108 to 112(z+u)

1.6K 131 1
                                    

အခန်း (၁၀၈)
HOSTILITY
မဟုတ်ပါဘူး အန္တီ၊ ကျမတို့ ရန်မဖြစ်ပါဘူး။ ဟော်မြန့် သူ့လက်တွေနဲ့ ကာရင်း ပြောလိုက်သည်။
တကယ္လား၊ ဒါပေမဲ့ အန္တီ ဘာလို့များ တစ္ခုခု မမှန်ဘူးလို့များ ခံစားနေရတာပါလိမ့်  နဉ်ကျစ်ယွမ်ရဲ့အမေက သူ့ဘာသာ ရေရွတ်နေလေသည်။
မင်းကလဲ အများကြီး တွေးနေပြန်ပါပြီကွာ၊ ငါပြောသားပဲ ဘာမွ မဖြစ်လောက်ပါဘူးလို့။ မြန့်က အသိဥာဏ်ရှိတဲ့ ကေလးပါ။ သူက နဉ်ကျစ်ယွမ်နဲ့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ္ဘူး။ နဉ်ဖေဖေက ရယ်ဟဟ ပြောလာသည်။
သူ ပြောတာကို ကြားလိုက်ရတော့ ဟော်မြန့် အနေရခက်နေမိသည်။
သူတို့ စားသောက်ပြီးကြတော့၊ ဟော်မြန့်က သူတို့ကို ပထမဆေးရုံရဲ့ ပြင်ပလူနာနားနေဆောင်သို့ ခေါ်ဆောင်လာခဲ့ကာ နားနေစေပြီးနောက်၊ သူကေတာ့ မျက်စိကုဌာနဘက်သို့ သွားလိုက်လေ၏။
နဉ်ကျစ်ယွမ်က ခွဲစိတ်ခန်းဆီမှ နည်းနည်း ပင်ပန်းနေပုံဖြင့် ထွက်လာလေသည်။ အခုလေးတင် မျက်စိတိမ်စွဲလူနာတစ်ယောက်ကို ခွဲစိတ်ပြီးစီးခဲ့တာ ဖြစ်သည်။
ကျစ်ယွမ်
မင်းဘာ လိုချင်လို့လဲ  နဉ်ကျစ်ယွမ်က ခပ်တန်းတန်းပုံစံဖြင့်
အန်တီနဲ့ အန်ကယ်နဉ်တို့ ဒီမွာ ရောက်နေကြတယ်။ သူတို့ ရှင့်ကို ဖုန်းဆက်မရလို့တဲ့၊ က်မကို ဖုန်းဆက်လာတယ်။
နဉ်ကျစ်ယွမ်က သူ့ဖုန်းကို ထုတ်ကြည့်ပြီး အသိအမှတ်ပြုသလို ခေါင်းသာ ညိတ်ပြသည်။
ငါ ခွဲစိတ်ခန်း ဝင်နေလို့ ဖုန်းပိတ်ထားလိုက်တာ။ သူတို့ အခု ဘယ်မှာလဲ
က်မ သူတို့ကို အပြင်ခေါ်သွားပြီး နေ့လည်စာ ကျွေးပြီးပြီ၊ ပြီးတော့ အခု သူတို့ကို ပြင်ပလူနာနားနေဆောင်မှာ ထားထားတယ်။
အော်.. နေ့လည်စာက ဘယ်လောက်ကုန်သွားလဲ။ ငါ ပြန်ပေးမယ်လေ
ရပါတယ်။ သူတို့က ကျမအပေါ် အမြဲကြင်နာခဲ့ကြတဲ့သူတွေပဲ။ သူတို့ကို နေ့လည်စာကျွေးတာက ဘာမှတောင် မဟုတ်ပါဘူး။
အဲ့ဒါတွေ မေ့လိုက်တော့။ ငါတို့က သူငယ်ချင်းလိုတောင်မှ မဟုတ်တော့တာ၊ ငါ မင်းကို အျမတ္ထုတ်သလို ဖြစ်မနေချင်ဘူး။ ယွမ် ငါးရာဆို လောက်ပြီလား နဉ်ကျစ်ယွမ်က သူ့ပိုက်ဆံအိတ်ကို ဆြဲထုတ္ကာ တစ်ရာတန် ငါးရွက်ကို ထုတ်ယူလိုက်လေသည်။ ပြီးတော့ ငွေကို ဟော်မြန့်ဘက် ထိုးပေးလိုက်၏။
ငါ့မိဘေတြကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်တယ်။ ဒါပေမဲ့ အဲ့ဒါက ဘာမွ မဟုတ်ပါဘူး။ နောက်ကျရင် သူတို့နဲ့ မဆက်သွယ်နေနဲ့တော့။ ငါ့မိသားစုက မင်းနဲ့ ဘာမွ မပတ်သတ်တော့ဘူး။ ငါ ဒီနေ့ပဲ သူတို့ကို ပြောပြတော့မှာ
အိုကေ  ဟော်မြန့် ခေါင်းညိတ်လိုက်သည်။
ကျစ်ယွမ်၊ ဘာဖြစ်လို့လဲ  ဝူရှောင်းရွှယ်က သိပ်မဝေးတဲ့နေရာကနေ သူတို့နား လျှောက်လာနေသည်။ သူမက အဖြူရောင် ဂျူတီကုတ်ကို ဝတ်ဆင်ထားကာ ၊ ဟော်မြန့်ကို လုံးဝကို မိတ်ဆွေမဆန်သည့် အကြည့်များဖြင့် စူးစူးရွရွ ကြည့်နေလေသည်။
အိုး.. မောင့်မိဘတွေ ရောက်နေလို့။ သူတို့က မောင့်ကို ဖုန်းဆက်မရလို့တဲ့လေ
ဒါဆို .. သူက ဘယ်သူလဲ ဝူရှောင်းရွှယ်က ဟော်မြန့်ကို သံသယမကင်းစွာ ကြည့်လာသည်။
သူက မောင့်ရဲ့ တက္ကသိုလ်က သူငယ်ချင်းဟောင်းပါ  သူ ပြောပြီးချင်းပဲ လှည့်ထွက်ကာ ၊ ဝူရှောင်းရွှယ်၏လက်ကို ဆွဲကိုင်၍ ထွက်သွားလေတော့သည်။
ဟော်မြန့်ကတော့ ယွမ်ငါးရာကို ကိုင်ကာ ကူကယ်ရာမဲ့ အပြုံးတစ်ချက်သာ ပြုံးမိလေတော့သည်။
နေ့လည်စာက ယွမ် ၂၀၀ လောက်သာ ကုန်ကျခဲ့တာဖြစ်သည်။ ရက်ရောတဲ့နဉ်ကျစ်ယွမ်က သူ့ကို ယွမ်ငါးရာ ပေးခဲ့သည်။ ပေးလာပြီးပြီ ဆိုတော့လည်း သူလည်း ယူရုံပဲပေါ့။ ဒီလိုသာ တွေးလိုက်ပြီး မီးယပ်၊သားဖွားဌာနသို့ ပြန်လာခဲ့လိုက်လေသည်။
အဲ့ဒီနေ့ မကုန်ခင်မှာပင် သူနာပြုခေါင်းဆောင်က လျှောက်ဝင်လာနေပြီး၊ နောက်မှာ အမျိုးသမီးတစ်ယောက် လိုက်ပါလာလေ၏။ ဟော်မြန့် သူ့ကို မသိ မရွိ၊ သူက ဆေးရုံအုပ်ကြီးရဲ့တူမ ဝူရှောင်းရွှယ် ပင် ဖြစ်သည်လေ။
အကုန်လုံးပဲ နားထောင်ပေးကြပါ။ ဒါက တို့ဌာနရဲ့ ခေါင်းဆောင် အသစ်ပဲ။ သူက သောကြာနေ့တိုင်း လူနာ လာကြည့်ပေးလိမ့်မယ်။ ကျေးဇူးပြုပြီး ဒေါက်တာဝူနဲ့ ပူးပေါင်းပေးကြပါဦး
ဟုတ်ကဲ့ပါ၊ ခေါင်းဆောင် သူနာပြုတချို့က ချက်ချင်းပဲ ပြန်ဖြေကြသည်။
ဒီကိုလာဦး၊ ဟွမ်းယွဲ့။ အခုက ဈပီး မင်းက ဒေါက်တာဝူရဲ့ လက်ထောက် လုပ်ပေးရမယ်။ သူနာပြုခေါင်းဆောင်က ဆိုသည်။
သို့သော် ဝူရှောင်းရွှယ်က ပြုံးပြလိုက်ပြီးတော့  ခေါင်းဆောင် ၊ က်မက ဟော်မြန့်ကို အကူအဖြစ် ခေါ်ချင်တယ်။
ဒေါက်တာဝူ.. ဟော်မြန့်ကို သိတယ္လား သူနာပြုခေါင်းဆောင်က အံ့သြစွာ မေးလိုက်သည်။
ဟုတ်တယ် .. က်မ သူ့ကိုသိပါတယ်။ ဝူရှောင်းရွှယ် က ပြုံးနေပေမဲ့ သူ့အပြုံးက မရိုးဖြောင့်ပုံ ပေါ်နေ၏။
ဟော်မြန့်လည်းပဲ အံ့သြသွားမိသည်၊ သူ့ကို ဝူရှောင်းရွှယ် ဒီလိုပြောလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
အိုကေ၊ ဒီလိုဆိုရင်လည်း၊ ဟော်မြန့်  မင်း ဒေါက်တာဝူရဲ့ လက်ထောက် လုပ်ပေးနိုင်တယ်မဟုတ်လား။ ကောင်းကောင်း လုပ်ပေးလိုက်ပါ။ သူနာပြုခေါင်းဆောင်က ဟော်မြန့်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်လေ၏။
က်မ လုပ်ပေးပါ့မယ်၊ ခေါင်းဆောင်  ဟော်မြန့် ခေါင်းညိတ်ပြလိုက်၏။
စီစဉ်ပြီးတော့ ဟော်မြန့်က နာရီကို ကြည့်ကာ အဝတ်လဲခန်းသို့ သွားရန် ပြင်လိုက်သည်။ အိမ်ပြန်ရန် အချိန်ကျပြီလေ။
ဟော်မြန့်  ဝူရှောင်းရွှယ်က ဟော်မြန့် သွားရာနောက်မှ လိုက်ခေါ်သည်။
ဟုတ်ကဲ့  ဒေါက်တာဝူ
ငါ့မွာ ခဏနေကျရင် တက္ကသိုလ်ဆွေးနွေးပွဲတစ်ခု တက်ဖို့ရှိတယ်။ အချက်အလက် နည်းနည်း စုပေးစမ်းပါ။ မင်း ခဏဆက်နေပြီး ငါ့အတွက် ပရင့်ထုတ်ပေးပါဦး။ ဝူရှောင်းရွှယ်က ဒဲ့ဒိုးက်က်ပဲ ပြောလာသည်။
ဟော်မြန့်က ခဏ စဉ်းစားကြည့်လိုက်ပြီး ..
