316 to 325 (z.u)

1.1K 94 0
                                    

အခန်း (၃၁၆)
A Little Too Much Fun (8)
ဥက္ကဌဟော်၊ ဒါ ကျတော်တို့ ရထားတဲ့သတင်း အကုန်လုံးပါပဲခင်ဗျ
ကောင်းတယ်၊ မြန် ဘာမွ မျဖစ္တာ ကံကောင်းတာပဲ။ မဟုတ်လို့ကတော့ ကျိုးကွမ်းမင်ရဲ့ အသုဘက အခုပဲ ဖြစ်သွားရလိမ့်မယ်။
ကျတော်တို့ ဟော်မြန်မမလေးကို အနီးကပ် စောင့်ကြည့်နေပါတယ် ၊ စိတ်မပူပါနဲ့ .. ဥက္ကဌဟော်၊ သူ့ကို ဘာမွ မထိခိုက်အောင် ကျတော်တို့ သေချာလုပ်ပေးထားပါတယ်
တော်တယ်၊ မင်းတို့ အခု သွားနိုင်ပြီ
သူ့လူတွေကို နှင်လွှတ်လိုက်ပြီးနောက်၊ ဟော်စစ်ချန်က မြန်ကို ဖုန်းဆက်ဖို့ စဉ်းစားလိုက်သည်။ သို့သော် အခန်းထဲ ရုတ်တရက်ဝင်ရောက်လာတဲ့ ဟော်စစ်ရီကြောင့် အကြံပျက်သွားရလေသည်။
အစ်ကိုကြီး
ဘာလဲ  ဟော်စစ်ချန်က မော့ကြည့်လာသည်။
ကျတော်တော့ အင်္ဂလန်က စီမံကိန်းကို ဆက်မလုပ်ချင်တော့ဘူး။ ဟော်စစ်ရီက ဟော်စစ်ချန်ကို သိပ်သဘောမကျပေမဲ့၊ အပြင်ပန်းမှာတော့ သူ့အစ်ကိုကြီးတစ်ယောက်လို လေးစားမှုမျိုး ပြထားဖို့ လိုသည်လေ။
ဘာလို့လဲ ၊ သိပ်မအောင်မြင်လို့လား၊ အစ္ကိုက မင်းအတွက်နဲ့ အဖေ့ရှေ့မှာ အကောင်းတွေ ပြောပေးထားရတာ
အင်္ဂလန်မှာက အမြဲတမ်း မိုးရွာနေတာလေ၊ ရာသီဥတုက ဆိုးလွန်းတယ်။ အဲ့ဒါက ကျတော့်စိတ်ကိုပါ အကျိုးသက်ရောက်တယ်ဗျ။ ကျတော့်မှာ အဲ့ဒီမွာ သူငယ်ချင်းတွေလည်း မရွိဘူး။ ကျတော့်အတွက် ပျော်စရာ နေရာတွေလည်း မရှိနေဘူး၊ ပျင်းရိငြီးငွေ့လွန်းလို့ သေတော့မယ်
အေဖက ပြောတယ်၊ မင်းက အခု အရွယ်ရောက်နေပြီတဲ့၊ မင်းအမြဲတမ်း အပြင်ထွက်လည်ဖို့နဲ့ ပျော်ဖို့လောက်ပဲ စဉ်းစားမနေသင့်တော့ဘူး။ မင်း အလုပ်ရောက်နေတဲ့ အချိန်လေးတော့ ငါ့ကို နည်းနည်း ကူသင့်တာပေါ့ကွာ
ကျတော် ဒီမွာ ကူမယ်ဆိုလည်း ရတာပဲလေ၊ ဒီနိုင်ငံထဲမှာပဲ။ ကျတော် ပြည်ပကိုပဲ ထပ်မသွားချင်တာပါ၊ ကျတော့်ကို ပြည်ပခရီးတွေချည်းပဲ လွှတ်မနေပါနဲ့တော့၊ ကျတော် မသွားနိုင်တော့ဘူး။ ကျတော် ကိုယ့်ဘာသာပဲ အေဖ့ကို ပြောလိုက်တော့မယ်။ ဟော်စစ်ချန် ဘာမွ မပြောနိုင်ခင် ဟော်စစ်ရီက ထွက်သွားလေတော့သည်။
ကျစ် ကျစ်. ဒီပျက်စီးနေတဲ့ အကောင်လေးကိုလည်း ကြည့်ပါဦး ဟော်စစ်ချန်က ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်သည်။
သူ့အနေနဲ့ ဟော်စစ်ချန်နဲ့ ဟော်ယန်ယန်ကို ဖယ်ထုတ်ပစ်ဖို့ရာမှာ လောဖို့မလိုပေ။ သူတို့က အပ်ချည်မျှင်တစ်စမျှထက် ဘာမွ မပို၍ ဖြစ်သည်။
