲ့ဒါက ဖျော်ဖြေရေး သတင်းတွေမှာ ခေါင်းစဉ်သတင်း ဖြစ်သွားတော့သည်။
( တောင်ဝင်ကြယ်စင် မွ သူဌေးကြီးက ဆယ်သန်းကျော်တန်တဲ့ ကန့်သတ်ထုတ် Lamborghini တစ္စီးကို ကျောင်ချင်းရာ အတွက် ပေးခဲ့သည်၊ သူတို့ ဆက်ဆံရေးက တည်ငြိမ်နေပြီ၊ မင်္ဂလာရက်ပင် နီးလောက်ပြီ )
မီဒီယာတွေက ကျောင်ချင်းရာ နဲ့ ဆုယြီ ရဲ့ မင်္ဂလာပွဲ ဖြစ်နိုင်ချေကို လွန်ခဲ့တဲ့ အချိန်တွေကတည်းကပင် ခန့်မှန်းနေခဲ့ကြသည်။ ကျောင်ချင်းရာရဲ့ အသစ်တင်ဆက်မှုတွေရှိတိုင်း၊ ပြင်ပဆက်ဆံရေးအဖွဲ့မှလည်း ဒီလို သတင်းတုတွေ ထုတ်လွှင့်ပေးပေမဲ့ ကျောင်ချင်းရာ ဘက်မှတော့ အတည်ပြုပြောကြားခြင်းမရှိ။ ဒါပေမဲ့ ဒီလိုသတင်းတွေ ထွက်လာတိုင်း ကျောင်ချင်းရာ ရဲ့ တန်ဖိုးလည်း ထပ္တက်သြားရျပီး ၊ တော်ဝင်ကြယ်စင် ရဲ့ စေတာ့ တန်ဖိုးတွေလည်း တက်သွားလေ့ရှိသည်။ ထို့ကြောင့်ပင် ဆုယြီက ဒီလို ကောလဟလတွေကို နှုတ်ဆိတ်နေခြင်းဖြင့် ခွင့်ပြုပေးထားတာ ဖြစ်သည်။
ဒါပေမဲ့ ဒီလောကထဲက လူတွေကတော့ ဒီသတင်းတွေဟာ အတုအယောင်တွေဆိုတာ သိကြသည်။ ကျောင်ချင်းရာရဲ့ မိသားစုနောက်ခံအရ ၊ သူသည် ဆုသခင်မလေး ဖြစ်လာဖို ဘယ္လို အကြောင်းမှ မရွိ။
ဆုယြီရဲ့ အဖိုးဖြစ်သူက စစ်တပ်မှ အကြီးအကဲ တစ်ဦး ဖြစ်သည်မို့ စည်းကမ်းကြီးသည်။ သူက တစ်ခါတည်း ကြေငြာအသိပေးထားသည်က မိမိရဲ့ မြေးချွေးမဖြစ်မည့်သူသည် မည်သည့်အလုပ်မဆို လုပ်နိုင်သည်၊ ဖျော်ဖြေရေးလုပ်ငန်းမှတော့ မဖြစ်ရ ဟူ၍ပင်။
ဆုယွီသည်လည်း အဘိုးဖြစ်သူရဲ့ စကားကို နားထောင်သူ ဖြစ်သည်။ ထို့ကြောင့် ဒီလို သတင်းတွေကို ဒီလောကထဲက လူတွေက အတည်မယူခဲ့ကြတာဖြစ်သည်။
-
ဟော်မြန်ရဲ့ ညတာဝန်ချိန် အတွင်းမှာ နန္နန္က ညနေခင်းသတင်းကို ဖတ်နေရင်းက ကြည့်ပါဦး .. မစ္စတာဆု က ယူ မလိုချင်တဲ့ ဟာကို တျခားသူကို ပေးလိုက်ပြီ။ ဆယ်သန်းကျော်တဲ့ ၊ အဲ့ဒါက ဆယ်သန်းကျော် တန်တယ်တဲ့ ၊ ဒါ ရှက်စရာကြီး ၊ ယူ့အတွက်တော့ စိတ်မကောင်း ဖြစ်မိတယ်။
အစကတည်းက က်မဟာ မွ မဟုတ္တာ။ ရှင် စိတ်မကောင်း ဖြစ်နေဖို့ မလိုပါဘူး ဟော်မြန်က ပြုံးနေသည်။
ယူ ကေလ တကယ် ထူးဆန်းတဲ့ သူပဲ။ ကိုယ်တော့ ယူဟာ ငွေကြေးနဲ့ အာဏာကို မတုန်မလှုပ်ရင်ဆိုင်နိုင်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ယူ က ယူ့ ခ်စ်သူကို တကယ်ကြီး ခ်စ္တာ ဖြစ်ရမယ် နန်နန် က ဟော်မြန်ကို ဆွဲဆောင်လို့ မရနိုင်ခဲ့တာကို ကြည့်ပြီး တွေးမိသွားတာ ဖြစ်သည်။
ဟော်မြန် က ပြုံးနေပြန်ပေမဲ့ ဘာမွေတာ့ တိုက်ရိုက်ပြန်မဖြေပါ။
မိမိက ချင်းချူနဲ့ လက်မထပ်ထားဘူး ဆိုရင်တောင် ဆုယြီလို လူမျိုးနှင့်တော့ တြဲမွာ မဟုတ်ပေ။
ချမ်းသာတဲ့ မိသားစုတွေရဲ့ အာဏာအတွက် ရုန်းကန်ကြတာကို ကြည့်ပြီး မုန်းမိသည်မို့ ဟော်အိမ်ကိုတောင် မပြန်ခဲ့တာပဲ။ ဒီတော့ ဆုယွီလို တခြားစီးပွားရေး လုပ်ငန်းရှင်နဲ့ လက်ထပ်ဖို့ဆိုတာ ပိုဆိုးပြီပေါ့။
သူရဲ့ တာဝန်ချိန်မှာပဲ အခန်း ၂ က လူနာက ရုတ်တရက်ကြီး အရေးပေါ် ခလုတ်နှိပ်လာသည်။
ဟော်မြန်က မစ္စတာလျို တစ္ခုခု ဖြစ်မှာ စိုးရိမ်စွာဖြင့် အပြေးအလွှား သွားမိသည်။
ဒါပေမဲ့ အထဲရောက်သွားတော့မှ အဘိုးလျိုဖိန်းက ပန်းသီးတစ်လုံး ဝါးနေရုံသာမက ၊ သူ့အနားမှာလည်း သက်တူရွယ်တူ အဘွားတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အဲ့ဒီအဘြားက ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့သည့် အသွင်အပြင်လည်း ရှိနေသည်။ ဒါက မစ္စတာလျိုရဲ့ ဇနီးဆိုတာ ဟော်မြန် သိနေသည်။ သူက ဟာဝိုင်ယီရှိ သမီးဖြစ်သူရဲ့ အိမ်မှ ပြန်လာကာစ ဖြစ်သည်။ သူ့ဓါတ်ပုံကို မစ္စတာလျိုထံမှာ မြင်ဖူးထားပြီးသည်မို့ မြင်ရတာ ရင်းနှီးနေသလိုပင်။
အဘိုးလျို.. ဘာဖြစ်လို့လဲ ဟော်မြန်က မျက်လုံးပြူး မျက်ဆံပြူးနဲ့ သူတို့ နှစ်ယောက်ကို ကြည့်နေလေသည်။
ဒီကိုလာပါဦး .. ဟော် .. လာထိုင်ပါဦး။ အဘိုးတို့ သတင်းကောင်းလေး ကြေငြာစရာ ရှိလို့ မစ္စတာလျိုက လျှို့ဝှက်စွာ ပြောနေလေသည်။
အမ်.. သတင်းကောင်း ဟော်မြန်က ဒီ အဘိုးအဘွားစုံတွဲကို သံသယဖြင့် ကြည့်လိုက်လေသည်။
-
အခန်း ( ၂၅၇ )
Reliable
အဘိုးလျို က စားလို့မကုန်သေးတဲ့ ပန်းသီးကို ချထားလိုက်ပြီး ၊ ဟော်မြန်ကို ခပ်ပြုံးပြုံးကြည့်လာကာ ပြီးခဲ့တဲ့ ရက်တွေတုန်းက သမီးက အဘိုးကို အရမ်းဂရုစိုက်ပေးခဲ့တယ်၊ အဘိုးနဲ့အတူ စစ်တုရင် ကစားပေးတယ်။ ဆေးကုသပေးခဲ့တယ်။ အဘိုးဇနီးနဲ့ အခုပဲ ပြောနေတာ ၊ သမီးကို တစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးရအောင်လို့ ။ အဘိုးလည်း သမီးကို စောင့်ကြည့်ခဲ့တယ် ဟော်မြန် .. ။ သမီးက လူကောင်းလေးပဲ၊ ဒီဆေးရုံမှာလည်း ယုံကြည်စိတ်ချရဆုံး သူနာပြုတစ်ယောက်၊ ဟိတ်ဟန်လည်း မမ်ားဘူး၊ အခုခေတ် လူငယ်လေးတွေနဲ့ လုံးဝမတူဘူး။
ဟုတ်တယ် .. သမီးတို့ အဘိုးက သမီးက ဘယ်လောက်တော်လဲဆိုတာပဲ ပြောနေတော့တာ။ အဘွားလည်း သူ့အမြင်ကို ယုံကြည်ပါတယ်။
အာ .. ခဏေလး .. အဘိုးလျို .. က်မက တကယ်တော့ ..
ဘာမွ မပြောနဲ့ဦး .. အဘိုးပြောတာ နားထောင်ဦး ၊ အဘိုးရဲ့ မြေးအရင်းက လက်ထပ်ပြီးသား ဖြစ်နေပြီ၊ ဒါကြောင့် ခက်နေတာ ၊ ဒါပေမဲ့ ငါ့ရဲ့ လေးယောက်မြောက်ညီ ရဲ့ မြေးက သမီးတို့ အသက်လောက်ပဲ။ သူက တကယ္ကို မှီခိုအားထားလို့ရတဲ့ လူမျိုး။ သူက လေတပ်မှာ တွဲဖက်လေတပ်အရာရှိ တစ်ယောက်ဖြစ်နေပြီ။ သူက ငယ်ရွယ်ပြီး အလုပ်ကြိုးစားတယ်၊ ပိုကောင်းတဲ့အချက်က သူက နောင်မှာလည်း ရာထူးတက်ဖို့ ရှိတယ်။ သူက S မြို့တော်မှာ နေတာ။ သမီးတို့သာ လက်ထပ်ပြီးကြရင် ၊ အဲ့ဒီမွာ မနေချင်ဘူးဆိုလည်း ရတယ်။ သမီး ဒီမွာ ဆက်နေနိုင်တယ်၊ မြို့နှစ်မြို့ကလည်း ဘာမွ ဝေးတာမှ မဟုတ္တာ။ ဒီတော့ ဒါက ပြဿနာ မဟုတ္ဘူး
ဟော်မြန် ပိုနားထောင်နေလေ ပိုပြီး စိတ်ရှုပ်ထွေးလာလေ ဖြစ်လာသလို ခံစားရသည်။ ဒါက ဘာကြီးလဲ။ သူတို့ တွေ့တောင် မတွေ့ရသေးဘူး။ လက်ထပ်ဖို့အကြောင်းတောင် ပြောနေပြီ။
နောက်ပြီး မိမိက လက်ထပ်ပြီးသားလေ။ အဘိုးလျိုရဲ့ မြှားနတ်မောင်ပစ်တဲ့ မြှားက လူမွား ပစ်နေတာ မဟုတ္ဘူးလား။
ဟော်မြန်က အဘိုးလျို .. က်မ စိတ်မကောင်းပါဘူး .. ဒါပေမဲ့ က်မက ..
