အခန်း (၁၆၅)
Sharing a Bed
ချင်းချူ ရှေ့ဆက်တော့မည့် အချိန်မှာပင် ဟော်မြန့်ဖုန်းက ရုတ်တရက် အော်မြည်ကာ နှောက်ယှက်လာလေ၏။ ချင်းချူ အဲ့ဒီဖုန်းကို လှမ်းယူပြီး ကြမ်းပေါ် ရိုက္ခြဲ ပစ်လိုက်ချင်ပေမဲ့ ဟော်မြန့် က အရင် ဆွဲယူနိုင်သွား၏။
ဟော်မြန့်က ချင်းချူကို အဝေးတွန်းလွှတ်ပစ်လိုက်ကာ အေနရခက္စြာ ထသွားလေ၏။ ဖုန်းဖြေရင်း တံခါးဆီသို့ လျှောက်သွားလိုက်၏။
ချင်းချူမှာ မျက်နှာပျက်နေလျက်
ဟေး လင်းလင်း
ဘာဖြစ်လို့လဲ .. နင့်အသံက တမျိုးကြီးပဲ
ဟင့်အင်း .. မဖြစ်ပါဘူး ဟော်မြန့် နည်းနည်း အပြစ်ရှိသူလို ခံစားလိုက်ရသည်။
ငါ မယုံပါဘူးနော် ငါ နင့်ကို သိလာတာပဲ ကြာလှပြီ၊ ငါ့ကို လာလှည့်စားဖို့ ကြိုးစား မနေနဲ့ ။ အိုး.. နေပါဦး .. နင်နဲ့ ချင်းချူတို့ တစ္ခုခု ကလေးတွေ မြင်ဖို့ မသင့်တော်တာတွေ လုပ်နေကြတာလား။ ကျူလင်းလင်းက ကျိတ်ရယ်နေလေ၏။
နင့်ကြည့်ရတာ လမ်းခွဲပြီးတော့ ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ထပ်လုပ်တော့မဲ့ပုံ မရဘူးပဲ ဟော်မြန့် ဘာပြောရမည်မှန်း တကယ္မသိ..
ဒါပေါ့ .. ငါကို ဘယ်သူမ်ား ထင်နေလို့လဲ။ ငါက အရှုံးမပေးတဲ့ ၊ အေခ်ာအလွေလး ကျူလင်းလင်းပဲလေ။ ငါ အခုလေးတင် လေယာဉ်ဆိုက်လို့ နားရက် ၂ ရက်ရထားတယ်။ မနက်ဖြန် ငါတို့ အပြင်ထွက်လည်ရအောင် ၊ လမ်းလေး ဘာလေး ထွက်ကြမယ်လေ ။ ငါ မြို့ပြင်ဘက်မှာ ငါးမွေးချင်လို့ ၊ အဲ့ဒါ လေ့လာရေးလေး လုပ်ကြတာပေါ့။ နင်ရော ဘယ်လိုထင်လဲ
မနက်ဖြန် .. မနက်ဖြန်တော့ မရဘူး။ ငါ့အေမ မွေးနေ့ရှိတယ်။ သဘက်ခါ ဆိုရင်ရော ဘယ္လိုလဲ ။ အဲ့ဒါဆို ငါအားတယ်လေ
အိုး.. ဟုတ်ပြီ မနက်ဖြန်က အန်တီ့မွေးနေ့ ဆိုတာ ငါမေ့နေတာပဲ။ အိုကေ ဒါဆို သဘက်ခါပဲ သွားကြတာပေါ့
ဖုန်းချလိုက်ပြီးတော့ .. ဟော်မြန့် အခန်းထဲကို မျက်နှာပူပူဖြင့် ပြန်ဝင်လာ၏။
ချင်းချူက မြန့် ကုတင်ပေါ်မှာ လဲနေရင်း၊ စီးကရက် သောက်နေလေ၏။
အာ လင်းလင်းက လေ့လာရေးခရီးကို သူနဲ့ လိုက်ပေးစေချင်လို့တဲ့ ။ ဟား.. ဟား. ဟော်မြန့်က ဖြေရှင်းပြနေမိသည်။
ကျူလင်းလင်းကို ပြောပြီး သူ့ကို ဒီကို ခေါ်လိုက်.. ကိုယ် သူ့ကို သေအောင် မရိုက်ဘူးလို့ ကတိပေးတယ် ချင်းချူက ဒေါသတကြီး ပြောနေလေ၏။
အမ်.. အဟမ်း .. အာ .. အခု က နောက်ကျနေပြီ.. ဂွတ်နိုက်
မင်းက ကိုယ့်ကို ကန်ထုတ်နေတာလား ချင်းချူက ဟော်မြန့်ကို တစ်ချက်စောင်းကြည့်လိုက်သည်။
ဒါက ကျမအခန်း မဟုတ္ဘူးလား ဟော်မြန့် ကူကယ်ရာမဲ့စွာ ပြန်မေးလိုက်မိသည်။
မင်းကရော ကိုယ့်မိန်းမ မဟုတ်လို့လား ချင်းချူက ပြန်မေးလေသည်။
ဟော်မြန့် ဘာပြောရမှန်း မသိတော့..
ဒါဆို ရှင် ထွက်သွားဖို့ အစီအစဉ် မရှိဘူးပေါ့
ခုနက ဖြစ်ခဲ့တာအတွက် မင်း လျော်ကြေး ပြန်ပေးဖို့ လိုတယ်လေ။ ဒီည .. ကိုယ်တို့ တစ်အိပ်ရာတည်းမှာပဲ အိပ်မှာ ။ ဟုတ်တယ်လေ.. မင်း အိပ်ရာက သိပ်မကြီးဘူးထင်ရင် ၊ ဒါဆို ကိုယ့်အခန်းမှာ ပြောင်းအိပ်လို့ ရတာပဲ။ ချင်းချူက စီးကရက္ကို ပြာခွက်ထဲ ထိုးချေလိုက်ပြီး စိတ်ကြီးဝင်နေပုံဖြင့် ပြောနေ၏။
ဟော်မြန့် ဒေါသထွက်လာရပေမဲ့ သူ ငြင်းပယ်ဖို့ အကြောင်းပြစရာ အချက် ရှာမတွေ့..
တကယ်တော့ သူ့ရဲ့ မချင့်မရဲ ဖြစ်သွားရမှုကို နားလည်နိုင်ပါသည်။ ကျူလင်းလင်းရဲ့ ဖုန်းခေါ်ဆိုမှုကြောင့်သာ မဟုတ်လျင် . . ချင်းချူက သူ့နည်းလမ်းနဲ့ မိမိကို ရသွားလောက်ပြီ ဖြစ်သည်။
သူက မိမိကို နီးနီးကပ်ကပ် စမ်းချင်နေပေမဲ့ ၊ သူ ရူးမိုက္စြာ မလုပ္လာတာကိုပဲ ကျေးဇူးတင်ရမည်။
နောက်ဆုံးတော့ ဟော်မြန့် အေပးအယူ လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ရိုးရိုးပဲ အဖြေပြန်ပေးလိုက်၏။
သဘောတူတယ်
ထို့နောက် ချင်းချူက ဟော်မြန့်အိပ်ရာကို မောင်ပိုင်စီးသောနေ့များ စတင်ပြီ ဖြစ်လေသည်။..