ဒီရုံးထဲမှာ ပရင့်ထုတ်ဖို့ ၊ ဓါတ်ပုံကူးဖို့တွေကို တာဝန်ယူထားတဲ့သူတွေက သပ်သပ်ရှိပါတယ်။ ဒါက ကျမတာဝန်ယူရမဲ့ အပိုင်း မဟုတ္ဘူး   ဟော်မြန့်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
မင်းက ငါ့လက်ထောက်လေ။ ငါ ပြောတာ မင်းလုပ်ပေးရမှာပေါ့။ ဒါမှမဟုတ်ရင် .. ငါ မင်းကို အလုပ်ထုတ်ပစ်လိုက်လို့ ရတယ်။ မင်း သိလား ဝူရှောင်းရွှယ်က ပြုံးနေတုန်းပင်၊ သူကိုယ်သူ ကျေနပ်နေပုံရ၏။
ဒါဆို ရှင်က က်မကို နဉ်ကျစ်ယွမ်ကြောင့်နဲ့ ခက်ခဲအောင် လုပ်မယ်ပေါ့ ဟော်မြန့် တိုက်ရိုက်ပဲ မေးလိုက်သည်။
မင်းက အဲ့လောက် ဥာဏ်ပြေးလိမ့်မယ်လို့ မထင်မိဘူး။ မင်းက နဉ်ကျစ်ယွမ်ရဲ့ ရည်းစားဟောင်းလို့ ငါ ကြားသိထားတယ်လေ။
မှားပါတယ်။ က်မက သူ့ရဲ့ ဟိုးရှေးရှေးက ရည်းစားဟောင်းပါ။ သူ့ရဲ့ လက်ရှိ ရည်းစားဟောင်းက ဟယ်မန်။ ရှင့်ရဲ့ သတင်းက နောက်ဆုံးရသတင်း မဟုတ်သေးဘူးပဲ ဟော်မြန့်က ပြုံးပြုံးလေးဖြင့်သာ..
ဟယ္မန္က သူ့ကိုယ်သူများ ဘာထင်နေတာလဲ။ သူက အရုပ်တစ်ရုပ်ကို ကစားတာထက်တောင် မပိုဘူး။ ငါ ကြားထားတာတော့ မင်းက နဉ်ကျစ်ယွမ်နဲ့ အကြာကြီး တြဲခဲ့တဲ့သူတဲ့။ ပြီးတော့ မင်းတို့ က လက်ထပ်ဖို့တောင် စီစဉ်ထားကြပြီးပြီဆို၊ မှန်ရဲ့လား။  ဝူရှောင်းရွှယ်က ဒေါသကိုဆွပေးလာသည်။
-
အခန်း (၁၀၉)
EMBARASSMENT
ဟုတ်တယ်  ဟော်မြန့် ခေါင်းညိတ်လိုက်ပြန်သည်။
ဘယ်လောက် ရှက်စရာကောင်းလဲ။ ကြည့်ရတာ မင်းရဲ့ ဘဝမွာ ဒါကို ကြုံရတော့မှာ မဟုတ်တော့ဘူးနဲ့ တူတယ်။ ကျစ်ယွမ်က အခု ငါ့ကို သဘောကျနေပြီ။ သူက ပြောတယ်၊ မင်းက သူ့ကို နှစ်တွေအကြာကြီး အရှက်မရှိ တွယ်ကပ်နေခဲ့လို့ သူလဲ မတတ်နိုင်ဘဲ လက်ခံပြီး မင်းနဲ့ တွဲပေးခဲ့ရတာတဲ့။ မင်းတို့က အတူတောင် မအိပ်ခဲ့ဖူးကြဘူးဆို။ သူမွာ မင်းမျက်နှာကို မြင်ရင် မင်းကို ထိချင်စိတ်တောင် မရှိဘူးလို့တောင် ပြောသေးတယ်။
ဟော်မြန့် သိမ်သိမ်မွေ့မွေ့လေးပဲ ပြုံးပြမိသည်။
နင် ဘာလို့ ပြုံးနေတာလဲ  ဝူရှောင်းရွှယ် ဒေါသထွက်လာကာ မေးလိုက်လေသည်။
သူက ရှင့်ကို အဲ့လိုပဲ ပြောလား
အဲ့ဒါ မဟုတ်လို့လား
အိုး.. ဟုတ်တာပေါ့။ သူပြောသမျှ အကုန်မှန်ပါတယ်။ ဟော်မြန့်တစ်ယောက် ရှင်းပြဖို့တောင် ပျင်းနေမိသည်။
ကြည့်ပါလား၊ မင်းက အဲ့လို မိန်းမစားမှန်း ငါသိနေသားပဲ။ ငါ့ဦးလေးရဲ့ ဆေးရုံမှာ လူတွေကို အလုပ်မခန့်ခင် စိတ်ဓါတ်အဆင့်အတန်းလေး ဘာလေး ဘာကြောင့် မစစ္တာလဲဆိုတာ ငါတော့ အံ့သြမိတယ်။ ဘယ်သူ့ကို မဆို အလုပ်ခန့်နေတာက အရမ်း စိတ်ရှုပ်စရာကောင်းတာပဲ
က်မ ရှင့်အတွက် လိုအပ်တဲ့ အချက်အလက်ကို ကျမတတ်နိုင်သလောက် ပြင်ဆင်ပေးပါမယ် ဒေါက်တာဝူ။ ဒါပေမဲ့ ရှင် ဒီမွာ အလ္လာပ၊သလ္လာပ ပြောဖို့ဆိုရင်တော့ ၊ က်မ စိတ်မကောင်းပေမဲ့ က်မမွာ အချိန်မရှိဘူးရှင့်
  ဒါဆို မြန်မြန်လေး ငါ့အတွက် အစီရင်ခံစာ ရအောင် လုပ်ပေး
နောက်ထပ်က နဉ်ကျစ်ယွမ်ကြောင့် က်မကို မုန်းနေတာ ဆိုရင်တော့ အရမ်းကို အဆင်ခြင်ဥာဏ်မရှိလွန်းရာ ကျပါတယ်။ က်မက ရှင့်ကို အန္တရာယ်ပေးမဲ့သူလည်း မဟုတ္ဘူး။
အန္တရာယ်ပေးမဲ့သူ ? .. ၊ မင်းကိုယ်မင်း ဘယ်သူမ်ား ထင်နေတာလဲ။ မင်းမှာ ရုပ်ရည်ကလည်း ပုံမှန်အဆင့်တောင် မရွိဘူး၊ ကြီးပြင်းလာတဲ့အိမ်ကလဲ သာမန်ထက်အဆင့်နိမ့်တဲ့အိမ်မှာ၊ တက်ခဲ့တဲ့ ဆေးကျောင်းကလည်း အဆင့်နိမ့်ကျောင်း။ ဘယ္လိုလုပ္မ်ား မင်းကိုယ်မင်း ငါနဲ့ ယှဉ်ရဲရတာလဲ ။ ငါက တိုကျိုတက္ကသိုလ်က ဆေးဘွဲ့ရလာတာ။ C မြို့တော်ရဲ့ ဆေးရုံအကုန်လုံးမှာ ငါက အသက်အငယ်ဆုံး ပြင်ပဆရာဝန်တစ်ယောက်၊ မင်း အဲ့ဒါကိုရော နားလည်ရဲ့လား