ငါသိပါတယ် သမီးရှက်နေတယ်ဆိုတာ။ ဒါကြောင့် အဘိုးက အဲ့ဒီကောင်လေးကို ဒီမနက် လာခိုင်းထားတယ်။ သူ လာရင် သမီးတို့ တစ်ယောက်ကိုတစ်ယောက် သိကြပြီပေါ့ ။ သမီးတို့ နှစ်ယောက်လုံးက လူငယ်တွေဆိုတော့ အချင်းချင်း စကားတွေ ပြောကြည့်ကြပေါ့။ ဒါဆို အလုပ်ဖြစ်မှာပါ။ ကောင်းတယ် .. ။ တကယ်လို့ ဘာမွ မဖြစ်ရင်တောင် သမီးတို့ တွေ မိတ်ဆွေ ဖြစ်နိုင်ကြတာပဲ
အဘိုးလျိုက ပွင့်လင်းတဲ့သူ ဖြစ်သည်။ သူ့ဇနီးကလည်း သဘောတူသည် အဲ့ဒါ ဟုတ်တယ်။ အဲ့ဒီကေလးက လုံးဝ မှီခိုအားထားလို့ရတယ်။ နည်းနည်းလေး ခေတ်မမီတာ တစ္ခုပဲ ။ စိတ်မပူနဲ့ .. တို့တွေက သမီးကို မလှည့်စားပါဘူး
ဒီလိုစီစဉ်ပေးကြတာ ကျမအပေါ် စာနာလို့ က်မ သိပါတယ်။ ဒါပေမဲ့ က်မက ယူပြီးသား ..
ဟေး TV ဖွင့်လိုက်ပါဦးဟ .. ငါတို့တွေ သတင်းလွှင့်တာကို လွတ်သွားလို့ မျဖစ္ဘူး။ မစ္စတာလျိုက သူ့နဖူးကို ပြန်ရိုက်ပြီးနောက် ရီမုတ္ကို ရှာနေတော့သည်။
ဇနီးဖြစ်သူက သူ့ဘာသူ အလုပ်ရှုပ်နေလေပြီး ၊ လင်မယားနှစ်ယောက်စလုံး က ဟော်မြန်ကို ဂရုမစိုက်ကြတော့
ဟော်မြန်လည်း အခန်းထဲက တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားရတော့သည်၊ ကြည့်ရတာ သူလည်း blind date တွေ့ရပြန်ဦးတော့မည် ထင်သည်။
မစ္စတာချင်းသာ သိသွားရင်တော့ မိမိကို သတ်ပစ်လောက်သည်၊ အတွေးနဲ့တင် တုန်ယင်သွားရ၏။
-နောက်တစ်နေ့မနက်ခင်း-
မစ္စတာလျို ဟော်မြန်ကို မိတ်ဆက်ပေးမည့်လူက ဟော်မြန် ရဲ့ တာဝန်ချိန် မလွှဲပြောင်းခင်မှာပဲ ရောက်လာ၏။
တကယ့် တွေ့ဆုံမှုနဲ့ တူအောင် မစ္စတာလျိုက သူတို့ကို အပြင်ထွက် ပန်းခြံထဲ လမ်းလျှောက်ကာ စကားပြောစေ၏၊ ဒါမှလည်း သူတို့ တစ်ယောက်ကို တစ်ယောက် သိလာနိုင်ကြမည်။
ဟိုင်း .. ကျတော်က လျိုကျီ ပါ အရပ် ၁၈၀ စင်တီမီတာလောက် ရှိပြီး အသားမဲမဲ ၊ လေးထောင့်ပုံမျက်နှာနှင့် လူက သူ့ကိုယ်သူ မိတ်ဆက်လာသည်။
ဟိုင်း .. က်မ က
ခင်ဗျားက ဟော်မြန် မဟုတ္လား။ ကျတော့်အဘိုးက ခင်ဗျားအကြောင်းတွေ ကျတော့်ကို ပြောပြထားပါတယ်။ သူပြောတာက ခင်ဗျားက တကယ်ထူးခြားတဲ့ မိန်းကလေး တစ်ယောက်တဲ့
အာ.. အဲ့လို မဟုတ်ပါဘူး က်မရဲ့ စိတ်နေသဘောထားကလည်း တျခား သူနာပြုတွေလိုပါပဲ။ ကျမလည်း သိပ်စိတ်မရှည်တတ်ပါဘူး ဟော်မြန် ပြုံးပြလိုက်သည်။
အဲ့ဒါလည်း ကောင်းတာပဲ၊ စိတ်မရှည်တတ်တဲ့လူတွေက ပုံမှန်အားဖြင့် တိတိကျကျသမားတွေ။ ကျတော်ကတော့ နောက်ကျတတ်တဲ့သူကို မုန်းတယ်။ စစ်တပ်ထဲမှာဆို ဘယ်သူမွ နောက်ကျလို့ မရဘူး။ တစ်စက္ကန့်တောင် မရဘူး။
ဟုတ်ကဲ့ .. မစ္စတာလျိုက ရှင်ဟာ တွဲဖက် လေတပ်အရာရှိလို့ ပြောပါတယ်။ ဒါက တော်တော်လေးစားစရာပါပဲ
မဟုတ်ပါဘူး။ ကျတော့်ရဲ့ ရာထူးက ကျတော့်မိသားစုမှာဆိုရင် အနိမ့်ဆုံးပဲ။ ကျတော့်ရည်မှန်းချက်က တပ်ရင်းတစ်ခုလုံးရဲ့ တပ်မှူးဖြစ်ဖို့ပါ။
ဟော်မြန်လည်း ခေါင်းညိတ်နေမိသည်၊.. ဘာဆက်ပြောရမည်မှန်းလည်း မသိ ၊ အနေရခက်လှ၏။
ကျတော့်ကို ဘယ်လိုထင်လဲ။ အမှန်အတိုင်း ပြောရရင် ကျတော်က စစ်တပ်ထဲကဆိုတော့ အချစ်ရေးအတွက် အချိန်သိပ်မပေးနိုင်ဘူး ၊ ဒါကြောင့် ကျတော် သေဘာက်တဲ့သူ တွေ့တာနဲ့ ချက်ချင်းပဲ သူတို့ကို ဘယ္လိုသေဘာရလဲဆိုတာ မေးပစ်လိုက်တာပဲ။ ကျတော့်ရဲ့ ဒဲ့တိုး ဆန်မှု ကို ခွင့်လွှတ်ပေးပါ ထို မျက်နှာလေးထောင့်နဲ့လူက ရုတ်တရက် ပွင့်ပွင့်လင်းလင်း မေးလာ၏။
-
အခန်း ( ၂၅၈ )
Date Me
ဟော်မြန် တစ်ယောက် မိမိနှုတ်ခမ်း အနည်းငယ်ကိုက်ထားမိပြီးတော့မှ ရှင်က လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ . က်မမွာက ခ်စ်သူ ရှိပြီးသားပါ
ဘာရယ် ထို မျက်နှာလေးထောင့်ပိုင်ရှင်က ဇေဝဇဝါ ဖြစ်သွားသည်။
က်မ မနေ့က မစ္စတာလျို ကို ပြောပြမလို့ပါပဲ ၊ ဒါပေမဲ့ ပြောခွင့်မရလိုက်ဘူး။ က်မ တကယ် တောင်းပန်ပါတယ်
နိုး.. အခု ကျတော့်ကို ပြောတာက သိပ်နောက်မကျသေးပါဘူး ။ ခင်ဗျားက အရမ်း ရိုးသားတာပဲ။
ကျမတို့ ရိုးသားရမှာပေါ့ ၊ ဟုတ္တယ္မလား၊ ဒီလိုမျိုး အဆင်မပြေဖြစ်ခဲ့ရတာအတွက်လည်း တောင်းပန်ပါတယ်။
အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ ၊ ကျတော်တို့ လျိုအိမ်က ယောက်ျားတွေက အဲ့လို စိတ်ရင်းမကောင်းတဲ့ သူတွေ မဟုတ်ပါဘူး။ အကုန်လုံးက ခွင့်လွှတ်ပေးတတ်ကြတဲ့သူတွေပါ
ဟော်မြန် ဘာဆက်ပြောရမည်မှန်းမသိတော့
ထိုမျက်နှာလေးထောင့်ပိုင်ရှင် စစ်သားက စကားမ်ားမ်ား ပြောတတ်သူ မဟုတ် ၊ သူက အရင်တစ်ခါတွေ့တဲ့ မှုခင်းဆေးဆရာဝန်လိုလည်း မမောက်မာ၊ ဒါပေမဲ့ တနည်းနည်းနဲ့တော့ ထူးဆန်းနေတာပဲ ဖြစ်သည်။ သူပြောတဲ့စကားတွေက တခြားလူတွေကို စကားဆက်မပြောနိုင်လောက်အောင် ဖြစ်စေသည်။ ဟော်မြန်သည်လည်း ထရယ္မိလုနီးပါး ဖြစ်သွားရသည်။
မိမိဘက္က အခြေအနေကို ရှင်းပြလိုက်ပြီးတော့၊ သူတို့ ပြန်အလာမှာ ဆုယြီရဲ့ ဆေးရုံဝင်ပေါက်မှာ တိုးတော့သည်။
ဒါက .. blind date လား
ဆုယြီက ဆေးရုံထဲ လမ်းလျှောက်နေတုန်း သူနာပြုတစ်ချို့ရဲ့ ဟော်မြန် blind date သွားတဲ့အကြောင်း တီးတိုးပြော ရယ်မောနေကြတာကို ကြားခဲ့လေသည်။
သူ အရမ်း စိတ္တိုသြားရျပီး လမ်းဆက်လျှောက်ချင်စိတ် ပျောက်ဆုံးကာ ပန်းခြံဘက်ကို တည့်တည့်လာခဲ့လိုက်တာ ဖြစ်သည်။