ဒါက ချင်းချူနဲ့ ပထမဆုံးအကြိမ် တစ်အိပ်ရာတည်း အိပ်ဖူးဖြင်း ဖြစ်သည်။ သူ့ရင်ခွင်ထဲမှာ အိပ်စက်ရတဲ့ ခံစားချက်ကြီးက ထူးဆန်းနေလေသည်။
ချင်းချူအတွက် ဒီတစ်ကြိမ်က အရင်တစ်ခါတုန်းကနဲ့မတူ၊ ဘာကြောင့်လဲ ဆိုတော့ အရင်တစ်ခါတုန်းက ညသန်းခေါင်ကြီးကျမှ ခိုးဝင်လာရတာ ဖြစ်လေသည်။
ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် လဲလျောင်းနေကြတာ ဖြစ်သည်။
လွန်ခဲ့သော ၇ နှစ်တုန်းက ၊ သူတို့ အချစ်ရဲ့ ချိုမြိန်တဲ့ အရသာလေးတွေကို ပျော်ရွှင်ခံစားခဲ့ဖူးသည် ဆိုသော်လည်း အဲ့ဒီတုန်းက သူတို့က အရမ်း ငယ်ရွယ်ကြသေးသည့်အပြင် အဲ့ဒီညမွာ သူတို့ အများကြီး သောက်စားထားကြတာလည်း ဖြစ်သည်။ အဲ့ဒီညက ဘာဖြစ်ခဲ့သည်ဆိုတာကိုတောင် တိတိက်က် မှတ်မိနိုင်ခြင်း မရှိခဲ့ကြ။
ချင်းချူနဲ့ မျက်နှာချင်းဆိုင် ကြည့်နေရတာ ရှက်ရွံ့လာသောကြောင့် တစ်ဖက်သို့ လှည့်ကာ သူ့ကို ကျောပေးလိုက်သည်။
ချင်းချူက အခွင့်အရေးယူကာ အေနာက္ကေန ခါးလေးကို ဖက္ကာ သူ့အနားသို့ ဆွဲယူလိုက်လေ၏။
ဒါက ဟော်မြန့်ကို ပိုပြီး စိတ်လှုပ်ရှားစေတာ ဖြစ်၏။
ချင်းချူ .. က်မ ရှင့်ကို ပြောမယ်နော် .. ရှင် မထိသင့်တဲ့ နေရာတွေလာမထိနဲ့ .. က်မက ယားတတ်တယ်။ ဟော်မြန့် သတိပေးလိုက်သည်။
မစိုးရိမ်ပါနဲ့ .. ကိုယ် မလုပ်ပါဘူး။.. ဘာလို့လဲ ဆိုတော့ အဆုံးသတ်ကျရင် ကိုယ္က မင်းထက် ပိုခံစားရမှာမို့လို့
တစ်ယောက်နားမှာတစ်ယောက် တစ်ညလုံး တိတ်ဆိတ္စြာ အိပ်စက်ခဲ့ကြသည်။
-
နောက်တစ်နေ့ မနက် မနက္စာ စားပြီးနောက် .. ချင်းချူက အလုပ်သွားပြီး ၊ ဟော်မြန့်ကတော့ ကုန်တိုက်ထဲ ဝင်သည်။
သူ ယွမ် တစ်ထောင်လောက် သုံးပြီး မိခင်ဖြစ်သူအတွက် အကျီဝယ်ကာ ကိတ်တစ်လုံး မှာလိုက်သည်။ ထို့နောက် .. မိခင်ရှိရာဆီ အငှားကားဖြင့် သွားလိုက်လေသည်။
သူ ရောက်ရောက်ချင်းမှာပဲ အရသာရှိသည့် အစားအသောက် အနံ့များ ရလိုက်လေသည်။ သူ့မိခင်ရဲ့ အိမ်ခြံဝန်းထဲမှာလည်း ရင်းနှီးသည့် အိမ်နီးချင်းများဖြင့် ပြည့်နေသည်။
မြန့် .. ပြန်လာပြီလား အိမ်နီးချင်းများက သူ့ကို နှုတ်ဆက်ကြသည်။
ယန်မေ့ရုန်က ဟော်မြန့်နာမည် ခေါ်သံကြားတော့ လှည့်ကြည့်လိုက်သည်။ သူက မြန့်ကို ခပ်တည်တည်မျက်နှာထားဖြင့် ကြည့်နေပြီးမှ နင် ဒီနေ့ အလုပ္မသြားရဘူးလား
-
အခန်း (၁၆၆)
Birthday
ဟင့်အင်း.. က်မ တျခား ဌာနကို ပြောင်းရတယ်။ ဆေးရုံက က်မကို နားရက် သုံးရက် ပေးထားတယ်
အို.. ပြောင်းရတာလား .. ဘယ္ကို ပြောင်းရတာလဲ အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ အန္တီဝူ က စိတ်ဝင်တစား မေးလိုက်တာ ဖြစ်၏။
ဟော်မြန့်က အပြုံးတစ်ချက်နဲ့ ပြန်ဖြေပေးလိုက်လေသည်။ ဆေးရုံရဲ့ ဓါတ္ခြဲဌာနကို ၊ ကျမတို့ လုပ်ရတာက သွေးဖောက်ပြီး စစ်ဆေးရတာ
အဲ့ဒါကောင်းသားပဲ ။ ပိုလွယ်ကူတာပေါ့။ ငါ မင်းတို့ အမေကိုတောင် ပြောနေသေးတယ် ၊ သားဖြားမီးယပ္ဌာနမွာ မင်းကို မလုပ်ခိုင်းနဲ့လို့ ၊ အဲ့ဒီမွာက တာဝန်များလွန်းတယ်။ ကိုယ်ဝန်ဆောင်သည်တွေရဲ့ ဘောင်းဘီ ညစ်ပတ်ပတ်တွေ နဲ့ .. ၊ မင်း က သူတို့ကို သူတို့လိုချင်တဲ့အတိုင်း ဂရု မစိုက်ရင်လည်း ၊ သူတို့က မင်းကို ရမယ်ရှာဦးမယ်။ မင်း နေရာပြောင်းလိုက်တာ တကယ် ကောင်းတယ်
ဟုတ်ကဲ့ .. အခု ပိုလွယ်ကူသွားတယ်။ ပြီးတော့ က်မ ညဆိုင်းလည်း ဆင်းစရာ မလိုတော့ဘူး
ဟေး.. မြန့် .. မင်းရဲ့ ရည်းစား ကောင်လေးရော မင်းနဲ့ မလိုက္လာဘူးလား
အိမ်နီးချင်းများက တကယ္ကို အတင်းအဖျင်းစကား ဆိုတတ်ကြသူဖြစ်ပြီး ၊ သူ့မိခင်ရဲ့ မိတ်ဆွေအချို့က မနေနိုင်ဘဲ မေးမြန်းနေကြတာ ဖြစ်သည်။
ကျမတို့ လမ်းခွဲလိုက်ကြပြီ
ဘာရယ် .. မင်းတို့ လမ်းခွဲလိုက်ကြပြီ .. ငါတို့က မင်းတို့ လက်ထပ်ကြတော့မယ် ထင်နေတာ။ ဘာလို့ လမ်းခွဲကြတာလဲ ။ တစ်ယောက်က အံ့သြသွားပြီး၊ ကျန်တဲ့ သက်လတ်ပိုင်းအမျိုးသမီးကြီးများ အားလုံး အတင်းအဖျင်းစကား ဆိုဖို့ရာ စိတ်ဝင်တစား ဖြစ်လာကြသည်။
ဟော်မြန့် အေနရခက်သလို ခံစားလိုက်မိပြီး ၊ ဘာဆက်ပြောရမည်မှန်း မသိ..
အဲ့ဒီနောက် ကျီရှင်း က ခြံဝန်းထဲ လျှောက်ဝင်လာတာ တွေ့လိုက်ရသည်။ သူက ဟော်မြန့်လက်ထဲက ကိတ္ကို လှမ်းယူလိုက်ပြီး အခုခေတ်မှာ လူငယ်တွေက သူတို့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းတွေကြောင့် လမ်းခွဲနေကြတာ ပုံမှန်လို ဖြစ်နေပြီ
သူက ဆရာဝန်တစ်ယောက် မဟုတ္ဘူးလား ။ သူ့အလုပ်က ကောင်းတာပဲ
သူတို့အားလုံးက နဉ်ကျစ်ယွမ်နဲ့ လမ်းခွဲလိုက်တာ ဟော်မြန့်အတွက် ရွက္စရာဟု ယူဆနေကြလေသည်။
ဘယ်လိုကောင်းတာလဲ ။ သူလည်း အလုပ်သင်ပဲ ရှိသေးတာ။ ဆေးရုံမှာ အမြဲတမ်းဝန်ထမ်းတောင် မဖြစ်သေးဘူး။ နောက်ပြီး သူ့ အရည်အချင်းက ကျတော့်အစ်မကို မယှဉ်နိုင်ပါဘူး။ သူတို့ လက်ထပ်ဖို့ အကြောင်း ပြောကြတုန်းက အသေးစိတ်ကိစ္စတွေ အများကြီး အမှားအယွင်းလုပ်မိနေသေးတယ်။ သူတို့နှစ်ယောက် အေးအေးဆေးဆေး အဆုံးသတ်ကြဖို့ ဆုံးဖြတ်လိုက်ကြတာ။
အိုး.. ဒီလိုလား .. အဲ့လို ဖြစ်ခဲ့တာကိုး ကျီရှင်းက သူ့အစ်မအတွက် ကောင်းကောင်း ပြန်ဖြေပေးလိုက်တော့ ထိုအမျိုးသမီးကြီးများ အသေးစိတ် သိချင်နေတာတွေ ရပ်သွားတော့သည်။
ခဏကြာပြီးတော့ ယန်မေ့ရုန်က အစားအသောက်များ တည်ခင်းဧည့်ခံလေသည်။
ဟင်းအမယ် ရှစ်မျိုး ရှိနေပြီး၊ ဟော်မြန့် ဝယ္လာတဲ့ ကိတ္က အလယ်မှာ တင်ထားလေသည်။ ယန်မေ့ရုန်၊ ဟော်မြန့် ၊ ကျင်းကျီရှင်း အပြင်၊ သက်လတ်ပိုင်း အမျိုးသမီး သုံးယောက်၊ အဲ့ထဲက အန္တီဝူကေတာ့ ယန်မေ့ရုန်နဲ့ အရင်းနှီးဆုံး ဖြစ်သည်။ တခြားနှစ်ယောက်ကိုတော့ ဟော်မြန့် သူတို့ကို သဘောမကျမိပေ။
