201 to 206 (z+u)

1.1K 118 0
                                    

အခန်း (၂၀၁)
Shunned
ငါ က ဘာလို့ အဲ့လို ပြန်တုံ့ပြန်ရမှာလဲ
ဒါပေမဲ့ လော့ဖေးဖေးက ကျတော်တို့ ဒီရာသီဝတ် အမျိုးသမီးစီး ဖိနပ် ရဲ့ ကိုယ်စားလှယ် အသစ်ဖြစ်နေတယ်  လက်ထောက်ယန်က ငိုတော့မည့်ပုံ ပေါက်နေ၏။
ဘုတ်အဖွဲ့ ဥက္ကဌကြီးက ချင်းချူကို ရှာမရသည်မို့ ဖုန်းသာ ထပ်ခါ ထပ်ခါ ဆက်နေလေတော့သည်။ သို့ပေမဲ့ ယန် က ဘာပြန်ဖြေရမှန်းမသိ ဖြစ်နေရ၏။ ဒီမနက် ဥက္ကဌချင်း ပြောထားတာက လော့ဖေးဖေးကို သူ မသိပါတဲ့။ ဒါပေမဲ့ အင်တာဗျူးမှာ မင်းသမီးရဲ့ ဖြေပုံက သူတို့ နှစ်ယောက်ကြား ဘာမွ မရှိနေဘူးဆိုတာ ဘယ်သူမွ မယုံနိုင်စရာ ဖြစ်နေ၏။
မီဒီယာမ်ားမွ မရေတွက်နိုင်သော ကိုယ်စားလှယ်၊ သတင်းထောက်များက GK ရဲ့ ဝင်ပေါက်ရှေ့မှာ စုရုံး ရောက်ရှိနေကြသည်၊ အခြေအနေက ချေပချက် တစ်ခုလောက်နဲ့ လုံလောက်မည့်ပုံမပေါ်တော့။
လက်ထောက်ယန်ရဲ့ စကားတွေက နောက်ဆုံးမှာတော့ ချင်းချူရဲ့ အာရုံစိုက်မှုကို ရရှိသွားသည်။
သူက မျက်မှောင် နည်းနည်း ကျုံ့ကာ ကြည့်လာပြီး  မင်း ခုဏကပြောတာ သူက ငါတို့ ကုမဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ လို့ ပြောလိုက်တာလား။
ဟုတ်ပါတယ်
ဒါကို ဘယ်သူ ဆုံးဖြတ်တာလဲ  မကျေလည်တဲ့ အသံဖြင့် မေးလာ၏။
နောက်ဆုံး ဘုတ်အဖွဲ့ အစည်းအဝေးမှာ အကုန် သေဘာတူ ဆုံးဖြတ်လိုက်ကြတာ ။လော့ဖေးဖေးက လတ္တေလာ နာမည်ကျော်ကြားနေတဲ့သူ ဖြစ်ပြီးတော့ အနုပညာကြေးကလည်း သင့်တင့်တယ်။ဒါကြောင့် ကျတော်တို့ သူနဲ့ တစ်နှစ် စာချုပ်ချုပ်ထားတယ်
မားကတ်တင်း အဖွဲ့ကို စာချုပ်ဖျက်သိမ်းဖို့ အသိပေးလိုက်၊ ငါ တစ်ခြားတစ်ယောက်ကို လိုချင်တယ်
အာ.. ဘယ်သူ့ကိုလဲ
ဘယ်သူ ဖြစ်ဖြစ်ကွာ
ဒါပေမဲ့ ဆရာ .. ကျတော်တို့ဘက်က စာချုပ်ဖျက်ရင် ဒဏ်ကြေး ပေးနေရမှာပေါ့  လက်ထောက်ယန်က အခက်အခဲကို ပြောပြလိုက်သည်။
မင်း က ငါ့ကို ငွေ မရွိဘူး ထင်နေတာလား  ချင်းချူက မေးခွန်းနဲ့ ပြန်ခုခံလာ၏။
မထင်ပါဘူး .. မထင်ပါဘူး .. ။ အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး။ ကျတော် ပြောချင်တာက ..
မင်း အခု သွားလုပ်သင့်နေပြီ မဟုတ္ဘူးလား  ချင်းချူ မျက်နှာ ကြောက်မက်ဖွယ် တင်းမာလာသည်။
ယန် ချက်ချင်းပဲ Marketing ဌာနကို ပြေးသွားလိုက်ပြီး ဥက္ကဌရဲ့ အမိန့်ကို ကြေငြာလိုက်သည်။ ဘဏ္ဍာရေး ဌာနမှလည်း မိမိတို့ဘက်မှ ပေးချေရမည့် ဒဏ်ကြေးကို တွက်ချက်နေကြလေပြီ၊ ကုမဏီရဲ့ တရားရေးအဖွဲ့ကလည်း စာချုပ်ဖျက်သိမ်း ရာတွင် ကုမဏီဘက်မှ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေမည့် အချက်များကို စုစည်းနေကြလေ၏။
ထပ်တိုးအနေနဲ့ PR ဌာနမွ ကြေငြာချက်ထုတ်ပြန်လာသည်၊ GK ဘက်မှ လော့ဖေးဖေးကို မိမိတို့၏ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ထပ်သုံးတော့မည် မဟုတ်ကြောင်းများ ဖော်ပြပါရှိ၏။ အဲ့ဒီ သတင်းက ထုတ်ပြန်လိုက်ချင်းမှာပဲ လူအမ်ား၏ အာရုံစိုက်မှုကို ခံရေလ၏။
-
ဖေးဖေး .. မကောင်းတာတွေတော့ ဖြစ်ကုန်ပြီ။ GK ဘက္က ငါတို့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ၊ မင်း သူတို့ရဲ့ ကိုယ်စားလှယ်နေရာမှာ ထပ်မရှိနိုင်တော့ဘူး  သူ့ မန်နေဂျာက အဝတ်လဲခန်းထဲကို အလောတကြီး ဝင်လာ၏။
မန်နေဂျာပြောတာ ကြားတော့ လော့ဖေးဖေး ချက်ချင်းပဲ ထရပ်လိုက်မိပြီး  ဘာပြောလိုက်တယ်
သူတို့ တခြားတစ်ယောက်ပဲ သုံးချင်တော့တယ်တဲ့
ဘာလို့လဲ  လော့ဖေးဖေး အမူအယာက တင်းမာလာ၏။
အသေးစိတ်တော့ ကျမလည်း မသိသေးဘူး ၊ ဒါပေမဲ့  သူတို့က က်မကို ဖုန်းဆက်ပြီး သူတို့ စာချုပ်ဖျက်တဲ့ ဒဏ်ကြေးကို ပေးမယ်လို့ ပြောလာပြီးပြီ။ ဒီထုတ္ကုန္က ဘယ်လောက် နာမည်ကြီးလဲ မင်း သိလား။ ဘယ်သူပဲ ကိုယ်စားလှယ်နေရာကို ရရ လူသိများကျော်ကြားတာကို ရမွာပဲ ။ က်မေတာ့ ဒီလို အခွင့်အရေးကြီးနဲ့ လြဲရတာကို မယုံနိုင်တော့ဘူး
သူတို့ ပေးမှာကို ငါ မလိုချင်ဘူး။ ငါ သူတို့ငွေကို မလိုချင်ဘူး။ ငါ GK ရဲ့ ကိုယ်စားလှယ်ပဲ ဖြစ်ချင်တာ  လော့ဖေးဖေးက ခေါင်းမာမာနဲ့ ဆက်ပြောနေလေ၏။
ကျမတို့ ဒါကို ဘာမွ မလုပ်နိုင်တော့ဘူး ထင်တယ်။ ဒီမနက်တုန်းက သတင်းစာ ရှင်းလင်းပွဲကြောင့်များ ဥက္ကဌ ချင်းချူ စိတ်ဆိုးသွားတယ်လို့ မထင်ဘူးလား။
ငါတော့ အဲ့လို မထင်ဘူး  လော့ဖေးဖေး သိပ္မေသခ်ာသလို ဖြစ်နေ၏။
နောက်ထပ် က်မ ကြားထားသေးတာက ..  မန်နေဂျာက ပြောလက်စ တန့်သွားလေ၏။
ဘာကြားထားသေးလို့လဲ
က်မ ကြားတာတော့ သူတို့ ဥက္ကဌက အခုတင်ပဲ ကြေငြာလိုက်တာကိုပါ။ GK က သူတို့ရဲ့ ဘယ်ထုတ်ကုန်မှာမှ မင်းကို ကိုယ်စားလှယ်အဖြစ် သုံးတော့မှာ မဟုတ္ဘူးတဲ့ ။
ဒါကို လော့ဖေးဖေး ကြားလိုက်ရတော့ သူ့ထိုင်ခုံပေါ် ရုတ်ချည်း ပြန်ထိုင်ကျ သွားရတော့သည်။
ဒါ မဖြစ်နိုင်ပါဘူး။ လျို .. ငါ့ကို နည်းလမ်း ကူရှာပေးပါဦး။ ရှင် ဥက္ကဌချင်းကို ပြောမပေးနိုင်ဘူးလား။ ငါ သူ့ကို ဒီအခြေအနေကို ရှင်းပြချင်တယ်။ ပြီးတော့ လူကိုယ်တိုင် တောင်းပန်ချင်တယ်။ ငါ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ဘူး။ တရုတ်ပြည်က ထိပ်တန်း အနုပညာရှင်တွေ အကုန်လုံး GK ရဲ့ ကိုယ်စားလှယ်တွေ ချည်းပဲ။ ငါ ဒီလိုနဲ့တော့ လက်မလျော့နိုင်ဘူး။ သူတို့ ဒီလိုမျိုး အကုန်လုံးကို ပိတ်ဆို့ထားမယ်ဆိုရင် ၊ နောင်ကျရင် ငါ ဒုက္ခရောက်ပြီပေါ့။ လော့ဖေးဖေး တစ်ယောက် တုန်တုန်ရီရီ ဖြစ်နေလေပြီ၊ ဒီအခြေအနေရဲ့ လေးနက်မှုကို အခုမွ သတိပြုမိနေတာ ဖြစ်၏။ သူ့မျက်လုံးထောင့်တွေလည်း နီရဲနေလေပြီ..