အဲ့ဒီ အပ်ချည်မျှင်က မသေနိုင်သေးတဲ့ ဟိုအဘိုးကြီးနဲ့ သူ့မယားငယ်တို့သာ ဖြစ်သည်။
-ညစာစားချိန်-
ဟော်စစ်ချန်က ဟော်ကျန်းဟိုင်ရဲ့ ဘေးမှာ ဝင်ထိုင်သည်။ ဟော်စစ်ချန်က မကြာခဏဆိုသလို သောက်စရာများ ငှဲ့ပေးခြင်း၊ သူ့ဖခင်ရဲ့ ပန်းကန်ထဲ စားစရာမ်ား တောင်လိုပုံအောင် ထည့်ပေးခြင်းမျိုး ပြုနေ၏။ သူ့အမူအယာက အလွန်တာဝန်ကျေပြီး လိမ္မာသော သားတစ်ယောက်လို ပြုမူနေတာ ဖြစ်သည်။
တဖက္က ဟော်စစ်ရီနဲ့ ဟော်ယန်ယန်ကမူ မကြာခဏဆိုသလို အပြင်ထွက်နေတာမို့၊ သူတို့အိမ်မှာ ညစာ စားခဲလှသည်။ ညစာစားချိန်မှာ ရှိနေတတ်တာက ရှန်းကျားနီနှင့် ကျန်းဟုန်တို့ပင်။
အေဖ .. ကျတော့်မှာ ပြောစရာ သတင်းတွေ ရှိတယ်
ဘာမ်ားလဲ ဟော်ကျန်းဟိုင်က နည်းနည်း စိတ်ဝင်စားပုံ ပေါ်သည်။
ကျတော်ကြားတာ ဆုယြီက မြန် ကို စိတ်ဝင်စားနေတယ်တဲ့
ဆုယြီ .. ဆုအိမ်တော်က တစ်ဦးတည်းသော သခင်လေးဟာလား ။ ဆုအိမ်မှာ မျိုးဆက်ငါးဆက်ပြီးနောက်မှာ တစ်ဦးတည်းကျန်တဲ့ အမွေခံဆိုတာလေးလား  ဆုအိမ္က ဆိုရင်တော့ ၊ ဟော်ကျန်းဟိုင်တောင်မှ သူတို့ရဲ့ ဂုဏ်သတင်းကျောစောမှုကို ရှိန်ရတာ ဖြစ်သည်။
C မြို့တော်ထဲမှာ ကောလဟလပြောကြတာက ဆုအိမ်တော် နာမည်သာသုံးနိုင်လျှင် ကြိုက်တာဘာမဆို လုပ်လို့ရတယ်ဟူ၏။
ဆုအိမ်တော်က နောက်ခံသမိုင်းကြောင်းရှိသည့် မိသားစုတစ္ခု ဖြစ်သည်။ တရုတ်ပြည်ရဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေလုပ်ခဲ့သည့် (၁၉၁၂-၁၉၄၅) အချိန်လောက်က ဆိုလျှင် သူတို့ဟာ အာဏာကြီးသော မိသားစု ဖြစ်ခဲ့သည်။ သူတို့မိသားစု အသိုင်းအဝိုင်းမှ မိသားစုဝင်များကလည်း အောင်မြင်ကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များ၊ သို့မဟုတ် ထိပ်တန်း အရာရွိမ်ားသာ ဖြစ်ကြသည်။
သူတို့ရဲ့ အဆင့်အတန်းဟာ တရုတ်ပြည်မမှာတော့ အခြေခိုင်ခိုင် တည်ရှိနေပြီး၊ အလြယ္တကူ နှဲ့လို့ ရနိုင်မည်မဟုတ်ပေ။ ဆုအိမ်တော်ရဲ့ ငါးဆက်မြောက် တစ်ဦးတည်းသော အမွေခံအဖြစ်၊ ဆုယြီက ဘုရားသခင်ရဲ့ ကောင်းချီးသြဘာဖြင့် မွေးဖွားလာတာပဲ ဖြစ်သည်။
ဟုတ်တယ် အေဖ.. အဲ့ဒီတစ်ယောက်ပဲ
သူက ဘယ်လိုလုပ်ပြီး ဟော်မြန်ကို စိတ်ဝင်စားသွားရတာလဲ
ဟော်ကျန်းဟိုင် အံ့သြသွားမိသည်။ ဒီ မျက်နှာသာပေးမခံရတဲ့ သူ့ရဲ့ သမီးက လွလွပပ မျက်နှာလေးတောင် မပိုင်ဆိုင် ၊ စွဲမက်ဖွယ်ရာ ခန္ဒာကိုယ်လည်း မရွိ။
သူက နူးညံ့ညင်သာသူလည်း မဟုတ်နေ၊ နောက်ပြီး သူစကားပြောပုံကလည်း ကြမ်းတမ်းပြီး ရက်စက်သေးသည်။
ဘယ်လိုလုပ်ပြီး ဆုယြီက သူ့လိုလူကို စိတ်ဝင်စားသွားသတဲ့လဲ..