သူတို့က မချမ်းသာကြတာကြောင့် မဟုတ် .. အဲ့ဒါက သူတို့ဟာ အမြင်ကျဉ်းမြောင်းပြီး၊ နှမြောတွန့်တိုတတ်သူတွေ ဖြစ်တာကြောင့်ပင် ။ သူတို့က သူတစ်ပါးကို အသာစီးယူရတာ၊ သူမ်ား မိသားစုတွေ အကြောင်း ပြောရတာ ကြိုက်နှစ်သက်ကြသူတွေ ဖြစ်ပြီး ၊ ကိုယ့်ဖို့သာ သိသူတွေလည်း ဖြစ်ကြသည်။ သူတို့က ပိုက်ဆံမရွိသူဆို အထင်အမြင်သေးစွာ ကြည့်တတ်ကြ၏။
အန္တီဝူရဲ့သား က အသက်သုံးဆယ်ရှိပြီဖြစ်ပြီး၊ လူလွတ်တစ်ယောက် ဖြစ်ကာ ၊ အန်တီကိုယ်တိုင်ကလည်း ချမ်းသာကြွယ်ဝသူ ဟု ပြောနိုင်သည်။ သူ့မှာ တိုက်ခန်း နှစ်ခန်း၊ မြို့ထဲမှာ စတိုးဆိုင်တစ်ဆိုင် ပိုင်ဆိုင်ကာ ၊ သားဖြစ်သူကလည်း ဘဏ်ဝန်ထမ်းဖြစ်သည်။ သူက အကြိမ်များစွာ မိန်းကလေးများနဲ့ မိတ်ဆက်ပွဲတွေ သွားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပေ။ အကြိမ်အများစုက မိန်းကလေးဘက်က မိသားစု နောက်ခံက သူတို့နဲ့ မကိုက်ညီလို့သာ ဖြစ်သည်။
မေမေ .. Happy Birthday ဟော်မြန့်က မိခင်အတွက် ဝယ္လာတဲ့ ဝတ်စုံကို ထုတ်ပေးလိုက်သည်။
တံဆိပ္ကို ကြည့်ပြီးတော့ အန္တီဝမ္က မေးလာသည်။ အိုး ဘုရားရေ .. ဒါ Girdear မဟုတ္လား .. ဒါက ဈေးပေါတဲ့ တံဆိပ္မဟုတ္ဘူးပဲ ။ မြန့် .. နင် ဘယ်လောက်တောင် သုံးလိုက်ရလဲ
သိပ္မမ်ားပါဘူး
အဲ့ဒီသိပ္မမ်ားတာက ဘယ်လောက်လဲ အန္တီဝမ္က စစ်ဆေးလာသည်။
တစ်ထောင့်နှစ်ရာကျော်ရုံလေးပါ
ယွမ် ၁၂၀၀ က များတယ်လေ။ မင်းက တစ္လမွ ယွမ် ၂၀၀၀ လောက် ရတာ မဟုတ္လား ။ ကျွတ်.. ကျွတ်.. ဒီလောက်ဈေးကြီးတဲ့ ဝတ်စုံကို မင်းဝယ်လာတယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး
အန်တီဝမ်ရဲ့ စကားလုံးတွေက အထင်အမြင်သေးသော အရိပ်အငွေ့များ လွှမ်းနေလေသည်။
ယန်မေ့ရုန်က အကျီကို ကြည့်လိုက်ပြီး ပုံမှန်ပင် ပြောလိုက်သည်။ ဒါကြောင့် သမီးတွေက ပိုကောင်းတယ်လို့ ပြောကြတာပေါ့။ သူ က တစ္လကို ယွမ် ၂၀၀၀ ပဲ ရှာနိုင်ပေမဲ့ မအေအတွက် အကျီတစ်ထည်ကို ယွမ် ၁၂၀၀ လောက်သုံးပြီး ဝယ်ပေးချင်စိတ် ရှိတယ်လေ။ တချို့သားတွေဆို ယွမ် တစ်သောင်းကျော်လောက် တစ္လ ဝင်ငွေ ရနေလည်း သူတို့အမေကို ဘာမွ ဝယ်ပေးကြတာ မဟုတ္ဘူး
အန္တီဝမ္က ရှက်ရွံ့ကာ ချက်ချင်း နှုတ်ပိတ်သွားတော့သည်။
သိရသလောက်တော့ သူ့မွေးနေ့တုန်းက သားဖြစ်သူဟာ သူ့ကို ဖုန်းတောင် မဆက်ပေ။ သူ မေ့နေတာ ဖြစ်နိုင်လောက်သည်။ သူ့သားက စင်ကာပူ တက္ကသိုလ်မှ ဘွဲ့ရတာ ဖြစ်ပြီး နိုင်ငံခြားသားပိုင် လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်သည်၊ ထို့ကြောင့် သူ့ တစ္လစာ ဝင်ငွေဟာ ယွမ် တစ်သောင်းငါးထောင်ကျော်လေသည်။
မဆိုးပါဘူး.. ငါ့သူငယ်ချင်းကြီးရဲ့ ..။ နင်က သား၊သမီး ကောင်းတွေ ရထားတာပဲ ။ ကျီရှင်းကလည်း ကျောင်းတက်တုန်းပေမဲ့ ငွေစုပြီး နင့်ကို ဖိနပ်တစ်ရံ ဝယ်ပေးတယ်။ နင် သူတို့ကို ဘာမှတောင် သိပ်မပြုစုခဲ့ရဘဲနဲ့
ထိုအခိုက် အျခား သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အန်တီလျို က နှုတ်ဖွာစွာဖြင့် ကျင်း သာ ရှိနေရင် ပိုကောင်းမှာပဲ ။ နင်တို့ ပျော်ရွှင်ရတဲ့ မိသားစုလေး ဖြစ်နေကြမှာ ။ အခုက စိတ်မကောင်းစရာ.. ဒါ ..
ဦးလေးကျင်းရဲ့ နာမည်ကို ကြားရတော့ ဟော်မြန့် မျက်လုံးများ နီလာပြီး .. လည်ချောင်းထဲ တစ်ဆို့လာသလို ခံစားလိုက်ရလေသည်။
-
အခန်း ( ၁၆၇ )
A Heart-to-Heart
ဟော်မြန့် တွေးမိတာက ဒီ ဝမ်းနည်းစရာအကြောင်းတွေကြောင့် မိခင်ဖြစ်သူက သူ့ကို ထပ်ပြီး မတူညီစြာ ဆက်ဆံပေဦးတော့မည် ဟူ၍။
သို့ပေမဲ့ ၊ သူ အံ့သြသွားရတာက ၊ ယန်မေ့ရုန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူသေတာဖြင့် ကြာလှပြီ၊ ဘာလို့ ပြောနေသေးတာလဲ။ ငါ ဒီနေ့ ပျော်နေတာကို ၊ စားစရာတွေသာ ပျော်ပျော်ကြီး စားကြစမ်းပါ
ယန်မေ့ရုန်ဆီက ဒီလိုစကားမျိုး ကြားရတော့ အမျိုးသမီးကြီးတွေအကုန်လုံး တခြားအကြောင်းအရာကို ပြောင်းပြောကြလေတော့သည်။
ညစာ စားနေစဉ်အတွင်း ဟော်မြန့် မီးဖိုဆောင်ဘက် ထမင်း သွားထပ်ယူစဉ် ကျင်းကျီရှင်းက သူ့နောက်က လိုက်လာ၏။
မမ.. အဲ့ဒီအဒေါ်ကြီးတွေ ပြောတာ မေ့ထားလိုက်ပါ။ သူတို့က ဒီလိုပဲ အတင်းအဖျင်း ပြောချင်ကြတာ
မမ သိပါတယ်။ မေ့တောင် မေ့နေပါပြီ
အဲ့ဒါ ကောင်းတယ်။ မမကြည့်ရတာ ဒီရက်ထဲ အလုပ်သိပ်များပုံ မရဘူး။ ဟုတ္လား။ ကျင်းကျီရှင်း က သူ့အစ်မကို မေးလာသည်။
အင်း ..ဆေးရုံက မမကို နားရက် သုံးရက် ပေးထားတယ်။ ဒီတော့ မမ မွာ လုပ္စရာ သိပ်ရှိမနေဘူး
ကောင်းတာပေါ့ .. မမ ဒီနေ့ အလုပ်သွားဖို့ မလိုဘူးဆိုရင် ဒီည ဒီမွာ အိပ်လေ။ မမ ညအထိ မေနတာ ဘယ်လောက် ကြာနေပြီလဲ။ ကျင်းကျီရှင်း က သူ့ကို ခွေးပေါက်လေးလို တဖိတ်ဖိတ်လက်နေတဲ့ မျက်လုံးလေးများဖြင့် ကြည့်နေလေသည်။ အစ္မျဖစ်သူကို သူ တော်တော်လေး ချစ်မြတ်နိုးသည် .. သူတို့ ငယ်ငယ်တုန်းကဆို.. သူနဲ့ မမ တို့ ခြံထဲက သစ်ပင်အိုကြီးရဲ့ အောက်မှာ တူတူ ပုန်းတမ်း ကစားကြသည်။ သူတို့ ပင်ပန်းလာရင် သစ်ပင်အောက်မှာပဲ အိပ်ပျော်သွားတတ်သည်။ ပြီးရင် ဟော်မြန့်က သူ့ကို ဂရင်းရဲ့ ပုံပြင်များ စာအုပ်ထဲက ပုံပြင်တွေကို ပြန်ပြောပြလေ့ရှိသည်။
မမက ဥာဏ်ကြီးရှင်တစ်ယောက် .. ဂရင်းရဲ့ ပုံပြင်များ စာအုပ္က အရမ်းထူသည်၊ အရင်တုန်းက ကျီရှင်းက စာလုံးတွေတောင် သေသေချာချာ မမှတ်မိသေးခင်မှာ၊ ဟော်မြန့်က အဲ့ဒီစာအုပ်ကြီးကို သူ့ဘာသာ ပြောသလိုမျိုး အလွတ် ပြန်ပြောပြနိုင်နေလေပြီ။