သူ့ မန်နေဂျာကတော့ နည်းနည်းတော့ စိတ်ဆိုး ဒေါသထွက်နေပြီး၊ အတွေးထဲမှာတော့ -လုပ်သင့်တာ၊ လုပ်ရမှာ၊ လုပ်နိုင်တာ တွေကို ဘာတွေများ မင်းတွေးဖူးလို့လဲ။ မင်းက မာနတက်ပြီး သူနဲ့ ဆက်ဆံရေးပဲ ရှိနေသလိုမျိုး ဟန်မဆောင်ခဲ့သင့်တာလေ။ သူက သူ့သူဌေးကို စိတ်ဆိုးစေပြီးတော့မှ အခုမွ ငိုနေတော့ရော  ဘာဖြစ်လာမှာတဲ့လဲ။
က်မ ကြိုးစား ကြည့်ပါ့မယ်။ ဒါပေမဲ့ ဘာမွေတာ့ ကတိမပေးနိုင်သေးဘူး။ ငါ ကြားထားတာက GK ရဲ့ ဥက္ကဌက သူများနဲ့ မတူသလို ၊ ခွင့်လည်း မလွှတ်တတ်ဘူးတဲ့
ချင်းချူ တစ်ယောက် တစ်မနက်ခင်းလုံး အလုပ်တွေ ရှုပ်နေခဲ့သည်၊ သူ နေ့လည်စာကို ရုံးသက်သာဆိုင်မှာ စားနေတုန်း PR ဌာနက ဒါရိုက္တာ ဝင်လာ၏။
သူက GK မွာ အလုပ္လုပ္လာတာ ကြာပြီ ဖြစ်ပြီး ၊ အသက်လေးဆယ်ဝန်းကျင် အရွယ် တည်ငြိမ်ပြီး က်က်သေရ ရွိသူ ဖြစ်သည်။
ဥက္ကဌချင်း ၊ လော့ဖေးဖေး ရဲ့ မန်နေဂျာက က်မကို အခုလေးတင်ပဲ ဆက်သွယ်လာတယ်။ သူပြောတာက လော့ဖေးဖေးက ဥက္ကဌကို တွေ့ချင်နေပါတယ်တဲ့၊ ဒါကြောင့် သူက ဥက္ကဌနဲ့ တွေ့ဆုံခွင့် ရနိုင်မလားလို့ ပြောနေပါတယ်။
မရဘူး
ဟုတ်ကဲ့ပါ ၊ ဥက္ကဌချင်း
သူ့တောင်းဆိုမှု ကို ဥက္ကဌချင်းက ငြင်းပယ်လိုက်သည်မို့ ၊ လော့ဖေးဖေးတစ်ယောက် သူ့အရှုံးကို ဝန်မခံချင်သေးဘဲ ၊ အလုပ်ဆင်းချိန်မှာ ချင်းချူရဲ့ ကားနောက်က လိုက်ပါမောင်းလာလေသည်။
ကွေ့ကြော တစ္ခု ရောက်တော့ ချင်းချူက ရုတ်တရက်ကြီး ဘရိတ်ဖမ်းလိုက်၏။ လော့ဖေးဖေးရဲ့ ကား အဖြူရောင် Maserati က အေဝးကို ရှောင်လွှဲခြင်းငှာ မတတ်နိုင်တော့ဘဲ ဘန်း ခနဲ မြည်သံနှင့်အတူ ချင်းချူရဲ့ ကားဆီကို ဝင်တိုက်သွားလေသည်။
-
အခန်း (၂၀၂)
Iceberg
ချင်းချူက သူ့ကားကို လမ်းဘေး ဆွဲကပ်ရပ်လိုက်ပြီး အပြင်ထွက်လာ၏။
လော့ဖေးဖေးရဲ့ ယာဉ်မောင်းကျွမ်းကျင်မှုက သာမာန် မောင်းတတ်ကာစပဲ ရှိနေတာ ဖြစ်ပြီး၊ သူ က ဥက္ကဌချင်းနောက်ကို အလောတကြီး လိုက်လာတာမို့ အခုက သူ့ကားကို မတော်မဆ တိုက်မိသွားခဲ့တာ ဖြစ်သည်။
ရှင်က ဥက္ကဌချင်းလား  လော့ဖေးဖေး ကားထဲက ဆင်းလာလိုက်ပြီး ယဉ်ကျေးစွာ မေးလိုက်လေသည်။
ချင်းချူက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး၊ မိမိကားကို ပြန်ကြည့်ကာ  မင်းက ငါ့ကားကို တိုက်လိုက်တဲ့သူလား
က်မ တောင်းပန်ပါတယ်။ တမင်လုပ်တာ မဟုတ်ပါဘူး။ က်မ ဥက္ကဌချင်းကို စကားပြောချင်လို့ပါ
ချင်းချူက သူ့ကို ကြည့်လိုက်ပြီးတော့ အနည်းငယ် တွေဝေသွားသည်။
အမှန်တကယ်တော့ ဒါ လော့ဖေးဖေးဆိုတာ သူ သတိမပြုမိသေးပေ ။ လော့ဖေးဖေးရဲ့ TV မွာ ပေါ်လာနေကျပုံစံက မိတ်ကပ် အပြည့်နဲ့မို့ ၊ အခုလို အပြင်ပုံစံနဲ့တော့ အရမ်း ခြားနားနေတာကြောင့် ဖြစ်၏။
မင်း ငါ့ကို သိလို့လား
ဥက္ကဌချင်း .. က်မက လော့ဖေးဖေးပါ
မင်း ဘာလိုချင်လို့လဲ  ချင်းချူပုံစံက ဘာမွ မထူးခြားသွား။
က်မ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာအတွက် တောင်းပန်ချင်လို့ပါ။ က်မ စကား လွန်သွားပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျမနဲ့ စာချုပ်ကို မဖျက်လိုက်ပါနဲ့။ က်မ လျော်ကြေးလည်း မလိုချင်ပါဘူး။ က်မ က GK ရဲ့ ပြောခွင့်ရကိုယ်စားလှယ် ဖြစ်ချင်ရုံလေးပါ။ ကျေးဇူးပြုပြီး က်မကို ခွင့်လွှတ်ပေးပါ
PR ဌာနက ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ်၊ ငါနဲ့ စကားလာပြောလို့ ဘာမွ အသုံးဝင်မှာ မဟုတ္ဘူး
ဒါပေမဲ့ ဒါက ဥက္ကဌရဲ့ လက်ချောင်းလေးနဲ့ ခလုတ်တစ်ချက်တို့လိုက်ရုံနဲ့ အကုန် ပြောင်းလဲသွားမှာပါ။ ကျေးဇူးပြုပြီး က်မရဲ့ ဒီလို ကိစ္စသေးသေးလေး ကို ခွင့်ပြုပေးပါ။
ငါတို့က မိတ်ဆွေတွေလည်း မဟုတ္ဘူး။ ဘာကြောင့် ငါက မင်းကို ခွင့်ပြုပေးရမှာလဲ။  ချင်းချူက ဒီမိန်းမဟာ ဘာကြောင့်များ မိမိကို ဝင်ရော နေရသလဲဟု တွေးတောနေမိသည်။ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တဲ့ သာမာန် မသဲမကြဲ မှတ်ချက်လေးက သူ ဘာကို ဦးတည်နေသည်ဆိုတာ သိသာနေစေသည်။ သူ လူရွေးမှားတာကတော့ ရွက္စရာပါပဲ။
ဒါဆို ကျမတို့ မိတ်ဆွေ ဖြစ်ကြရအောင်လေ။ ရှင် က်မကို ခွင့်လွှတ်ပေးဖို့ စိတ္ကူး ရှိမယ်ဆိုရင်ပေါ့။ နောင်မှာ ရှင် က်မကို ဘာလုပ်ဖို့ ပြောပြော က်မ သဘောတူပေးမယ်လေ လော့ဖေးဖေးက ချင်းချူရဲ့ တည်ကြည်တဲ့ မျက်နှာကို ကြည့်နေတဲ့ပုံက သူ မိမိကို လိုချင်ရင်တောင် ပေးနိုင်သည်ဟူသော အဓိပါယ် သက်ရောက်နေစေ၏။
စိတ်မကောင်းစရာကတော့ ချင်းချူက နည်းနည်းမှ စိတ်မဝင်စားတာပါပဲ ..