ဟော်မြန် ပြန်မဖြေနိုင်ခင်မှာပင် ဆုယြီက မျက်နှာလေးထောင့်နဲ့စစ်သားရဲ့ ပခုံးက တံဆိပ္ကို တစ်ချက်ကြည့်ကာ တဟားဟား ရယ်နေရင်းက ခင်ဗျားက လေတပ်အရာရှိ အဆင့်ပဲ ရှိသေးတယ်။
ဟုတ်ပါတယ် . ကျတော်က လေတပ်အရာရှိ တစ်ယောက်ပါ ထိုလူက ခေါင်းညိတ်သည်။
အမ် က်မ .. ဟော်မြန် ဒီအတိုင်း မနေနိုင်တော့ .. တစ္ခုခု ဝင်ပြောဖို့ ကြိုးစားခဲ့သည်။
သို့ပေမဲ့ ဆုယြီက ရုတ်ချည်းပင် မချေမငံအမူအယာဖြင့် ဒီလို ရာထူးနိမ့်နိမ့် အရာရှိတစ်ယောက်က တောင်ဘက်ပိုင်းလို နေရာက တစ်ယောက်ကို ရဖို့ ကြိုးစားတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ဒီလို မထီလေးစား လုပ်လို့ရတယ်လို့ ဘယ်သူကမ်ား ပြောလိုက်လဲ။ ဒီမှာဆေးရုံတက်နေတဲ့ လူနာတွေရဲ့ တစ်လဝင်ငွေ ဘယ်လောက်ရှိလဲ ခင်ဗျားသိလား။ ခင်ဗျားတစ်သက် ရှာလို့ရတာထက်တောင် ပိုတယ်
ဆုယွီ.. ရှင် ပြောတာ သိပ်လွန်နေပြီ ဟော်မြန်က သူ့ကို မျက်နှာထိမျက်နှာထားဖြင့် သတိပေးလိုက်သည်။ ထိုမျက်နှာလေးထောင့်နဲ့လူသည်လည်း မစ္စတာလျိုရဲ့ အမျိုးဖြစ်သည်မို့ သူ့ကို ဒီလို လှောင်ပြောင်ဖို့တော့ မလိုဘူးလေ။
ဟော်မြန် .. ဒါက ခင်ဗျားရဲ့ ခ်စ်သူဆိုတာလား။ ဒါပေမဲ့ ကျတော်ကတော့ ခင်ဗျား သူနဲ့ တွဲဖို့ကို ပြန်စဉ်းစားသင့်တယ်လို့ ထင်တာပဲ။ အမြင်ကျဉ်းတဲ့ လူတစ်ယောက်ရဲ့ နောင်အနာဂတ်ဟာလည်း တောက်ပနိုင်မှာ မဟုတ္ဘူး။ ဒီစကားကို ဆိုပြီးတာနဲ့ ထိုမျက်နှာလေးထောင့်နဲ့လူက ဟော်မြန်ကို ခေါင်းဆတ်ကာ နှုတ်ဆက်ပြီး ထွက်သွားတော့သည်။
ပုံမှန်ဆိုရင်တော့ တစ်ယောက်ယောက်က မိမိကို ဒီလိုစကားမျိုး ပြောသွားသည်ဆိုလျင် ဆုယြီက ဒေါသတကြီး ပေါက်ကွဲပေလိမ့်မည်။ ဒီနေ့မှာတော့ .. ပုံမှန်လိုမဟုတ်ဘဲ တည်ငြိမ်အေးဆေးနေလေ၏။
ဒါက အဲ့ဒီစစ်သား ပြောသွားတဲ့ ဟော်မြန်ရဲ့ ခ်စ်သူဆိုတဲ့ စကားကြောင့်ပင်၊ ဒါကို သူ ကျေနပ်နေတာ ဖြစ်သည်။
စိတ္တိုသြားတဲ့ ဟော်မြန်က လှည့်ထွက်သွားဖို့လုပ်တော့ ဆုယြီက မျက်နှာပြောင်ပြောင်နဲ့ပင် လမ်းပိတ်ထားလိုက်သေး၏။
က်မ သွားမဲ့လမ်းမှာ ဝက္လို ပိတ်ရပ်မနေနဲ့ ၊ ဖယ်စမ်းပါ ဟော်မြန်က ဒေါသတကြီး ဖြစ်နေသည်။
ဆုယြီက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ဝက် ? ငါက ခွေးနဲ့ ပိုတူတာပါ။ မင်း အဲ့လို မထင်ဘူးလား
က်မကေတာ့ ခွေးကတောင် ရှင့်ထက် ပိုကောင်းမယ် ထင်တာပဲ။ ခွေးတွေဆိုတာ လူတွေရဲ့ မိတ်ဆွေကောင်းတွေ ၊ ဒါပေမဲ့ ရှင်က အဲ့လို မဟုတ္တာ သိသာနေတာပဲ
ဟော်မြန် .. ငါ ဒီနေ့ စိတ်ကြည်နေတာနော်၊ ဒါကြောင့် မင်းပြောတာကို စိတ်ထဲ မထားတော့ဘူး။ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။
ဒါပေမဲ့ က်မက ဒီနေ့ စိတ်မကြည်ဘူး။ ဖယ်.. က်မ အလုပ်ချိန် လွှဲရဦးမယ်၊ က်မ အိမ်ပြန်တော့မလို့
ဟေး အတည်ကြီးလား .. နေပါဦး .. ငါမင်းကို ပြောစရာ ရှိသေးတယ်
မြန်မြန်ပြော .. က်မမွာ အချိန် သိပ္မရွိဘူး ဟော်မြန်က လက္ပတ္နာရီကို ငုံ့ကြည့်လိုက်သည်။ သူ အိမ္ကို စောစော ပြန်ချင်မိသည်။ မိမိသာ စောစောပြန်ရောက်မည်ဆိုလျှင် ချင်းချူအတွက် အရသာရွိတဲ့ မနက်စာလေး ချက်ပြုတ်ပေးဖို့ အချိန်ရနိုင်သည်လေ။
ငါ က ဒီရက်ထဲမှာ ဆေးရုံဆင်းရတော့မှာ ဆုယြီက အေလးအနက္ထားတဲ့ မျက်နှာဖြင့် ပြောလာသည်။
သူက ဆေးရုံဝတ်စုံ ဝတ္စရာမလိုတဲ့ အထူး လူနာတစ်ယောက်ဖြစ်သည်။ နေ့စဉ်ပဲ တန်ဖိုးကြီး ဝတ်စုံများသာ ဝတ်ဆင်တတ်သည်။ သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာနဲ့ ဆိုတော့ တောင်ဘက်ပိုင်း စင်တာထဲမှ သူနာပြုလေးများက သူ့ရဲ့ ချောမွေ့ခန့်ညားမှုကို စွဲလမ်းကြတော့တာ ဖြစ်သည်။
အကယ်၍ သူသာ အဲ့ဒီအထဲက တစ်ယောက်ကို အမွတ္တမဲ့ ကြည့်မိသည်ဆိုလျှင်လည်း ထိုသူနာပြုသည် တစ်နေ့လုံး တသသ ဖြစ်နေပေတော့သည်။
ဟော်မြန်ကတော့ ဆုယြီ တစ်နေ့တစ်နေ့ ဘာတွေဝတ်ထားလဲ ဆိုသည်ကို ဘယ်တုန်းကမှ မကြည့်မိ၊ ဘာကြောင့်လဲဆိုတော့ သူ့ကို စိတ်ထဲမထည့်ထားလို့သာ ဖြစ်သည်။
ဒါပေမဲ့ ဒီနေ့ မိမိရှေ့မှာ ရပ်နေသည့် ဆုယြီရဲ့ နေရောင်ပြပြအောက်မှာ တောက်ပနေတဲ့ပုံရိပ်က သူ့ကို လျစ်လျူရှုဖို့တောင် မဖြစ်နိုင်အောင် ရှိနေစေ၏။
ချင်းချူနဲ့ မတူတာက ဆုယြီက အဖြူရောင်၊ ကော်ဖီရောင်ဖျော့ဖျော့၊ ကာကီရောင်၊ ညိုဝါရောင်ဖျော့ဖျော့ .. အစရှိသော ထင်းလင်းသော အရောင်တွေ ဝတ်ဆင်ရတာ သဘောကျသည်။ အဲ့ဒီ အရောင်တွေက သူ့ကို ပိုပြီး ကြည့်ရတာ ခန့်ညာချောမွေ့နေစေသည်။
သူ ဝတ်တာတွေက Salvatore Ferragamo က တိုင်းချုပ်တဲ့ ရှပ်တွေကို ဝတ္တာ ဖြစ်ပြီး၊ အဲ့ဒါတွေက သူ့ကို ရိုးရိုးရှင်းရှင်းနဲ့ အထက်တန်းကျကျ သပ်ရပ်နေစေသည်။
ဆုယြီလို လူကေတာ့ သူ့သဘာဝအတိုင်းကို အရှိန်အဝါရှိနေတာဖြစ်သည်။ သူ က ဒေါ်လာ ၂၀ တန် ရှပ်တစ်ထည်ကို လမ်းဘေးဆိုင်ကနေ ဝယ်ဝတ်မည်ဆိုရင်တောင် လူတွေက သူ ဝတ္ထားတာ သိန်းကျော်တန် ဟု အထင်မှားကြမှာပဲ ဖြစ်သည်။
ဆေးရုံဆင်းရမဲ့အတွက် ဂုဏ်ယူပါတယ်။ ဟော်မြန်က ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။
ငါ မသွားခင် .. မင်းကို ပြောစရာနည်းနည်း ရှိတယ်
မြန်မြန်ပြော ဘာမှန်းမသိ၍ ဟော်မြန် က ဆုယြီကိုသာ စိုက်ကြည့်နေမိသည်၊ ဒီလူ ဒီနေ့ ထူးဆန်းနေပါရော..