အစ်မဖြစ်သူအတွက် သူ အျမဲ ဂုဏ်ယူခဲ့ရသည်။ သူ့ မွေးဖခင် ကျင်းတဲ့ က အစ်မဖြစ်သူကြောင့် သေဆုံးခဲ့ရပေမဲ့ မမကို သူ ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါ.. နည်းနည်းမှကို မတင်ခဲ့တာပါ။
ဟော်မြန့် ဘက္ကေတာ့ သူ့မောင်လေးက နွေးထွေးပြီး ဖော်ဖော်ရွေရွေ ရွိသူ တစ်ယောက်ဖြစ်သည်ဟု အျမဲပဲ တွေးမိသည်။ သူက ပူပင်ကြောင့်ကြမဲ့သော၊ ဖြူစင်ရိုးသားသော သူတစ်ယောက်လည်း ဖြစ်သည်မို့ သူ့ကို ကာကွယ်ပေးချင်မိခဲ့သည်။
အထူးသဖြင့် ဦးလေးကျင်း ကွယ်လွန်ပြီးနောက် ၊ ကျီရှင်းဆီမှာ ဘာကို ထိခိုက်စေခွင့် မပြုနိုင်။
ဟုတ်ပြီလေ ကျီရှင်းရဲ့ တောင်းဆိုမှုကို နည်းနည်း စဉ်းစားပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယေး မိုက္တယ္ကြ ကျီရှင်းတစ်ယောက် အပျော်လွန်နေလေပြီ။
ညစာစားပြီးတော့ တျခား အမျိုးသမီးကြီးတွေ ပြန်သွားကြချိန်မှာ ဟော်မြန့်က မိခင်ကို ကူညီပြီး ပန်းကန်ခွက်ယောက်များ ဆေးကြောပေးနေလေသည်။ ပန်းကန်ဆေးနေရင်း၊ မပွင့်တပွင့်လေသံဖြင့် မေမေ .. ကျန်းဟုန်က ရှေ့ရက်တွေတုန်းက က်မကို လာရှာတယ်။ ပြီးတော့ သူက က်မကို ပြန်လာချင်လားတဲ့ မေးတယ်
သူ နင့်ကို ဆက်သြယ္လာတာ ဘာမွ ကောင်းတာဖြစ်ဖို့ မရွိဘူး
ဒါက ဟော်မိသားစုရဲ့ အိမ်တွင်းစစ်ကြောင့်ပါ.. မယားကြီးနဲ့ မယားငယ် တို့ တိုက်ခိုက်ကြတဲ့ပွဲလေ
ဒါဆို ကောင်းတာပေါ့။ သူတို့ သေတဲ့အထိ တိုက်ကြဖို့ မျှော်လင့်တယ်။ အဲ့ဒီ အသည်းနှလုံးမရှိတဲ့ဟာကြီးကိုလည်း သေစေချင်သေးတယ်။ ယန်မေ့ရုန်ရဲ့ နှလုံးသားက ဟော်ကျန်းဟိုင်ကို တွေးလိုက်မိသည်နှင့် မကျေမချမ်း ဖြစ်ခြင်းဖြင့် ပြည့်နှက်လာလေသည်။
အရင်တုန်းက သူသည် နာမည်ကျော်သရုပ်ဆောင်တစ်ယောက် အဖြစ် နေသားကျနေပြီးသား ဖြစ်သည်။ သူ့ရှေ့မှာ တောက်ပတဲ့ အနာဂတ်လမ်း ရှိနေလေပြီး၊ သူ့ရဲ့ ဘဝတစ်ခုလုံးကို ဒီလူယုတ်မာက ဖျက်ဆီးနှောင့်ယှက် သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မေတြးမိခဲ့။
အဆုံးမတော့ .. သူက သူ့ကလေးကိုတောင် အသိအမှတ်မပြုသည့်ပြင်၊ အဲ့ဒီ နှုတ်သီးကောင်းလျှာပါးမ ရှန်းကျားနီကို ဒီအခြေအနေပေါ် အခွင့်အရေးယူစေခဲ့သည်။
က်မ မသြားပါဘူး။ သူတို့ အမွေဆက်ခံခွင့်တွေကို စိတ်မဝင်စားပါဘူး။ အဲ့ဒီမိသားစုက တစ်ယောက်ကိုမှလည်း စိတ်မဝင်စားဘူး။ ဟော်မြန့်က မိခင်ဖြစ်သူကို သူ ခံစားရတာတွေကို ပြောပြနေလေသည်။
ယန်မေ့ရုန်က သူ့လုပ်လက်စတွေကို ရပ်တန့်လိုက်ပြီး .. ဟော်မြန့်ဘက် လှည့်ကြည့်လိုက်သည်။
နင့်အတွက် ဒီလိုတွေးရတာ အခက်တွေ့မှာပဲ
ကျမတို့ ဖြတ်သန်းလာခဲ့ပြီးတဲ့ နာကျင်မှုတွေကို ထပ်မလိုချင်တော့ဘူး။ က်မ ငွေကို ဂရုမစိုက္ဘူး။ ငွေပိုများလေ၊ ပြဿ နာ ပိုများလေပဲ။ က်မရဲ့ ကျန်တဲ့ ဘဝသက်တမ်းကို မေမေရယ်၊ ကျီရှင်းရယ် နဲ့ပဲ အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်။ ကျီရှင်း အိမ်ထောင်ကျသွားရင်၊ မေမေ့ကို တောင်ဘက်ပိုင်းကို ခေါ်သွားမယ်။ ကျမတို့ ကိုယ့်တိုင်းပြည်ရဲ့ တောင်တန်းတွေနဲ့ မြစ်တွေရဲ့ အလွအပကို ခံစားကြည့်ဖို့ အခွင့်အရေးရမှာပါ။
ဟော်မြန့်ရဲ့ စကားလုံးတွေက ယန်မေ့ရုန်ကို စိတ်လှုပ်ရှားသွားစေလေသည်။
ကျင်းတဲ့ ကွယ်လွန်ပြီးချိန်ကတည်းက သူအမြဲတမ်း ဟော်မြန့်ကို ဖြစ်ခဲ့တာတွေအတွက် အပြစ်တင်နေခဲ့သည်။ အမွန္တကယ္ကေတာ့ သူ့သမီးဖြစ်သူကို သူ တကယ်မုန်းနေတာ မဟုတ်ပါဘူး။ အမွန္တရားကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို မသိတတ်သေးတာပါ။
နင် လည်း မငယ်တော့ဘူး။ တစ်နေ့တော့ နင်လည်း လက်ထပ်ရမှာပဲ ။ နင်ရဲ့ ကျန်တဲ့ဘဝသက်တမ်းကို အတူဖြတ်ကျော်မဲ့ လူကောင်းလေးတစ်ယောက်လောက် ရှာကြည့်ထားဦး။ ချမ်းသာတဲ့သူကို မရှာနဲ့ ၊သူက ငါတို့ကို အထင်အမြင်သေးလိမ့်မယ်။ ပြီးတော့ နင်တို့ ဆက်ဆံရေးကလည်း ကျောက်ခင်းလမ်း ပဲ ဖြစ်နေလိမ့်မယ်
မိခင်ဖြစ်သူရဲ့ စကားကို ကြားရတော့ ဟော်မြန့်စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားရလာမိလေသည်။
မိခင်ဖြစ်သူသာ ချင်းချူနဲ့ သူ လက်ထပ်ထားတာတွေ သိသွားရင် ၊ ရူးတောင်သွားနိုင်လောက်သည်.. မဟုတ္လား။
မေမေ.. မေမေ့ကျန်းမာရေးက အရင်လို ကောင်းတော့တာ မဟုတ္ဘူး။ ဘာလို့ စတိုးဆိုင်လေးကို မပိတ်သေးတာလဲ။ ကျမတို့ ဒီအိမ္ကို ရောင်းပြီးရင် ၊ မြို့ထဲမှာ တိုက်ခန်းတစ်ခန်း ဝယ်နိုင်တာပဲ။ အေမ အေးအေးဆေးဆေး နားနေနိုင်တာပေါ့ ဟော်မြန့် မွာ ငွေကြေးပြတ်လပ်ခြင်းဆိုတာ ထပ်ရှိလာတော့မှာ မဟုတ်။ သူ့မိခင်ကို ဒီနေရာကို ရောင်းပစ်စေချင်မိသည်။ သူ မြို့ထဲက တိုက်ခန်းတစ်ခန်းစာအတွက် ကနဦးပေးချေမှုလောက်တော့ ထောက်ပံ့ပေးနိုင်သည်လေ။ အဲ့ဒီမွာ သူတို့ သုံးယောက် အတူ နေနိုင်ကြမယ် မဟုတ္လား။
-
အခန်း (၁၆၈)
Untangling Knots
ဟင့်အင်း ၊ ရပါတယ်။ ငါတို့ ဒီမွာ နေရတာ အသားကျနေပြီ။ ဒီက အိမ်နီးနားချင်းတွေနဲ့ ရင်းနှီးနေပြီးသားဆိုတော့ နောက်ထပ် နေရာအသစ် မရွှေ့ချင်တော့ဘူး။ ဒီနားက မိန်းမတွေက ပါးစပ်ဖွာပေမဲ့ သူတို့က မကောင်းတဲ့သူတွေတော့ မဟုတ်ပါဘူး။ နင်တို့ ဦးလေးကျင်း မရှိတော့ပေမဲ့ ငါတို့ သုံးယောက်ကို အများကြီး ကူညီပေးခဲ့တာပဲ။ ငါ ဒီနေရာကို သဘောကျတယ်။ နောင်ကျရင် .. နင်နဲ့ ကျီရှင်းတို့ နှစ်ယောက်လုံး မိသားစုကိုယ်စီနဲ့ ဖြစ်သွားတဲ့အခါ နင်တို့ ဆန္ဒရှိရင် မကြာခဏ လာလည်ကြပေါ့ ။ အနည်းဆုံးတော့ ငါ ဒီမွာဆို ပျင်းနေရမှာ မဟုတ်ဘူးလေ
ယန်မေ့ရုန်က ထွက်သွားတော့မည် အပြု..