သူပြောလိုက်တာကတော့  ငါတို့ဘက်က ဥရောပသူ ၊ ဒါမှမဟုတ် အေမရိကန်သူ အနုပညာရှင် တစ်ယောက်ယောက်ကို ငါတို့ ထုတ်ကုန်အသစ်ရဲ့ ပြောခွင့်ရကိုယ်စားလှယ်အဖြစ် ခန့်ထားတော့မှာ။ ငါ့ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံးပဲ။ အော် .. ငါ့ကားကို ဒီမွာပဲ ထားခဲ့တော့မယ်။ အာမခံကုမဏီက ကုန်ကျစရိတ် တွက်ချက်ပေးပြီးရင် ၊ သူတို့တောင်းတဲ့ ငွေပမာဏကို မင်း ပေးလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ငွေကို ကုမဏီရဲ့ ဘဏ်စာရင်းထဲ တိုက်ရိုက်လွှဲထည့်ပေးလိုက်ပါ။ တစ်ပတ်အတွင်း ငွေမရောက်ဘူးဆိုရင် ငါ့ရဲ့ တရားရေးအဖွဲ့က ဒီကိစ္စကို လက်လွှဲယူလိမ့်မယ်
သူ့စကားဆုံးတာနဲ့ အငွားကားတစ္စီးကို ဖုန်းဆက်ခေါ်ပြီးနောက် ထွက်ခွာသွားလေတော့သည်။
လော့ဖေးဖေးတစ်ယောက် ကြေကွဲသွားရလေပြီ။ သူက ကိုယ့်ကိုယ်ကိုယ် သတ်မိခဲ့ပြီလား။
ဒါက ဘယ္လို ကံအကြောင်းအကျိုးကြီးလဲ ။ မိမိရဲ့ ညှိနှိုင်းမှု ကျရှုံးရုံတင်မက ၊ သူ့ရဲ့ ယွမ် သန်း၁၀၀ လောက် တန်တဲ့ ကားကြီးကိုတောင် တိုက်မိခဲ့သေးသည်။
လူအမ်ားက သူ့နားမှာ တဖြည်းဖြည်း စုဝေးလာနေလေပြီ၊ လော့ဖေးဖေး ချက်ချင်းပဲ နှာခေါင်းစည်း ကောက်တပ်လိုက်ကာ ကားထဲ ပြန်ဝင်ပုန်းနေရသည်။
ထို့နောက် သူ့မန်နေဂျာကို ဖုန်းဆက်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ပြောရ၏။ နောက်မကြာခင်မှာပင် ယာဉ်ထိန်းရဲများ နှင့် အာမခံကုမဏီမွလူမ်ား ရောက်လာသည်။
မန်နေဂျာ ပြဿနာဖြစ်ရာနေရာကို ရောက်လာတော့ အရှုပ်အထွေးတွေကို မြင်သွားရကာ ၊ ဆူပူတော့သည်။ ဖေးဖေး .. ဘယ္လိုမ်ား ဖြစ်ရတာလဲ
က်မ ဒီအကြောင်း မပြောချင်တော့ပါဘူး။ အဲ့ဒီ ချင်းချူက အရမ်းကို အကျင့်မကောင်းတဲ့ လူ ၊ ပြီးတော့ ရေခဲတုံးထက်တောင် အေးစက်နေသေးတယ်။ သူက gay ဖြစ်မယ်ဆိုတာ က်မ လောင်းရဲတယ်။ သူက က်မနား ကပ်ဖို့တောင် မကြိုးစားဘူး  လော့ဖေးဖေးရဲ့ မကျေမချမ်း အသံဖြစ်သည်။
-
ချင်းချူက ရေခဲတုံး တစ်တုံးတဲ့လား။ ဟုတ်တာပေါ့ ၊ ဒါပေမဲ့ အဲ့ဒါက ဘယ်သူနဲ့ ဆိုတဲ့အပေါ် မူတည်တယ်လေ။
သူက နှစ်ပေါင်းထောင်ချီမှ တစ်ခါထ လှုပ်ရှားတတ်တဲ့ မြင်ရခဲတဲ့ မီးတောင်ကြီးလို ဖြစ်ရတာက ဟော်မြန် တစ်ဦးတည်းရဲ့ ရှေ့မှာမှပါ။
ဟော်မြန် သူ့အဝတ်ဘီရိုထဲ ကြည့်ကြည့်လိုက်စဉ်က၊ အထဲက အဝတ်အကုန်လုံးမှာ ချင်းချူ ကိုယ်တိုင် ရွေးပေးထားတာတွေဖြစ်ပြီး ၊ အတွင်းဝတ်တွေပါ ပါတာဖြစ်သည်။
ဒါကို တွေးမိတော့ ဟော်မြန် မျက်နှာ ရှက်သွေးဖြာရပြန်သည်။
ဒါက သူ့လို ယောက်ျားတစ်ယောက်အနေနဲ့ မိမိအတွက် သူ့အစွမ်းရှိသလောက် လုပ်ပေးထားတာ ဖြစ်သည်။ ထို့ကြောင့် မိမိမွာ အချိန်အားရှိခိုက်မှာ ဈေးဝယ်ထွက်ပြီး မိမိကြိုက်တာလေးတွေ ဝယ်ပေးမလို့ ဖြစ်သည်။ ဒါဆို မိမိလည်း ချင်းချူအပေါ် ဝန်လေး မနေရတော့ဘူးပေါ့။
အလုပ်ဆင်းပြီးနောက် ဟော်မြန် စူပါမားကတ္ကို သွားလိုက်ပြီး ဟော့ပေါ့ ချက်ရန် လတ်လတ်ဆတ်ဆတ် အမဲသားနည်းနည်းနှင့် ၊ အသီးအရွက်များ ဝယ်လိုက်သည်။
ချင်းချူက အချိန်ကိုက် အိမ်ပြန်ရောက်လာ၏။
အချိန်ကိုက် ရောက်လာတာပဲ ၊ ဟော့ပေါ့ စားကြရအောင်လေ  ဟော်မြန် ပြုံးနေ၏။
ဒီနေ့ သတင်းကို ကြည့်လိုက်သေးလား ချင်းချူက ဖိနပ်ချွတ်ရင်း မေးလိုက်တာ ဖြစ်သည်။
-
အခန်း (၂၀၃ )
Trust
က်မ ကြည့်လိုက်တယ်။ ရှင်ပြောတာ လမ်းပေါ်မှာ အသက် ၈၀ အဘိုးအိုကို အထက်တန်း ကျောင်းသားလေးက အကူညီပေးခဲ့ပေမဲ့ ပြန်ပြီး ခြိမ်းခြောက် ငွေညှစ်ခံရတဲ့ အကြောင်း မဟုတ္လား။ ရှင် ဒီလောကကြီးကို ယုံကြည်နိုင်သေးရဲ့လား။ သူတို့အားလုံး အဲ့ဒီအဘိုးက မကောင်းတဲ့သူလို့ ပြောကြတယ်။ ဒါပေမဲ့ က်မ တွေးမိတာကတော့ မကောင်းတဲ့ သူတွေ အကုန်လုံးဟာ အသက်ကြီးတဲ့ သူတွေချည်းပဲ။ ကျောင်းသားလေးရဲ့မိဘတွေက လျော်ကြေး မပေးချင်ကြဘူး။ ဒီတော့ အဘိုးကြီးက ကျောင်းရှေ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်တယ်။ သူက ကောင်လေးရဲ့ ခြေထောက်ကိုတောင် မသွားနိုင်အောင် ဆွဲထားသေးတယ်။ ဘယ်လောက်တောင် မရိုးသားလိုက်သလဲ။ က်မေတာ့ နောင်ဆိုရင် သူများကိစ္စတွေပါ ဘယ်တော့မှ ဝင်ပါတော့မှာ မဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ အခေါက်တုန်းက ရှင်ကျမကို ကူညီပေးခဲ့တာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် က်မေတာ့ အားနည်းတဲ့သူ ထပ်မဖြစ်ချင်တော့ဘူး။ ကူညီပေးရမှာထက် က်မကို နှလုံးသား မရွိတဲ့သူ လို့သာ အခေါ်ခံလိုက်တော့မယ်။
ချင်းချူက သူ့ကို နှုတ်ဆိတ်စွာ လိုက်ကြည့်နေတုန်းမှာပဲ သူက ထွက်သွားလိုက်သည်။
