446 to 455 (z+u)

978 97 1
                                    

အခန်း (၄၄၆)
Pushing Your Luck (6)
ကျောင်ချင်းရာက ဆုယြီ ဘာမွ မတုံ့ပြန်လာလေတော့၊ သူက သူ့လက်တွေကို ဆက်လှုပ်ရှား နေလိုက်၏။
သူ့ရဲ့ စိတ်ဆန္ဒ အဟုန်ကြောင့် ဆုယွီလည်း စိတ်ဝင်စားလာလိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။
သူ့ကိုယ်သူ ယုံကြည်မှု ပြင်းပြနေခဲ့တာကြောင့် ၊ ဆုယြီက သူ့ကို တွန်းလွှတ်ပစ်လိုက်ချိန်မှာ မင်သက်ဆွံ့အသွားရတော့တာပင်။
ငါ စိတ်မပါဘူး၊ တကယ်လို့ မင်း ညဘက်နေချင်တယ်ဆိုရင် ၊ ဟိုဘက် ပထမထပ်မှာ ဧည့်သည်ခန်းရှိတယ်။ မင်း မနေချင်ဘူးဆိုရင်လည်း၊ ကိုယ့်နေရာကိုယ်ပြန်သွား။ ဆုယြီက ပြောပြီးသည်နှင့် ထရပ်ပြီး အပေါ်ထပ်ရှိ အိပ်ခန်းများရှိရာသို့ တက်သွားလေသည်။
ကျောင်ချင်းရာမှာ အလှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဒါက ပထမဦးဆုံးအကြိမ် သူ့ဘက်က စတင်လှုပ်ရှားခဲ့တာ ဖြစ်ပေမဲ့ အငြင်းခံလိုက်ရသည်။
ဆုယြီက မိမိကို စိတ်မဝင်စားတော့ဘူးဆိုတာ သေချာသလောက် ဖြစ်နေလေပြီ။ သူက တစ်ယောက်ယောက်ကိုများ သဘောကျနေလေတာလား။
သူ အစတုန်းက ထင်သည်က ဆုယြီက မြန်မြန်ကို ကြိုက်နေသည်ဟု၊ ဒါပေမဲ့ သူက မကြာသေးမီက လူတစ်ယောက်ကို မြန်မြန် နောက်ကို နောက်ယောင်ခံလိုက်ခိုင်းခဲ့သေးသည်။
အဲ့ဒီမိန်းမက အလုပ္ကို သွားသည်၊ ပြီးရင် အိမ်ပြန်သည်။ သူက ဆုယွီနဲ့လည်း အပြောအဆို သိပ္မရွိ၊ နောက်ပြီး သူတို့ချင်းတောင် တခါတရံမွသာ ကုမဏီမွာ ဖြတ်သွားဖြတ်လာ တွေ့ကြတာ ဖြစ်၏။
ဆုယြီက သူ့ကိုလည်း ဂရုစိုက်ပုံမပေါ်။ မြန်မြန်ဆိုတာ ဘယ်သူမှန်းတောင် မေ့နေပုံရ၏။
ကုမဏီမှာလည်း နောက်ထပ် တက်သစ်စလေးတွေ မရှိနေသည်မို့၊ ဒါဆို အထက်တန်းလွှာ အသိုင်းအဝိုင်းထဲက သို့မဟုတ် သူတို့အသိုင်းအဝိုင်းထဲက မဟုတ်တဲ့ တစ်ယောက်ယောက်သာ ဖြစ်ရမည်။
ကျောင်းရာ တွေးတောနေမိသည်။
သူ ဒီမွာ ညဘက်နေချင်ပါသလား။ ဘယ်နေချင်ပါ့မလဲ၊ ဧည့်သည်ခန်းမှာ နေရမှတော့ ဘာအကျိုးရှိမှာမို့လဲ။ ဒါက ဘာမွ အကြောင်းမထူးဘူးလေ။
သူ ထရပ္ကာ ထွက်သွားတော့မည် အပြုမှာပဲ၊ ရုတ်တရက် ဆုယွီရဲ့ဖုန်းက လင်းခနဲဖြစ်သွားတာ မြင်လိုက်ရ၏၊ တစ်ယောက်ယောက်က သူ့ကို WeChat စာပို့လိုက်ပုံပင်။