ဟုတ်တာပေါ့၊ ရှင့်မှာ ရှင့်ဦးလေး ဆေးရုံအုပ်ကြီး ရှိနေတာပဲ။ အဲ့ဒီအတွက် သူ့ကို ကျေးဇူးတင်ရမှာပေါ့။
မင်း  ဝူရှောင်းရွှယ်က ဒေါသကြောင့် စကားများထစ်နေမိကာ၊ ဟော်မြန့်က ဒီလို ဥာဏ်ပြေးကာ ပြန်ဖြေလိမ့်မည်ဟု သူမ မထင်ထားမိ။
က်မ ရှင့်အတွက် အစီရင်ခံစာ အခုပဲ ပြင်ပေးပါ့မယ်၊ နောက်မှတွေ့ပါမယ် ဒေါက်တာဝူ ဟော်မြန့်က သူမစကားဆုံးတာနဲ့ ရုံးခန်းဘက်သို့ ပြန်လျှောက်သွားလိုက်လေတော့သည်။
အရိုးသားဆုံးပြောရလျှင် ဒီအစီရင်ခံစာ ပြင်ပေးရတာက ဘာမွ မခက်ခဲပေ၊ မိနစ် သုံးဆယ်တောင် မပြည့်ဘဲ ပြီးစီးသွားလေသည်။ ဝူရှောင်းရွှယ်က သူ့ကို အခက်တွေ့အောင်လုပ်ပြီး၊ နောက်ကျအောင် နေရစေဖို့ ကြိုးစားလိုက်တာ ဖြစ်သည်။
သူ့ အလုပ်တွေ ပြီးသွားတော့ ၊ ဟော်မြန့်က အစီရင်ခံစာကို ဝူရှောင်းရွှယ်ရဲ့ စားပွဲပေါ် တင်ထားခဲ့ပြီး အိမ်ပြန်လာလိုက်လေသည်။
သူ သည်လို စောစော အိမ်ပြန်လာရဖို့က ရတောင့်ရခဲမို့ ၊ ကုန်စုံဆိုင်တစ်ခုသို့ ဝင်ပြီး အသီးအရွက်၊ အသား၊ ငါးမ်ား ဝယ်လာခဲ့လေသည်။
သူမ ညစာ ပြင်ဆင်ထားလိုက်ပြီး ချင်းချူကို ညေန ၆ နာရီထိအောင် စောင့်နေခဲ့သည်။ သိုပေမဲ့ သူက ပြန်မလာသေး။
ဟော်မြန့် နည်းနည်း ဗိုက်ဆာလာတာကြောင့်၊ သူမ အရင် စားနှင့်လိုက်ကာ ကျန်တဲ့ စားစရာတွေကို မီးဖိုဆောင်မှာ သိမ်းထားလိုက်သည်။ ပြီးတော့ အပေါ်ထပ်သို့တက်သွားလိုက်ပြီး အဝတ်လျှော် ၊ ရေချိုး လုပ်နေလေ၏။
-
ချင်းချူက ညေန ၅ နာရီခွဲလောက်ကတည်းက အလုပ်ဆင်းခဲ့တာပေမဲ့ သူ့ဖခင်က သူ့ကို ဖုန်းဆက်ခေါ်တာကြောင့် သူ့မိဘတွေအိမ်ကို ပြန်သွားခဲ့ရသည်။
ချင်းချူရဲ့ ဖခင်က ခရီးထွက်ရာမှ ပြန်ရောက်ကာစ ဖြစ်ပြီး၊ သူ့က စိတ်ကြည်လင်နေပုံလည်း ရသည်။
ချင်းချူ အိမ်ရောက်ချိန်မှာ၊ သူမိဘတွေတင် မက ၊ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့် သူ့သမီးဖြစ်သူတို့ကိုပါ နှုတ်ဆက်ရလေ၏။
ချူ .. ဒါက ထျန်းပေါင် အိမ်ရာလုပ်ငန်းစုရဲ့ ဥက္ကဌလျို ၊ သူကေတာ့ သူ့သမီး၊ လျိုစစ်ရင်း ။
ချင်းချူ လျိုစစ်ရင်းကို ကြည့်မိတော့ သူ အနည်းငယ် အံ့သြသွားမိသည်။
လျိုစစ်ရင်းက သူ့ရဲ့ အထက်တန်းတုန်းက အတန်းဖော်တစ်ယောက်ပင်။ သူတို့ တက်ခဲ့တဲ့ အမှတ် ၂ အထက်တန်းကျောင်းက ချမ်းသာတဲ့မိသားစုများကသာ လာတက်ကြသည်။ ဒီတော့ လျိုစစ်ရင်းရဲ့ ဖခင်က လူချမ်းသာတစ်ယောက် ဖြစ်နေတာက အံ့သြစရာတော့ မဟုတ်ပေ။ သူတို့က ဒီနေ့ သူ့အိမ်မှာ ရောက်နေတာကို အံ့သြတာ ဖြစ်သည်။
အန်ကယ်ချင်း .. ချင်းချူနဲ့ သမီးက အထက်တန်းကျောင်းမှာ အတန်းဖော်တွေပဲ။ လျိုစစ်ရင်းက ပြုံးပြလာသည်။
လျိုစစ်ရင်းက ပေါ့ပေါ့ပါးပါး ပန်းရောင်ဂါဝန်လေး ဝတ်ဆင်ထားပြီး၊ သူ့ဆံပင်ကို မြင့်မြင့်စည်းထားတာက သူမကို ဆယ်ကျော်သက်လေးနဲ့ တူနေစေသည်။ သူ စကားပြောတဲ့ ပုံစံကလည်း ပုံမှန်ထက်ပို နူးညံ့ကာ မိန်းမဆန်နေလေ၏။
ချင်းချူက သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ပေမဲ့ ဘာမွေတာ့ မပြောဖြစ်..
ဟား တကယ္လား။ သမီးတို့တွေက အတန်းသားဟောင်းတွေဆိုတာက ဘယ်လောက်တောင် တိုက်ဆိုင်လွန်းနေတာလဲ။ ချင်းချူရဲ့ ဖခင်က ဒီသတင်းအတွက် ကျေနပ်နေပုံပေါ်လေ၏။
စစ်ရင်းက ကျတော့်ကို အစောကြီးကတည်းက ပြောပါ့ဗျာ။ ခင်ဗျားသားက အရမ်း ကြည့်ကောင်းတဲ့သူတဲ့လေ လျိုစစ်ရင်းရဲ့ဖခင်က ချင်းချူကို ချီးကျူးစကားဆိုလာ၏။
ညစာက အဆင်သင့်ဖြစ်နေပါပြီ၊ လာကြလေ ချင်းချူရဲ့မိခင်က ပြုံးပြုံးကြီးနဲ့..