မြန်က သူ့ပုံစံနဲ့သူ ထူးခြားတဲ့သူလေ။ ဒီတော့ ဒါလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ သူကျောင်းတက်တုန်းက အချိန်ကိုလည်း ပြန်တွေးကြည့်ဦးလေ။ သူက ချင်းအိမ်က သားနဲ့တောင် တစ္ခုခု ဖြစ်ခဲ့သေးတာပဲ မဟုတ္လား ဟော်စစ်ချန်က ရယ်လိုက်သည်။
ဘာရယ် .. ဆုယြီက ဟော်မြန်ကို သဘောကျတယ် ? နင် ဒါ နောက်နေတာတော့ မဟုတ်ပါဘူးနော် ရှန်းကျားနီသည်လည်း အံ့သြသွားသည်၊ သူ့ရဲ့ သမီးဖြစ်သူကလည်း ဆုယြီနား ကပ်ခွင့်ရဖို့ ကြိုးစားနေတာ သူ သိနေသည်လေ။ ဒါပေမဲ့ ဟော်မြန်နဲ့ ဘယ္လို ပတ်သတ္ကုန္တာလဲဆိုတာ ခန့်မှန်းကြည့်လို့တောင် မရ။
ကျန်းဟုန်က ဝိုင်သောက်ရင်း အိနြေ္ဒရရ ရယ်နေလေ၏  ဒါက ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ ၊ ငါတို့ ယန်ယန်က ချောလှတယ်၊ ပန်းလေးတစ်ပွင့်လိုပဲ။ ဒါပေမဲ့ ဆုယြီရဲ့ အကြိုက်ပုံစံတော့ ဖြစ်မနေဘူး။ ဒီကိစ္စတွေ ဘယ်အချိန်မှာ ဖြစ်ကုန်တာလဲ ဆိုတာတော့ ပြောဖို့ခက်မှာပဲ
ရှန်းကျားနီက ကျန်းဟုန်ကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းဟုန် ဒါကို တမင်ပြောတယ်ဆိုတာ သူသိနေသည်။ ဒါပေမဲ့လည်း သူ ပြန်မငြင်းချင်မိပေ။
အထက်တန်းကျောင်းမှာတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဟော်ကျန်းဟိုင်လည်း အကုန်လုံး သိထားသည်။ ဒါပေမဲ့ အဲ့ဒီတုန်းက သူတို့အားလုံးက ကလေးတွေပဲ ရှိကြသေးတာ၊ လက်ထပ်ရမည့် အကြောင်းပြောဖို့ သိပ်ငယ်လွန်းကြသေးသည်။ ဒါတွေက စီးပွားရေးအတွက်လည်း ဘာမွ အကျိုးမရှိတော့ ၊ သူ ဒါကို အတည်မမှတ်ယူခဲ့။
မင်းဒါကို ဘယ္က ကြားလာတာလဲ။ အဲ့ဒါ မှန်လို့လား။ ဝေခွဲမရစွာ ဟော်ကျန်းဟိုင် က နောက်ထပ်မေးမိပြန်သည်။
-
အခန်း (၃၁၇)
A Little Too Much Fun (9)
ဒီသတင်းက ဆုယြီရဲ့ ပါးစပ္က ထြက္လာတာပဲ။ ဒီလောက်ဆို တကယ်လို့ ပြောလို့ ရျပီလား။ ဟော်စစ်ချန်က အသိရခက္စြာ ပြုံးနေလေသည်။
ဟော်ကျန်းဟိုင်တစ်ယောက် အခုမွ တကယ် မင်သက်သွားရတော့သည်၊ ဟော်စစ်ချန်က နောက်ပြောင်ရုံမျှလောက်နှင့် သတင်းလွဲတွေ ပေးမှာမဟုတ်သူ ဆိုတာ သူသိနေသည်ကြောင့်ပင်၊ အထူးသဖြင့် မိမိနှင့် စကားပြောချိန်မျိုးမှာ ဖြစ်သည်။
အကယ်၍ ဆုယြီသာ ဟော်မြန်ကို တကယ် စိတ်ဝင်စားသည် ဆိုပါက.
ဒါ အရမ်းကောင်းတဲ့ ကိစ္စပဲ.. ငါတို့မိသားစုအတွက် တောက်ပတဲ့နေ့တွေ ရောက်လာတော့မှာပေါ့ ဟော်ကျန်းဟိုင်က ကျေနပ်အားရစွာ ခေါင်းတဆတ်ဆတ်ညိတ်နေ၏။
အစ်ကိုရယ်  အခုက ပျော်ဖို့ စောလွန်းပါသေးတယ်။ အဲ့ကောင်မလေးက သူဟာ ကျမတို့နဲ့ မပတ်သတ်တော့ပါဘူးလို့ တရားဝင် ကြေငြာထားတယ်လေ။ သူ့ကြောင့်တော့ အကျိုးအမြတ် ရနိုင်စရာ မမြင်မိဘူး ရှန်းကျားနီက သတိထပ်ပေး၏။