ဆုယြီက လည်ချောင်းတစ်ချက် ရှင်းလိုက်တော့.. သူ နည်းနည်း စိတ်လှုပ်ရှားနေတယ်ဆိုတာ ပိုပေါ်လွင်သွားသည်။ သူက မိမိဆီကို မိန်းကလေးများ ပစ်ဝင်လာတာမျိုးသာ ကြုံဖူးနေကြဖြစ်ပြီး၊ မိန်းကလေးတစ်ယောက်ကို ယခုလို သဘောထားမိတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးတာကြောင့် ၊ အခု ဘာလုပ်ရမှန်း သိပ်မသိနေတာ ဖြစ်သည်။
အတည်ပြောနေတာ ဆရာကြီးရဲ့.. ရှင် မပြောရင် က်မ သွားတော့မယ် ဆုယြီရဲ့ တွန့်ဆုတ်ဆုတ် အမူအယာကို မြင်တော့ ဟော်မြန် သည်းခံနိုင်စွမ်း ကုန်သွားသည်။
ဟော်မြန် .. ငါနဲ့ တွဲချင်လား .. ငါ မင်းအပေါ် ကောင်းပေးပါ့မယ် ဆုယြီက ဒီစကားကို ပြောထွက်လိုက်ပြီးသည်နှင့် မျက်နှာလွှဲလိုက်သည်၊ သူ ဟော်မြန်ရဲ့ မျက်လုံးကို ကြည့်ရမှာတောင် ကြောက်နေလေသည်။
ဟော်မြန်က ထွက်သွားတော့မည်ပြုပြီးမှ ၊ ရုတ်တရက်ကြီး ရပ်တန့်သွားရသည်။
ဒီလူ .. ဆုယြီ က .. မိမိကို ချစ်ခွင့်ပန်နေတာလား
-
အခန်း ( ၂၅၉ )
The So-called Love me, Love my dog (1)
ဒါက ဆုယြီရဲ့ ပထမဦးဆုံး ဖွင့်ပြောဖူးခြင်း ဖြစ်သည်မို့ ၊ ဒီလို သီးသန့် ပြောလိုက်တာဖြစ်သည်။ (ကိုယ် မင်းကို သဘောကျတယ်၊) ( ကိုယ်တော့ မင်းကို ချစ်မိနေပြီ ) ဆိုတာမျိုးတော့ သူ မပြောထွက်ပေ။ သူ ပြောတတ်တာက ( မင်း ကိုယ်နဲ့ တွဲချင်လား၊ ကိုယ် မင်းအပေါ် ကောင်းပေးပါ့မယ် ) ဆိုတာပင်။ ဒါပေမဲ့ ဟော်မြန်က တိုက်ရိုက်ကြီး ပြောလာတဲ့ ဒီစကားရဲ့ အနက် ကို ဘယ်နားလည်နိုင်ပါ့မလဲလေ။
ခဏေနေတာ့ .. ဟော်မြန်က ပြန်လှည့်မေးသည် ရှင်က ဖောက်ပြန်ရတာမျိုးကို စွဲနေတာလား
ဘာရယ် ဆုယြီ မျက်မှောင်တွန့်သွားသည်။
ရှင့်မှာ ချစ်သူမိန်းကလေး ရှိနေပြီးသား မဟုတ္လား၊ ဒါကို က်မကို ဒီလိုစကား ပြောလို့ ဖြစ်မလား၊ က်မကေတာ့ ဒါကို ဖောက်ပြန်တယ် လို့ပဲ တွေးတယ်။ ကျမတို့ တိုင်းပြည်မှာ တစ်လင်တစ်မယား စနစ်သုံးဖို့ လှုံ့ဆော်နေကြတာ။ တကယ်လို့ ရှင်က သစ္စာမရှိဘူးဆိုရင်တော့၊ ရှင့်ကို သစ္စာမရှိတဲ့ကောင် ဆိုပြီး ခေါ်ကြလိမ့်မယ်၊ ဒီတော့ ရှင့်ရဲ့ ဂုဏ်သိက္ခာအတွက် အဲ့လိုတော့ မလုပ်သင့်ဘူးပေါ့လေ
အဲ့ဒါတွေက တကယ့် ချစ်သူတွေ မဟုတ်ပါဘူး။ ဒီအတိုင်း မိန်းမတွေပါပဲ ဆုယြီက ရှင်းလင်းအောင် ပြောလိုက်သည်။
ဒီနှစ်တွေထဲမှာ ကျောင်ချင်းရာ အပါအဝင် သူနဲ့ ပတ်သတ်ခဲ့တဲ့ အဲ့ဒီ မိန်းကလေးတွေ အကုန်လုံးဟာ ဒီအတိုင်းပဲ ငွေကြေးကိစ္စနဲ့ လိင်ကိစ္စ တို့ ပူးပေါင်းပါဝင်နေရုံမျှသာ။
သူ့ရဲ့ ပျင်းရိမှုနဲ့ အထီးကျန်မှုကို ဖြေဖို့ နည်းလမ်းရှာခဲ့ရုံသာ ဖြစ်ပြီး၊ ဘယ်သူ့ကိုမှ မချစ်မိခဲ့ပေ၊ ဒီအတိုင်း ကစားနေခဲ့ရုံသာ။
ထို့ကြောင့် သူ့ကိုယ်သူတော့ ဖောက်ပြန်သည်ဟု မေတြးမိခဲ့။ တစ်ဖက်ကလည်း၊ ဟော်မြန်က သည်လိုတွဲဖို့ ထိုက်တန်သည်ဟု စဉ်းစားမိခဲ့တာ ဖြစ်သည်။
အော် .. ကြည့်ရတာ က်မက ဒီလိုကိစ္စတွေမှာ ခေတ်မမီတော့ဘူး ထင်တယ်။ ဒါပေမဲ့ က်မမွာ ခ်စ်သူ ရှိပြီးသားပါ၊ အဲ့တော့ က်မကေတာ့ သစ္စာမရှိတဲ့မိန်းမ လို့ အခေါ်မခံချင်ဘူးလေ။ နောက်အရေးကြီးတဲ့အချက်က က်မ သူ့ကို မထားခဲ့နိုင်ဘူး။ ကျမတို့က ချစ်နေကြတာ၊ နှစ်ယောက်သား ဆက်ဆံရေးလည်း ခိုင်မာတယ်။ ရှင့်ရဲ့ ကြင်နာသနားမှုကြီးအတွက်တော့ ကျေးဇူးပါပဲ။ ရှင်လည်း ကျန်းကျန်းမာမာ နဲ့ အလုပ်မှာ ပျော်ပျော်ရွှင်ရွှင် ရှိဖို့ မျှော်လင့်ပါတယ်။
နောက်တော့ ဟော်မြန် လှည့်ထွက်သွားတော့သည်။
ကျန်းမာတဲ့ဘဝ ? .. အလုပ်မှာ ပျော်ရွှင်ဖို့ ? သူလေးက ထူးဆန်းတာပဲ၊ သူ့ရဲ့ ငြင်းပယ်မှုကတောင် သူများနဲ့မတူဘူး။ ဆုယွီမျက်နှာမှာတော့ စိတ်ပျက်ခြင်းက အတိုင်းသား။ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်ကို ဖွင့်ဟဝန်ခံခြင်းမှာ ဒီလိုအငြင်းခံရတော့ ၊မိမိကို တစ်ယောက်ယောက်က ရေခဲရေနဲ့ လောင်းချလိုက်သလို ခံစားလိုက်ရသည်။
သူ့အခန်းကို ပြန်ရောက်တော့ ဆုယွီတစ်ယောက် မပျော်မရွှင်နဲ့ ဖုန်းထုတ်ယူလိုက်ပြီး WeChat ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေချည်း ဖွဲ့ထားသည့် စကားပြောခန်းမှာ စာဝင်ရေးလိုက်သည်။
( ကိုယ်သေဘာက်တဲ့ မိန်းကလေးမှာ ခ်စ်သူ ရှိနေရင် ဘယ္လို လုပ်သင့်လဲ )
( သူ့ကို မင်းနဲ့ အိပ်ဖြစ်အောင် လုပ်လိုက်၊ ဒါက လူတွေကို အချစ်နဲ့တွေ့စေတဲ့ နည်းပဲ ) တစ်ယောက်သော အပေါင်းအဖော်က ပြန်ဖြေလာသည်။
( သူကို ခိုးသွားလိုက်၊ ဒီ C မြို့တော်ထဲမှာ မင်းကို ဘယ်သူမွ မယှဉ်နိုင်ဘူး၊ မင်းမှာက ငွေကြေးရော၊ ရုပ်ရည်ရော အကုန်ပိုသာနေတာပဲ)
( သူ့လက်ရှိရည်းစားကို ငွေနဲ့ ပေါက်ပြီး လမ်းခွဲသွားအောင် လုပ်လိုက် ၊ ဒါ မင်းကို အခွင့်အရေး ပေးတာ ဆိုပြီးတော့ )
( ဒီအတိုင်းပဲ သူ့ကို ဘာလိုချင်လဲမေးပြီး သူလိုချင်တာ ပေးလိုက်ပေါ့ ၊ ဒါဆို သူက မင်းနဲ့ အိပ်ချင်သွားမှာပဲ )
သူ့ရဲ့ အပေါင်းအဖော်တွေ အကုန်လုံးက တစ်ယောက်တစ်ပေါက် ဝင်ပြောကြပေမဲ့လည်း၊ ဆုယြီကေတာ့ အဲ့ဒီထဲက ဘယ်နည်းလမ်းကမှ ဟော်မြန်အတွက် အလုပ်ဖြစ်မည် မထင်မိ။
မိမိနဲ့ အိပ် အောင် လုပ်ရမယ် ? ဒါကြီးက မိမိကို အဆင့်နိမ့်အောင် လုပ်နေတာပဲ မဟုတ္ဘူးလား၊ မိမိမွာ ရုပ်ရည်ရော၊ နောက်ခံအသိုင်းအဝိုင်းရော အကုန် ပြည့်စုံနေတဲ့ဟာကို .. ။ မိမိလိုလူက တစ်စုံတစ်ယောက်ကို ဖိအားပေး အိပ်စေဖို့ လိုမတဲ့လား။
တခြားသူတွေသာ သိသွားရင် ဘယ်လောက်များ ရှက်စရာကောင်းလိုက်မလဲ။
သူ့ကို ခိုးယူရမယ် ? ဒါကြီးကလည်း လွန်လွန်းတယ်။ နောက်ပြီး ဟော်မြန်ရဲ့ ပုံစံအရဆို မိမိကိုပဲ မုန်းသွားတော့မှာပေါ့။ ဒီလိုကြီးနဲ့တော့ ဘယ်လိုလုပ် ရှေ့ဆက်ရတော့မလဲ။
သူ့လက်ရှိရည်းစားကို ငွေနဲ့ပေါက်ရမယ် ? ဆုယြီ ဒီတစ်ချက်ကြောင့် မိမိ ရှုံးနေသလို ခံစားလိုက်ရသည်။ ဟော်မြန်ရဲ့ ရည်းစားက ဘယ်သူ ဘာလုပ်တယ် ဆိုတာတောင် မိမိ မသိရေသး၊ အဲ့ဒီလူနဲ့ ပတ်သတ်ပြီး ဘာမွ ရှာမတွေ့။ ဒါက အဲ့ဒီလူဟာ သာမာန်အသိုင်းအဝိုင်းက မဟုတ္ဘူးဆိုတဲ့ အဓိပါယ်ပဲ မဟုတ္ဘူးလား။ ဒီလိုလူက မိမိဆီက ငွေကို လက်ခံပါ့မလား။
သူလိုချင်တာတွေကို ဖြည့်ဆည်းပေးရမယ် ? ဒါက ကြိုးစားကြည့်ပြီးသွားပြီလေ ၊ ဟော်မြန်က မိမိကို ဟားတိုက်ပြီး ဂျင်းနီလို့တောင် ခေါ်သွားသေးသည်ပဲ..