-ထမင်းစားခန်းထဲမှာတော့-
ချင်းမိသားစု သုံးယောက်၊ လျိုစစ်ရင်း၊ သူ့ဖခင် ရယ် အကုန်လုံး စားပွဲဝိုင်းမှာ အတူထိုင်ကြလေသည်။ လျိုစစ်ရင်းက ချင်းချူရဲ့ ဘေးမှာ ထိုင်လေပြီး၊ ချင်းချူကို ကြည့်တဲ့ သူ့မျက်ဝန်းတွေမှာ ချစ်မြတ်နိုးမှုများ ပြည့်နေလျက်
သူက ချင်းချူကို အထက်တန်းကျောင်းမှာ ကတည်းက တစ်ဖက်သတ် ကြိုက်ခဲ့တာ ဖြစ်သည်။ ဟော်မြန့်ကြောင့်သာ မဟုတ်ရင်၊ ဟိုးအစောကြီးကတည်းက သူက ချင်းချူရဲ့ ခ်စ်သူ ဖြစ်ပြီးနေလောက်မှာ သေချာသည်ဟု တွေးထားမိသည်။
GK က အောင်မြင်နေတာပဲ။ နင်က သိပ်တော်တာပဲ လျိုစစ်ရင်းက ချီးကျူးစကား ဆိုလာ၏။
ကျေးဇူးပဲ  ချင်းချူရဲ့ မျက်နှာက အမူအယာမဲ့လျက်၊ သူက တစ်လုပ်တောင်မှ မစားဘဲ ကျောက်ရုပ်လိုသာ ထိုင်ကြည့်နေ၏။
ဘာလို့ မစားတာလဲ။ ချူ သား ဒါတွေ မကြိုက်လို့လား  ချင်းချူရဲ့ မိခင်က မေးလိုက်သည်။
အေဖ၊ ကျတော့်ကို ပြန်လာခိုင်းတာ ပြောစရာ ရှိလို့လား  ချင်းချူပုံက နည်းနည်းတော့ စိတ်မရှည်ဖြစ်လာသည်။
မရွိပါဘူး။ အေဖက မင်းကို မင်းဦးလေးလျိုတို့နဲ့ အတူ ညစာ စားစေချင်ရုံပါပဲ  ချင်းချူရဲ့ဖခင်က ခပ်ဖြည်းဖြည်းပဲ ပြောလိုက်၏။
ဒီလိုဆိုရင်တော့ အဖေတို့ ဆက်စားကြပါ။ ကျတော့်မှာ စီစဉ်ထားတာတွေ ရှိသေးတယ်။ အဲ့တော့ ကျတော် အရင် ပြန်သွားလိုက်ပါဦးမယ်  ချင်းချူက ပြောလိုက်ပြီးတာနဲ့ ထွက်သွားရန် ထရပ်လိုက်သည်။
နေရာမှာ ရပ်နေလိုက်စမ်း၊  အခုချက်ချင်း..  ချင်းချူရဲ့ ဖခင်က ဒေါသထွက်လာသည်။ သားဖြစ်သူက သူ့ကို တခြားသူတွေရှေ့မှာ ဖီဆန်ခြင်းအမှု ပြုပေလိမ့်မည်ဟု မထင်ထားခဲ့မိ။
-
အခန်း (၁၁၀ )
FELL OUT
ချင်းချူက လမ်းမှာ ရပ်နေလိုက်ပေမဲ့ လှည့်တော့ မကြည့်လာချေ။
မင်းအလုပ်ကလဲ ဆင်းလာပြီးနေပြီ။ မင်းရဲ့ လက်ထောက်ကို ငါမေးပြီးပြီ၊ မင်းမှာ ဒီည ဘာအစီစဉ်မှ ရွိမေနဘူးတဲ့။ ဒါကို မင်းက ဘာတွေ အလုပ်များနေတာလဲ
ချင်းချူက နှုတ်ဆိတ်နေခြင်းဖြင့်သာ တုံ့ပြန်၏။
မင်း ပွေလို့ရှုပ်လို့ မဝေသးဘူးလား ချင်းချူရဲ့ဖခင်က ပိုပိုပြီး ဒေါသထွက်လာနေ၏။
ချင်းချူက လှည့်ကြည့်လာပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။  အေဖ၊ ပွေလို့ ရှုပ်လို့ ဆိုတာက ဘာကို ဆိုလိုတာလဲ
ချူ မင်း နာမည်ပျက်နေတဲ့မိန်းမနဲ့ တွဲနေတယ် မဟုတ္လား။ အနုပညာလောကက စီးပွားရေးသမားတွေလို မိန်းမတွေရှုပ်နေတဲ့ နှာဗူးတွေလိုတော့ မလုပ်သင့်ပါဘူး။ အဲ့ဒါ မင်းအတွက် မကောင်းဘူးကွ။
နာမည်ပျက်နေတဲ့ မိန်းမ အေဖ့သားက အဲ့လိုမိန်းမမျိုးကို ကြိုက်မယ်လို့ ထင်နေတယ်ပေါ့။ အဲ့ဒါက ရယ်စရာကောင်းသည်ဟု ချင်းချူ တွေးနေမိသည်။
မစ္စတာချင်း.. ခင်ဗျားရဲ့သားက အဲ့လိုမျိုးတွေလုပ်လိမ့်မယ်လို့ ကျတော်တော့ မထင်မိပါဘူးဗျာ မစ္စတာလျိုက ပြောလိုက်သည်။
အဲ့ဒါ ဟုတ်ပါတယ်၊ အန်ကယ်ချင်း ချင်းချူကို သမီး ကောင်းကောင်းသိပါတယ်။ သူ ကျောင်းမှာတုန်းကလည်း မိန်းကလေးတွေ အများကြီးပဲ သူ့ကို ကြိုက်ကြတာ၊ ဒါပေမဲ့ သူက သူတို့ကို စကားတောင် ပြောတာ မဟုတ္ဘူး။ သူ့မှာ လျို့ဝှက်အချစ်ဇာတ်လမ်းတွေ ဘာတွေလည်း မရွိခဲ့ဘူး။ အဲ့တော့ သေချာပေါက် ဦးလေးထင်သလို မဟုတ်လောက်ပါဘူး။ လျိုစစ်ရင်းက ထပ်ပြောလာသည်။
မဟုတ်ရင် ၊ လာပြန်ထိုင်
အေဖ ၊ ကျတော် အခု အရွယ်ရောက်ပြီးသားလူတစ်ယောက်ပါ။ ကျတော့်မှာ ကျတော့်ကိုယ်ပိုင်အတွေးနဲ့ လုပ်စရာတွေလည်း ရှိပါတယ်။
အေး.. မင်းက အရွယ်ရောက်ပြီးသားလူဆိုရင်၊ မတူတဲ့အခြေအနေမှာ ဘယ္လို ပြုမူသင့်တယ်ဆိုတာတော့ မင်းသိရမယ်လေ။ နောက်တစ်ခုက ဦးလေးလျိုနဲ့ သူ့သမီးက ဒီမှာရောက်နေတယ်။ သူတို့က ဒီအိမ်ရဲ့ ဧည့်သည်တွေ၊ အဲ့တော့ မင်းဧည့်ခံဖို့ လိုတယ်၊ မင်းရှောင်ပြေးနေဖို့ သင့်မလား  ချင်းချူရဲ့ ဖခင်က ဆူပူနေလေတော့သည်။
သူတို့က အဖေ့ဧည့်သည်တွေလေ၊ ကျတော့်ဧည့်သည်မှ မဟုတ္တာ၊ ကျတော် သူတို့ကို ဖိတ္ထားတာ မဟုတ္ဘူး။ ဒီတော့ သူတို့ကို ဧည့်ခံဖို့ ကျတော့်မှာ တာဝန္မရွိဘူး။
မင်း
အိုး ရပါတယ်။ ခင်ဗျားရဲ့သားက တခြားလုပ်စရာရှိလို့ မအားဘူးဆိုရင်လည်း ကျတော်တို့အတွက် စိတ်ပူမနေပါနဲ့တော့။ ကျတော်တို့ ကလေးတွေကို အခက်မကြုံစေသင့်ပါဘူး။
ဟုတ်တယ်၊ ရှင့်သားကို အခက်တွေ့အောင် လုပ်မနေပါနဲ့တော့။ စစ်ရင်း.. ချူ့ ကို လိုက်ပို့လိုက်ပါဦး၊ သမီးတို့က သူငယ်ချင်းတွေ မဟုတ္လား။ ဒီတော့ သမီးတို့ စကားတွေ အများကြီး ပြောသင့်တာပေါ့။ ချင်းမေမေက သူ့သားကို အရမ်းချစ်တာမို့ သူ့ကို ခက်ခဲအောင် မလုပ်ချင်ပေ။ တချိန်တည်းမှာပဲ သူက သူ့သားအတွက် အခွင့်အရေးလေးများလည်း ဖန်တီးပေးချင်မိသေးသည်။
အိုကေ ၊ အန်တီချင်း.. သမီးသူ့ကို လိုက်ပို့ပေးလိုက်မယ်။ လျိုစစ်ရင်းက ပြုံးပြကာ ချက်ချင်းပဲ ထရပ်လိုက်တော့သည်။
ချင်းချူကလည်း နည်းနည်းမှ မတုံ့ဆိုင်းနေတော့ဘဲ အပြင်ကို ထွက်လာလိုက်တော့သည်။ သူက ဖခင်ဖြစ်သူနှင့် အချေအတင် မဖြစ်ချင်မိပေ။
လျိုစစ်ရင်း က တံခါးကေန ထွက်သွားပြီဖြစ်တဲ့ ချင်းချူနောက်ကို အပြေးလေး အမှီလိုက်လာသည်။