နောက်ဆုံးတော့ သူ ထုတ်ပြောရတော့သည်။  မြန် .. အဲ့ဒါ မဟုတ္ဘူး။ ကိုယ် ဘာအကြောင်း မေးတယ်ဆိုတာ မင်း သိမယ်လို့ ကိုယ်ထင်တယ်။
ချင်းချူရဲ့ အေလးအနက္ထားတဲ့ အမူအယာကို ကြည့်ပြီး ဟော်မြန် တျခား အကြောင်းအရာတွေ ထပ်ပြောမနေတော့ ..  ရှင်နဲ့ မင်းသမီးနဲ့ အကြောင်း သတင်းလား ။ သူက လှတယ်လို့တော့ က်မ ထင်တာပဲ
ဒါပဲလား  ချင်းချူ မျက်မှောင်တွန့်သွားသည်၊ မြန် အဖြေကို မေက်နပ္တာ သိသာနေလေသည်။
က်မ ဘာပြောဖို့ ရှိနေသေးလို့လဲ  ဟော်မြန် စိတ်ရှုပ်သွားရ၏။
ကိုယ် လော့ဖေးဖေး ကို လုံးဝ မသိဘူး။ သူက နာမည်ကြီးလို့ ကုမဏီက သူ့ကို ပြောခွင့်ရ ကိုယ်စားလှယ်အဖြစ် စာချုပ်ချုပ်ထားတာ၊ ဒါပေမဲ့ ကိုယ်တို့ ဒီနေ့ပဲ သူနဲ့ စာချုပ်ထားတာကို ဖျက်လိုက်ပြီ။ ပြီးတော့ GK မွာ ကိုယ် အမိန့်ထုတ်ထားလိုက်တယ်။ နောင်မှာ ထုတ်ကုန်အားလုံးအတွက် သူ့ကို ဘယ်တော့မှ မသုံးဖို့လေ
အာ.. ဒါဆို ရှင်တို့ သူ့ကို ငွေအများကြီး မပေးလိုက်ရဘူးလား
ဒါက အရေးကြီးလို့လား ။ မင်း ကိုယ့်ကို အထင်မလွဲရင် ပြီးတာပဲလေ
မလြဲပါဘူး ၊ ညတုန်းက ကျမတို့နှစ်ယောက် ညစာ သြားစားခဲ့တာ မှတ်မိသားပဲ ။ မီဒီယာက ဒီလိုမျိုးပဲ လျှောက်ရေးနေတာ၊ ဒီတော့ ဒေါသ ထြက္စရာ မလိုဘူးလေ  ဟော်မြန် က သူ့ကို ပြန်နှစ်သိမ့်ပေးနေရသည်။
ချင်းချူ သူ့အပေါ်ဝတ်အကျီကို ချွတ်လိုက်ပြီး၊ စီးကရက် တစ္လိပ္ကို မီးညွိလိုက္ကာ ဆိုဖာရှည်ပေါ် မှီချလိုက်သည်။ ပြီး .. ဟော်မြန် ကို ကြည့်နေလေ၏။
ဒါပေမဲ့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အဲ့သတင်းတွေကို တကယ္လိုလို ထင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးစားခဲ့သေးတာ
ဟော်မြန့် ပြုံးလိုက်ကာ  ဒါက ပုံမှန်ပဲ မဟုတ္ဘူးလား ၊ အမျိုးသမီးအနုပညာရှင်တွေ အကုန်လုံးလိုလို ဒီလို လုပ်ကြတာပဲ ။ က်မက ဒါဟာ တကယ်မဟုတ်မှန်း သိနေသားပဲ။ ဒါက သူတို့တွေ သူမ်ားရဲ့ အာရုံစိုက်မှုကို ရဖို့ ကြိုးစားတဲ့ နည်းလမ်းတွေပဲလေ။
ကိုယ် ဂရုမစိုက္ဘူး၊ သူတို့တွေ တခြားသူရဲ့အာရုံစိုက်ခံရဖို့အတွက်နဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို လာ အသုံးချတာမျိုး ကိုယ် ခွင့်မပြုနိုင်ဘူး။
က်မ နားလည်တယ်  ဟော်မြန့် ခေါင်းညိတ်လိုက်သည်။
မြန်
အင်း ..
မင်း ကိုယ့်ကို ယုံလား  ချင်းချူက နူးညံ့စွာ မေးလာသည်။
ရှင် ဘာကို ဆိုလိုတာလဲ
ကိုယ်ပြောချင်တာ မင်း ကိုယ့်ကို ဘယ်လောက် ယုံကြည်လဲလို့ ။ ကိုယ္က မင်းအပေါ်မှာ ဖောက်ပြန်လိမ့်မှာ မဟုတ္ဘူးဆိုတာ ယုံကြည်လား  ချင်းချူ က ဟော်မြန် ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေ၏။ ပုံစံက မြန် ရဲ့ အတွေးတွေကို ထွင်းဖောက်မြင်နိုင်ဖို့ ကြိုးစားနေသလိုမျိုး။
ဟော်မြန် ခေါင်းညိတ်ကာ  က်မ ရှင့်ကို ယုံကြည်တယ်
ဘာလို့လဲ
ဟော်မြန်က မိမိခေါင်းကို ပြန်လက်ညှိုးထိုးကာ  က်မက ဦးနှောက်ကောင်းတယ်လေ။ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မွားတယ်ဆိုတဲ့ ကွဲပြားမှုကို မသိရအောင် က်မက ဘယ္လို ဥာဏ်ကြီးရှင်မျိုး မို့လို့လဲ
စိတ်လှုပ်ရှားသွားတဲ့ ချင်းချူက သူ့လက်တွေကို ဆန့်တန်းလာပြီး  မြန် ဒီကိုလာဦး
အခါတိုင်း နာခံ ခဲတဲ့ ဟော်မြန့်က ချင်းချူနားကို တိုးသွားလိုက်သည်။
ချင်းချူက သူ့နားရောက်လာတဲ့ ဟော်မြန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ့ခေါင်းကို သူမေလးရဲ့ လည်ပင်းနားမှာ တိုးဝှေ့ကာ မြှုပ်နှံထားလိုက်တော့
သူ့အသက်ရှုသံနွေးနွေးက ဟော်မြန်ကို ကလိနေသကဲ့သို့
ဒီလို ရင်းနှီးတဲ့ ထိတွေ့မှုက မိမိနှလုံးခုန်နှုန်းတွေကို ထိန်းချုပ်မရနိုင်အောင် ဖြစ်နေစေ၏။
သူက  မြန် .. နောင်အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ၊ ကိုယ္က သူများတွေးတာတွေကို ဂရုမစိုက္ဘူးဆိုတာ မှတ်ထားပေး။ မင်း ကိုယ့်ကို ယုံကြည်နေသရွေ့ ကိုယ်သေဆုံးရမယ်ဆိုရင်တောင် နောင်တရမှာ မဟုတ္ဘူး။
အဲ့လို တွေ လျှောက်မပြောပါနဲ့ ။ ရှင် သေလို့ မဖြစ်ပါဘူး  ဟော်မြန် က ချင်းချူရဲ့ မျက်နှာကို ဖျစ်ညစ် လိုက်သည်။
ချင်းချူ ရဲ့ လက်တွေ မြှောက်တက်လာပြီး ဟော်မြန်ရဲ့နဖူးဆီက ပြေလျော့နေတဲ့ ဆံနွယ်စလေးတွေကို ကြင်နာစွာ သပ်တင်ပေးနေ၏။ သူက ဒီလောက်နဲ့ မတင်းတိမ်နိုင်သလိုမျိုး သူမေလးကို အထက်အောက် စုန်ချည်၊ ဆန်ချည် ကြည့်လိုက်သည်။
ရှင် ဘယ္ကို လိုက်ကြည့်နေတာလဲ၊ ရှင် အရင်က မိန်းမချောချော မမြင်ဖူးဘူးလား  အေနရခက္စြာ ဟော်မြန် တမင် ရွဲ့ပြောလိုက်တာ ဖြစ်သည်။