ဒါဆို .. သူက ဟော်အိမ်က သွေး မဟုတ်လို့လား။ ဒီသတင်းသာ သေချာရင် ၊ ဒါဆို ငါတို့ ဆုအိမ်တော်နဲ့ ဆက်သွယ်ဖို့ နည်းလမ်း ရှာသင့်နေပြီ မဟုတ္ဘူးလား။ တကယ်လို့ သူတို့ဘက်က ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲ လုပ်ချင်တယ်ဆိုရင်၊ ဒါဆို ဒီကောင်မလေးရဲ့ ပုံရိပ် မြင့်ဖို့ရာ ထောက်ပံ့ပေးနိုင်မဲ့ တစ်ဦးတည်းသောသူက ငါပဲလေ။
ဟော်ကျန်းဟိုင်ရဲ့ စကားအဆုံးမှာတော့ တစ်ခန်းလုံး ငြိမ်သက်သွားတော့သည်။
အကုန်လုံးက သူတို့အတွေးနဲ့ သူတို့ တွက်ချက်နေကြတာ ဖြစ်သည်။ ကျန်းဟုန်တောင်မှ ငြိမ်သက်နေပြီး တွက်ကြည့်နေလေသည်။
သို့သော် ရှန်းကျားနီက ဟော်ကျန်းဟိုင်ဆုံးဖြတ်တာကို အလေးထားရမည်ဆိုတာ သိနေပေမဲ့၊ အမြဲတမ်းလိုလိုတော့ မိမိရဲ့ သားနဲ့ သမီးကိုသာ စိတ်ဝင်စားမှု အထားဆုံးဖြစ်ပေးခဲ့တာလေ။
ဖခင်ဖြစ်သူရဲ့ စကားတွေကို ကြားရတော့ ဟော်စစ်ချန်တစ်ယောက် ရယ်ချင်မိသည်။ အေဖ အတွေးလွန်နေတာဆိုရင်ရောလို့ သူ တကယ္ကိုပဲ မေးလိုက်ချင်နေလေသည်။
ဘယ္လိုလုပ္မ်ား သူ့အတွေးတွေက လက်ထပ်ဖို့ အထိတောင် ရောက်သွားရတာတဲ့လဲ။ ဟုတ်တာပေါ့၊ သူတို့ထဲက ဘယ်သူကမွ ဟော်မြန်ဟာ ချင်းချူနဲ့ အတူရှိနေပြီဆိုတာ သိကြတာမှ မဟုတ္တာပဲ။
သည်လျို့ဝှက်ချက်ကြီးက ဟော်စစ်ချန်တစ်ယောက်သာ သိသည်လေ၊ အရင်တုန်းကလိုပေါ့၊ သူတို့ ကျောင်းတက်နေချိန်တုန်းကလေ
သူက အျမဲလိုလို ဟော်မြန်နဲ့ ပတ်သတ်ပြီး အာရုံစိုက်ထားခဲ့သည်။ ဒါကြောင့်ပင် သည်မိန်းကလေးရဲ့ လျှို့ဝှက်ချက်တွေကို အရင်ဆုံး သိတဲ့သူက အမြဲတမ်း သူပဲ ဖြစ်နေတာပင်။
-
ကျူလင်းလင်းက တနေ့လုံး အိပ်နေခဲ့သည်။ မွန်းလွဲပိုင်းကျမှ ရေချိုး အဝတ်လဲကာ အပြင်ထွက်လာတုန်းမှာ တန့်ခိုင်ရဲ့ ဖုန်းဝင်လာသည်။ လင်းလင်းက အခုမွ ဖုန်းဖွင့်လိုက်တာ ဖြစ်သည်။
တန့်ခိုင် က သူတို့ အောက်ထပ်မှာ တွေ့ကြမည်ဟု ပြောလာသည်၊ ဒီတော့ ကျူလင်းလင်းသည်လည်း ဝမ်းမြောက်ဝမ်းသာ သွားတွေ့ခဲ့သည်။ အချိန်က နေရောင်ရှိနေသေးတာ ဖြစ်သည့်အပြင်၊ မိမိနေထိုင်ရာ အဆောက်အဦရဲ့ အောက်တင်ပဲလေ။
တန့်ခိုင်က သူ့ကို Prado Land Cruiser ထဲက စောင့်နေသည်။ စကားတစ်ခွန်းမှ မဆိုဘဲ ကျူလင်းလင်းက ဝင်သွားလိုက်ပြီး သူ့မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။ ဟော်မြန်လိုပင် သူ့ရိုက်ချက်က ပြင်းသည်။
နင် လူယုတ်မာ.. ဒါ နင့်အတွက် ရိုက္တာပဲ ၊ ငါတို့ ပြတ်ပြီ
ကျူလင်းလင်းက ပြန်လှည့်ထွက်ပြီး သွားရန်အပြု
လင်းလင်း  ခဏ
နင် ဘာများပြောစရာ ရှိသေးလို့လဲ၊ ငါတို့ ကြားမှာ ဘာမွ မရှိတော့ဘူး ကျူလင်းလင်း တွေးထင်သည်က တန့်ခိုင်က မိမိနှင့် ပြန်တွဲချင်တာ ဖြစ်လိမ့်မည်ဟု..