မေမေ.. က်မ စိတ်မကောင်းပါဘူး ဟော်မြန့် အပြစ်ရှိသူလို ခေါင်းငုံ့ထား၏။
စိတ်ထဲ မထားစမ်းပါနဲ့ ။ ဘာဖြစ်ခဲ့ဖြစ်ခဲ့ ငါနင့်ကို အပြစ်မတင်နိုင်ပါဘူး။ ရှေ့ရက်တုန်းက .. ငါ ဘုရားကျောင်းမှာ အမွှေးတိုင် သွားပူဇော်သေးတယ်။ ဘုန်းကြီးက Buddha ရဲ့ ကျမ်းစာတွေကို ရှင်းပြတာကို နားထောင်ခဲ့ရတယ်။ သူ ပြောတဲ့အကြောင်းရဲ့ အတွင်းနက်နက်ရှိုင်းရှိုင်းအထိ နားမလည်ပေမဲ့ ငါနားလည်လိုက်တာက .. ဒီကမ္ဘာမှာ လူသားအဖြစ် မွေးဖွားလာဖို့ရာ အရမ်းကြာတယ်တဲ့၊ အရာအားလုံးက အကြောင်းနဲ့ အကျိုးကြောင့် လှည့်ပတ်နေကြတာတဲ့လေ။ နင်တို့ ဦးလေးကျင်းရဲ့ သေဆုံးမှုက သူ့ကံကြမ္မာကြောင့်ပါ။ မင်းကို ကယ်ဖို့အတွက်နဲ့ မသေဆုံးခဲ့ရဘူး ဆိုရင်လည်း ၊ သူ တျခား အခက်အခဲနဲ့ ရင်ဆိုင်ရဦးမှာပဲ
မေမေ.. မိခင်ဖြစ်သူရဲ့ နှုတ်က ဒီလို စကားမျိုး ထြက္လာတာကို ဟော်မြန့် အံ့သြနေမိသည်။
နောက်တော့မှ သူ နားလည်လိုက်မိတာက ၊ သူတို့ကြားမှာရှိတဲ့ အဖုအထုံးက အနည်းငယ် ပြေလျော့လာနေပြီ ဆိုတာပဲ ဖြစ်သည်။
အနည်းဆုံးတော့ မိခင်ဖြစ်သူက ဦးလေးကျင်းကွယ်လွန်မှုကြောင့် သူ့ကို အပြစ်မတင်နေတော့ဘူးလေ။ ဒီလို ဟော်မြန့်ကို နှစ်သိမ့်ပေးလိုက်ရတာက သူ့ပခုံးပေါ်မှာ ကာလမ်ားစြာ တင်နေတဲ့ ဝန်ထုပ်ဝန်ပိုးကြီး က်သြားသလို ခံစားရစေသည်။
နင့်လစာက သိပ်မများပေမဲ့ ၊ နေဖို့တော့ လောက်တယ် မဟုတ္လား။ နင် ကျီရှင်းကို ငွေထပ်ပေးနေစရာ မလိုတော့ဘူး။ ငါ ဒီအတောအတွင်းမှာ ငွေစုထားတာ နည်းနည်း ရှိတယ်။ ကျီရှင်းလည်း မကြာခင် ဘွဲ့ရတော့မှာ ဆိုတော့ ငါတို့ သူ့ကို မိန်းမကောင်းလေး ကူရှာပေးပြီး၊ မိသားစုလေး ရှိအောင် လုပ်ပေးရမယ်။
မေမေ.. စိတ်မပူပါနဲ့ ။ က်မ သူ့ကို ကူရှာပေးပြီး၊ တိုက်ခန်းတစ်ခန်း ဝယ်ပေးပါ့မယ်
နင် လုပ်နိုင်တာပဲ လုပ်စမ်းပါ။ သူက ယောက်ျားတစ်ယောက်ပဲ၊ သူဘာသာလုပ်နိုင်တာ လုပ်ပါစေ။ သူက တို့မိသားစုရဲ့ အခြေအနေကို နားမလည်တာလည်း မဟုတ္ဘူး
သူ နားလည်ပါတယ် မေမေ .. ကျီရှင်းက လိမ္မာတဲ့ ကေလးပါ။ သူက ငွေကို မလိုဘဲ မသုံးပါဘူး
ဦးလေးကျင်း ကွယ်လွန်ပြီးနောက် ..နှစ်များစွာ မိခင်ဖြစ်သူနှင့် ဟော်မြန့် အခုလို ငြိမ်းငြိမ်းချမ်းချမ်း စကားပြောဆိုနိုင်ခဲ့ခြင်း မရှိခဲ့ကြပေ။ ကာလကြာရှည်စွာ မရနိုင်ခဲ့တဲ့ ခံစားချက်မျိုးကို အခု ခံစားနေရတော့ စိတ်ထိခိုက်မိလေသည်။
အဲ့ဒီညမွာ ကျီရှင်းက စိတ်လှုပ်ရှားပျော်ရွှင်နေပြီး၊ ဟော်မြန့်နဲ့ သူ ခြံဝန်းထဲက ကျောက်ခုံလေးတွေမှာ ထိုင်ရင်း စကား အများကြီး ပြောဖြစ်ခဲ့ကြသည်။
ရုတ်တရက် ဟော်မြန့်ဆီ WeChat မက်ဆေ့ခ်ျ တစ်စောင် ရောက်လာ၏။
စိတ်လှုပ်ရှားစွာဖြင့် ဟော်မြန့် ဖုန်းကို တစ်ချက် ခိုးကြည့်လိုက်သည်။
အဲ့ဒါက ချင်းချူဆီမှ ဖြစ်သည်။
မင်း ဘယ်မှာလဲ ချင်းချူ မေးထားတာ ဖြစ်၏။
အိမ်မှာ သူ့အဖြေက ခပ်တိုတိုပင် ..