အသိပေးချက်ကို ကြည့်လိုက်တော့ ၊ အဲ့ဒါ ဝေ့လျောင်ထံမှ ဖြစ်သည်ဆိုတာ မြင်လိုက်ရ၏။
နောက်တော့ ထူးခြားနေတဲ့ တစုံတခုကို သတိပြုမိလိုက်သည်။
ဆုယြီရဲ့ ဖုန်း မျက်နှာပြင်မှာ မိန်းမတစ်ယောက်၏ ဓါတ်ပုံ တင်ထားခြင်းပင်။
ဒီလိုမျိုး ဘယ်တုန်းကမှ မရွိခဲ့။ သူ ဆုယြီကို သိလာတာ နှစ်များစွာ ကြာခဲ့ပြီ၊ ဆုယြီရဲ့ ဖုန်း မျက်နှာပြင်မှာ ထားလေ့ရှိသည်က ရှုခင်းပုံ၊ သို့မဟုတ် သူ သေဘာက်တဲ့ကား ပုံသာ ၊ မိန်းမတစ်ယောက်ပုံတော့ ဘယ်တုန်းကမှ မထားဖူးခဲ့။
သို့သော်လည်း အခုတော့ ၊ ဖုန်း မျက်နှာပြင်က ခဏေလး လင်းလက်သွားတာ ဖြစ်သော်လည်း အဲ့ဒါ ဘယ်သူ့ပုံဆိုတာ ကျောင်ချင်းရာ မှတ်မိလိုက်သည်။
အဲ့ဒါ တောင်ဘက်ပိုင်းဆေးရုံက ဟို သူနာပြုမ ရဲ့ ပုံ မဟုတ္ဘူးလား။
သူက ရွားပါးတဲ့ ကြည်လင်တဲ့ မျက်နှာပိုင်ရှင်မို့ သူ့လိုပုံက တစ်ခါမြင်ဖူးရင်တောင် မမေ့နိုင်လောက်သည့် မျက်နှာမျိုးသာ ဖြစ်သည်။
သူက ဆုယြီကို ဆွဲဆောင်မြူဆွယ်လိုက်တာလား။ ဒါက ဒီအတိုင်း ယာယီ ပရောပရည်လေးပဲ မဟုတ္ဘူးလား။
ကျောင်ချင်းရာ နာကျင်မိသည်။ အရင်တုန်းက ဆုယြီဟာ သူနာပြုတစ်ယောက်ကို စိတ်ဝင်စားနေသည်ဆိုတာ ကြားမိတုန်းက သူ ထူထောင်ရေးစင်တာမှာ ပျင်းနေလို့၊ အသစ်အဆန်းလေးနဲ့ ရှုပ်ကြည့်တာ ဖြစ်မှာပါဟု တွေးထင်ခဲ့မိသည်။ ဒါပေမဲ့ သူနဲ့ အခုအချိန်ထိ ဆက်သွယ်နေတုန်းတဲ့လား။
အဲ့ဒါအပြင် သူက အဲ့မိန်းမရဲ့ ဓါတ်ပုံတောင် ဖုန်းထဲမှာ ထည့်ထားသေးသည်။ ဒါက အဓိက ပိုက်၏။
ဆုယြီက အပေါ်ထပ်ရောက်ပြီးမှ ဖုန်းရှာကြည့်မိလိုက်သည်၊ နောက်တော့မှ အောက်ထပ်မှာ ချန်ထားခဲ့မိသည်ဆိုတာ သတိရလိုက်၏၊ ဒါကြောင့် သူ လှည့်ပြီး ပြန်ဆင်းလာ၏။
မင်း မသြားရေသးဘူးလား သူက ကျောင်းချင်ရာ ဧည့်ခန်းထဲမှာ ထိုင်နေဆဲ ဖြစ်သည်ကို မြင်ရတော့ အေးစက်စက်လေသံဖြင့် လှမ်းမေးလိုက်၏။
ချင်းရာ အခုပဲ သွားတော့မလို့ပါ။
ဥက္ကဌဆု .. တခြားမိန်းကလေးကိုများ သဘောကျနေတာလား။ ကျောင်ချင်းရာက စိတ်မကောင်းဖြစ်စွာ နှုတ်ခမ်းကို ဖိကိုက်ရင်း မေးလိုက်၏။