ချင်းချူရဲ့ နှုတ်ခမ်းထောင့်ကို ကော့တက်သွားပြီး  အရိုးသားဆုံး ပြောရရင် .. ရေချိုးခန်းက ထွက်လာပြီး ဝတ်လစ်စလစ် ဖြစ်နေတဲ့အချိန်မှာ တျခားကို မဖုံးဘဲ မျက်နှာကို ဖုံးကာတဲ့ မိန်းမချောမျိုးတော့ ကိုယ် အရင်က မမြင်ဖူးဘူး
အာ .. ရှင် ဒါကို အသက်ရှင်နေသမျှ တလျှောက်လုံး ပြောနေတော့မှာလား  ဟော်မြန် ရဲ့ အရှက်ရမှုက ဒေါသ အဖြစ်သို့ ပြောင်းလဲသွားရလေပြီး ချင်းချူရဲ့ ရင်ဘတ်ကို သူ့လက်သီးဆုပ်တွေနဲ့ ထုလိုက်သည်။
အားသိပ်မသုံးထားလေတော့ ၊ ဒါက ချင်းချူအဖို့မှာ ကျီစားနေတာနဲ့ ပိုတူနေလေသည်။
သူမေလးရဲ့ လက်မောင်းတွေကို ဆုပ်ကိုင်ထားလိုက်ပြီး သူမေလးရဲ့ နှုတ်ခမ်းတွေကို ဆွဲစုပ်ယူလိုက်ကာ .. နူးညံ့စွာ ကိုက်လိုက်မိသည်။
ဒါက နွေးထွေးပြီး၊ စိတ်အလိုဆန္ဒ၏ အချက်ပြမှု တစ္ခုလို ယားကျိကျိ ဖြစ်လာလေ၏။
-
အခန်း (၂၀၄)
Fighting Over Food
ထိုအချိန်တွင် လ်ွပ္စစ္မီးဖိုဆီမွ အသံမည်လာပြီး ရေဆူပြီဖြစ်ကြောင်း အချက်ပေးလာသည်။ ဟော်မြန် ချက်ချင်းပဲ ချင်းချူကို ဘေးသို့ တွန်းလွှတ်လိုက်ကာ မျက်နှာပူပူဖြင့် ထရပ်လိုက်၏။
အာ.. ရေဆူနေပြီ ၊ ဟော့ပေါ့ စားကြမယ်
အိုကေ
ချင်းချူရဲ့ မျက်နှာမှာ စိတ်ဆန္ဒတွေ ရှိနေဆဲ ဖြစ်သည်၊ သူ ထပ်လိုချင်နေသေးသော်လည်း ဟော်မြန် ရဲ့ စကားကိုသာ နားထောင်လိုက်သည်။
ယခုအချိန်က ဆောင်းဦးရဲ့ အစောပိုင်းအချိန်သာ ဖြစ်သော်လည်း နည်းနည်းတော့ အေးနေသည်။ နှစ်ယောက်သား အိမ်မှာပဲ ဟော့ပေါ့ချက်ကာ ပျော်စရာကောင်းတဲ့ တစ္နပ္စာကို ဖန်တီးကြပြီး ၊ သူတို့ရဲ့ နှလုံးသားတွေဟာလည်း ဟင်းရည်နှင့်အပြိုင် နွေးထွေးနေလေသည်။
ရုတ်တရက် ချင်းချူရဲ့ ဖုန်းမြည်လာ၏။
မင်း ဘာလုပ်မို့လဲ
ငါ အခုလေးတင် အလုပ်ဆင်းလာတာ ။ အပြင်ထွက်ခဲ့ကွာ သွားသောက်ရအောင်။ ကောင်းရန်ရဲ့ အသံက တက်ကြွနေသည်။
နိုး
ဘာလို့လဲကွာ  ချင်းချူရဲ့ တုံ့ပြန်ပုံကြောင့် ကောင်းရန်မှာ ချက်ချင်းပဲ မပျော်မရွှင် ဖြစ်သွားရ၏။
ငါ အိမ်မှာ စားပြီးနေပြီ
အို.. ဒါဆို မင်းက မိန်းမနားမှာပဲ အချိန်ဖြုန်းနေတာပေါ့ ။ ငါက ညစာတောင် မစားရေသးဘူး။ မင်းတို့ဆီမှာ တစ်နပ်လောက် လာစားလို့ မရဘူးလား
နိုး  ချင်းချူ က အပြတ်ငြင်းပစ်လိုက်သည်။
ဟေး .. မင်းက ဘယ္လို သူငယ်ချင်းမျိုးလဲကွ ။ နည်းနည်း စဉ်းစားကြည့်ပါဦး၊ ငါမင်းကို ကူပြီး ဟော်မြန်ကို ရအောင် လုပ်ပေးထားတာလေ။ ဟော်မြန် က သူ့ ရည်းစားဟောင်းနဲ့ လက်ထပ်တော့မည့် ဆဲဆဲမွာ ၊ အဲ့ကောင်က ပြည့်တန်ဆာတွေ ငှားတော့လဲ အဖမ်းခံရအောင် လုပ်ပေးခဲ့တာ ဘယ်သူမို့လဲ။ နောက်ပြီး ဆေးရုံရှေ့ ကားတိုက်တဲ့ကိစ္စကို ကူပြီး စုံစမ်းပေးခဲ့သေးတယ်။ အို .. ဟော်မြန် လူနာမိသားစုနဲ့ ရန်ဖြစ်ပြီး ထိခိုက်တော့လည်း ငါ မင်းကို ဖုန်းဆက်ပေးခဲ့သေးတယ် မဟုတ္ဘူးလား။ မင်းဒီလို ဘုရားပြီးငြမ်းဖျက်တာ ငါ ယုံတောင် မယုံနိုင်ဘူး။ မင်း က ဒီလို လူစားမျိုးလား
ကောင်းရန်က ထပ်ထပ်ပြီး ရေရွတ်နေတာတွေက ချင်းချူရဲ့ ပြတ်သားနေတဲ့ စိတ်ဓါတ်ကို ပြန်နူးညံ့သွားစေသည်။
သူက ဟော်မြန် ကို ကြည့်လိုက်တော့
အဲ့ဒါ ဘယ်သူလဲ
ကောင်းရန်က ဒီမွာ ညစာ လာစားချင်လို့တဲ့
အင်း .. လာလို့ ရတာပဲ
ကောင်းရန် က ဟော်မြန်ကို ကျေးဇူးစကား ဆိုတော့မည့်ဆဲဆဲမှာပဲ
ကျမလည်း လင်းလင်းကို ခေါ်လိုက်မယ်လေ
အိုး .. ဟေး .. ငါ အရေးကြီး လုပ္စရာတစ္ခု ရှိသေးတာ အခုမွ သတိရတယ်။ ဒီညေတာ့ ညစာ လာမစားတော့ဘူး။ နောက်တစ်ခါမှပေါ့ .. ဟား
ဖုန်းမချခင်မှာ ကောင်းရန်က ချင်းချူကို ပြောလိုက်သေးသည်။  ချင်းချူ .. မင်းတို့က တော်တော်လိုက်တဲ့ စုံတွဲပဲ ။ နှစ်ယောက်လုံး စိတ်ပုတ်တဲ့လူတွေ  ပြောပြီး သူ ဖုန်းချသွားသည်။
ချင်းချူ ဖုန်းကို စားပွဲပေါ် တင်ရင်း တဟားဟား ရယ်နေတော့သည်။
ရှင် ဘာကို အဲ့လောက် သဘောကျနေတာလဲ  ဟော်မြန်က တွေးမရသလို ပြန်ကြည့်နေ၏။
ဘာမွ မဟုတ်ပါဘူး  ချင်းချူ မပြောပြချင်မိ။
နောက်တစ်နေ့မှာ ချင်းချူ အလုပ်ကိစ္စခရီး သွားဖို့ ရှိသည်မို့ လေယာဉ်ချိန်မီအောင် စောစောထကာ ထွက်သွားသည်။
ဟော်မြန် မနက္စာ စားနေတုန်းမှာ ရုတ်တရက် တောင်ဘက်ပိုင်း စင်တာရှိ ဝန်ထမ်းသက်သာဆိုင်က အစားအသောက်တွေဟာ ဘယ်လောက် အရသာဆိုးကြောင်း သတိရသွားပြီး နေ့လည်စာ ထုတ်ယူသွားဖို့ စဉ်းစားလိုက်သည်။