ကိုယ်လည်း အိမ်မှာလေ.. ဒါပေမဲ့ မင်း ဒီမွာ ရွိမေနပါဘူး ချင်းချူ က သူ အင်ပါယာဝင်းမှာ ရှိနေသည်ဟု တွေးနေတာ ဖြစ်သည်။
က်မ အမေ့အိမ်မှာ ၊ ဒီနေ့က သူ့မွေးနေ့ဆိုလေ၊ အဲ့ဒါကြောင့် အိမ္ကို ပြန်မလာတော့ဘူး။ က်မ ဒီည ဒီမှာနေမလို့
အော် ချင်းချူက စကားတစ်လုံးတည်း ဖြင့်သာ သိကြောင်း ပြလိုက်သည်။
သူက ဟော်မြန့်ကို ခေါ်ပြီး မြို့မြောက်ဘက်ရှိ ပင်လယ်စာ စားသောက်ဆိုင် အသစ္ကို ခေါ်သွားမလို့ ဖြစ်သည်။ ဒါပေမဲ့ သူ အိမ်ပြန်ရောက်တော့ သူမေလးကို မတွေ့
ဟော်မြန့် အိမ်မှာ မရှိနေဘူး ဆိုတာ ကြားရတော့ ချင်းချူ ဘာမွ လုပ္စရာ မရှိတော့ ။ ထို့ကြောင့် ကုမဏီကို ပြန်မောင်းသွားလိုက်သည်။
လက်ထောက်ယန်က အိမ်ပြန်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်ပြီး၊ ဥက္ကဌ ရုံးခန်းထဲ ပြန်ဝင်လာတာ မြင်တော့ သူ သတိအေနအထား ဖြစ်သွားမိသည်။
ဥက္ကဌချင်း .. တစ္ခုခု ဖြစ်လို့လား
ဟင့်အင်း .. ငါ အလုပ်ခဏလောက် လုပ်ဦးမလို့
လက်ထောက်ယန်က မျက်နှာအိုသွားရသည်.. သူ့ဇနီးကို ခုဏလေးတင်ပဲ သူနဲ့ ရုပ်ရှင် သွားကြည့်ကြမည်ဟု ပြောခဲ့ပြီးပြီ ။ သူ့ဇနီးက လက်မှတ်ဝယ်ထားလိုက်မည်ဟု ပြောခဲ့သည်။ အခု သူမသွားဘူးဆိုရင် .. သူ့ဇနီးက သူ့ကို အရေဆုတ်ပေတော့မည်။ နောက်ဆုံးတော့ စိတ်ပျက်ခြင်းကြီးစွာဖြင့် ရပ်နေမိတော့သည်။
မင်းမှာ သြားစရာ ရှိနေလို့လား ချင်းချူက လက်ထောက်ယန်ရဲ့ ငြင်းဆန်ချင်နေတဲ့ အမူအယာကို သတိပြုမိသွားသည်။
ဥက္ကဌချင်း .. မကြာခင်ကမှ ရုပ်ရှင်ကားတစ်ကား ထွက်လာတယ်လို့ ကြားထားတယ်။ အဲ့ဒါ မှတ်ချက်ကောင်းတွေလည်း ရထားတယ်တဲ့ လက်ထောက်ယန်က ဖြည်းဖြည်းချင်း ပြောနေ၏။
ဒီတော့ .. ချင်းချူက လက်ထောက်ယန်ကို မေးလိုက်သည်။
ဒီတော့ .. ကျတော်ဇနီးနဲ့ အတူ ရုပ်ရှင်ကြည့်ဖို့ ကျတော် အရင်ပြန်သွားမယ်ဆို ရမယ္မလား။ သူက လက်မှတ်တောင် ဝယ်ထားပြီးနေပြီ။ ကျတော် မသွားရင် သူ ကျတော့်ကို သတ်လိမ့်မယ်
သိသာစွာပင် .. လက်ထောက်ယန်က သူ့ဇနီးကို ကြောက်ပုံရ၏။
မင်း ရုပ်ရှင်သွားကြည့်လို့ အလုပ်ဖြုတ်ခံရမယ်ဆိုတာ သူသိရင်ရော မင်းကို သတ်ဦးမှာလား ချင်းချူက ခပ်တည်တည်နဲ့ မေးလိုက်သည်။
လက်ထောက်ယန်က မျက်ရည်ကျလုနီးပါး ဖြစ်သွားရကာ ဥက္ကဌချင်း ကျေးဇူးပြုပြီး ..
ဘယ်ရုပ်ရှင်ရုံမှာလဲ ချင်းချူက ကြုံရာ မေးလိုက်တာဖြစ်၏။
ပထမပတ်လမ်းပေါ်က Wanda ရင်ပြင်မှာပါ လက်ထောက်ယန်က သူ့သူဌေးကို နာကျည်းတဲ့ အကြည့်တွေနဲ့ ကြည့်နေလေ၏။
ချင်းချူ ထရပ်လိုက်ပြီး.. သွားကြရအောင် .. ငါ မင်းကို လိုက်ပို့ပေးမယ်
ဗ်ာ လက်ထောက်ယန်တစ်ယောက် တမဟုတ်ချင်း ကြက်သေသေသွားတော့သည်။ သူ သွေးလေချောက်ခြားသွားတာများလား ..
-
အခန်း (၁၆၉)
Exposed
သွားလေ.. မင်းက အချိန်ပို ဆင်းချင်နေလို့လား။ ချင်းချူက အေးစက်စက် အမူအယာဖြင့် မေးလာသည်။
ဟင့်အင်း .. မဆင်းချင်ပါဘူး
လက်ထောက်ယန် သံသယရှိနေတာက ဒီနေ့က သူ ကံကောင်းနေတာလားလို့ပင် .. အရမ်းကံကောင်းလွန်းလို့ သူ့သူဌေးက သူ့ကို ရုပ်ရှင်ရုံကိုတောင် ကားမောင်း ပို့ပေးဦးမတဲ့။
ဒါပေမဲ့ .. ပြဿ နာက .. သူသာ ဥက္ကဌရဲ့ Maybach ကြီးပေါ် တက္လိုက်သြားရမွာလား။ ဒါဆိုရင် သူ့ Volkswagen CC လေးကို ဘယ္လို လုပ်ရမှာတုန်း.. ။ သူ့ကားကို ကုမဏီ ကားပါကင်မှာ ထားခဲ့လို့ ရေပမဲ့ မနက်ဖြန်မနက်ကျတော့ရော .. ။ သူ အလုပ္ကို ဘတ်စ်နဲ့ လာရေတာ့မွာလား။
အဲ့ဒါက ပြဿ နာ မဟုတ်သေးဘူးဆိုရင်၊ နောက်ထပ် ပြဿ နာက ဘာကြောင့်မှန်းမသိ ၊ သူ့သူဌေး GK ရဲ့ ဥက္ကဌက သူ့ကို ကားမောင်းပို့ပေးမယ်ဆိုတာက ဂုဏ်ယူနေရမည်လေလား။
တကယ်တော့ .. သူ မသိတာက ၊ ချင်းချူ သူ့ကို ကားမောင်းပို့သည်ဆိုသည်က သူ့ဇနီးက သူ့မိဘအိမ် ရောက်နေသည်ဆိုတော့ ၊ သူ အလွန်အမင်း ပျင်းရိ ငြီးငွေ့နေသည်ကြောင့် ဖြစ်သည်။
ဒါ့အပြင် သူ့လက်ထောက်ကို ကားမောင်းလိုက်တော့ သူလည်း ရုပ်ရှင် ကြည့်လို့ ရနိုင်သည် မဟုတ္လား။
သူတို့ ရုပ်ရှင်ရုံကို ရောက်တော့ ယန်ရဲ့ ဇနီးဖြစ်သူ မျက်နှာက ခင်ပွန်းဖြစ်သူနှင့်အတူ နောက်တစ်ယောက်ကို မြင်လိုက်ရတော့ အံ့သြသွားသည်။ ခင်ပွန်းဖြစ်သူကို တီးတိုး ကပ်မေးရ၏။ အဲ့ဒါ ဘယ်သူလဲ
ကို့ သူဌေး
ချင်း ဥက္ကဌ ချင်း လား ။ ယန့်ဇနီးက ရှော့ခ်ရသွားတော့သည်။
သူ ခေါင်းညိတ်ပြလိုက်၏။
ဥက္ကဌချင်း .. ဟား.. ကျတော်တို့ ရောက်ပြီ။ ဆရာ အိမ်ပြန်လို့ ရပြီလေ.. ကျတော်တို့ သွားတော့မယ် ယန္က သူတို့ ရုပ်ရှင်ရုံ အပြင်ဝရောက်တော့ ဘေးက အပို ခြုံပုတ်ကို ရိုက်ထုတ်တော့သည်။ (XD)
ငါလည်း ကြည့်ချင်တယ်။ ငါ့ကို လက်မှတ် တစ်စောင်ယူပေး အဲ့ဒီနောက် ချင်းချူက ယွမ် ရာတန် အနည်းငယ်ကို သူ့ပိုက်ဆံအိတ်ထဲက ဆွဲထုတ်လိုက်ပြီး ယန့် လက်ထဲ ထည့်ပေးလိုက်သည်။
အမ်.. အဲ့လောက် မကုန်ပါဘူး ယန် က သူ့သူဌေးဟာ အရင်တုန်းက တခါမွ ရုပ်ရှင် မကြည့်ဖူးဘူးဆိုတာ သေချာသလောက် ဖြစ်သွားရ၏။ ဘယ္လိုလုပ္မ်ား လူတစ်ယောက်က ရုပ်ရှင်လက်မှတ် ဈေးတောင် မသိနိုင်ရတာလဲ။
သို့ပေမဲ့ ခဏကြတော့ ယန်တစ်ယောက် ခေါင်းငိုက်စိုက်ချကာ ပြန်ရောက်လာ၏။
အကြောင်းကတော့ .. ။ ဒီရုပ်ရှင်ကားရဲ့ လက်မှတ်တွေက အကုန် ရောင်းကုန်သွားပြီတဲ့လေ။
ဥက္ကဌချင်း.. ဟား.. တျခားတစ္ကား ဘာလို့ မကြည့်တာလဲ ။ Captain America တခြားရုံမှာ တင်နေတယ်လေ။ အဲ့ဒါလည်း အရမ်း ကောင်းတယ်
မင်းတို့ ကြည့်တဲ့ ရုပ်ရှင်က ဘာကားလဲ
Finding Mr.Right 2 ပါ ။ ကျတော့်အမျိုးသမီးက အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တယ်။ အဲ့တော့ ကျတော်လည်း ရွေးစရာမရှိတော့ဘူး ။ ယန္က သူ့ကို ကြည့်ကာ ဆိုလာ၏။
ဒါဆို ငါလည်း အဲ့ဒါပဲ ကြည့်ချင်တယ် ချင်းချူက ခေါင်းမာနေဆဲ ဖြစ်၏..