ဆုယွီက သူ့ရဲ့ ဓါးသြားလို မျက်ဝန်းအကြည့်တွေကို ပစ်လွှတ်ရင်း  ငါက ဘယ်သူ့ကို ကြိုက်တယ်ဆိုတာ မင်းကို အစီရင်ခံစာတင်နေရဦးမှာလား။
မဟုတ်ပါဘူး၊ အဲ့လို မရည်ရွယ်ပါဘူး၊ ဥက္ကဆုက တခြားအမျိုးသမီးကို သဘောကျနေတာဆိုရင် ချင်းရာက ဆုတောင်းပေးမလို့ပါ။
အဲ့ဒီအတွက် ကျေးဇူးပဲ နောက်တော့ ဆုယြီက ဖုန်းကို ကောက်ယူပြီး လှေကားတွေဆီ ပြန်တက်သွား၏။
စိတ်ဓါတ်ကျနေလေတဲ့ ကျောင်ချင်းရာကတော့ ဆုယြီရဲ့ သီးသန့်အိမ်ဆီမှ ထွက်သွားလေတော့၏။
အပေါ်ထပ်မှာ ဆုယြီက ထုထည်ကြီးတဲ့ အိပ်ရာကြီးပေါ်မှာ လဲလျောင်းနေရင်းက ဖုန်းကို ဖွင့်ကြည့်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို စက္ကန့် အနည်းငယ်လောက် ငြိမ်သက်စွာ ငေးကြည့်နေမိလေသည်။
သူ့မှာ ဒီပုံလေးကိုတောင် ခိုးရိုက်ခဲ့ရသည်၊ သူ ကြည့်လေ၊ သဘောကျလေ၊ လက်မလွှတ်နိုင်လေ ဖြစ်နေရလေသည်။
ရုတ်တရက် သူ တစ္ခုကို သတိရသွားသည်။ နောက်တော့ အိပ်ရာက ထျပီး သူ့အိတ်ထဲမှာ ရှိနေတဲ့ ဒီနေ့ ပရဟိတေလလံပြဲမွာ ရိုက်ခဲ့တဲ့ ဓါတ်ပုံကို ထုတ်ယူလိုက်သည်။
အံဆြဲထဲမွ ကတ်ကြေးကို ထုတ်ယူကာ ချင်းချူပုံကို အားဖြင့် ညှပ်ထုတ်ပစ်လိုက်ပြီး၊ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်၏။
ဓါတ်ပုံထဲမှာ သူနဲ့ ဟော်မြန်ပုံပဲ အနှောက်အယှက်မရှိဘဲ ကျန်လေတော့သည်။ ဒီတော့မှ ဓါတ်ပုံလေးကို ပို သဘောကျသွားသည်။
နောက်တော့ ကော်နည်းနည်းရှာလိုက်ပြီး၊ ပုံကို ပြန်ကပ်လိုက်၏။ နည်းနည်းတော့ ထူးဆန်းနေပေမဲ့ ကြည့်ရတာ လိုက်ဖက်ညီနေသလိုပင်။
နောက်ဆုံးတော့ ဆုယြီ စိတ်ကျေနပ်သွားသည်၊ ပြီးတော့ အဲ့ဒီ ပြန်ကပ်ပြီးသား ပုံလေးကို ဖုန်းဖြင့် ဓါတ်ပုံ ရိုက်ယူလိုက်၏။ ဖိုတိုရှော့ပ်သုံးကာ သူတို့နှစ်ယောက်ကြားမှာ အလင်းကို ညှိလိုက်၏။
နောက်တော့ အဲ့ဒါကို ဝေ့လျောင်ထံကို ပို့ပေးလိုက်၏။
ဟေ့ကောင်  .. ဘာတွေ ဖြစ်ကုန်တာလဲဟ ဝေ့လျောင်က ပုံကို မြင်တာနဲ့ ချက်ချင်းပဲ ပြန်ရေးလာသည်။
-
အခန်း (၄၄၇)
Pushing Your Luck (7)
မင်းက ဘာဖြစ်တယ် ထင်လို့လဲ၊ မင်း ကြည့်ကြည့်လိုက်လေ ဆုယြီက မာန်တက်နေပုံဖြင့် ပြန်ဖြေပေးလာသည်။
ငါ့ကို ပေါက်ကရလာပြောမနေနဲ့၊ ငါမေးတာက ဒီဓါတ်ပုံက ဘာဖြစ်သွားတာလဲလို့။ အလယ္ကလူက ဘယ်ပျောက်သွားရတာတုန်း