တောင်ဘက်ပိုင် ပြန်လည်ထူထောင်ရေးစင်တာ မွာ ကျွေးတာတွေက တကယ့်ကို အကောင်းစားတွေပါ။ အဲ့ဒီအတွက်ပဲ သူတို့ ငွေပေးထားကြတာ မဟုတ္လား။ ပါဝင်ပစ္စည်းတွေကလည်း လတ်လတ်ဆတ်ဆတ်တွေ ဖြစ်သည်။ သို့ပေမဲ့ တောင်ဘက်ပိုင်းစင်တာရှိ စားဖိုမှုးတွေက လူနာတွေ အတွက်ပဲ အျမဲ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေသည်မို့ ၊ ဝန်ထမ်းတွေ အတွက်ကျတော့ မကြာခဏလို မျက်နှာလွှဲ ခံထားရသည်။
ဟော်မြန် ကေတာ့ သူတို့ရဲ့ ကြော်ချက် ဟင်းလျာတွေရဲ့ အရသာက ဝက်စာလိုပဲလို့ တွေးမိသည်။ ဟုတ်တယ်လေ၊ မိမိမှာတော့ ဝက်မမွေးဖူးပေမဲ့ ၊ ခန့်မှန်းကြည့်လို့ ရေနတာပဲ ။
အချိန်မြန်အောင် ကိုရီးယားစတိုင် ရေညှိထမင်းလိပ် ပဲ လုပ်လိုက်သည်။ ကုန်စုံဆိုင်နားက ဖြတ်သွားတော့ ကင်မ်ချီ တစ္ဗူး ဝင်ဝယ်ခဲ့လိုက်သေးသည်။ ဒါဆို သိပ်လိုက်တဲ့ အတွဲအစပ် ဖြစ်သွားပြီပေါ့။
မနက်ပိုင်းက အခန်း ၂ က လူနာကို ဂရုစိုက်ပေးခြင်းဖြင့်သာ အချိန်ကုန်သွားပြီးနောက် ၊ သူ ယူလာခဲ့တဲ့ နေ့လည်စာဗူးကို ထုတ္ကာ ခန်းမကျယ်ထဲရှိ ခုံရှည်မှာ ထိုင်လိုက်သည်။ သူ စားဖို့ အသင့်ပြင်နေချိန်မှာ ဆုယြီက သူ့ကုထုံးပြီးတော့ သက်တော်စောင့်တွေရဲ့ အကူအညီနဲ့ ခန်းမကျယ်ထဲ လမ်းလျှောက်ထွက်လာသည်။
အဝေးမှပင် အဲ့ဒါ ဟော်မြန် ဆိုတာ သိနေ၏။ သူက ထူးထူးခြားခြား လှနေတာကြောင့်တော့ မဟုတ်ပေ၊ သူဝတ်တဲ့ သူနာပြုဝတ်စုံ အဖြူရောင်က သူတစ်ယောက်တည်း ဝတ်တာကြောင့် ဖြစ်သည်။ တခြားသူနာပြုတွေ အားလုံးက ခပ္တိုတို ဂါဝန္ကိုသာ ဝတ်ကြတာဖြစ်သည်။
ဒီရက်ထဲမှာ ဆုယြီ အစာစားချင်စိတ် ပျောက်ဆုံးနေတာ ဖြစ်သည်။ မိမိဆီယူလာကြတဲ့ ပင်လယ်စာ၊ အကြော်အလှော်တွေ၊ အချိုပွဲတွေ၊ ဒါမှမဟုတ် တခြားအစားအသောက်တွေ ကို တစ္ခုမွ မကြိုက်။ တစ်နေ့လုံး အိပ်ရာထဲမှာပဲ လှဲနေရတာက မိမိရဲ့ အစာစားချင်စိတ်ကို ပျက်စီးစေခဲ့သည် ထင်သည်။
မိမိတို့ ကုမဏီမွ အမျိုးသမီး အနုပညာရှင်တချို့က သူ့တို့အိမ်မှာ ချက်ပြုတ်လာသည့် ဟင်းလျာများကို ယူလာကြပေမဲ့ ၊ အခုလေးတင်ပဲ အဲ့ဒါတွေ အကုန်လုံးကို အမှိုက်ပုံးထဲ ထည့်ခဲ့တာ ဖြစ်သည်။
သူ ဟော်မြန်နားက ဖြတ်သွားချိန်မှာ ဘာတွေများစားနေသလဲလို့ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ရေညှိပြားလေးတွေအုပ်ထားပုံက သေးသေးလေးတွေနဲ့ ချစ်စရာကောင်းနေလေသည်။ အဲ့ထဲမွာ တချို့က ဝက်ဝံပုံလေးတွေ ဖြစ်ပြီး၊ ရေညှိကို သုံးပြီး မျက်စိလေးတွေ နားရွက်လေးတွေတောင် တပ်ထားသေးတော့ ကြည့်ရတာ ချစ်စရာကောင်းနေလေသည်။
မင်း ဘာတွေ စားနေတာလဲ  သူ စပ်စုကြည့်မိ၏။
ကငမ်ဘတ် ၊ ဒါက ကိုရီးယားစတိုင် ဆူရွီ လေ  ဟော်မြန်က သူ့ကို ပြန်မကြည့်ဘဲ ဖြေလာသည်။
ငါ့ကို တစ်ခုလောက် ပေးပါလား  ဆုယြီ တောင်းဆိုမိ၏။
စဉ်းတောင် မစဉ်းစားနဲ့  ဟော်မြန်က မျက်နှာထား ခပ်တင်းတင်းနဲ့ ပြန်ကြည့်လာသည်။
-
အခန်း (၂၀၅)
Noticing
ငါက တစ္ခုကို ယွမ် တစ်ထောင် ပေးမယ်ဆိုရင်ရော  ဘယ္လိုလဲ  ဆုယြီက မောက်မာစွာ ဆိုလိုက်၏။ သူ အမြဲတွေးနေတာက ငွေက ပြဿ နာ အားလုံးကို ဖြေရှင်းနိုင်သည် ဟူ၍ ။ မရနိုင်ဘူးဆိုရင် ၊ ဒါဆို သူ ငွေပိုပေးဖို့ လိုနေပြီဆိုတဲ့ အဓိပါယ်ပဲ မဟုတ္လား။
နိုး  ဟော်မြန်က ပြတ်ပြတ်သားသားပဲ ငြင်းပယ်လိုက်သည်။
ငါးထောင်ကွာ  ဆုယြီ က သူ့ရဲ့ ကနဦး ကမ်းလှမ်းမှုကို ငါးဆ ထပ်တင်လိုက်သည်။
ဟော်မြန်က သူ့ကို ကြည့်လာပြီး အပြုံးချိုချိုနဲ့ ပြုံးပြလာတော့..
ဆုယြီ ချက်ချင်းပဲ ရတော့မည်ဆိုတဲ့ အသိတစ္ခုကို ရလိုက်သည်၊ သူ ထင်တာက မိမိ ကမ်းလှမ်းတဲ့အတိုင်း ပေးလာတော့မည်ပေါ့။ ဒါပဲလေ ဘယ်သူက ငွေရဖို့ကို နိုး လို့ ပြောနိုင်မှာလဲ။
သို့ပေမဲ့ ပြုံးပြနေတဲ့ ဟော်မြန်က ကင်မ်ဘတ် နောက်တစ်ခု ယူလိုက်ပြီး မိမိရှေ့မှာတင် သူ့ပါးစပ်ထဲပဲ ပြန်သွင်းလိုက်တော့ ဆုယြီ အံ့သြသွားသည်။
ဆုယြီ ကြည့်နေမှန်းသိတော့ ၊ သူက ပိုလို့တောင် စိတ်ကျေနပ်တဲ့ပုံနဲ့ ဝါးပြနေလေတာကို ကြည့်ရင်း ဆုယြီ သားရေယိုလာသည်။
ယွမ် ငါးထောင်ဆို ရှင် စက်ဘီးတစ်စီးတောင် ဝယ်လို့ရတယ်။ ဘာလို့ ကိုယ့်ဘာသာ လာပို့တဲ့ဆီကို အော်ဒါ မမွာတာလဲ။ သူတို့လုပ်ထားတာက ကျမထက်တောင် အရသာ ပိုရှိနိုင်သေးတယ်။ ဟော်မြန် အကြံပေးလိုက်သည်။
ငါ မမှာစားချင်ဘူး၊ မင်း စားနေတဲ့ဟာပဲ လိုချင်တာ။ လုပ်စမ်းပါ၊ အဲ့ဒါ ကို ဘယ်လောက်ဆိုရင် ရောင်းပေးမှာလဲ
နောက်ဆုံးတော့ ဆုယြီ စိတ်မရှည်တော့သည်မို့ ဟော်မြန်ကို ဈေးသာ မေးလိုက်တော့သည်။
က်မက ရောင်းနေတာ မဟုတ်ဘူးလေ။ ရှင် ဘယ်လောက်ပဲ ပြောပြော၊ ရှင် က ပိုက်ဆံနဲ့ဆို ဘာမဆို ရမယ်လို့ ထင်နေတာလား။ ဒါပေမဲ့ တခါတေလေတာ့ ပိုက်ဆံက အသုံးမဝင်ဘူး။ ဥပမာ ပြောရရင် ၊ ရှင်သာ သဲကန္တာရထဲရောက်နေရင် ရှင် ယွမ် သန်းနဲ့ချီ ပေးမယ်ဆိုရင်တောင် ရေတစ်ဗူး ဝယ်လို့ ရနိုင်မှာ မဟုတ္ဘူး။