ကိုယ် ဒီကို လာတာ လင်းလင်းဆီက ခွင့်လွှတ်မှု တောင်းခံဖို့ မဟုတ်ပါဘူး။ ဒီမွာ လင်းလင်းနဲ့ သူငယ်ချင်းမကို အကြံလာပေးတာ၊ မင်းတို့ ပစ္စည်းတွေ ထုပ်ပြီး ဒီနေရာကထွက်သွားကြတော့
နင် ဘာကို ဆိုလိုတာလဲ။ နင်နဲ့ ပြတ်တာကြောင့် ဒီမြို့ထဲမှာ ငါတို့ကို နေခွင့်မပြုတော့ဘူးတဲ့လား ကျူလင်းလင်းက ပြန်လှည့်လာပြီး တန့်ခိုင်ကို စူးစူးရွရွ ကြည့်နေသည်။
ကိုယ့်ကြောင့် မဟုတ္ဘူး။ သခင်လေးကျိုးကြောင့် ၊ သူက မင်းတို့ကို လွယ်လွယ်နဲ့ လွှတ်မပေးနိုင်ဘူးလို့ပြောနေတယ်။ ကိုယ်သိသလောက်ဆိုရင် ၊ သူက မကြာခင် လက်စားချေဖို့ လုပ်တော့မှာ။ မနေ့ညက မင်းသူငယ်ချင်းမ လုပ်သွားတာက သူတို့ ကျိုး တစ်အိမ်လုံးကို ဒေါသထွက်သွားစေတာလေ
ငါ့ သူငယ်ချင်းက ဘာလုပ်ခဲ့လို့လဲ ကျူလင်းလင်း နည်းနည်း တွေဝေသွားသည်။
သူ မင်းကို မပြောဘူးလား ၊ သူက မင်းကို အိမ်ပြန်ခေါ်ဖို့ အတွက်နဲ့ ကျိုးကွမ်းမင်ကိုတောင် သတ်မိတော့မလို့လေ တန့်ခိုင်က ကျူလင်းလင်းကို အေလးအနက္ထား ကြည့်လာသည်။
ကျိုးကွမ်းမင်ကို သတ်မိတော့မလို့  ကျူလင်းလင်း ဆွံ့အသွားသည်။ ဒီလောက် ကြီးကြီးမားမား ဖြစ်ခဲ့တာကို ဟော်မြန်က ဘာလို့ ဘာမွ ပြန်မပြောရတာလဲ။
ဒေါသထွက်လာကာ ၊ ကျူလင်းလင်းက တန့်ခိုင်ရဲ့ အင်္ကျံကော်လာကို ဖမ်းဆွဲပြီး အသံကျယ်ကျယ်ဖြင့် ပြောစမ်း .. မနေ့ညက ဘာတွေ ဖြစ်ကုန်တာလဲ
မနေ့ညက ဖြစ်စဉ်ကို တန့်ခိုင်က ပုံဖော်ပြောပြမှု အပြီးမှာတော့ ကျူလင်းလင်းရဲ့မျက်နှာဟာ ဖြူရော်ရာမှ မည်းမှောင်လာပြီး နောက် ခရမ်းရောင်သို့ ပြောင်းသွားရတော့သည်။
ဟော်မြန်က အဲ့ဒီကို တစ်ယောက်တည်းလာပြီး၊ မိမိကို ကယ်ခဲ့သည်၊ လူတစ်ယောက်ကိုလည်း သတ်မိလုနီးပါး ဖြစ်ခဲ့သည်တဲ့။ ချင်းချူက အဲ့ဒီမွာ မရှိနေ၊ ဟော်မြန်က မိမိကို သူတစ်ယောက်တည်း လာရှာခဲ့သည်တဲ့။
ချီးပဲ.. ဘယ္လိုလုပ္မ်ား ကိုယ့်ဘာသာကိုယ် တင်မက၊ ဟော်မြန်ကိုပါ ဒီအရှုပ်ထဲ ဆွဲထည့်မိခဲ့ရတာလဲ။
ကျူလင်းလင်းရဲ့ ဆွံ့အနေမှုကို မြင်တော့ တန့်ခိုင်က ဆက်ပြောသည်
ဘာပဲဖြစ်ဖြစ်၊ မင်းက ကိုယ့်ရဲ့ မိန်းကလေးတော့ ဖြစ်ခဲ့ဖူးတာပဲလေ။ ကိုယ် မင်းကို လက်ထပ်ဖို့အထိ တစ်ခါမှ မတွေးဖူးပေမဲ့ မင်းကို အပျော်တွဲတာတော့လည်း မဟုတ်ခဲ့ပါဘူး။ တို့တွေ အပြင်အတူ သွားလာခဲ့ကြတာတွေ စဉ်းစားပြီးတော့ ၊ ကိုယ် စိတ်ရင်းနဲ့ အကြံပေးပါရစေ၊ မင်းတို့ ဒီနေရာက ထွက်သွားကြပါ။  မင်းရဲ့ မိဘတွေကိုလည်း ပြောင်းဖို့ ပြောသင့်တယ်။ မဟုတ်ရင် သူတို့လည်း လွတ်နိုင်မယ် မထင်ဘူး။ အခု သခင်လေးကျိုးက ဆေးရုံတက်နေရတယ်။ မကြာခင် သူပြန်ကောင်းလာတာနဲ့ လက်စားချေဖို့ လုပ်တော့မှာ။ မင်းတို့တော့ သွားပြီ
ဒီလောကကြီးက ဘာတွေ မှားယွင်းနေတာလဲ၊ ငါတို့က နစ်နာသူတွေလေ၊ ဒါတောင် ငါတို့က ထွက်ပြေးနေရဦးမှာလား ကျူလင်းလင်းက ကျိန်ဆဲနေသည်။
မင်းမှာ ရွေးစရာ ရှိလို့လား၊ ပိုအာဏာရွိတဲ့ ဘယ်သူမဆို အဘ ဖြစ်နိုင်တာပဲလေ။ ကျိုးမိသားစုက အရမ်းကြီးပြီး၊ အာဏာလည်းရှိတယ်။ သူတို့မှာ တလောကလုံးက ငွေတွေ ရှိနေတယ်။ သူတို့က ကြေးစား လူသတ်သမားတွေ ငှားပြီးတော့တောင် မင်းတို့ တစ်မိသားစုလုံးကို မိနစ်ပိုင်းအတွင်း သတ်ပစ်လိုက်နိုင်တယ်။ ကိုယ် မင်းကို ကြောက်အောင် ခြောက်နေတာ မဟုတ္ဘူး။ ဒါပေမဲ့ အဲ့ဒီ မင်းရဲ့သူငယ်ချင်းမ ၊ သူကေတာ့ မင်းထက်ဆိုးတဲ့ ကံကြမ္မာကို ရင်ဆိုင်ရတော့မှာ