ချင်းချူက သူ့ရဲ့ Maybach ဆီ လျှောက်သွားလိုက်ပြီး၊ တံခါးဖွင့်ကာ ကားထဲ ဝင်ထိုင်လိုက်သည်။
လျိုစစ်ရင်းက ကားနားကပ် ရပ်လိုက်သည်။ သူမက အရမ်း စိတ်လှုပ်ရှားနေပြီး ဘာစပြောရမှန်းမသိ ဖြစ်နေလေသည်။
နင် ဘာလိုချင်လို့လဲ  ချင်းချူ က မျက်မှောင်ကုပ်နေသည်။
ချင်းချူ.. ငါ နင့်ကို အရင်တုန်းကတည်းက ကြိုက်ခဲ့တာ။ လျိုစစ်ရင်းက ဒါဟာ ဘဝမွာ တစ်ခါပဲ ကြုံရနိုင်မည့် အခွင့်အရေးဟု တွေးထားသည်။ တခုခု မပြောလိုက်နိုင်လျင် နောက်ထပ်တစ်ခါဆိုတာ ဘယ်တော့မှ ကြုံနိုင်မည်မဟုတ်တော့။ ဒီအချိန်က သူ့ရဲ့ ခံစားချက်တွေကို ဝန်ခံဖို့ အချိန်ကောင်း ဖြစ်သည်၊ ဒါမှမဟုတ်
အဲ့ဒီတော့  ချင်းချူက ဆက်ပြောဖို့ စကားထောက်ပေးလိုက်၏။
အဲ့ဒီတော့၊ ငါ နင့်ကို မေးချင်တာက နင် ငါ့ရဲ့ ခ်စ်သူ ဖြစ်ပေးနိုင်မလား လျိုစစ်ရင်းက နည်းနည်းတော့ ရင်ဖိုနေမိသည်။ သူ့ခေါင်းကို ငုံ့ထားပြီး သူ့လက်တွေက အကျီအစွန်းနားကို တင်းတင်း ဆုပ်ကိုင်ထားလေ၏။
နင်က အရမ်း ရည်မှန်းချက်ကြီးလွန်းနေတာပဲ  ချင်းချူ က သူ့ကို ခံစားချက်မရှိတဲ့ အကြည့်စူးစူးတွေနဲ့ ကြည့်လိုက်သည်။
ငါ အခွင့်အရေးနဲ့ မလွဲချင်လို့ပါ။ ဒီနှစ်တွေထဲမှာ ငါ့အသည်းနှလုံးထဲမှာ နင်ပဲ ရှိနေခဲ့တာ
နင်က ငါ့ကို ကြိုက်တာကြောင့် ငါကနင့်ကို ပြန်ကြိုက်သင့်တယ်လို့များ နင်တွေးနေတာလား
ဟင့်အင်း  လျိုစစ်ရင်းက ချက်ချင်းပဲ သူလက်တွေ ဝှေ့ယမ်းလိုက်မိသည်။
အဲ့လိုတွေးနေတယ်ဆိုရင်တော့ ဟာသကြီးပဲ။ ငါ့ဘဝမှာလည်း ဟိုးအစကေနျပီး ငါသေသည်အထိ ငါအမြဲတမ်းသဘောကျနေတာက တစ်ယောက်တည်းပဲ ရှိတယ်။ ဒီတော့ နင့်ရဲ့ ခံစားချက်တွေကို တစ်နေရာရာပို့ထားလိုက်တော့၊ ငါ့ဆီမွာ ထားတာက မကောင်းဘူးလေ နော့။ နင်က ရုပ္မဆိုးပါဘူး၊ ပြီးတော့ နင့်မိသားစုကလည်း ချမ်းသာတယ်။ ပင်လယ်ထဲမှာ ငါးတွေ အများကြီးပါ၊ ငါ့ကြောင့်နဲ့ အချိန်ကုန်မခံနေနဲ့တော့။ နောက်ပြီး နင်လိုချင်တာရဖို့ နင့်အဖေကို အသုံးချလို့ ရလိမ့်မယ်လို့ ထင်မနေနဲ့။ GK က ကြီးပွားတိုးတက်ဖို့ စီးပွားရေးအရ လက်ထပ်တာတွေလည်း မလိုအပ္ဘူး၊ နင်တို့မိသားစုက ငါ့ထက် ဘယ်တော့မှ ငွေပိုရှိလာမှာ မဟုတ်လို့ပဲ။ ငါလိုတာက ငါချစ်တဲ့မိန်းမပဲ။
အဲ့ဒီမိန်းမက နင့်ကို ပြန်မချစ်ရင်တောင်မှလား  လျိုစစ်ရင်းက ရုတ်တရက်မေးလာသည်။
ဟော်မြန့်မှာ ချင်းချူအတွက် ဘာခံစားချက်မှ မရှိလောက်တော့ဟု သူထင်နေသည်လေ။
သူနဲ့ ချစ်နေဖို့က ငါ့ကိစ္စပါ၊ ငါတို့ရဲ့ ဆက်ဆံရေးကြားမှာ တတိယလူ မလိုဘူး။ နင့်ရဲ့ မိုက်မိုက်မဲမဲအတွေးတွေထဲက ထွက်လိုက်တော့။ ငါ့ကို ရင့်ရင့်သီးသီးပြောရအောင် မလုပ်နဲ့။ အဲ့ဒါ ငါပြောချင်တာ အကုန်ပဲ
ချင်းချူက ကားပြတင်းမှန်ကို ပြန်တင်လိုက်ပြီး အင်ဂျင်ကို နှိုးလိုက်ကာ လျင်မြန်သောအရှိန်ဖြင့် ထွက်ခွာသွားတော့သည်။
လျိုစစ်ရင်းရဲ့ မျက်ဝန်းမှာတော့ ကားပျောက်ကွယ်သွားရာ လမ်းကြောင်းကို ငေးကြည့်နေရင်း၊ ဝမ်းနည်းမှုနှင့် ကြေကွဲမှုတို့ ပြည့်လျှမ်းလာလေသည်။ သူ့ရဲ့ နှလုံးသားထဲမှာ ချင်းချူက လက်လှမ်းမမှီတဲ့ နတ်ဘုရားတစ်ပါး ဖြစ်သည်။ လျိုစစ်ရင်းမှာ လှပမှု၊ အရည်အချင်းတွေ ဘယ်လောက်ပဲရှိရှိ၊ ချင်းချူက သူ့ကို ဘယ်တော့မှ လှည့်ကြည့်မှာ မဟုတ်မှန်းလည်း သူသိနေခဲ့သည်။
ဟော်မြန့်က စိတ်မရှည်တတ်တာ၊ ဆင်းရဲတာ၊ သာမာန်ရုပ်ရည်ပဲ ရှိနေတာတောင်မှ ချင်းချူက ဟော်မြန့်ကို သူ့ဘဝထက် ပိုချစ်ခဲ့သည်။
သူ့ရဲ့ မနာလိုအားကျမှုက သူ့ကို ရူးသွပ်အောင် လုပ်နေသလို ခံစားနေရလေသည်။
-
ချင်းချူ အင်ပါယာဝင်းထဲက အိမ္ကို ပြန်ရောက်လာချိန်မှာတော့ အချိန်က ၇နာရီခွဲနေပေပြီ။
ဟော်မြန့်က ဆိုဖာပေါ်မှာထိုင်ပြီး TV Show တစ္ခုကို ကြည့်နေလေသည်။
ပြန်လာပြီလား  ဟော်မြန့်က တံခါးဖွင့်သံကြားတော့ ထရပ်လိုက်သည်။
စားစရာ တခုခု ရွိလား
အင်း ရှိတယ်။
ကိုယ် ဗိုက်ဆာနေပြီ ချင်းချူက ပင်ပန်းနေသလို မသဲမကွဲရေရွတ်ပြောကာ သူ့ဖိနပ်နဲ့ အပေါ်ဝတ်အကျီတို့ကို ချွတ်လိုက်သည်။
ဟင်းတွေက နည်းနည်းအေးကုန်ပြီ၊ က်မ ပြန်နွှေးပေးမယ်  ဟော်မြန့်က မီးဖိုဆောင်ဘက်သို့ လျှောက်သွားလိုက်၏။
သူ ချင်းချူနားက ဖြတ်သွားလိုက်ချိန်မှာ ချင်းချူက ရုတ်တရက်ကြီး သူမနောက်မှ ဖက်ထားလိုက်လေသည်။
ရုတ်ချည်းဖြစ်တဲ့လှုပ်ရှားမှုက သူမကို လန့်သွားစေသည့်အတွက် ဟော်မြန့် နှလုံးခုန်နှုန်းတွေ မြန်သွားလေသည်။
-
အခန်း (၁၁၁)
EMBRACE
မလှုပ်နဲ့ဦး၊ ကိုယ့်ကို ခဏလောက် ဖက်ထားခွင့်ပေး ချင်းချူရဲ့ အသံက နူးညံ့နေသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်း ဟော်မြန့်လည်း ဒီအတိုင်း ရပ်နေမိသည်။
ချင်းချူ၊ တခုခု ဖြစ်လာလို့လား တခုခုတော့ မှားနေသည်ဟု ဟော်မြန့် ခံစားမိသည်။ အေးစက်ပြီး၊ မောက်မာ၊ မာနကြီးတဲ့သူ တစ်ယောက်က ဒီလို အပြုအမူမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလေ။
ဘာမှမဖြစ်ပါဘူး။ ကိုယ် နည်းနည်းပင်ပန်းနေလို့ပါ၊ မင်းကိုလည်း ဖက်ထားချင်လို့