ဆုယြီ မျက်နှာက တမဟုတ်ချင်း တင်းမာလာသည်။
သူ့ရှေ့က ဒီမိန်းမက သူ့ကို စားစရာပေးဖို့ ငြင်းပယ်ရုံတင်မကဘူး၊ ပြန်ပြီးတောင် ဆရာလုပ်နေသေး၏။ ဒါကပဲ သူ့ကို ဒေါသထွက်လာစေတာ ဖြစ်သည်။
ဟော်မြန် ပေါင်ပေါ်တင်ထားတဲ့ ဗူးထဲက ကင်မ်ဘတ်တွေက တစ်ခုပြီး တစ္ခု သူ့ပါးစပ်ထဲ သွင်းနေတာ နောက်ဆုံး တစ္ခုသာ ကျန်နေတော့သည်။ ကင်မ်ဘတ်နဲ့ ကင်မ်ချီ အတြဲက ဟော်မြန်ရဲ့ ပါးစပ်ထဲမှာတော့ နိဗာန် ရောက်သလောက်ကို စားကောင်းနေတာ ဖြစ်သည်။
နောက်ဆုံးတော့ ဆုယြီ ထပ်မတင်းထားနိုင်တော့။ ဟော်မြန် အာရုံသိပ်မထားခင်မှာ လက်ဆန့်ထုတ်လိုက်ပြီး နောက်ဆုံးကျန်တဲ့ ကင်မ်ဘတ်ကို လှမ်းဆွဲယူကာ သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ဟေး .. ရှင် ခိုးစားတယ်  ဘာမွ မပြောနိုင်တော့ဘဲ ဆုယြီကိုသာ ကြည့်နေမိတော့သည်။
သူက ဒီမြို့တော်ထဲက မိန်းကလေးများကြားမှာ ရေပန်းစားတဲ့ ရုပ်ချောချော သူဌေးလေး၊ ဖျော်ဖြေရေးသတင်းတွေမှာ နေ့တိုင်း ခေါင်းကြီးအနေနဲ့ ပါဝင်နေတာရော ဟုတ်ပါရဲ့လား။
သူက ဒီလို ကိုယ့်အဆင့်ကိုယ်တောင် ဂရုမစိုက်ဘဲ အရူးလို လုပ်နေတာလေ။
ကြည့်ရတာ သတင်းစာတွေ က လိမ်နေတာ မ်ားလား၊ လက်တွေ့မှာ မြင်နေရတာနဲ့ ကြားထားတာနဲ့က တျခားစီ ဖြစ်နေတယ်လေ။ သူက မယုံနိုင်လောက်အောင် မရင့်ကျက်သေးတဲ့ပုံ ဖြစ်နေတယ် မဟုတ္ဘူးလား။
ဆုယြီက ကင်မ်ဘတ်ကို စားလိုက်ပြီးတော့ သူ့ပိုက်ဆံအိတ် ထဲက ငွေတစ်ထပ် ထုတ်ယူလိုက်သည်။- အနည်းဆုံးတော့ ယွမ် ငါးထောင်လောက် ရှိနိုင်၏။
ဒီမွာ .. ဒါကို မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာလို့ မှတ်လိုက်၊ ငါ ဘယ်တော့မှ အလကား မစားဘူး။
ရှင် က အရူလား  ဟော်မြန် နူးညံ့စွာ ရယ်မိတော့သည်။
ဆုယြီ ချက်ချင်း ပြန်တုံ့ပြန်လာသည်။  မင်းက ဘယ်သူ့ကို အရူးလို့ ခေါ်နေတာလဲ အရူးမရဲ့ ။ မင်း အသက်မရှင်ချင်တော့တာလား
ဟုတ်တယ် .. ရှင့်လို လူနာကို တစ်မိနစ်ချင်းစီက က်မကို သတ်နေသလိုပဲ ။ လာပါ .. အခုပဲ က်မကို သတ်လိုက်လေ  အဲ့ဒီနောက် ဟော်မြန် က မျက်လုံးတွေ မှိတ်ထားလိုက်ပြီး သူ့ကို တမင် ရန်စနေလေသည်။
-
အခန်း (၂၀၆)
Opportunity
တကယ္ကို .. မင်း ..  ဆုယွီတစ်ယောက် ဟော်မြန်ရဲ့ သူ့ကို ဆွနေတဲ့ပုံကို ကြည့်ပြီး ပြန်ချေပဖို့ စကားမရှိအောင် ဖြစ်သွားရသည်။
ဒီနေရာမှာ တခြားမိန်းမသာဆိုရင် ၊ ဘာမွ ထပ်ပြောမနေဘဲ အဲ့ဒီမိန်းမရဲ့ ခေါင်းကို ဖုန်းနဲ့ ပစ်ပေါက်မိတော့မှာ ဖြစ်သည်။
သို့ပေမဲ့ .. အခု က အဲ့လို ဆူဆူပူပူ လုပ်ဖို့ စိတ်မရှိနေတာက ဘယ္လို ထူးဆန်းမှုကြီးလဲ .. ။ သူ့ရှေ့မှာ မျက်လုံးတွေ မှိတ်ပြီး ထိုင်နေတဲ့ သူကို အမှတ်မဲ့ ကြည့်လိုက်မိသည် ။ ရုတ်တရက် သတိပြုမိလိုက်တာက သူမေလးမွာ အင်မတန်လှတဲ့ မျက်တောင်လေးတွေ ရှိနေတာကိုပါပဲ။
တျခား အမျိုးသမီးတွေနဲ့ မတူ ၊ သူက မျက်တောင်တုတွေလည်း မတပ်ဆင်ထား၊ မက်စ်ကာရာတွေလည်း မျခယ်သထား။
ဟော်မြန် ရဲ့ မျက်တောင်တွေက မရှည် ၊ မထူ သလို ကော့နေခြင်းလည်း မရွိ။ ဒါပေမဲ့ သူ့ရဲ့ သဘာဝအတိုင်း အရှိပုံစံကကို လတ်ဆတ်တဲ့လေကို ရှုရှိုက်ရသလို သူ့ကိုပဲ မျက်စိကျသွားစေတာ ဖြစ်သည်။
သူက မိတ်ကပ်လည်း လိမ်းလေ့မရှိ၊ အခြေခံ အလှကုန်လောက်သာ သုံးတတ်သူ ဖြစ်ပြီး၊ သူ့အသားအရေက ဖြူပြီး တောက်ပ၏။ သူ့ နှုတ်ခမ်းတွေဟာလည်း lip gross ၊ lipstick တွေကြောင့် ချောမွေ့နေတာမျိုး မဟုတ်ဘဲ ၊ သဘာဝအတိုင်း သွေးရောင်စိုပြီး ၊ အရည်လဲ့နေ၏။
သူ့မှာ တမူ ထူးခြားတဲ့ အလှမျိုး ပိုင်ဆိုင်ထားတာ မဟုတ်ဘဲ၊ သူ့ကို ကြည့်ရတာကကို အလွန်အမင်း မ်က္စိပဒါသ ဖြစ်စေနေတာ ဖြစ်သည်။
မိမိသာ အဲ့ဒီ နှုတ်ခမ်းတွေကို နမ်းလိုက်ရင် ဘယ္လို အရသာ ရှိမှာပါလိမ့် ဟု ဆုယြီ တွေးမိနေသည်။
အဲ့ဒီနောက် သူ့အတွေးကိုသူ ပြန် လန့် သြားရေလ၏။
နောက်ဆုံးတော့ ဆုယြီ ဟော်မြန် ကို နောက်ဆုံးတစ်ချက် ဝေ့ဝဲ ကြည့်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
သူ့ ခြေသံတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာ ကြားတော့မှ ဟော်မြန် မျက်လုံးတွေ ပြန်ဖွင့်ပြီး၊ ပြုံးမိကာ၊ တစ်ဦးတည်းရေရွတ်ပြောနေမိသည်။  ဆုယြီက မရင့်ကျက်သေးတဲ့ ကေလးလိုပဲ။ သူ့ သဘောထားကလည်း အဲ့လောက် ဆိုးမဲ့ပုံ မပေါ်ပါဘူး။ ငါ ထင်တာ ကောလဟလ တွေက အကုန် အမှားတွေပဲ နဲ့ တူတယ်။
ဟော်မြန် က ဆုယြီ ဆူပူနေတာမျိုးကို တစ်ခါမှ မမြင်ဖူး၊ အများဆုံးမှ သူ စိတ်ဆိုးနေတာလောက်သာ မြင်ဖူးတာ ဖြစ်သည်။ ထို့ကြောင့် သူက ဆုယြီဟာ နည်းနည်း ကလေးဆန်နေတာဖြစ်ပြီး ၊ ကောလဟလတွေ ထဲကလောက် ကြောက်စရာ ကောင်းမနေပါဘူး ဟု တွေးနေတာ ဖြစ်သည်။