တန့်ခိုင်ပြန်သွားပြီးနောက်မှာ ကျူလင်းလင်း တစ်ယောက် မိမိဘာသာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ ပြီးမှ ဟော်မြန်ထံ ဖုန်းခေါ်လိုက်သည်။
ဟေး  ဘာလဲ အခု နင် အမူးပြေသွားပြီလား ဟော်မြန်က ဘာမွ မဖြစ်ထားသလိုပင် ရယ်ဟဟ ပြောနေသေးသည်။
ကောင်မလေး.. မနေ့ညက အကြောင်း ဘာလို့ ငါ့ကို မပြောပြတာလဲ ခါတိုင်း ပြောနေကျလေသံလို မဟုတ်ဘဲ ၊ ကျူလင်းလင်းရဲ့ အသံက အလွန်အမင်း လေးနက် တည်ကြည်နေသည်။
-
အခန်း (၃၁၈)
A Little Too Much Fun (10)
ဘာအကြောင်းလဲ ဟော်မြန်က ကျူလင်းလင်းကို အမှန်အတိုင်း ပြောပြဖို့ အစီအစဉ်မရှိနေ။ ဒါကြောင့်ပင် သူက ဘာအကြောင်းပြောမှန်း မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်တာ ဖြစ်သည်။
တန့်ခိုင် ငါ့ကို အကုန်ပြောပြပြီးသွားပြီ..
အော် .. သူက နင့်ကို ပြောပြပြီးသွားပြီလား။ ဒါက သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အခု နှစ်ဖက်လုံးလည်း အေးအေးဆေးဆေး အဆုံးသတ်သွားတာပဲလေ။
ဟော်မြန်အသံက အေးအေးဆေးဆေး..
နင်လည်း ငအပဲ၊ နင်ရူးနေပြီလား ၊ နင့်အသက်တောင် ဆုံးရတော့မလို့၊ အဲ့ဒါရော နင်သိရဲ့လား ..ဟမ်.
ကျူလင်းလင်း က ထပ်မနေနိုင်တော့ဘဲ စတင် ငိုတော့သည်။
အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဟာ ၊ ငါက အဲ့ဒီကောင်ကို ကြောက်အောင် ခြောက်လိုက်တာပါ။ ငါ သူ့ကို တကယ်သတ်ပါ့မလားဟ ။ တကယ်လို့ ငါ သာ သတ်လိုက်ရင် ၊ ငါ့တစ်ဘဝလုံး ပြန်ပေးဆပ်နေရမှာပေါ့။
ချီးစကားတွေ၊ ငါ့ကို လာလိမ်မနေနဲ့၊ နင်က ဘယ်လိုလူမျိုးဆိုတာ ငါသိပြီးသား
ကျူလင်းလင်း မျက်လုံးတွေ ပေါက်ထွက်မတတ်အော်ငိုနေသည်က သူ့မျက်လုံးနားက မိတ်ကပ်တွေပင် ပျက်ကုန်လေပြီ။ အနားက ဖြတ်သွားသူတွေက သူ့ရဲ့ ပန်ဒါမျက်လုံးတွေကို ကြည့်သွားကြသည်။
နင်တို့ ငါ့ကို ဘာတွေလာကြည့်နေတာလဲ ၊ သွားကြ ကျူလင်းလင်းက သူ့နား ဝိုင်းအုံလာတဲ့ လူမ်ားကို အော်လွှတ်သည်။
နင်ကလည်း ငိုမနေပါနဲ့ဟာ .. ငါ လည်း မေသေသးပါဘူး၊ ဟုတ္တယ္မလား၊ တကယ်လို့ ငါက အသက်..အသက်ချင်း လဲတဲ့ ပုံစံမျိုး ဟန်မလုပ်ရင် နင့်ကို ငါ ဘယ္လို ကယ်ထုတ်သွားလို့ ရမွာလဲ။ အဲ့ဒီလူတွေကလည်း ငအေတြမွ မဟုတ္တာ
သေစမ်းပါတော့ဟာ  ဟော်မြန် .. နင် အခု ဘာမွ မျဖစ္တာ ကံကောင်းတယ်။ တကယ်လို့ နင်သာတစ်ခုခု ဖြစ်သွားရင် ချင်းချူက ငါ့ကို ရှစ်ပိုင်းပိုင်းပြီး နှိပ်စက်၊ ကြော်လှော်ပစ်လိုက်လိမ့်မယ်ထင်တယ်။ ကျူလင်းလင်း ကေတာ့ ဟော်မြန် တစ္ခုခု ဖြစ်လုနီးပါး ဖြစ်သွားရတာကို ချင်းချူသာ သိသွားရင်တော့ ဘယ်လိုဖြစ်သွားမည်ဆိုတာ ပုံဖော်ကြည့်ဖို့တောင် ကြောက်မိသွားသည်။
ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ဘူးလေ ၊ ဟုတ်တယ်ဟုတ် ၊ ငါက အမြဲတမ်း ကံကောင်းတဲ့သူပဲကို  ဟော်မြန် ရယ်နေလေသည်။
အဲ့ဒီ ငကြောက် တန့်ခိုင် ၊ သူက ငါ့ကို လာပြောတယ်။ ငါတို့ ထွက်ပြေးသင့်တယ်တဲ့၊ အဲ့ဒီကျိုးအိမ်က လူတွေက လက်စားပြန်ချေကြလိမ့်မယ်တဲ့