အဲ့ဒါက ယန့်ကို အခက်တွေ့အောင် လုပ်နေသလိုပင်။ ဒီရုပ်ရှင်အတွက် လက်မှတ် ၂ စောင်ပဲ ကျန်တော့တာ၊ အဲ့တော့ ဥက္ကဌချင်းပါ ကြည့်မယ်ဆိုရင် .. တစ်ယောက်က သူ့အတွက် လက်မှတ် ၁ စောင် ပေးပေး ရတော့မှာပေါ့။
ဒါပေမဲ့ ယန္က သူ့ဇနီးကို သူဌေးနဲ့အတူ ရုပ်ရှင်ကြည့်ဖို့ မလွှတ်နိုင်ဘူးလေ။ ဥက္ကဌချင်းကလည်း သူ့ဇနီးကို ရိုက်နှက်တာတွေ လုပ်မှာ မဟုတ္တာ သိပေမဲ့ ၊ အကြောင်းက သူ့ဇနီးက ဥက္ကဌချင်းကို ရိုက်နှက်မှု ကျူးလွန်တာ ဖြစ်စေနိုင်လောက်သည်။
နောက်ဆုံးတော့ ယန် သူ့လျှာကို ကိုက်ထားလိုက်ပြီး ၊ ဇနီးဖြစ်သူကို ညှိနှိုင်းဖို့ လာခဲ့လိုက်ရတော့၏။
ဇနီးဖြစ်သူက Captaing America ကို မျက်ရည်ဝိုင်းကာ ကြည့်နေစဉ်မှာ သူနဲ့ သူ့သူဌေးတို့ အတူသြားကာ Finding Mr.Right 2 ကို ကြည့်ကြရ၏။ အမျိုးသမီးက ခေါင်းအစ ခြေအဆုံး တရုတ် အိမ်ထောင်ရှင် အမျိုးသမီး စစ်စစ် ဖြစ်ကာ အမေရိကန် စူပါဟီးရိုး ရုပ်ရှင်များကို နည်းနည်းမှ စိတ်မဝင်စားပေ။ ဒါပေမဲ့ သူ ဘာမွ မတတ်နိုင်တော့ဘူးလေ။
သူတို့ထဲက ဘယ်သူကမွ ဥက္ကဌချင်ကို ကန်ထုတ်ရဲလောက်အောင် သတ္တိမရှိကြဘူး မဟုတ္လား။
ရုပ်ရှင်ပြီးတော့ ချင်းချူက အရမ်း ပျော်ရွှင်နေပြီး၊ အဲ့ဒီစုံတွဲကို အိမ်ပြန်ပို့ပေးဖို့ ကမ်းလှမ်းလိုက်သည်။ နောက်ထပ်ပြီး၊ ယန်ရဲ့ သားဦးလေးကို လက်ဆောင် လည်း ပေးခဲ့သေး၏။ လက်ဆောင် ငွေအိတ် အနီရောင်လေးထဲမှာ ယွမ် တစ်သောင်း ပါဝင်နေတာ ဖြစ်၏။
ယန်ရဲ့ အမျိုးသမီးကတော့ ငွေအိတ်အနီကို မြင်ရတဲ့အခိုက်မှာ ခုဏလေးတင် ရုပ်ရှင် လက်မှတ်ကိစ္စ အရှုံးကြီး ရှုံးခဲ့တာကို မေ့သွားလေတော့၏။
သူက ဖြေရှင်းချက် ပေးနေသေးသည်။ ကို့ သူဌေးက အရမ်းကောင်းတဲ့လူပဲ ။ သူက သဘောထားလည်း ကြီးတယ်။
ယန္က ဇနီးဖြစ်သူကို မျက်ဖြူလှန်ပြလိုက်ကာ မင်းပဲ သူ့ကို ခုဏတုန်းက နောက်ကွယ်မှာ တတိယဘီးပိုကြီး ဆိုပြီး ခေါ်နေတာ မဟုတ္ဘူးလား။ ပြီးတော့ မင်းရဲ့ ရုပ်ရှင်လက်မှတ်ကို ပေးလိုက်ရလို့ စိတ်ဆိုးနေခဲ့တာ မဟုတ္လား ။ မင်းရဲ့ သေဘာထား ပြောင်းလဲသွားတာ ကို ယုံတောင် မယုံနိုင်ဘူး ။ မိန်းမတွေက သူတို့ ကြံရွယ်တဲ့အတိုင်း ဘယ်တော့မှ ပြောမထွက်ဘူးပဲ
ဒါပေါ့ .. ရုပ်ရှင် လက်မှတ်က အဲ့လောက် မတန်ဘူးလေ ယန်ရဲ့ ဇနီးကေတာ့ ပျော်ရွှင်စွာ ပြန်ဖြေလိုက်သေး၏။
-
အိမ္ကို ပြန်လာတဲ့ လမ်းမှာ ချင်းချူကလည်း စိတ်ကြည်လင်နေတာ ဖြစ်၏။ ဒါက ပထမဆုံး အချစ်ဇာတ်လမ်း ရုပ်ရှင်ကို ကြည့်တာဖြစ်ပြီး၊ အရိုးသားဆုံး ပြောရရင် .. တခြားယောက်ျားတစ်ယောက်နဲ့ အတူကြည့်ရတာက နည်းနည်းတော့ အေနရခက္စရာ ဖြစ်နေခဲ့သည်။
သို့ပေမဲ့ ရုပ်ရှင်ကားရဲ့ အကြောင်းအရာကို သူ သဘောကျသည်။ ထို့ကြောင့် သူ အိမ္ကို ရောက်ပြီးတော့ ၊ သူ့ကွန်ပျူတာမှာ Finding Mr.Right 1 ကို ရှာဖွေလိုက်ပြီး အဲ့ဒါကို ကြည့်နေခဲ့လေသည်။
အဲ့ဒီ ပထမကားကိုလည်း သူ သဘောကျသည်။ ရုတ်တရက် သူ တွေးမိတာက ဟော်မြန့်ကို သူနဲ့အတူ Finding Mr.Right 2 ကို ကြည့်ဖို့ မနက်ဖြန် သူ ပြန်လာရင် ထပ်ခေါ်သွားသင့်လား ဆိုတာကိုပင် ဖြစ်၏။
အဲ့ဒီ အေတြး ကို တွေးမိနေတုန်းမှာပဲ သူ့ ကွန်ပျူတာ မျက်နှာပြင်မှာ ပေါ်လာနေတဲ့ ပြည်တွင်းသတင်းက သူ့အာရုံကို ဆွဲယူသွားလေတော့သည်။
နောက်ဆုံးစက်ရပ်သတင်း.. ပထမ ပြည်သူ့ဆေးရုံဟာ ဆရာဝန်-လူနာ ပြဿ နာတစ္ခုမွာ ပါဝင်နေခဲ့ပါတယ်။ ကျတော်တို့ ရရွိထားတဲ့ သတင်းများအရ ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးလူနာတစ်ယောက်ဟာ ညသန်းခေါင်အချိန်မှာ ဆေးရုံ အရးပေါ်ဌာနကို ပို့ဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့ တာဝန္က် ဆရာဝန္က အဲ့ဒီအချိန်မှာ ရွိမေနပါဘူး။ လေ့လာစမ်းသပ်တဲ့ အနေနဲ့ သူနာပြုတစ်ယောက်က အဲ့ဒီလူနာကို ခွဲစိတ်မှု လုပ်ဆောင်ခဲ့ပြီး၊ ခွဲစိတ်ကုသပြီးတဲ့နောက်မှာ လူနာဟာ နောက်ဆက်တွဲဝေဒနာကို တွေ့ကြုံခံစားနေရပါတယ်။ ကိုယ်ဝန်သည်လူနာနဲ့ မွေးကင်းစကလေးတို့ဟာ ခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ယခုအချိန်မှာ ခံစားနေရပြီး၊ ဆေးရုံကလည်း လူနာမိသားစုရဲ့ တင်ပြချက်တွေကို လျစ်လျူရှုထားခဲ့ပါတယ်။ ဆေးရုံဘက်မှ သူနာပြုကို ကာကွယ်ပေးနေပြီး၊ ဒီကိစ္စ တစ်ခုလုံးကို နှုတ်ပိတ်ဖို့ ကြိုးစားနေကြပါတယ်။ ထို့ကြောင့် လူနာဘက်မှ ရွေးချယ်စရာမရှိတော့တာကြောင့် ဆေးရုံကို တရားစြဲရန်သာ ရှိပါတော့တယ်။ လူနာရဲ့ မိသားစုက အလွန်အမင်း စိတ်ထိခိုက်နေကြပြီး၊ ဒီနေ့မှာတော့ ပထမပြည်သူ့ဆေးရုံမှာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပါတယ်။ ဆေးရုံဘက်မှ ထိုအခြေအနေကို လုံခြုံရေးများခေါ်ကာ ထိန်းချူပ်ခဲ့ပေမဲ့ ဆူပူမှုက ဆက်လက် ပေါက်ကွဲဖြစ်ပေါ်ခဲ့ပြီး၊ ရလဒ္ကေတာ့ လူနာအမ်ားစုဟာ ဆရာဝန်တွေနဲ့ တွေ့ခွင့် မရနိုင်ခဲ့ကြပါဘူး။ မေးရမည့် အဲ့ဒီ သူနာပြုသည်လည်း လုံးဝ ပေါ်ထွက်မလာခဲ့ပါဘူး။ ဆေးရုံအုပ် ဝူကျုံးရှင်း က ဒီအခြေအနေအပေါ် ထင်မြင်ချက် မပေးသေးပါ။ သုံးသပ်မှုများအရ ဆေးရုံမှာ ဒီလို ရှုပ်ထွေးမှုမျိုး ဖြစ်တာဟာ ၁၅ နှစ်အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ လူတိုင်းက ဒီဖြစ်ရပ်အပေါ် အာရုံစိုက်နေကြပါတယ်။ ဆက်လက် စောင့်ကြည့်ပေးကြပါ။ ကျတော်တို့ နောက်ထပ်ရရှိတဲ့ သတင်းများကို တင်ဆက်ပေးပါမယ်
ချင်းချူ ကွန်ပျူတာကို ပိတ်လိုက်ပြီး၊ မျက်မှောင်ကုပ်နေလေသည်။ ဟော်မြန့်တော့ ဒုက္ခတွေ့နေပြီ..