ဟော်မြန့်က Spongebob အရုပ်ပါသည့် ချစ်စရာအဝါရောင် ညအိပ်ဝတ်စုံလေးကို ဝတ်ထားတာဖြစ်သည်။ သူ့ရဲ့ ဆံပင်တွေကို လျော့ရဲရဲ ညှပ်တင်ထားတာက ကြည့်ရတာ အသက်ရှုမှားစေသည်။
တဖက္က ချင်းချူကတော့ ခရမ်းရင့်ရင့်ရှပ်ကို အဖိုးတန်စိန်ကလစ်လေး ထိုးညှပ်ပြီး ဝတ်ဆင်ထားသည်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ သူမေလးကို နောက်ကနေ ဖက်ထားပြီး ရပ်နေမိကာ၊ သူမေလးရဲ့ တမူထူးခြားနေတဲ့ ကိုယ်သင်းနံ့လေးကို လောဘတကြီး ရှုရှိုက်နေမိလေသည်။
ချက်ချင်းပဲ သူ့ရဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ နှလုံးသားက အေးဆေးတည်ငြိမ်လာတာ ခံစားမိသည်။ ဟော်မြန့် သူ့ဘေးမှာ ရှိနေတာက ပိုကောင်းတဲ့ ကမ္ဘာလောကကြီး ဖြစ်လာသည်လေ။
မြန့်  မင်း ကိုယ့်ဘေးမှာပဲ ထာဝရရှိနေပေးမယ် မဟုတ္လား သူ ရုတ်တရက် မေးလိုက်မိ၏။
ဟော်မြန့် နှုတ်ခမ်း ကို ဖွင့်ဟလိုက်မိပေမဲ့ ဘာပြန်ဖြေရမှန်းမသိ  ။ သူ အင်းလို့ ဖြေလိုက်သင့်လား။ အဲ့ဒါဆို လိမ္တာပဲ ဖြစ်သွားလိမ့်မည်။ ချင်းချူနဲ့ အတူ အိုမင်းသွားဖို့ဆိုတာက သူ့စိတ်ထဲမှာ အမြဲကန့်သတ်ထားမိတဲ့ ကိစ္စဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှာ ပြင်ပအကြောင်းအရာတွေအပြင်၊ စိတ်ခံစားချက်နှင့်ဆိုင်တဲ့ ဝန်လေးမှုတွေလည်း ရှိနေသေးသည်။
ဦးလေးကျင်းရဲ့ သေဆုံးမှုတစ်ခုတည်းကပင် သူနဲ့ ချင်းချူကြားမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခြေကျသွားဖို့ရာ မဖြစ်နိုင်သည့် အကြောင်းရင်းကြီးတစ်ရပ် ဖြစ်နေခဲ့သည်။
ဒါဆို ဟင့်အင်းလို့ တိုက်ရိုက်ဖြေလိုက်ရင်ရော၊ သူ အဲ့လို မလုပ်ရက်ဘူးလေ။ အခုချိန်အခိုက်အတန့်လေးမှာ ချင်းချူက ထိရှလွယ်တဲ့သူလို ဖြစ်နေသည်ပဲ။
ဒီတော့ .. နှုတ်ဆိတ်နေခြင်းဖြင့်သာ တုံ့ပြန်မိ၏။
ခဏကြာတော့မှ ချင်းချူက ဟော်မြန့်ကို ဖြည်းဖြည်းချင်းလွှတ်ပေးလိုက်ပြီး ဆိုဖာရှည်ပေါ် ထိုင်ချလိုက်သည်။ သူ့အိတ်ထဲက စီးကရက္ကို ထုတ်ယူကာ မီးညှိလိုက်၏။ သူ့မျက်လုံးများဆီက အရိပ်အငွေ့တွေက ခန့်မှန်းရခက်နေစေသည်။
ချင်းချူအတွက်မှာတော့ လျိုစစ်ရင်းနဲ့ သူ့အဖေက သူစိမ်းတွေဆိုတာထက်မပို၊ ဒီတော့ သူ ယဉ်ကျေးနေဖို့ မလိုအပ်ဘူးပေါ့လေ။ ဒါပေမဲ့ လျိုစစ်ရင်း ပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့နှလုံးသားကို စူးရှသွားစေခဲ့သည်။
သူမ မေးခဲ့တာက သူသေဘာက်တဲ့သူက သူ့ကို ပြန်မချစ်ရင်ရောဆိုတဲ့ အကြောင်းအရာဖြစ်သည်။ အဲ့ဒါက ချင်းချူ ဂရုစိုက်တဲ့ တစ်ခုတည်းသော အရာလည်းပဲ ဖြစ်သည်။ လွန်ခဲ့တဲ့ ၇နှစ်တုန်းကတော့ ဟော်မြန့် သူ့ကို ချစ်ခဲ့သည်ဆိုတာ ဘာမွ ဝေခွဲနေစရာမလို သူ ကျိန်းသေသိနေခဲ့သည်။
ဒါပေမဲ့ ၇ နှစ်ကြာပြီးတဲ့နောက်မှာ အရင်လို တူညီနေလိမ့်ဦးမည်လို့ ဘယ်သူက ပြောနိုင်မှာလဲ။ ၇ နှစ်ဆိုတာက ဟော်မြန့်က နဉ်ကျစ်ယွမ်နဲ့ မတွဲခဲ့ရင်တောင်မှ အများကြီး ပြောင်းလဲနိုင်သည်လေ။
ဒါက ဟော်မြန့်က ချင်းချူကို ချစ်နေတုန်းပဲဆိုတဲ့ အဓိပါယ်တော့ ဖြစ်မနေဘူးမဟုတ်လား။ နောက်ပြီး သူမေလးရဲ့ မိသားစုဆီကို ကံမကောင်းခြင်းတွေ သယ်ဆောင်ပေးခဲ့သူက သူကိုယ်တိုင်ပဲ ဖြစ်ခဲ့သည်ပဲ။
ဟော်မြန့်ကို ထိခိုက်နာကျင်စေခဲ့သည်ဆိုရင်တောင်မှ သူ့မိဘအရင်းတွေကို ပြန်လက်စားချေဖို့ ဆိုတာက ဘယ္လိုမွ မဖြစ်နိုင်ဘူးလေ။
မင်းက မင်းချစ်တဲ့မိန်းကလေးနဲ့ နေတိုင်းအတူရှိနေနိုင်ပေမဲ့ အဲ့ဒီမိန်းကလေးက မင်းလိုပဲအတူတူ ခံစားရပါရဲ့လားဆိုတာ မသေချာဘူးဆိုရင်တော့ အဲ့ဒါက ကောင်းတဲ့ ခံစားချက်တော့ ဟုတ်မနေဘူးပေါ့။
စွန့်ပစ်ခံရမှာ တွေးကြောက်နေတဲ့ ကလေးငယ်လိုမျိုး မလုံခြုံမှုကို သူ ခံစားမိနေသည်။
ဟော်မြန့်က မီးဖိုဆောင်မှာ ပြန်နွှေးထားတာတွေကို စားပြဲဆီ သယ်ယူလာလေသည်။
ချင်းချူက စီးကရက်တစ်လိပ် ကုန်သွားတော့ နည်းနည်း အားပြန်ပြည့်လာသလို ရှိသည်။ သူက ရှပ်အဖြူရောင် တစ်ထည်ကို လဲဝတ်ထားလိုက်သည်။
  က်မ ရွိတာ အမြန်ချက်လိုက်ရတာပဲ။ မြည်းကြည့်ဦး၊ ကျမလက်ရာက သိပ်တော့ မကောင်းဘူး ဟော်မြန့်က ဟင်းတွေကို ထိုးပြပြီး ယုံကြည်ချက်သိပ်မရှိသလို ပြောလာသည်။
ချင်းချူက တိတ်တိတ်ဆိတ်ဆိတ်ပဲ ဝင်ထိုင်လိုက်ပြီး၊ မုန္လာထုပ္ကို တစ်လုတ် ယူစားကြည့်လိုက်သည်။ မုန်လာထုပ်၊ သခွားစိမ်း၊ ကြက်ဥတို့ ရောကြော်ထားတာရယ်၊ ဝါရောင်သန်းနေတဲ့ငါးကြော်ရယ်၊ ပင်လယ်စာဟင်းရည်တစ်ပန်းကန်ရယ်-
ဟော်မြန့် က အသား သိပ်မကြိုက်တာကြောင့် ဟင်းအများစုက အသီးအရွက်တွေသာ ဖြစ်သည်။ ချင်းချူရဲ့ အကြိုက်နှင့်မှ ကိုက်ပါ့မလားဟု သူ ပူပင်နေမိသည်။ ဟော်မြန့်က ဘေးမှာ ဝင်ထိုင်လိုက်ပြီး ၊ ချင်းချူ စားသောက်နေတာကို ကြည့်နေမိတော့ ၊ ဒါဟာ သူ့နားမှာ သက်တောင့်သက်သာရှိနေရတာ ပထမဆုံးဖြစ်သည်ဟု ခံစားရမိသည်။
ချင်းချူစားနေတဲ့ပုံက ကျက်သရေရှိနေပြီး၊ ခေါင်းငုံ့ထားတော့ သူ့ရဲ့ မျက်တောင်ရှည်တွေကိုပါ မြင်နေရလေသည်။ ဟော်မြန့်က လက်နဲ့မေးကို ထောက်ထားတာ သူစားနေတာကို ထိုင်ကြည့်နေမိပြီး၊ TV drama တစ္ခုကို ကြည့်နေရသလို အာရုံစူးစိုက်ထားလေသည်။ သူကြည့်နေပုံက ဘယ်လောက် သနားစရာကောင်းနေသလဲ ဆိုတာကိုတော့ မေ့နေလေ၏။