သူ ပြောနိုင်တာက အခုလေးတင် မိမိရဲ့ ကင်မ်ဘတ်ကို ခိုးယူတဲ့ ပုံကို ကြည့်ပြီး ပြောတာ ဖြစ်သည်။ သူတို့တွေက ဒီ သခင်လေးဆု ကို ဆက်သွယ်ရမလွယ်အောင် နည်းလမ်း လုပ္ထားတာ ဖြစ်ရမည်။
-ချင်း အိမ်တော်တွင် -
ကျန်းလင်ယွဲ့ က ဧည့်ခန်း ရွိ ဆိုဖာပေါ်တွင် ထိုင်နေပြီး စိတ်အရမ်း လှုပ်ရှားနေလေသည်။ ဥက္ကဌကြီးကတော်က မိမိကို သူတို့အိမ်ကို ဘာကြောင့်ဖိတ်သလဲဆိုတာ သေချာ မသိနေ။
ဒါက ပထမဆုံး အဖိုးတန် အသုံးအဆောင်များ ပြည့်နေသည့် ချင်းအိမ်တော်ကို ဖိတ်ကြားခံရတာ ဖြစ်သည်။ အိမ်အကူက သစ်သီးမ်ား လှီးဖြတ်ကာ ယူလာပေးပြီး၊ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေး၏။ ချင်းချူရဲ့ မိခင် ဒုတိယထပ္က ဆင်းလာတော့ ၊ ကြည့်ရသည်မှာ တည်ငြိမ်ပြီး ကျက်သရေရှိပုံ ပေါ်နေလေ၏။
မစ္စက်ချင်း  ကျန်းလင်ယွဲ့က ချက်ချင်းပဲ ထျပီး နှုတ်ဆက်လိုက်သည်။
ထိုင်ပါဦး
ကျန်းလင်ယွဲ့ ပြန်ထိုင်လိုက်တော့ ၊ မစ္စက်ချင်း ကလည်း သူ့ဘေးက သားရေဆိုဖာပေါ် လာထိုင်သည်။
စိတ် ပူ မနေပါနဲ့ ။ အန္တီက မင်းကို ဒီကို လာခိုင်းတာ ကုမဏီ ကိစ္စ ပြောဖို့ မဟုတ်ပါဘူး။ အန္တီ က မင်း နဲ့ ကိုယ်ရေးကိုယ်တာလေး ပြောချင်တာလို့ပါ။ ဥက္ကဌကြီးက အခု အိမ်မှာ မရွိဘူး။ ဒါကြောင့် မင်း သက်တောင့်သက်သာ နေလို့ ရတယ်။
ဟုတ်ကဲ့ .. မစ္စက်ချင်း  ကျန်းလင်ယွဲ့ ပြုံးပြလိုက်သည်။
သူ ဝတ္ထားတာက အဝါနုရောင် ဝတ်စုံနှင့် ဒေါက်ဖိနပ် အနက်ရောင် ဖြစ်သည်။ မိတ်ကပ် ခြယ်သထားပုံကလည်း ကြည့်လို့ ကောင်းနေသည်။
ကျန်းလင်ယွဲ့က GK ရွိ လွပတဲ့ မိန်းကလေးများထဲက တစ်ယောက် ဖြစ်ပြီး၊ သူနဲ့ တွဲချင်သူ အမ်ားအျပား ရှိသည်။ သို့ပေမဲ့ သူက အဲ့ဒီလူတွေနဲ့ တွဲဖို့ မတန်ဟု တွေးသည်။ အဲ့ဒီလူတွေကို ဘယ်တုန်းကမှ အရေးမစိုက်ခဲ့ ။ သူ အျမဲ တွေးနေတာက သူက ချင်းချူနဲ့သာ ရှိသင့်သည့်သူ ဟူ၍ ပင်။
ပြီးခဲ့တဲ့ ရက်တွေက လော့ဖေးဖေးနဲ့ သတင်းတွေ ထွက်လာပြီး အမ်ား အာရုံစိုက်ခံနေရတယ်။ အန္တီက ဒါက တကယ်များလားလို့ ချင်းချူကို မေးဖို့ စဉ်းစားလိုက်ပေမဲ့ ၊ PR ဌာနက သူနဲ့ စာချုပ်ဖျက်သိမ်းကြောင်း ကြေငြာပြီး၊ GK က ဘယ်တော့မှ သူ့ကို သုံးတော့မှာ မဟုတ်ဘူးလို့ ကြေငြာတယ်။ ဒီတော့ အန္တီ ထင်တာက အဲ့ဒီ လော့ဖေးဖေးက အန္တီ့သား ကို သူ နာမည်ကြီးဖို့ ချနင်းသွားတာ လို့ပဲ ယူဆတယ်။
ကျန်းလင်ယွဲ့က ခေါင်းညိတ်ကာ  အဲ့ဒါ မှန်ပါတယ် အန္တီ။ ဥက္ကချင်းလို လူမျိုးက ဒီလို နာမည်မကောင်းတဲ့ အနုပညာရှင်မျိုးနဲ့ ဘယ်တော့မှ တြဲမွာ မဟုတ်ပါဘူး။ GK ရဲ့ ဝန်ထမ်းတစ်ယောက် အနေနဲ့ ၊ က်မ သူ့ကို ယုံကြည်လေးစားပါတယ်။
သူ့အဖြေကို သဘောကျသွားပုံရတဲ့ မစ္စက်ချင်းက ခေါင်းတညိတ်ညိတ် ရှိလေ၏။  မင်းဆီက ဒီလိုစကား ကြားရတာ အန္တီ ဝမ်းသာတယ်ကွယ်။ အန်တီ့ သေဘာအရ ဆိုရင်လည်း ဒီလို နောက်ကြောင်းရှုပ်တဲ့ အနုပညာ အသိုင်းအဝိုင်းက လူတွေနဲ့ ချူ ကို မရောထွေးစေချင်ဘူး။ အဲ့ဒီ မိန်းမတွေက သူတို့ လိုတာ ရဖို့ ဘာမဆို လုပ်နိုင်ကြတယ်။ ပြီးတော့ သတင်းတွေ ထွက်တိုင်းလည်း သူတို့ ပါနေကြတယ်။ သူတို့လူတွေကို ချင်း အိမ္ကို ဝင်နိုင်လောက်တဲ့ အဆင့်တွေ မဟုတ္တာ သဘာဝကျပါတယ်။
သူတို့ မဝင်နိုင်ပါဘူး၊ ဘာလို့လည်းဆိုတော့ သူတို့က ဥက္ကဌချင်းနား ကပ်ဖို့တောင် အခွင့်အရေး ရကြတာမှ မဟုတ္တာ။ နောက်ပြီး .. ဥက္ကဌချင်းက အရမ်းကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့သူလေ။
ကျန်းလင်ယွဲ့ က ချီးကျူးစကား ဆိုလိုက်သည်။ မိမိ လေ့လာမိသလောက်မှာ ချင်းချူက ဘယ်တုန်းကမှ ဘယ်မိန်းကလေးနဲ့မှ ထိတွေ့တာမျိုး မရွိဖူး။ သူက အမြဲတမ်း အချိန်ကိုက် အလုပ်ရောက်တာနဲ့ အချိန်မှန် အလုပ်ဆင်းတယ်။ သူ့ လက်ထောက်ယန် ကလွဲပြီး၊ သူ့နားကို ဘယ်သူမွ ကပ်လို့ မရ။
အန်တီလည်း အန်တီ့သားကို ကောင်းကောင်း သိပါတယ်။ သူက အရည်အချင်းရှိတယ်၊ ဒါပေမဲ့ အခုထိ လူလွတ် ဖြစ်နေတုန်းပဲ ။ လူတွေကလည်း အတင်းအဖျင်း ပြောလာကြလိမ့်မယ်။ ချင်းမိသားစုရဲ့ ဂုဏ်သိက္ခာအရ အန္တီ က ဒီလို အခွင့်အရေးယူပြီး ဖြန့်တဲ့ မမှန်ကန်တဲ့ ကောလဟလမျိုးတွေ မထွက်စေချင်ဘူး။
ဒါဆို .. ဥက္ကဌချင်းမှာ ချစ်သူမိန်းကလေး ရှိနေတာလားဟင်  အမှန်အတိုင်း ပြောရလျှင် ကျန်းလင်ယွဲ့လည်း ချင်းချူဟာ Gay မ်ား ဖြစ်နေမလားလို့ တွေးမိနေတာ ဖြစ်သည်။
-

အချစ်စတင်ခဲ့ရာ( Volume two)Where stories live. Discover now