ထို့ကြောင့် အဲ့ဒီ အကြံတွေအကုန်လုံးက တစ္ခုမွ အလုပ်မဖြစ်
( ဘာတွေ ဖြစ်နေတာလဲ ၊ C မြို့တော်ထဲမှာ ဒီကမ္ဘာပေါ်က အလှဆုံး မိန်းကလေး ရှိနေလို့လား။ အဲ့မိန်းကလေးက ငါ့တို့ မစ္စတာဆုကြီးရဲ့ အသည်းကို ခွဲသွားလို့လား။) တစ်ယောက်သောသူက ထဖောက်သည်။
မင်းသားလေးယောက်ထဲက ဝေ့လျောင် ကေတာ့ ဆုယွီနဲ့ အရင်းနှီးဆုံး ဖြစ်သည်။ ဆုယြီရဲ့ အေမးစကားကို မြင်တော့ သူက လှောင်ပြုံးပြုံးနေတဲ့ပုံလေး ပို့လာသည်။
နောက်တော့ သူရေးလာတာက ( ယောက်ျားတွေက သစ္စာမရှိဘူး။ ရှိနေတယ်ဆိုရင် အဲ့ဒါ သူတို့ရဲ့ ဖြားယောင်း သွေးဆောင်မှုပဲ။ မိန်းမတွေလည်းပဲ သစ္စာမရှိကြဘူး။ ရှိနေတယ်ဆိုရင် အဲ့ဒါ မင်းက သူ့လက်ရှိချစ်သူကို စွန့်ပစ်ရလောက်အောင် မပေးကမ်းနိုင်သေးလို့ပဲ ။ မင်းသာ သူ့ကို သူလိုချင်တဲ့ အတိုင်းအတာအထိ ပေးကမ်းနိုင်ရင် ၊ ဒါဆို မင်း အောင်မြင်သွားပြီ )
ဒါကို ဆုယြီ မြင်လိုက်တော့ .. အဲ့ဒါကို စဉ်းစားကြည့်လိုက်သည်၊ နောက်တော့ ပိုလို့တောင် စိတ်ဓါတ်ကျသွားရတော့သည်။
မိမိသာ ဆေးရုံဆင်းရလျှင် ၊ ဟော်မြန်ကို မြင်တွေ့ရဖို့တောင် ပိုခက်ခဲသွားပေတော့မည်။
-
ဟော်မြန် အလုပ်ဆင်းလာပြီးနောက် အင်ပါယာဝင်းထဲကို တန်းပြန်မည် အပြုမှာ ကျီရှင်းထံမှ ဖုန်းဝင်လာသည်။ ဒါကြောင့် ချက်ချင်းပဲ ကျောင်းဝင်းထဲ မောင်းသွားလိုက်သည်။
ကျီရှင်းက အဝါရောင် ပြိုင်ကားတစ်စီးနားမှာ ရပ်နေပြီး၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံပေါ်လေသည်။
မမ .. ကျတော့်ကား လွလား
ဒါကို ဘယ္က ရလာတာလဲ ဟော်မြန် မျက်မှောင်ကုပ်နေမိသည်၊ စိတ်လည်း မကြည်လင်..
ရှေ့ရက်တုန်းက ကုမဏီတစ္ခုက လ်ွပ္စစ္ကား ဒီဇိုင်းပြိုင်ပွဲ ကျင်းပပေးတယ်၊ အဲ့ဒါ ကျတော့် ဒီဇိုင်းက ပထမရတယ်။ ဒါနဲ့ ဒီကားကို ဆုအဖြစ်ပေးတာ။
ဒါဆို ကောင်းတာပဲ မဟုတ္လား။ ဘယ်လိုလုပ် မောင်လေးပုံက ထူးဆန်းနေရတာလဲ ဟော်မြန်က သူ့မောင်ကို သေသေချာချာ နားလည်သူဖြစ်သည်။
ကျီရှင်းက ခေါင်းငုံ့သွားသည်။ ခဏနေပြီးတော့မှ မမ .. ကျတော် မမကို မညာချင်ဘူး၊ ပြိုင်ပွဲလုပ်ပေးတဲ့ ကုပဏီက GK ..
ဒီစကားကို ကြားရချိန်မှာ ဟော်မြန်ရဲ့ အမူအယာက ပြောင်းလဲသွားရတော့သည်။
-
အခန်း ( ၅၆၀ )
The So-called Love Me, Love My Dog (2)
မမ ကျတော့်ကို စိတ်မဆိုးပါနဲ့ ၊ ကျတော် တကယ် မသိခဲ့လို့ပါ။ ဒါကို GK က ကျင်းပပေးတယ်ဆိုတာလည်း မသိခဲ့ဘူး။ ကျတော် ကား ရလာတော့မှ သိတာ။ ကျတော် တမင်လုပ်တာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် မေမေ့ကိုတော့ မပြောပါနဲ့နော်။ ကျင်းကျီရှင်းက GK ဆိုတာ မိခင်နဲ့ အစ်မဖြစ်သူတို့အတွက် စိတ်ဖိအားဖြစ်စေသည့်အရာ ဆိုတာ သိနေသည်။
ဒါကြောင့်ပင် သူ စိတ်အားငယ်နေရခြင်း ဖြစ်သည်။
မောင်လေး သူ့ကို တွေ့ပြီးပြီလား ဟော်မြန်က မရဲတရဲ မေးကြည့်လိုက်သည်။
ဘယ်သူ့ကိုလဲ .. အစ်ကိုကြီးချင်းချူ ကိုလား
အင်း
နိုး .. ကျတော်ဒီနေ့ သွားတော့ အစ်ကိုကြီးရဲ့ လက်ထောက်က ကျတော့်ကို ကူပြီး အချက်အလက်တွေ ဖြည့်ပေးတယ်။ အမှန်အတိုင်း ပြောရရင် မမ ကျတော့် ဒီဇိုင်းက အဲ့လောက်ကြီး မကောင်းနေဘူး။ ဒါပေမဲ့ နိုင်သွားတယ်။ လူတိုင်းက ကျတော် ကံကောင်းတယ်လို့ ပြောကြတယ်။ ကျတော်က မမလို မွေးကတည်းက ဥာဏ်ကြီးရှင် အဖြစ်နဲ့ မွေးလာတာမှ မဟုတ္တာ။ ကျတော်ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ကျတော့်ရမှတ်တွေက သာမာန်ပဲ။ ဒါကြောင့် ကျတော် ဒီဆုကို ရနိုင်ခဲ့တယ်ဆိုတာ မမနဲ့ တစ္ခုခု ပတ်သတ်နေလို့ပဲလေ။ ကျတော် ထင်တာက အစ်ကိုကြီးချင်းချူက ဒီလိုအခွင့်အရေးယူပြီး မမနား ပြန်ကပ်ချင်နေတာ ထင်တယ်။
သူပြောတဲ့စကားကို ကြားရတော့မှ ဟော်မြန် သက်ပြင်းချမိသည်။ သူသည်လည်း ကျီရှင်းကို မိမိက ချင်းချူနဲ့ အတူပြန်ရှိနေသည့် အျဖစ္ကို ပြောပြချင်မိသည်။
ဒါပေမဲ့ ကျီရှင်း သိသွားရင် ဖိအားပေးသလို ဖြစ်မှာစိုး၍ မပြောဖို့ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်သည်။
ဒီကားက Transformer ရုပ်ရှင်ထဲက ကား မဟုတ္လား ဟော်မြန်က ပြိုင်ကားအဝါလေးကို တစ်ချက် ကြည့်လိုက်သည်။
ကျင်းကျီရှင်းက တက်တက်ကြွကြွပင် ခေါင်းညိတ်ပြသည်။ ဟုတ်တယ် .. အဲ့ဒါက Bumblebee လေ၊ ကျတော့်အကြိုက်ပဲ။ ဒါက Chevrolet Camaro ၊ ကျတော် အကြိုက်ဆုံးကားပဲ ။ အစ်ကိုကြီးက ကျတော့်အကြိုက်ကို ဘယ္လိုလုပ္မ်ား သိနေသလဲ မသိဘူး၊ အံ့သြစရာပဲ
ဒါက ဘယ်လောက်လောက် တန်ကြေးရှိလဲ
ကျတော်ထင်တာတော့ ဈေးကွက်မှာ ယွမ် ၄ သိန်းလောက် ပေါက်မယ်ထင်တယ်။ ဒါကြောင့် ကျတော် မယူထားရဲတာ၊ မမပဲ အစ်ကိုကြီးကို ပြန်ပေးပေးပါလား။ ကျင်းကျီရှင်းက ကားတွေကို သဘောကျသည်၊ ဒါပေမဲ့ သူ မယူထားသင့်မှန်းတော့ သိနေသေးသည်။ အထူးသဖြင့် မိမိအစ္မ နဲ့ ချင်းချူ ရဲ့ ကြားက ထူးခြားတဲ့ ဆက်ဆံရေးကြောင့်ပင်။
ကားကို ဒီမွာပဲ ထားထားလိုက်၊ အခုကဈပီး ဘယ္ကိုမွ မမောင်းကြည့်နဲ့။ ဘာလုပ်ရမလဲ မမ စဉ်းစားကြည့်လိုက်ဦးမယ်
ဟုတ်ကဲ့
မမ .. မမ ပိန်သွားတယ်။ အခုတေလာ အလုပ်ပင်ပန်းလို့လား ကျင်းကျီရှင်းက ဟော်မြန်ကို ကြည့်ပြီး အစ္မျဖစ်သူ ညဆိုင်းတွေဆင်းရတာကို သနားနေလေသည်။
ဟော်မြန်က မျက်ကွင်းတွေ ညိုနေသည်၊ ဒါပေမဲ့ သူ့ကိုယ်သူ သတိမပြုမိခဲ့။