ပြေးစရာ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့သာ တကယ် ငါတို့ကို သတ်ချင်တယ်ဆိုရင်၊ ငါတို့ ဘယ်နေရာမှာပဲ နေနေ ၊ ဘယ်တော့မှ အန္တရာယ်ကင်းမှာ မဟုတ္ဘူး။ ငါကေတာ့ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံး နေရာလို့ ထင်တာပဲ ဟော်မြန်က တည်တည်ငြိမ်ငြိမ်ပဲ သုံးသပ်ပြသည်။
အေးပါလေ .. ငါတို့ ပြေးဖို့တော့ မလိုပါဘူး၊ နင့်မှာ မစ္စတာချင်း ရှိနေသရွေ့ ဘယ်သူမွ နင့်ကို ထိခိုက်အောင် လုပ်ရဲမှာ မဟုတ္ဘူး။ နင့်ကိုယ်နင်လည်း ဂရုစိုက်ဦး၊ အလုပ်သွားတဲ့လမ်းမှာရော သေသေချာချာကြည့်သွား
အင်း.. ငါ သတိထားပါ့မယ်။ နင်လည်း နင့်အမေနဲ့ အေဖကို မေးကြည့်ဦး၊ သူတို့ကို ခဏလောက် ခရီးထွက်ခိုင်းတာ ဖြစ်ဖြစ် ပြောကြည့်။
အင်း .. ငါစီစဉ်လိုက်မယ်
ကျူလင်းလင်း ဖုန်းမချခင် .. အေလးအနက္ထားတဲ့ လေသံနဲ့  ကောင်မလေး.. နင် ငါ့ကို လုပ်ပေးခဲ့တာတွေ အကုန်လုံးကို ငါမှတ်ထားပါ့မယ်။ တကယ်လို့ တစ်နေ့ နင်လိုအပ်ခဲ့တယ်ဆိုရင် ငါ့ဘဝက နင့်အပိုင်ပဲ
လျှောက်ပြောမနေနဲ့တော့ ၊ ငါက ဘာလို့ နင့်ဘဝကို ယူချင်ရမှာလဲ၊ ဘယ်လောက်မှလည်း မတန်ဘဲနဲ့
ဟော်မြန်က ကျူလင်းလင်း စိတ်ထိခိုက်နေမှာ စိုးသည်ကြောင့် အမြန် ဖုန်းချလိုက်သည်။
ကျူလင်းလင်းနဲ့ သူတို့ရဲ့ ခင်မင်မှုဟာ ဘာမွ ပြောစရာမလိုပဲ ဒီနှစ်တွေထဲမှာ အကောင်းဆုံး ခင်မင်မှုအဖြစ် ထိန်းသိမ်းထားခဲ့သည်။
သူ ငွေလိုသည့်အခါများတွင် ၊ ကျူလင်းလင်းက ထပ်မေးခြင်းမပြုဘဲ ငွေလွှဲပေးလေ့ရှိသည်။ လင်းလင်းက ဟော်မြန် ကို သူတတ်နိုင်သလောက် ကူညီပေးခဲ့တာ ဖြစ်သည်။
ဟော်မြန်ရဲ့ လက်ရှိအသက်နဲ့ ဆိုရင်တော့ သူက မောက်မာ မာန်တက်နေမည့် မိန်းကလေးမျိုး မဟုတ်နေတော့ဘဲ၊ သူ့ဘဝကို တည်ငြိမ် ရင့်ကျက်စွာ ဖြတ်သန်းသွားဖို့သာ အဆင်သင့် ဖြစ်နေတာ ဖြစ်သည်။
သူက သူတပါး ကျေနပ်အောင်လုပ်ပေးဖို့ ဂရုမစိုက်၊ သူ နဲ့ အဆင်ပြေရင် အတူသွားလာမည်၊ မိမိကို စိတ်ပင်ပန်းစေသည့်သူဆိုရင် ရှောင်ကြဉ်မည်ပင် ။ သူမ်ားကို ကျေနပ်အောင် လုပ်ပေးဖို့ထက် ၊ မိမိကိုယ်ကို ကျေနပ်စေတာက ပိုကောင်းသည်လေ။ ကိုယ့်စိတ်ခံစားချက်တွေကိုတော့ ပစ်မထားနိုင်၊ နောင်တရနေမည့် ကိစ္စထက် သူ့အလိုက်အထိုက်အတိုင်းသာ သွားလိုက်မည်။
ဆိုရိုးရွိတာက (ကိုယ့်ရင်ထဲထိ မဝင်နိုင်တဲ့ လူမျိုးဆိုရင်၊ ကိုယ်ကလည်း စိတ်မနှစ်ပဲ ပြန်ဆက်ဆံမည်၊ ကိုယ့်ရင်ထဲထိ ဝင်လာမည့် သူ ဆိုရင်တော့ ၊ ကိုယ်ကလည်း သူ့ကို ဘုရင်တစ်ယောက်လို ပြုစုပေးမည်)တဲ့။
မိမိရင်ထဲမှာတော့ .. ချင်းချူက မိမိရဲ့ ဘုရင်တစ်ပါးပါပဲ။
သို့ပေမဲ့ မနေ့ညတုန်းကတော့ မိမိရဲ့ ဘုရင်ကြီးလည်း ဘာတွေ ဖြစ်သည်မသိ၊ မိမိကို ဒီနေ့တောင် လုံးဝ မဆက်သွယ်သေး။
စိတ်စမ်းသည့်အနေဖြင့် ဟော်မြန်က သူ့ကို WeChat မွ မုန့်ဖိုးငွေနည်းနည်း ပို့ကြည့်သည်။ အဲ့ဒါက များတော့ မမ်ားပါ၊ ဟော်မြန် ပို့လိုက်သည့်ငွေက ၈.၈၈ ယွမ်မျှသာ။
တစ္ဖက္က ငွေကိုတော့ ချက်ချင်း လက်ခံလိုက်သည်။
ဟော်မြန် ပျော်သွားပြီး ၊ သူ့ဆီ WeChat message တစ်စောင် လှမ်းပို့၏။ မစ္စတာချင်း .. အလုပ်ရှုပ်နေတာလား
မြန် အကြာကြီး စောင့်နေသော်လည်း ဘာမွ တုံ့ပြန်မှု မလာ။
ဘာတွေ ဖြစ်နေတာလဲဟ ..