မင်း မြင်နေရတာကို သေဘာက်လား ချင်းချူက ဟော်မြန့်ဘက် လှည့်မကြည့်ဘဲ ရုတ်တရက် မေးလိုက်၏။
အေနအထားကို သတိပြန်ထားမိသွားတော့ ဟော်မြန့် မျက်နှာပူပူနှင့် ချောင်းနည်းနည်းဆိုကာ ချက်ချင်းပဲ ထရပ်လိုက်သည်။
အမ်.. ရှင် စားပြီးသွားရင် ဒီအတိုင်းပဲ ထားခဲ့လိုက်။ က်မ ပြန်လာရှင်းပေးမယ်။ အခု အပေါ်မှာ ရေသွားချိုးလိုက်ဦးမယ်နော်။ ပြောပြီးတာနဲ့ လှေကားဆီ ပြေးတက်သွားတော့သည်။
တစ်နာရီလောက် ကြာပြီးတော့ ဟော်မြန့် ရေချိုးပြီး ပြန်ဆင်းလာချိန်မှာ ထမင်းစားပွဲပေါ်မှာ အကုန်သိမ်းဆည်းထားပြီးသား ဖြစ်နေတာ တွေ့လိုက်ရသည်။ ပန်းကန်ခွက်ယောက်တွေပါ ဆေးကြောထားပြီးသား ဖြစ်နေသည်။ ဟော်မြန့် ကျေနပ်သွားမိသည်။ တျခား မဟာပုရိသဝါဒရှင် ယောက်ျားတွေလို မဟုတ်ဘဲ၊ ချင်းချူက အိမ်မှုကိစ္စဆိုတာ မိန်းမတွေရဲ့ တာဝန်ဟု ခွဲခြားတွေးတောထားခြင်း မရှိပုံပင်။
အကြောင်းက ချင်းချူအနေနဲ့ ဟော်မြန့်ကို အိမ်မှုကိစ္စတွေကြားမှာ နစ်မနေစေချင်တာ ဖြစ်သည်။ အဲ့ဒီအချိန်မှာ ချင်းချူက ကုမဏီရဲ့အလုပ်တွေကို စာကြည့်ခန်းထဲမှာ လုပ်နေတာ ဖြစ်သည်။
ဟော်မြန့်က အဲ့ဒီနေရာမှာ သူလုပ္စရာ က်န္မနေတာ့ဘူးဆိုတာ သိသွားတော့ ပြန်လှည့်ကာ အပေါ်ထပ်သို့ ပြန်တက်သွားလိုက်တော့သည်။
-ညဥ့်နက်နက်မှာတော့-
ချင်းချူ အိပ်ခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ ဟော်မြန့် အိပ်မောကျနေတာကို တွေ့လိုက်ရသည်။ ညင်သာစွာ လျှောက်ဝင်လာလိုက်ပြီး၊ အိပ်ရာပေါ်လှိမ့်လိုက်ကာ သူမဘေးနားမှာလှဲချရင်း သူမကို ဖက်ထားလိုက်မိသည်။
ပြတင်းပေါက်ကနေ ဖြတ်သန်းလာတဲ့ လရောင်က တောက်ပနေပြီး ၊ သူမရဲ့ ကျက်သရေရှိပြီး လွပေနတဲ့ မျက်နှာလေးကို ငေးကြည့်နေမိသည်။
ရှင်မြင်နေရတာကို သေဘာက်လား  ဟော်မြန့်မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး အပြုံးချိုချိုလေးနဲ့ မေးလိုက်တာ ဖြစ်သည်။
ချင်းချူ ထိတ္ခနဲ ဖြစ်သွားမိသည်။ ဟော်မြန့် နိုးနေလိမ့်မည်လို့ သူ မထင်ထားမိ၊
-
အခန်း (၁၁၂)
Nitpicking
ပြတင်းပေါက်ဆီကနေ ဖြာကျနေတဲ့ လရောင်က တောက်ပနေပြီး၊ ဟော်မြန့်က ချင်းချူရဲ့ ခန့်ညားနေတဲ့ မျက်နှာကို စက္ကန့်ပိုင်းလောက် ငေးကြည့်မိသည်။ သူ အိပ်မက်များ မက်နေတာလားဟူသော အတွေးတို့ဖြင့်
ဟော်မြန့်က အမြဲတမ်းပဲ အအိပ်ဆတ်သူဖြစ်သည်။ ထို့ကြောင့် ချင်းချူ ဝင်လာကတည်းက သူနိုးသွားတာ ဖြစ်၏။ သူက ချင်းချူကို စနောက်ချင်တာကြောင့် သူဘယ်လိုတုန့်ပြန်မလဲ သိချင်တာကြောင့် မျက်လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်တာ ဖြစ်သည်။
သူ့အပြုအမူကို မြင်ရတော့ ၊ သူမကိုယ်သူမ မထိန်းနိုင်လိုက်မိဘဲ
အေးမြနေတဲ့ အခန်းထဲမှာ ချင်းချူရဲ့ လက္ကို လှမ်းကိုင်လိုက်တော့ သူ့လက်ဖဝါးဆီက နွေးထွေးမှုကို ခံစားရသည်။
မျက်နှာချင်းဆိုင် လဲလျောင်းနေကြကာ၊ တစ်ယောက်မျက်လုံးကို တစ်ယောက် ငြိမ်သက်စွာ စိုက်ကြည့်နေမိကြတော့.
သူတို့ ဘာမွ မပြောကြပေမဲ့ အဲ့ဒါက အရာရာဖြစ်နေသလို ထင်မြင်ရသည်။ သူတို့ရဲ့ ခံစားချက်တွေ မျှဝေဖို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တိတ်ဆိတ်တဲ့ အခိုက်အတန့်လေးတွေ လိုအပ်သည်ဆိုတာ သူတို့နှစ်ဦးလုံး သိနေကြသည်။
ဟော်မြန့်ရဲ့ မျက်လုံးအစုံက ကြည်လင်တောက်ပနေပြီး ၊ ကောင်းကင်က လင်းလက်နေတဲ့ ကြယ်တွေနဲ့ တူနေသည်။
ချင်းချူရဲ့ မျက်ဝန်းတွေကတော့ နက်ရှိုင်းကာ သိပ်သည်းနေ၏။ အကြည့်တစ်ချက်မှာတင် မလွတ်မြောက်နိုင်ဘဲ တစ်သက်လုံး ကျဆုံးသွားနိုင်လောက်ပေသည်။
ပထမဆုံးအကြိမ်အဖြစ် စိတ်တွေ ငြိမ်းချမ်းသက်သာနေတာကို ချင်းချူ ခံစားလိုက်မိသည်။ သူက ဟော်မြန့်ရဲ့ လက်တွေကို တင်းတင်းဆုပ်ကိုင်ထားမိပြီး သူ့နှလုံးသားထဲက လှိုက်တက်လာတဲ့ ပျော်ရွှင်မှုတွေကို ခံစားသိနေရသည်။
-နောက်နေ့မနက်-
ဟော်မြန့် စောစောပဲ နိုးလာပြီး ခါတိုင်းလိုပင် မနက္စာ ပြင်ဆင်နေလေသည်။
ချင်းချူ အောက်ထပ်ကို ဆင်းလာတော့ အသီးအရွက်ဆန်ပြုတ်တစ်ပန်းကန်၊ နို့ပေါင်မုန့်များနှင့် ပဲနို့တစ်ခွက်က အဆင်သင့်ဖြစ်နေလေပြီ။
ကိုယ်တို့ အိမ်အကူတစ်ယောက် ရှာလိုက်မယ်လေ။ မဟုတ်ရင် မင်းမှာ အလုပ်များနေလိမ့်မယ် ချင်းချူက စားရင်းက ပြောလိုက်သည်။
မနက်စာချက်ရတာ ဘာအလုပ္မ်ားမွာလဲ။ ဒါ မပင်ပန်းပါဘူး။ ပြီးတော့ ဒီမွာ ကျမတို့ နှစ်ယောက်ပဲ ရှိနေချင်တယ်။ အပြင်လူတစ်ယောက် ဒီထဲ ရှိနေတာက သိပ်အဆင်မပြေဘူး။ ကျမအားပြီး အလုပ္မရွိတဲ့ အချိန်တွေကျရင် အိမ်မှုကိစ္စတွေ လုပ်နိုင်ပါတယ်။ ဟော်မြန့်က ပြုံးပြလိုက်သည်။
ချင်းချူက နှုတ်ဆိတ်သွားမိလျက်.
အာ.. က်မ ရှင့်ကို တစ္ခု ပြောလို့ ရဦးမလား ဟော်မြန့်က အနည်းငယ် တုံ့ဆိုင်းနေမိပြီးမှ မေးလာသည်။
ဘာမ်ားလဲ
ရှင့်လစားတွေ က်မ ဘဏ်စာရင်းထဲကို ထည့်ပေးမနေနဲ့တော့လေ
ဘာလို့လဲ
အရမ်းများနေလို့  ဟော်မြန့်က ညည်းညူသလို.