ရပါတယ် .. ကိုယ့်ဘာသာပဲ ဂရုစိုက်စမ်းပါ။ အခုနောက်ပိုင်း ခေါင်းကိုက်သေးလား
ဟင့်အင်း
ဆေးရော မှန်မှန်သောက်ရဲ့လား
သောက်ပါတယ် မမရဲ့ ၊ အခုဆို နှစ်မျိုးပဲ သောက်ရတော့တာ
အိုကေ .. အဲ့ဒါ ဆက်သောက်ထားဦး၊ ဒါတွေက မောင်လေးကို ပြန်ကျန်းမာအောင် လုပ်ပေးမှာ
မမ .. ဘာဖြစ်လို့ အိမ်ပြန်လာမနေတာလဲ။ မေမေက အဲ့ဒီအကြောင်းပဲ ကျတော့်ကို ခဏခဏပြောနေတယ်။ သူက အပြင်မှာ အိမ်ငှားနေတော့ ပိုက်ဆံအများကြီးကုန်မှာပေါ့တဲ့။ ဒါကြောင့် အိမ်မှာ ပြန်လာနေရင် ပိုကောင်းမယ်တဲ့။ သူ မမကို ပြန်လာနေစေချင်တာ ကျတော်သိတယ်။ နောက်ပြီး ဒါက ငွေကုန်သက်သာအောင်လို့ပဲ မဟုတ်ပါဘူး။ ကျတော်တို့ မိသားစုသုံးယောက် အတူပြန်နေတာက ပိုကောင်းလို့ပါ
ဒီအကြောင်း နောက်မှ ပြောကြတာပေါ့။ မမ အခု ပြန်လိုက်ဦးမယ်။ နောက် လိုတာရှိရင် မမကို ဖုန်းဆက်နော် သူ ကြာကြာ မေနေတာ့ဘဲ အိမ္ကို တန်းပြန်လာလေသည်။
ကိုယ်လက်သန့်စင်ပြီးတော့ ညနေရောက်သည်အထိ အိပ်လိုက်သေးသည်၊ တံခါးဖွင့်သံ ကြားတော့မှ ပြန်နိုးလာသည်။
ရှင် ကျီရှင်းကို ကား ပေးဖို့ စီစဉ်လိုက်တာလား။ ချင်းချူ ဝင်လာသည်နှင့် မစောင့်နိုင်တော့ဘဲ မေးမိသည်။
အင်း
ဘာလို့ က်မကို မပြောတာလဲ
ကိုယ် မင်းကို ပြောထားတယ်လေ။ ချင်းချူပြောပုံက ဘာမှမဟုတ်သလိုပင်
တကယ္ကေတာ့ ချင်းချူ ဒီအကြောင်းကို အရင်က တစ်ခါပြောဖူးပေမဲ့ ၊ ဟော်မြန်က သဘောမတူခဲ့ပေ။
ဒါပေမဲ့ က်မ ဘယ်တုန်းကမှ သဘောမတူဘူးလေ
ဒါက မင်းအတွက်မှ မဟုတ္တာ၊ ဒီတော့ မင်းရဲ့ သဘောတူညီမှု ဆိုတာက အဲ့လောက် လိုလို့လား
ဟော်မြန်
ဟော်မြန် သက်ပြင်းဖွဖွ ချမိရင်း.. ချင်းချူရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်သည်။ ရှင် ဒီလို မလုပ်ပါနဲ့.. ၊ သူက အခုမွ ကျောင်းသားပဲ ရှိသေးတာ။ ရှင် သူ့ကို အလိုမလိုက်သင့်ဘူး
ကိုယ်သူ့ကို အလို မလိုက်ပါဘူး။ ဒါကြောင့်မို့ သိပ်ဈေးမကြီးတဲ့ ကားပဲ ပေးလိုက်တာ။ ကိုယ်သာ အလိုလိုက်ချင်ရင် Porsche တစ္စီး ဝယ်ပေးလိုက်မှာပေါ့
ချင်း .. ဟော်မြန် စကားတစ်လုံးပဲ ပြောရသေးသည်၊ ချင်းချူက ခေါင်းမော့ပြီး မြန် ဘက္ကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လာသည်။
ဒါနဲ့ ချက်ချင်းပဲ လေသံကို ပြောင်းကာ မောင်ရယ် .. မောင်က သူ့ကို အလိုလိုက်ဖို့ လုပ်နေသလို ဖြစ်နေပြီ
သူက မင်းရဲ့ မောင်လေးလေ၊ ဒါဆို ကိုယ့်ရဲ့ ညီပဲ မဟုတ္ဘူးလား။ သူ့ကို အလိုလိုက်တော့ရော ဘာမှားလို့လဲ
လူတစ်ယောက်မှာ သူ့နည်းလမ်းနဲ့သူ ရှိနေပြီး၊ သူတို့ကြိုက်တာ လုပ်ပိုင်ခွင့်ရှိနေတာလည်း နားလည်ပါသည်၊ သို့သော် ဟော်မြန်ကလည်း ချင်းချူရဲ့ သူ့ကို ချစ်ရင်၊ သူမွေးတဲ့ခွေးကိုလည်း ချစ်ရမည် ဆိုတဲ့ အတွေးကိုလည်း နားလည်နေခဲ့ရသည်ပဲ။
ဒါပေမဲ့ မောင်လုပ်နေတဲ့ပုံက သူ ဘာမွ မကြိုးစားဘဲ အဲ့ဒါတွေ အကုန်ရနိုင်တယ်ဆိုပြီး တွေးထင်သွားလိမ့်မယ်
ဒါဆို သူ အဲ့ဒါတွေအတွက် မလုပ်နဲ့ပေါ့၊ နောက် သူ ဘွဲ့ရပြီးရင်လည်း သူ အလုပ်လုပ်ဖို့ မလိုပါဘူး။ သူ ဖြစ်ချင်တာ အကုန်လုပ်လို့ရတယ်။ လုပ်စမ်းပါစေ
မောင် အဲ့လို မလုပ်နဲ့လေ၊ သူက ယောက်ျားတစ်ယောက်ပဲ၊ သူ့မှာ တာဝန်ယူတတ်တဲ့ အသိတော့ ရှိရမှာပေါ့
မင်းက မင်းရဲ့မောင်လေးကို ကိုယ့်ထက် ပိုနားလည်ပါတယ်၊ ဒီကေလးက အပြစ်ကင်းတယ်၊ ကြင်နာတတ်တယ်၊ ကားတစ်စီးလောက်နဲ့တော့ သူ့မှာ ဘာမွ ဖြစ်မသွားနိုင်ပါဘူး။ အဲ့လောက် အရူးလို စဉ်းစားမနေပါနဲ့
ဒါပေမဲ့ .. ဟော်မြန် ထပ်ပြောချင်နေသေးသော်လည်း ချင်းချူက ဖြတ်ပြောလိုက်သည်။
ကိုယ် ဗိုက်ဆာပြီ .. အချစ်လေး .. ကိုယ့်ကို ညစာ တစ္ခုခု ချက်ပေးပါလား
ချင်းချူရဲ့ အကြည့်တွေကြောင့်၊ ဟော်မြန်လည်း အရှုံးကို ဝန်ခံလိုက်ရတော့သည်။
သူ မီးဖီုဆောင်ဘက် ပြေးသွားလိုက်တော့၊ ချင်းချူက အနိုင်ရလို့ ပြုံးနေလေတော့သည်။ မိမိက ခေါင်းစဉ်ပြောင်းတဲ့ နေရာမှာ တော်လွန်းနေတာ မဟုတ္ဘူးလား။
သူတို့ ညစာ စားနေကြတုန်းမှာ ဟော်မြန်က အမွတ္တမဲ့လို ပုံစံနဲ့ ကျီရှင်းက ဒီနေ့ က်မကို ပြောတယ်၊ သူတို့နဲ့ ပြန်လာနေစေချင်တယ်တဲ့
ဒါဆို ဒီကောင်လေးက ကိုယ့်စေတနာကို ဒီလိုနည်းနဲ့ ပြန်ဆပ်လိုက်တာပေါ့လေ ချင်းချူရဲ့ မျက်နှာက တင်းမာသွားသည်။ မိမိရဲ့ ယောက်ဖက မိမိရဲ့ ကားကျတော့ ယူပြီး၊ အခုက် မိမိရဲ့ ဇနီးကိုပါ ပြန်ခေါ်ယူချင်တယ်ပေါ့လေ မလြန္ဘူးလား ဒါက
-
အခန်း ( ၂၆၁ )
The So-called Love Me, Love My Dog (3)
ရှင် ဘယ်လိုပြောလိုက်တာလဲ၊ ကျီရှင်းက ကျမတို့ လက္ထပ္ထားတာကို သိမွမသိဘဲ ၊ သူက ကျမတစ်ယောက်တည်း အိမ်ငှားနေတယ်ထင်ပြီး က်မကို စိတ်ပူနေရှာတာ
ဒါဆို မင်းအခွင့်အရေးတာနဲ့ သူ့ကို ပြောပြလိုက်သင့်တယ်လို့ ကိုယ်ထင်တယ်။ မဟုတ်ရင် နောက်ပိုင်း တခြားစိတ်ကူးတွေ ထပ်ရနေရင် ဘယ္လို လုပ္မလဲ
ဟော်မြန်က ချင်းချူ ဘာကိုပြောမှန်း သိနေတာမို့ ရယ်နေမိသည်။
ဒါပေမဲ့ ကား ကိစ္စကို စဉ်းစားကြည့်ရင်
မင်းတို့ မောင်နှမတွေ ကားအတွက် သိပ်ပြီး စဉ်းစားနေကြတယ်၊ တကယ်လို့ ဒီကားက အရမ်း တန်ဖိုးကြီးနေတယ် ထင်ရင် ၊ သူနဲ့ ကားချင်းလဲလိုက်ရင်လည်း ဖြစ်တာပဲ
ဟော်မြန် ပြောတော့မည့်စကား ချက်ချင်း ရပ်သွားရသည်၊ မိမိအနေနဲ့ ဒီ Volkswagen ကားကိုတောင် ကောင်းလှပြီ ထင်နေတာ၊ ဒီတော့ ဘယ်လိုလုပ်ပြီး ပြိုင်ကားဝါလေးနဲ့ လဲနိုင်မှာလဲ ..