ဒေါသထွက်လာတဲ့ ဟော်မြန်က မိမိရဲ့ friend circle ထဲ စာရေးတင်လိုက်၏။ (အကယ်၍ မင်းက တစ်ယောက်ယောက်ကို WeChat မုန့်ဖိုးငွေ ပို့တယ်၊ တစ်ဖက်ကလည်း လက်ခံတယ်၊ ဒါပေမဲ့ မင်းပို့တဲ့ စာက် ပြန်မဖြေဘူးဆိုရင်၊ ဒါက ဘာသေဘာလဲ
သူ စာတင်ပြီးတာနဲ့ ချက်ချင်း မန့်လာမည်သူ ရှိမည်ဟု သူ မထင်ထားမိ၊ ဟော်မြန် က ဒါ ကျီရှင်း ဖြစ်လိမ့်မည်ဟု ထင်လိုက်မိသည်။
အဲ့ဒါက ချင်းချူ ဖြစ်နေသည်ဆိုတာ မြင်လိုက်ရတော့ ဟော်မြန် အံ့သြသွားရတော့သည်။
သူရေးထားသည်က ( ဒါဆို မင်း တစ္ခုခု အမှားလုပ်ထားလို့ ဖြစ်မှာပေါ့)
ဟော်မြန် ငိုချင်မိသွားသော်လည်း မျက်ရည်က မရှိနေ၊ ဒါနဲ့ စာသာ ပြန်ရေးရ၏ ( မစ္စတာချင်း ၊ က်မ ဘာမွ မလုပ္ထားဘူး၊ က်မ အပြစ်ကင်းတယ်ဆိုတာ လူတိုင်းသိတယ်။ က်မက ရှင့်ကိုပဲ သစ္စာရှိတာ။ နေမင်းရယ်၊ လမင်းရယ်၊ ကောင်းကင်ကြီးရယ်၊ မြေကြီးရယ် အကုန်လုံး သက်သေတည်လို့ ရတယ်)
သို့သော် ချင်းချူက စာပြန်မရေးလာတော့ ။ သူက မိမိကို အသံတိတ် ဆန္ဒပြနေလေသည်။
ဟော်မြန် တစ်ညနေလုံး လိပ်ခဲတည်းလည်း ဖြစ်နေရ၏။ သူ အလုပ်ဆင်းပြီး အိမ်ပြန်ရောက်ချိန်ကျတော့၊ အိမ်ထဲ လမ်းပတ်လျှောက်နေရင်း၊ ချင်းချူကို စောင့်နေခဲ့၏။
ရှစ်ပတ်လောက် ပတ်ပြီးချိန်မှာတော့ ချင်းချူက သူတို့ကွန်ဒိုရဲ့ တံခါးကို သော့ဖွင့်လာသည်။
မစ္စတာချင်း .. ပင်ပန်းလာပုံပဲ။ ကော်ဖီ၊ ဒါမှမဟုတ် လက်ဖက်ရည်လေးများ သောက်ချင်လား ဟော်မြန်က ချင်းချူကို ချော့ဖို့ အကောင်းဆုံး ကြိုးစားကြည့်နေသည်။
ကိုယ် မင်းကို စကားမပြောချင်ဘူး  သည်စကားကိုသာ ဆိုသြားကာ ချင်းချူက အပေါ်ထပ် ဆက်တက်သွားတော့သည်။
ဟော်မြန် ပြောစရာစကား မရှိတော့ပြီ။
နောက်ဆုံးမတော့.. ဟော်မြန် ဆက်ထိန်းမထားနိုင်တော့၊ ချင်းချူ.. ရှင် အဲ့မွာ ရပ်နေလိုက်
-

အချစ်စတင်ခဲ့ရာ( Volume two)Nơi câu chuyện tồn tại. Hãy khám phá bây giờ