ဒါပေမဲ့ မင်းက ကိုယ့်ဇနီးပဲလေ၊ ကိုယ့်လစာ မင်းကို မပေးရင် ဘယ်သူ့ကို သွားပေးရမှာလဲ  ချင်းချူက ဒါက ဥပဒေတစ်ခုလိုမျိုး ပြောလာသည်။
ရှင့်ဘာသာ သိမ်းထားပေါ့
ကိုယ္က ငွေလိုမယ်လို့များ ထင်နေလို့လား  ချင်းချူရဲ့ မျက်ခုံးတွေက အနည်းငယ် ကုပ်ကွေးလာသည်။
မဟုတ်ပါဘူး၊ က်မက ဒီအတိုင်းပဲ ငွေ အရမ်းများနေတယ်လို့ တွေးမိလို့ပါ။ က်မဆီမွာ ထားတာက သိပ်ကောင်းတဲ့ စိတ်ကူးလို့တော့ မထင်ဘူး
ကိုယ္ကေတာ့ အဲ့ဒါ သိပ်ကောင်းတဲ့ စိတ်ကူးလို့ပဲ ထင်တယ်။ ချင်းချူက ခေါင်းမာစွာ ပြောလာ၏။
ဟော်မြန့် - ၀ ၊ ချင်းချူ - ၁
ဟော်မြန့်က ချင်းချူဆီမှာ ငွေတောင်းမှာ မဟုတ္တာကို သူသိနေသည်၊ ဒီတော့ သူ့ငွေကို သူမရဲ့ ဘဏ်စာရင်းထဲ ထည့်ပေးတာက သဘာဝကျတာပဲလေ။
တစ္လကို ယွမ်၁သန်း၊ သူမ လိုချင်တာတွေ ရှိရင်တောင် အဲ့လောက်တော့ ဘယ်တော့မှ သုံးနိုင်မှာမဟုတ်ပေ။ ဟော်မြန့်က ဇိမ္ခံ၊ တန်ဖိုးကြီးပစ္စည်းတွေ ကြိုက်တတ်တဲ့ သူမျိုး မဟုတ်။ သူက ချင်းချူကို မထည့်ပေးတော့ဖို့ ပြောချင်ပေမဲ့ ၊ ချင်းချူက အဲ့ဒီစကားကို အတည်မယူ။
ဟော်မြန့် ညှိနှိုင်းတာမှာ ရှုံးသွားတော့ ၊ သူ တခြားနည်းနဲ့ ကြိုးစားကြည့်ဦးမည်ဟု ဆုံးဖြတ်ထားလိုက်သည်။
သူတို့ အလုပ်သွားချိန်ရောက်တော့၊ ပုံမှန်လိုပင်၊ ချင်းချူက Maybach ကို မောင်းလာပြီး ဆေးရုံဝင်ပေါက်နဲ့ မီတာ ငါးရာလောက် အကြာမွာ ဟော်မြန့်ကို ချပေးထားခဲ့သည်။
ဟော်မြန့်  မင်း နောက်ကျတာပဲ  ဝူရှောင်းရွှယ်က ဟော်မြန့် ဝင်လာတာ မြင်တာနဲ့ ချက်ချင်းပဲ ဆူဖို့ ပြင်သည်။
က်မ နောက်မကျပါဘူး  ဟော်မြန့်က သူ့ကုတ်အကျီဖြူကို ဝတ်ဆင်ရင်း ပြန်ဖြေလိုက်၏။
သားဖြား၊မီးယပ္ဌာနက ဘယ်လောက် အလုပ္မ်ားလဲ မင်းသိရဲ့လား။ မင်း နည်းနည်း စောလာလို့ မရဘူးလား။ မင်းက ပညာရှင်မပီသလိုက်တာ။ မင်းတို့လို လူတွေက သူနာပြုတစ်ယောက်လောက် ဖြစ်တာကို တော်လောက်ပြီ အောက်မေ့နေကြတာပဲ။ ဝူရှောင်းရွှယ်ရဲ့ အသံက မနှစ်မြို့ခြင်း ၊ အထင်အမြင်သေးခြင်း အပြည့်တို့ဖြင့် အပြစ်တင်နေ၏။
သူနာပြုတစ်ယောက်ဖြစ်ရတာ ဘာမ်ား မှားနေလို့လဲ။ ဒါက က်မ လုပ်ချင်တဲ့ အလုပ်ပဲကို ဟော်မြန့်က ပြုံးမိမလို ဖြစ်သွားသည်။
ဆင်ဆင်ခြင်ခြင်နေပါ၊ မဟုတ်ရင်တော့ မင်းရဲ့ ဘဝတစ်ခုလုံး ငရဲကျနေရအောင် ငါ ကျိန်ဆဲနေမိလိမ့်မယ်။ ငါ မင်းကို ပြောထားတယ်နော်၊ ငါက စည်းကမ်း ကြီးတယ်။ မင်း ငါ့လက်အောက်မှာ အလုပ္လုပ္မယ်ဆို၊ ဘယ္လို အမှားအယွင်းကိုမှ ငါသည်းခံမှာ မဟုတ္ဘူး။ ဖြစ်လာရင်တော့ ငါမင်းကို ချက်ချင်း အလုပ်ထုတ် ပစ်လိုက်မှာပဲ။
က်မ အကောင်းဆုံး ကြိုးစားပေးပါ့မယ်  ဟော်မြန့်က အေရးမထားသလို အမူအယာဖြင့် ပြန်ဖြေပေးလိုက်သည်။
ခွဲစိတ်ခန်းထဲ လိုက်ခဲ့၊ C-section တစ္ခု ခွဲဖို့ ရှိတယ်။ ဝူရှောင်းရွှယ်က ဟော်မြန့်ကို ခပ္စူးစူး တစ်ချက်ကြည့်လိုက်ပြီး လူနာမှတ်တမ်းကို ကိုင်ကာ ခွဲစိတ်ခန်းဘက်ဆီသို့ လျှောက်သွားလေသည်။
အိုကေ ဟော်မြန့်က ဝူရှောင်းရွှယ်နောက်က လိုက်သွားလိုက်လေ၏။
C-section ခွဲစိတ်မှုဆိုတာက ကြားရတာတော့ ကြောက်စရာလို ဖြစ်နေပေမဲ့၊ အဲ့ဒါက သာမန် ခွဲစိတ်မှု အသေးစားဆိုတာထက် ဘာမွမပို။ အကုန်ပြီးစီးဖို့ တစ်နာရီတောင် မကြာပေ။
ဝူရှောင်းရွှယ်မှာ ကျွမ်းကျင်မှု ရှိနေသည်ဆိုတာတော့ ဟော်မြန့် ဝန်ခံရပေလိမ့်မည်။ လူနာကို ပြန်ချုပ်ပေးလိုက်ပြီး ၊ က်န္တာ ဟော်မြန့် အပြီးသတ်ဖို့ ချန်ထားခဲ့လိုက်သည်။
ဟော်မြန့် အကုန်လုံး အစီအစဉ်တကျ ပြန်ထားပြီးတော့ အသက်တောင် ကောင်းကောင်းမရှုရသေးခင် ၊ ရေတစ်ခွက်တောင် မသောက်ရသေးခင်မှာပင် ဝူရှောင်းရွှယ်က လာကြည့်ပြီး စတင် အော်ဟစ်လေတော့သည်။
မင်း ဘာလို့ ဒီမွာပဲ ရှိနေသေးတာလဲ။ ခွဲစိတ်ခန်းကို မေဆးခဲ့ရေသးဘူးမဟုတ္လား
အဲ့ဒါက က်မ တာဝန် မဟုတ်ပါဘူး။ သန့်ရှင်းရေး ဝန်ထမ်းတွေ က နေရာသန့်ရှင်းရေးကို လုပ်ပေးပါလိမ့်မယ်။
ဒါက သားဖြား၊မီးယပ္ဌာနရဲ့ ခွဲစိတ်ခန်းလေ၊ မင်းက ဒီဌာနရဲ့ ဝန်ထမ်းတစ်ယောက်ပဲ မဟုတ္ဘူးလား။ အဲ့တော့ မင်းက ကူပြီး ဆေးသင့်တာ မဟုတ္ဘူးလား။ မင်းကိုလစာပေးရတာ ဘာမွ မဟုတ်ဘူးလို့များ ထင်နေလား။ ငါတို့ ဆေးရုံက အသုံးမကျတဲ့လူတွေကို မခန့်ထားဘူးနော်
ဒေါက်တာဝူ .. ရှင်ပြောချင်တာ ရှိရင် တိုက်ရိုက်ပြောလို့ ရပါတယ်။ ဒါပေမဲ့ အခု ရှင်လုပ်နေတာတွေက နည်းနည်း ဘောင်ကျော်နေပြီလို့များ မေတြးမိဘူးလား။ ရှင် ကိုယ့်မိသားစုရဲ့ သေတွင်း ကိုယ်ပြန်တူးနေတာလား။ ဟော်မြန့် ဆက်ထိန်းမထားနိုင်တော့ဘဲ ဝူရှောင်းရွှယ်ကို အေးစက်စက် ပြန်ချေပလိုက်သည်။
-******

အချစ်စတင်ခဲ့ရာ( Volume two)Donde viven las historias. Descúbrelo ahora