တောင်ဘက်ပိုင်းစင်တာက သူနာပြုတွေ မိမိအကြောင်း ပြောကုန်တော့မှာပေါ့။ နောက်ပြီး သူတို့က မိမိမွာ ထောက်ပံ့ပေးမည့် သကြားဖေဖေကြီး ရှိနေတာကြောင့် ကားအသစ်လဲခြင်း ဖြစ်သည်ရယ်လို ကျိန်းသေ တွေးကုန်ကြတော့မှာပေါ့။
ဒါကြောင့် ချင်းချူနဲ့ ကျီရှင်းရဲ့ကားအကြောင်းကို ထပ်မပြောဖြစ်တော့။
သို့ပေမဲ့ တကယ်လို့ ချင်းချူသာ ဟော်မြန် စိတ်မကြည်မလင် ဖြစ်ရမှာကို ဂရုမစိုက်ဘူးဆိုရင် ကျီရှင်းကို Porsche တစ္စီးပဲ ဝယ်ပေးမိမှာပါ။
နောက်ပြီး တခြားသူတွေက မိမိရဲ့ ယောက်ဖဖြစ်သူဟာ ယွမ် တသိန်းဝန်းကျင်ပဲ ရွိတဲ့ ကားလေး မောင်းနေရတယ်ဆိုရင် .. မိမိမှာရော အရှက်မရစေနိုင်ဘူးလား .. ကဲ။
ဟုတ်တယ်လေ.. သူက တခြားကားနဲ့ လဲပေးလိုက်မည်ဟု ပြောပြီး တဖြည်းဖြည်းချင်း ဟော်မြန်ကို သိမ်းသွင်းချော့မော့ရသည်။
နောက်တစ်ခါဆိုရင်တော့ ပိုပြီး အသေးစိတ်အချက်အလက်တွေ ရွာထားမွ ရမည်။ ပထမဆုံး သူ လုပ်ဖို့လိုနေတာက မိမိဇနီးအတွက် နောက်ထပ်ကားတစ်စီးရှာပေးဖို့ ၊ ဒီလိုမှမဟုတ်ရင်တော့ ဟော်မြန် အဲ့ဒီ Volkswagen လေးကို မောင်းသွားတာ မြင်ရတိုင်း မိမိမွာ စိတ်မသက်မသာ ခံစားနေရသည်လေ။
ညစာ စားပြီးတော့ ဟော်မြန်က ရေချိုးပြီး အိပ်ရာဝင်ဖို့ ပြင်သည်။
သူ အခုနောက်ပိုင်း နောက်ကျသည်အထိ နေနေရသည်မို့ ကောင်းကောင်း မအိပ်ခဲ့ရပေ။ အဲ့ဒါရဲ့ ရလဒ်အဖြစ်နဲ့ မျက်ဝန်းတဝိုက်မှာတောင် ညိုနေတာက သိသိသာသာတောင် ဖြစ်နေသည်။
သူ ရေချိုးခန်းရဲ့ နံရံကပ်ဘီရိုလေးထဲက ချင်းချူ မိမိအတွက် ပြင်ဆင်ပေးထားတဲ့ မျက်ဝန်းတဝိုက်လိမ်းတဲ့ ခရင်မ် လေးကို ယူလိမ်းလိုက်သည်။
နောက်တော့မှ အိပ်ရာပေါ် ပြန်လှဲလိုက်၏။
ချင်းချူက နောက်ကျသည်အထိ အလုပ်ခန်းထဲမှာပဲ ရှိနေခဲ့သည်၊ နောက် သူ ဟော်မြန်ရဲ့ အိပ်ခန်းထဲ ရောက်လာချိန်မှာတော့ ဟော်မြန် မအိပ်သေးတာ မြင်လိုက်ရ၍ လန့်သွားလေသည်။
သူက ဖုန်းနဲ့ တီဗီ ရှိုး တစ္ခု ကြည့်နေတာ ဖြစ်သည်။
မင်း မအိပ်သေးဘူးလား
ဟင့်အင်း.. က်မ ဒီနေ့ခင်းတုန်းက အိပ်ထားလို့
မင်းရဲ့ ဇီဝဖြစ်စဉ်တွေတော့ မူမမှန် ဖြစ်နေလောက်ပြီ ချင်းချူ သနားသွားမိသည်။ နောက်တော့ ကုတင်ပေါ်တက်လှဲ လိုက်ပြီး သူ့လက်တွေက ဟော်မြန်ရဲ့ ပခုံးနားမှာ နေသားတကျ နေရာယူလာသည်။
မောင် အလုပ်ပြီးသွားပြီလား။ ပင်ပန်းနေတော့မှာပဲ
ကိုယ္က ဒီအတိုင်း အသားကျနေပါပြီး၊ ဒါက လုပ်ရမဲ့အလုပ်ပဲလေ
ခုတေလာ အိမ်ကိုလည်း မပြန်ဘူးဆိုတော့ မိဘေတြက ကျေနပ်ပါ့မလား ဟင် .. ဟော်မြန် သတိထားပြီး မေးမိသည်။
တကယ်လို့ ကိုယ် သွားရင်လည်း၊ အိမ်မှာ မင်းတစ်ယောက်တည်း ဖြစ်ကျန်ခဲ့မှာလေ။ ဒါဆို ကိုယ် စိတ်ပူနေရမှာပေါ့။ မကြာခဏလောက် ညစာအတူသွားစားပေးရင် ရပါပြီ ချင်းချူက ဟော်မြန်ရဲ့ ဆံပင်လေးတွေကို အသာသပ်ပေးရင်း ပြောလိုက်သည်။
တကယ်လို့ ကျမတို့ လွန်ခဲ့တဲ့ ၇ နှစ်ကို ပြန်သွားလို့ ရမယ်ဆိုရင် က်မကို တွေ့ဆုံဖို့ ရွေးချယ်ဦးမှာလား ဟော်မြန်က ဝမ်းနည်းနေသံဖြင့် ရုတ်တရက် မေးခွန်းထုတ်လာသည်။
ချင်းချူက ခဏလောက် တွေးကြည့်လိုက်ပြီးတော့ .. ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြန်ဖြေပေးသည်။ တကယ်လို့ လွန်ခဲ့တဲ့ ၇ နှစ်အချိန်ကို ပြန်သွားလို့ ရမယ်ဆိုရင် .. ဒါဆို ကိုယ် ဝင်ခွင့်ဗီဇာကို တစ္ပတ္စာ စောလုပ်လိုက်မယ်၊ ပြီးရင် တို့ နှစ်ယောက်လုံး အေမရိကကို အတူသွားကြမယ်။ ဒီလိုဆို ၇ နှစ်လုံး မင်းကို ကိုယ်လွမ်းနေရမှာ မဟုတ်တော့ဘူး။
ချင်းချူ အတြက္ကေတာ့ အဲ့ဒီ ၇ နှစ်တာမှာ ဟော်မြန်ကို ထားသွားခဲ့ရခြင်းကသာ သူ့ဘဝရဲ့ အကြီးမားဆုံး နောင်တ ဖြစ်သည်။
ဟော်မြန်က ဘာပြောရမည်မှန်း မသိတော့၍ ချင်းချူရဲ့ ရင်ခွင်ထဲသာ တိုးဝင်လိုက်သည်။
သူ ဝမ်းလည်းနည်းသည်၊ ဒါပေမဲ့ စိတ်လဲ လှုပ်ရှားသွားသည်။
ဒါဆို မင်းဆိုရင်ရော .. အဲ့ဒီ အချိန်ကို ပြန်သွားနိုင်မယ်ဆိုရင် ကိုယ်နဲ့ လက်တွဲချင်သေးရဲ့လား။ ချင်းချူသည်လည်း ယုံကြည်ချက် သိပ်မရှိနေဘဲ ပြန်မေးမိသည်။
ဟော်မြန် ပြန်ဖြေမည့်အဖြေကို ဘာကြောင့်ရယ်မသိ စိုးရိမ်နေမိသည်။
အကယ်၍ သူတို့ အတိတ္ကို ပြန်သွားနိုင်မည်ဆိုလျင် ၊ ဒီမိန်းကလေးက မိမိနဲ့ လက္တြဲပါ့မလား၊ ဒါဆို ဟော်မြန်ရဲ့ ပထွေးဖြစ်သူ ဦးလေးကျင်း သည်လည်း သေဆုံးရမှာ မဟုတ်ဘူးလေ။
ဟော်မြန်လည်း မိသားစုလေးယောက်စုံလင်စွာဖြင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်လောက်ပေမည်။
ဟော်မြန်က ချင်းချူရဲ့ ခါးကို ခပ်တင်းတင်းဖက်လာပြီး .. ခဏေနေတာ့မွ အတိတ်တုန်းက ကျမလုပ်ခဲ့တာတွေအတွက် ဘယ်တုန်းကမှ နောင်တမရပါဘူး။ အစကတည်းက ဒီလို ဖြစ်မယ်ဆိုတာ သိခဲ့ရင်တောင်မှပဲ။ အချိန်တွေ နောက်ပြန်ဆုတ်လို့ ရရင်လည်း က်မ အဲ့ဒီတုန်းက ယုံကြည်တဲ့အတိုင်း ဆက်လုပ်နေဦးမှာပဲ။ လူတွေ ဒီလောက် အများကြီး ရွိတဲ့အထဲက ကျမရှေ့မှာ ရှင်ရောက်လာတယ်ဆိုတာက သာမာန်တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး။ ဒါက ရေစက်ပဲ၊ ကျမတို့ရဲ့ ကံကြမ္မာပဲ။
ဟော်မြန် ပြောတာကြားပြီးတော့ ချင်းချူ ဘာမွ ထပ်မပြောတော့ဘဲ ဟော်မြန်ကိုသာ ခပ်တင်းတင်းတိုးဖက်ထားလိုက်တော့သည်။
ဆောင်းဦးရာသီရဲ့ အစောပိုင်း ညေလးတစ်ညမွာ သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လက်လွတ်ဆုံးရှုံးရမှာကို ကြောက်ရွံ့သည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားမိကြလေသည်။
တချို့ အရာတွေဟာ သင်ဘယ်တုန်းကမှ မပိုင်ဆိုင်ထားနိုင်ခဲ့ရင် အဆင်ပြေသေးသည်၊ ဒါပေမဲ့ သင် တစ်ခါ ပိုင်ဆိုင်ထားဖူးပြီ ဆိုလျှင်တော့ အဲ့ဒါကို ဆုံးရှူံးရခြင်းသည် အဆိုးရွားဆုံးသော ဖြစ်ရပ် ဖြစ်လာမည်ပင်။
ဟော်မြန် ရုတ်ချည်း သတိပြုမိသွားတာက ၊ အကယ်၍ တစ်နေ့မှာ မိမိသာ ချင်းချူကို ထားခဲ့ဖို့ ကြိုးစားခဲ့ရင် ၊ မိမိသည်လည်း နှလုံးကွဲကြေ၍ သေဆုံးနိုင်လောက်သည် ဟူ၍ပင်။
သည်လူကို ဆိုးဆိုးရွားရွားကို ရယူပိုင်ဆိုင်ချင်မိသည်၊ ဘဝတစ်သက်တာလုံးမှာ သူ့ဘေးမှာသာ နေချင်မိသည်။
-
ဟော်မြန် နောက်နေ့ အလုပ်သွားတော့ သူနာပြုများက သူ့နားမှာ ထူးဆန်းတဲ့ အပြုံးတွေနဲ့ ဝိုင်းရံနေကြသည်။
ရှင်တို့ ဘာတွေ ဖြစ်နေကြတာလဲ ၊ တစ္ခုခု ဖြစ်လို့လား ဟော်မြန် ဇေဝဇဝါ ဖြစ်မိသည်။
ရာထူးတိုးတဲ့အတွက် ဂုဏ်ယူပါတယ် ဟော်မြန်.. ညစာကျွေးရမယ်နော် တစ်ယောက်သော သူနာပြုက ပြုံးရင်း ပြောလာသည်။
ရာထူးတိုးတယ် ..? ဟော်မြန် ဘာမွ မသိထားမိ။
-
အခန်း ( ၂၆၂ )
The So-called Love Me, Love My Dog (4)
အိုး ဟုတ်သားပဲ ၊ မြန် မသိလောက်သေးဘူး။ တို့တွေက အရင်ကြားထားတာ ၊ ကြည့်ရတာ မြန် ဆီကို သတင်းမရောက်သေးဘူးထင်တယ်။
အာ .. က်မ တကယ် မသိဘူး