ငါ သူ့ကို ဖြတ်ထုတ်ပစ်လိုက်တယ်လေ။ ပြီးတော့ ကော်နဲ့ ပြန်ကပ်တယ်၊ နောက်ပြီးတော့ ဖိုတိုရှော့ လိုက်တယ်။
ဟားဟားဟား .. ငါက အမြဲတမ်းပဲ မင်းကို ဥာဏ်ကြီးရှင်လို့ ထင်ခဲ့မိတာကွာ ဝေ့လျောင်က စကားကို တစ်ဝက်ပဲ ပြော၏။
အခုကျတော့ရော
အခုကျတော့ မင်းက လူ့ဂွစာ ဥာဏ်ကြီးရှင်ဆိုတာ ငါ သိသွားပြီ၊ မင်းရဲ့ အရင်ဘဝတုန်းက စက်ချုပ်သမားဖြစ်ရမယ်၊ မင်း ဘယ်လိုလုပ်ပြီးတော့များ ဒီလိုလုပ်ဖို့ တွေးနိုင်ရတာလဲကွာ ဝေ့လျောင်ကတော့ အော်ရယ်နေလေသည်။
ဆုယြီက ဂုဏ်ယူနေပုံဖြင့် ပြန်ဖြေ၏  ဒီလို အကြံဥာဏ်ကောင်းတွေ ထြက္တာ ငါမို့လို့ကွ
မင်း အဲ့လိုမျိုး စိတ်ကူးယဉ်နေတာက တကယ်ရော ကောင်းပါ့မလားကွာ။ တကယ် မဖြစ်နိုင်သေးဘူးဆိုရင်လည်း မင်း ပိုပြီး ကြိုးစားသင့်တယ်။ တစ်နေ့မှာ တကယ့်အစစ်နဲ့ အတူအိပ်နိုင်ရမယ် ဆိုပြီးတော့
သြား .. သြား .. သြား အဲ့စကားတွေက အရမ်း ညစ်ပတ်တယ်။ ငါ မင်းကို စကားမပြောတော့ဘူး။ အိပ်တော့မယ်
ဝိုး .. မင်းက ငါ့ရှေ့မှာတောင် အပြစ်ကင်းရိုးသားချင်ယောင် ဆောင်နေတယ်ပေါ့လေ။ မင်းက အခုတော့ တကယ့် ခွေးပေါက်လေး ကျနေတာပဲ
ဆုယွီပုံစံက အခုမွ ပထမဦးဆုံးအချစ်ကို ခံစားရှာတွေ့သွားပုံရသည်၊ သူ့အတွက် ဟော်မြန်ဘက်မှ ဘာမွ ပြန်မရသော်လည်း၊ သူက ဒီလိုတွေ အျမဲ လျှို့လျှို့ဝှက်ဝှက်တွေ လုပ်နေလေတော့ ဝေ့လျောင်မှာ ပြောစရာစကားမရှိတော့။
-
ဟော်မြန်နဲ့ ချင်းချူတို့ အိမ်ပြန်လာချိန်က တော်တော်နောက်ကျနေပြီ ဖြစ်သည်။
သူတို့နှစ်ယောက် ရေချိုးပြီးနောက် အိပ်ရာဝင်ကြသည်။ ဟော်မြန်က ညအိပ်ဝတ်စုံ အဖြူရောင်ပါးပါးနှင့် ၊ သူက ချင်းချူရဲ့ လက်မောင်းရင်းမှာ လှဲနေရင်း ဖုန်းသုံးနေ၏။
သူက သူ့ရဲ့ WeChat friend circle ထဲမွာ လျှောက်ကြည့်နေတုန်း ထူးခြားတာကို သတိပြုမိလိုက်သည်။
ကျီရှင်းက Wanda Square မွ ဘဲခေါင်းအစပ် အထူးပြု ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခုမှာ နေ့လည်မတိုင်ခင်မှာ ပုံတစ်ပုံ တင်ထားပြီး၊ ဟွမ်းယွဲ့က ညမွ ပုံတင်ထား၏။
သူတို့ဘာသာ သွားကြတာပဲဖြစ်ဖြစ်၊ တိုက်ဆိုင်တာပဲ ဖြစ်ဖြစ် ကိစ္စမရှိ၊ ဒါပေမဲ့ ဟော်မြန်ကတော့ သူတို့ အတူသွားစားကြသည်ဆိုတဲ့ ခံစားချက်မျိုး ရေနတာ ဖြစ်သည်။