ဟော်မြန် အနေနဲ့ ဆေးရုံထဲက အတင်းအဖျင်းစကားတွေကို အာရုံသိပ်ထားလေ့မရှိ။ သူ့ကူညီပေးရမည့် လူနာမ်ားကိုသာ အာရုံစိုက်ထားလေ့ရှိသည်။ ထို့ကြောင့် ဒီလို နောက်ဆုံးသတင်းတွေကို နားမလည်နိုင်တာ ဖြစ်သည်။
သတိလည်းထားဦး ထင်းထင်းကို .. တခြားအဆိုင်းက သူနာပြုတွေ ဖယ်ထုတ်ခံနေရလိမ့်မယ် ။ သူက ရာထူးတိုးတွေ ခဏခဏဖြေပေမဲ့ တစ်ခါမှ မရခဲ့ဘူး။ အခု မင်းကို ရုတ်တရက်ကြီး ရာထူးတိုးတာဆိုတော့ သူက မင်းကို ကျိန်းသေ ဖယ်ထုတ်ပစ်အောင် လုပ်မှာပဲ။
အင်း .. ထင်းထင်းက နန်နန်နဲ့ မတူပါဘူး။ နန္နန္က ပိုက်ဆံနဲ့ ချမ်းသာတဲ့သူဌေးယောက်ျားကို ဖမ်းဖို့ပဲ လုပ်ချင်နေတာ၊ ဒါကြောင့် သူက ဆေးရုံမှာချည်းပဲ နေသွားဖို့ အစီအစဉ်မရှိနေဘူး။ ထင်းထင်းကျတော့ နောက်ခံနဲ့ အဆင့်အတန်းကို တန်ဖိုးထားတယ်၊ သူက အမြင့်ကို တက်လှမ်းဖို့ အမြဲတမ်း အခွင့်အရေး ရှာနေတာ။ ဒါကြောင့် မင်း ပိုပြီး ဂရုစိုက်သင့်တာ
နောက်တော့ သူနာပြုတချို့က ခိုးခိုးခစ်ခစ်ရယ်ကာ ထွက်သွားကြတော့သည်။
အမွန္ကတော့ ဟော်မြန် က သူတို့ကို သိပ်မရင်းနှီးပေ ၊ ဒါပေမဲ့ သူတို့ ဌာနချင်းက နီးကပ်နေသည်မို့ မကြာခဏ အကူအညီသွားပေးဖူးသည်။
အရိုးဌာနမှာတော့ ထင်းထင်းရယ်၊ နန်နန်ရယ် ၊ ရှောင်မေ့ရယ်သာ ရှိသည်။
ရှောင်မေ့ ဒဏ်ရာရသွားတော့ တျခားဌာနမွ သူနာပြုတစ်ယောက်က သူ့နေရာကို အစားထိုး ဝင်ရောက်လာသည်။ ထိုသူနာပြု၏ နာမည်က ဝမ်ရှောင်ယန် ၊ သူက စကားသိပ်မပြော၊ ဟော်မြန်နဲ့လည်း ပြောဆိုဆက်ဆံဖူးခြင်း သိပ်မရှိပေ။
ဟော်မြန် အတွေးတွေထဲ လွင့်နေတုန်း ၊ သူနာပြုခေါင်းဆောင် ဆုန်းလင်း က ရုတ်တရက်ပေါက်လာပြီး ဟော်မြန် အစ်မနဲ့ လိုက်ခဲ့ဦး
-ဌာနတွင်းရုံးခန်းထဲတွင်-
ဟော်မြန် မင်း ရာထူးတိုးတယ်ဆိုတာ ကြားပြီးပြီထင်တယ်၊ ဆေးရုံက နေ့လည်ကျရင် တရားဝင် ကြေငြာချက် ထုတ်ပြန်လိမ့်မယ်
ရာထူးတိုးတယ် ? ဟော်မြန် ဇေဝဇဝါ ဖြစ်နေတုန်းပင်။
ဟုတ်တယ်၊ မင်းက အခု အရိုးဆောင်မှာ သူနာပြု ခေါင်းဆောင် ဖြစ်သွားပြီ
ဒါဆို အစ္မ ကျတော့ရော ဟော်မြန် အံ့သြနေမိသည်။
ဆုန်းလင်းက ရယ်မောလျက် အစ္မက မင်းတို့ရဲ့ ဒါရိုက်တာ အသစ်အဖြစ်နဲ့ ဘဏ္ဍာရေးဌာနကို ပြောင်းရမယ်
ဒါ ကောင်းတာပဲ ၊ ဂုဏ်ယူပါတယ် အစ္မ
ကျေးဇူးပဲ ဆုန်းလင်းသည်လည်း ပျော်နေပုံရသည်။
မင်း ရာထူးတိုးတာ အကြောင်းရင်းနှစ်ခု ရှိတယ်။ ပထမက မင်း ပြုစုပေးတဲ့ လူနာတွေအကုန်လုံးက မင်းကို မှတ်ချက်ကောင်း ပေးကြတာကြောင့်၊ အခန်း ၂ က မစ္စတာလျို ကဆိုရင် မင်းအကြောင်း ကောင်းတာတွေချည်း ပြောပေးတယ်၊ မစ္စတာဆု က သိပ်အများကြီး မပြောဘူးဆိုပေမဲ့ ၊ သူက မင်းရဲ့ လုပ်ဆောင်ချက် အဆင့်ကို A ပေးတယ်။ သူလည်း မင်းကို ကျေနပ်ပုံပဲ။ မင်းရဲ့ လုပ်ဆောင်ချက်တွေကို အစ်မလည်း မြင်နေတာဆိုတော့ အစ်မကလည်း A ပေးထားတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ဒါရိုက္တာဝူရဲ့ မှတ်ချက်ပဲ။ ဒါကြောင့်မို့လည်း သိပ်မကြာဘဲ မင်းရာထူးတိုးရတာ။
ဒါရိုက္တာဝူ ?
ဟုတ်တယ် .. ဒါရိုက္တာဝူက မင်းကို အများကြီး မျှော်မှန်းထားပုံရတယ်။ မင်း ရာထူးတိုးပြီးရင် ၊ တို့ဌာနမှာ မင်းက သူနာပြုခေါင်းဆောင် ဖြစ်သွားပြီ၊ မင်းကောင်းကောင်း လုပ်နိုင်မယ်လို့ ငါယုံကြည်ပါတယ်။ မင်းရဲ့ လစာကလည်း အခုကဈပီး တစ္လကို တစ်သောင်းနှစ်ထောင် ရလိမ့်မယ်။ တျခား ရပိုင်ခွင့်တွေလည်း ရမယ်၊ ဒီတော့ အလုပ် ကောင်းကောင်းလုပ် ဟုတ်ပြီလား
ကျေးဇူးတင်ပါတယ် .. သူနာပြုခေါင်းဆောင် ၊ အိုး ကျမပြောတာ ဒါရိုက်တာဆုန်း ကို ကျေးဇူးတင်ပါတယ်လို့ ဟော်မြန်က ပြုံးပြလိုက်သည်။
ဆုန်းလင်းက ပြောင်းသင့်နေတာ ကြာပြီဖြစ်သည်၊ ဒါပေမဲ့ သူ့နေရာကို ယူနိုင်တဲ့သူက မရွိခဲ့။ အခု ဟော်မြန် ရောက်လာတော့ သူလည်း စိတ္ခ်လက္ခ် တာဝန်လွှဲခဲ့နိုင်ပြီ၊ မဟုတ်ရင်တော့ သိပ်စိတ်မချရတဲ့ အဲ့ဒီမိန်းကလေးတွေကို ယုံကြည်ပြီး အလုပ်အပ်ထားခဲ့နိုင်မည် မဟုတ်ပေ။
ထင်းထင်းကတော့ စိတ်ဆိုးနေလိမ့်မယ်၊ ဒါကြောင့် သူ့ရဲ့ စိတ်ခံစားမှုကိုလည်း နားလည်ပေးလိုက်ပါ။ ဆုန်းလင်းက အသိထပ်ပေးလာသည်။
က်မ နားလည်ပါတယ်
ဒါဆို ကောင်းတာပေါ့၊ အခုလာခဲ့တော့ ၊ အစ္မ မင်းကို အလုပ်လွှဲပေးရမယ်
ဟော်မြန် ရုံးခန်းဘက် ပြန်လာချိန်မှာ နည်းနည်း ဦးနှောက်ခြောက်နေမိသည်။ ဝူရှောင်ရွှယ်ကိစ္စ ပြီးကတည်းက ဒါရိုက္တာဝူကို တွေ့ဖို့ အခွင့်အရေး မရခဲ့။
ရုတ်တရက်ကြီး ရာထူးတိုးတော့ သူလည်း အံ့သြမိသည်၊ ဒါက အရမ်းကြီး ကောင်းတဲ့ ရာထူးတော့ မဟုတ္ဘူး ဆိုပေမဲ့၊ ဟော်မြန်လို အသက် ၂၄ နှစ်အရွယ် မိန်းကလေး တစ်ယောက်အတွက်တော့ သူနာပြုခေါင်းဆောင် အဆင့်ရောက်လာခြင်းဟာ အရမ်းအခြေအနေကောင်းနေတာပဲ ဖြစ်သည်။
On-call နေရာမှာတော့ ထင်းထင်းက တခြားသူနာပြုတစ်ယောက်နဲ့ စကားပြောနေလေသည်။ ဟော်မြန် လာနေတာ လှမ်းမြင်လိုက်တော့ နှာခေါင်းရှုံ့လိုက်ပြီး၊ နင် ရာထူးတိုးတဲ့အတွက် ဂုဏ်ယူပါတယ်
ကျေးဇူးပဲ
သခင်လေးဆုကို ပြုစုရပြီးတဲ့နောက်မှာ အကုန်လုံး ပြောင်းလဲသွားတာပဲနော်၊ နင့်အတွက် တစ်ယောက်ယောက်က ပြန်ကြည့်ပေးတယ်ဆိုတာက တော်တော်ကောင်းတာပဲ
ဘာကို ဆိုလိုတာလဲ ထင်းထင်း ဟော်မြန် ပြုံးနေသည်။
ငါ ဘာကို ဆိုလိုလဲ နင်မသိဘူးလား၊ နင် ဘာကြောင့် ဟန်ဆောင်နေသေးတာလဲ။ နင်နဲ့ သခင်လေးဆုအကြောင်း ဆေးရုံတစ်ခုလုံး သိကြတယ်။ ဟော်မြန်.. နင်က တော်ပါပေတယ်၊ တို့ဆေးရုံမှာ လွတဲ့၊ ချောတဲ့ မိန်းကလေးတွေ ဒီလောက်များတာ၊ ဒါပေမဲ့ မစ္စတာဆုက မင်းကို မ်က္စိက်တာ မင်းတကယ် ကံကောင်းတာပဲ
ဒါဆို ရှင် က က်မကို အခု မနာလို ဖြစ်နေတာလား ဟော်မြန်က ထင်းထင်းကို စေ့စေ့ကြည့်ပြီး မေးလိုက်သည်။
ငါက ဒီအတိုင်း ဇေဝဇဝါ ဖြစ်မိရုံပါ၊ နင်က သခင်လေးဆုနဲ့ ဖြစ်ပြီးသားဆိုရင်လည်း ဘာလို့ တောင်ဘက်ပိုင်းမှာ ရှိနေသေးတာလဲလို့ ၊ နင်က ဇိမ်ကျကျဘဝနဲ့ နေသင့်နေပြီ မဟုတ္ဘူးလား။ သူနာပြုခေါင်းဆောင် ဆိုတဲ့နေရာလောက်က နင့်အတွက် နှမြောစရာကောင်းလွန်းပါတယ်၊၊ နင်က အခုဆို သခင်မလေးဆု ဖြစ်သင့်နေတာ မဟုတ္ဘူးလား
ဝမ်ထင်းထင်း ပြောတာ ကြားပြီးတော့ တခြားသူနာပြုတချို့က ခိုးခိုးခစ်ခစ် ရယ်ကြတော့သည်။
ဒါပေမဲ့ က်မက ဒီအတိုင်း တောင်ဘက်ပိုင်း စင်တာမှာ သူနာပြုခေါင်းဆောင် ဖြစ်ရတာကို ပိုကြိုက်ပါတယ်။ က်မ ကေတာ့ ဒီရာထူးက ကျမနဲ့ ပိုလိုက်ဖက်တယ် ထင်တာပဲ .. ဟော်မြန်က ဒီစကားလုံးတွေကို ဝမ်ထင်းထင်းရဲ့ မျက်လုံးကို စေ့စေ့ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်တာ ဖြစ်သည်။
-
VOUS LISEZ
အချစ်စတင်ခဲ့ရာ( Volume two)
Roman d'amourSynopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ြ...