ထို့ပြင် ကျီရှင်းရဲ့ အခုလတ္တေလာ တင်ထားတဲ့ စာတွေက အပျော်တွေနှင့်ပြည့်နေ၏။
ဟွမ်းယွဲ့ကလည်း မိန်းမငယ်လေးတစ်ယောက်လို ရှက်ရွံ့ရွံ့ပုံစံတွေ ပြုမူနေ၏၊
ဒီ ကေလးက ငါ့စကားကို တကယ်ပဲ နားမထောင်ဘူးကိုး ဟော်မြန် သက်ပြင်းချမိသည်။
ဘာဖြစ်လို့လဲ ချင်းချူက ခေါင်းလေးစောင်းကာ မေးလာ၏။
ဟော်မြန်က ကျီရှင်းနှင့် ဟွမ်းယွဲ့အကြောင်း ချင်းချူကို ပြောပြလိုက်သည်။
အကုန်လုံးကို နားထောင်ပြီးတော့ ချင်းချူက သိပ်အံ့သြဟန်မပြ၊  ဒီလို လူငယ်တွေက အချစ်မှာ ကျဆုံးကြတာ သဘာဝပဲလေ
အဲ့ဒါက ကိစ္စမရှိဘူး၊ က်မက ကျီရှင်းကို ရည်းစား မထားစေချင်တာ မဟုတ်ပါဘူး၊ သူနဲ့ ဟွမ်းယွဲ့က နှစ်ယောက်လုံးက ရိုးသားနေကြလို့ပါ။ တကယ်လို့ သူတို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းခဲ့ရင် ၊ တခုခု မကောင်းတာများ ဖြစ်ခဲ့မယ် ဆိုရင်၊ သူတို့ နှစ်ယောက်လုံး ရင်ကွဲကြလိမ့်မယ်
ကိုယ္ကေတာ့ မင်း သိပ်အတွေးလွန်နေပြီလို့ ထင်တယ်။ အချစ်ကြောင့် ရင်ကွဲရတယ်ဆိုလည်း အဲ့ဒါ ပုံမှန်သဘာဝပဲလေ။ ကျီရှင်းက ယောက်ျားလေး၊ သူ နာကျင်ထိခိုက်မှာတွေကို မင်း အမြဲတမ်း စိတ်ပူပေးနေလို့ မရဘူး။ မင်း ပိုဂရုစိုက်လေ၊ သူ အမှီအခိုကင်းကင်းနဲ့ ရပ်တည်ဖို့က ပိုခက်ခဲလေ ဖြစ်လာလိမ့်မယ် ချင်းချူက သူ့ထင်မြင်ချက်ကို မြွက်ဟလာ၏။
ယောက်ျားလေးနဲ့ မိန်းကလေးက စဉ်းစားပုံ မတူတာကြောင့် ဖြစ်ပေလိမ့်မည်။ ဟော်မြန်က သူ့မောင်လေးကို ကာကွယ်ပေးချင်သည်၊ စဉ်းစားကြည့်ရင် ဒီလို စိုးရိမ်ပေးတယ်ဆိုတာက သူ့အတွက် ပုံမှန်သာ ဖြစ်သည်။
ချင်းချူလည်းပဲ မှန်သည်၊ လူတိုင်းက ရည်းစားထားကြသည်၊ ပြီးတော့ အချစ်ရေးမှာ အကွဲအပြဲတွေ ဖြစ်လာတာကလည်း လုံးဝ ပုံမှန် အေနအထားသာ ဖြစ်နေသည်။
ထို့ပြင် ဒီနှစ်ယောက်က အခုမွ သူတို့ရဲ့ အချစ်ဦးကာလသာ ရှိနေသေးသည်၊ လမ်းခွဲဖို့ဆိုတာ ဘယ်ဆီနေမှန်းမသိသေး။ ဟော်မြန်က ဒီလိုတွေ သူ့ဘာသာသူ အတွေးလွန်နေပြီး လျှောက်စဉ်းစားနေတာပင်။
ရှင်ပြောတာ အချက်ကျတယ်
ဒါကြောင့် ဒါပဲ တွေးမနေနဲ့တော့၊ မဟုတ်ရင် မင်းရဲ့ ခေါင်းလေးက အဲ့ဒါတွေ အကုန်စဉ်းစားနေလို့ ပင်ပန်းနေလိမ့်မယ်
ချင်းချူက ချစ်မြတ်နိုးစွာ ဟော်မြန်ရဲ့ နှဖူးလေးကို တောက်လိုက်သည်။
ဟော်မြန်က ချက်ချင်းပဲ မျက်လုံး မှိတ်ထားလိုက်သည်။  ဒါဆို အိပ်ကြစို့၊ က်မ အိပ်ချင်ပြီ
မင်းက အိပ်တော့မလို့လား၊ ကိုယ်တို့ လုပ်ရမှာတွေ ရှိသေးတယ်လေ
ရှင်က တော်တော် ထန္တာပဲ .. ဟော်မြန်က မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးကာထားလိုက်သည်။
ဟန္နီ .. ကိုယ်ပြောတာက တစ်ယောက်နဲ့တစ်ယောက် အိပ်ရာမဝင်ခင် ဂွဒ်နိုက်လို့ မပြောရသေးဘူးလို့ ဆိုလိုတာပါ။ မင်းက ကိုယ္ဘာကို ပြောတယ်လို့များ ထင်နေလို့လဲ
ဟမ်  ဟော်မြန်က အခုမွ မျက်နှာပူလာရသည်၊ ပြီးတော့ ချက်ချင်းပဲ စောင်ကို ဆွဲခြုံလိုက်ပြီး အထဲမွာ ပုန်းနေမိတော့သည်။
ချင်းချူလည်း စောင်အောက် လိုက်ဝင်သွားပြီး
အား .. မထိနဲ့၊ ယားတယ် နှစ်ယောက်သား စောင်အောက်မှာ လုံးထွေးနေကြတော့သည်။
-
နောက်တစ်နေ့တွင် ဟော်မြန်က ညဆိုင်း တာဝန်ကျပြီဖြစ်သည်၊ ထို့ကြောင့် သူက အေမအိမ္ကို မနက်ပိုင်းမှာ သွားလိုက်ပြီး ပစ္စည်းများလည်း ဝယ်သွားလိုက်သည်။
ယန်မေ့ရုန်က မကျေမနပ် ဖြစ်နေဆဲ ၊ သူက ဟော်မြန်ကို စကားလည်းမပြော၊ ဘာမှလည်း မကူညီပေးပေ။
မေမေ .. ကိုယ့်ဘာသာလည်း ဂရုစိုက်ဦးနော်၊ က်မ အခု သွားတော့မယ် ဟော်မြန်က သူ သွားတော့မည့်အကြောင်း ပြောလိုက်သည်။
ယန်မေ့ရုန်က မြန့်ကို ဘာမွ မပြော၊ ဒါပေမဲ့ ကျီရှင်း အရင်တစ်ခါ ပြောခဲ့သည့် စကားတွေက တကယ် အလုပ်ဖြစ်သည်ဟု ဟော်မြန် ခံစားမိသည်၊ ဘာကြောင့်လည်းဆိုတော့ မိခင်ဖြစ်သူက သူ့ကို မောင်းလဲမထုတ်၊ စွန့်ပစ်မည်ဟုလည်း မခြိမ်းခြောက်တော့တာကြောင့်ပင်။
ငါးနာရီလောက်မှာ ဟော်မြန်က တောင်ဘက်ပိုင်းစင်တာကို ကားမောင်းသွားလိုက်ကာ၊ ဝန်းထမ်းသက်သာဆိုင်မှာ စားပြီးနောက် အစည်းအဝေးတက်ဖို့ သွားလိုက်သည်။
သူ ထွက်လာချိန်မှာ ဆေးရုံတာဝန်ကျရာနေရာကို လှည့်ပတ်ကြည့်မည် အပြုတွင် ဖုန်းမည်လာ၏။
က်မ ဟော်မြန်နဲ့ စကားပြောလို့ ရမလား
ရှင်က ? မရင်းနှီးတဲ့ နံပါတ်ဖြစ်သည်မို့ ဟော်မြန် ဇေဝဇဝါ ဖြစ်နေမိသည်။
-

အချစ်စတင်ခဲ့ရာ( Volume two)Tempat cerita menjadi hidup. Temukan sekarang