ဒီလိုသတင်းမျိုးက ထွက်ပေါ်လာတာနဲ့ ၊ မကြာခဏဖြစ်တတ်တာမျိုးလည်း မဟုတ်တော့ အခြေအနေက ထိန်းချူပ်မရနိုင်ဘဲ မခန့်မှန်းထားတာတွေ ဖြစ်လာတော့တာ ဖြစ်၏။
သူ ချက်ချင်းပဲ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ္တစ္ခုကို ဆက်သွယ်လိုက်သည်။ သတင်းဌာနတွေကို ပထမဆေးရုံမှာ ဖြစ်တဲ့ ဖြစ်ရပ်အကြောင်း ကို မိနစ် ၃၀ အတွင်း ပိတ်ထားခိုင်းလိုက်၊ နောက်ဆက်တွဲ သတင်းတွေကိုလည်း ဘယ်မှာမှ ဖော်ပြခွင့် မပြုနဲ့
-
တစ်ဖက်မှာတော့ ဟော်မြန့်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ၊ အပြင်မှာ သူမေလးရဲ့ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ကျနေသည်ကို သတိမမူမိပေ။
-
အခန်း (၁၇၀)
Conflict
ချင်းချူရဲ့ ကြိုးပမ်းမှုတို့က မီဒီယာတွေမှာ သည်ဖြစ်ရပ်အကြောင်းက ငြိမ်ကျသွားစေ၏။ သို့ပေမဲ့ တစ်ယောက်ယောက်က တစ်နည်းနည်းနဲ့ ဒေသတွင်း ပထမဖိုရမ်ပေါ်မှာ ဒီပြဿ နာကို ပေါ်ထွက်စေခဲ့၏။
ဒီနေ့ခေတ်က သတင်းခေတ် ဖြစ်သည့်အလျောက် အင်တာနက်သုံးသူများကြားမှာ ဒေသတွင်းဆိုင်ရာ ပထမဖိုရမ္က လူသိများလေတာမို့ ဒီသတင်းက ကျောက်တုံးငယ်လေးကို လှိုင်းလုံးကြီးများဖြင့် ရိုက်လိုက်သလို ဖြစ်သွားသည်။ ဒီ သတင်းကို တင်လိုက်ချင်းမှာပင် လူမ်ားက စတင်၍ Like comment repost မ်ား ပေးကြတော့သည်။ နောက်ဆုံးမှာတော့ ဒီဖြစ်ရပ်က လူအများကြား ရောက်သွားလေတော့သည်။
စာရေးတင်သူ ပုဂ္ဂိုလ်က လူနာရဲ့မိသားစုဝင်က ဖြစ်သည်ဟု ဖြေရှင်းထားပြီး၊ ဖော်ပြထားတာက ပထမပြည်သူ့ဆေးရုံဘက်မှ သူနာပြုက ဆရာဝန်ယောင်ဆောင်တာကြောင့် လာဘ်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒီလိုလုပ္တာဟာ လူနာမိသားစုဘက်မှ ငွေမရှိတာကြောင့် ဖြစ်နိုင်သည်ဟူ၍
အဲ့ထက်ပိုပြီး၊ TV Station တွေဘက်မှ အစပိုင်းက ဒီသတင်းကို ဖော်ပြပေးမည်ပြုပြီးမှ ၊ ဆေးရုံဘက်မှ သူတို့ အဆက်အသွယ်တွေနဲ့ ဒါကို ရပ်ဖို့ ပြောလာသောကြောင့် ရပ်ထားလိုက်ရသည် ဟူ၏။
ဒီအကြောင်းအရာထဲမှာ ကြိုးကိုင်ချယ်လှယ်မှုတွေ ရှိနေသည်ဆိုတာ သိသာထင်ရှားစေနေလျက်..
သူတို့ မသိတာက ပထမဆေးရုံဘက်မှ ဟော်မြန့်ရဲ့ ပြဿ နာကို ထုတ်ပြန်ဖို့ ရပ်တန့်ရန် ခိုင်းစေခဲ့တာ မဟုတ္တာကိုပဲ ဖြစ်သည်။
အဲ့ဒါက မြန့်ရဲ့ ခင်ပွန်းဖြစ်သူ ချင်းချူလက်ချက်ပင် ။ သူ့ဇနီးကို ကောလဟလတွေ၊ သတင်းတွေရဲ့ ဖိအားတွေကို မခံစားစေချင်တာကြောင့် ဖြစ်၏။ ထို့ကြောင့်ပင် ထို Post မွာ ပြောလာတာက ( ပထမပြည်သူ့ဆေးရုံက နှလုံးသားမဲ့တယ်။ သူတို့က သူနာပြုကို ကိုယ်ဝန်ဆောင်လူနာအပေါ် ခွဲစိတ်ခွင့်ပြုခဲ့ရုံတင် မက၊ နောက်ကွယ်မှ လက်မည်းကြီးများဖိအားကြောင့် သတင်းဌာနတွေကိုလည်း ဒီသတင်းကို လျစ်လျူရှုစေခဲ့သည်။)
ထိုစာက ချက်ချင်းပဲ အားလုံး၏ အာရုံစိုက်မှုကို ရရှိစေခဲ့ပြီး၊ ပြည်ထဲရေး ဗြူရိုနှင့် အျခား အုပ်ချုပ်ရေး ဌာနမ်ားပါ ပါဝင်လာရတော့၏။
ကျန်းမာရေးဝန်ကြီးဌာနကတောင်မှ ပထမပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ် ဝူကျုံးရှင်းကို ဘာဖြစ်တယ်ဆိုတာ ဖြေရှင်းစေဖို့ ထပ္ကာ ထပ္ကာ ဖုန်းဆက်နေလေတော့သည်။
ဟော်မြန့် မိဘအိမ်မှာ တစ်ညတာ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပေမဲ့ ၊ သူ နိုးထလာချိန်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲနေတာကို သတိပြုမိသွားလေပြီ။ သူ အိပ်ရာဝင်ချိန်တုန်းက သူ့အကျင့်အတိုင်း အိပ်စက်ခြင်းကို အနှောင့်အယှက် မဖြစ်ရလေအောင် ဖုန်းကို အသံပိတ်ထားခဲ့လိုက်သည်။
ထို့ကြောင့် မနက်ခင်းမှာ သူ့ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ချိန်မှာတော့ ၊ သူ့ဖုန်းရဲ့ အတွင်းပိုင်းစနစ်ကို ဖျက်ဆီးခံလိုက်ရလေပြီဟု တွေးထင်လိုက်မိသည်။
မကိုင်လိုက်ရတဲ့ ခေါ်ဆိုမှုပေါင်း ရာကျော် ရှိနေပြီး၊ မရေတွက်နိုင်တဲ့ ဖုန်း မက်ဆေ့ခ်ျတွေ၊ WeChat မက်ဆေ့ခ်ျတွေ
မြန့် တခုခု မကောင်းတာ ဖြစ်နေတာလား။ အစ္မ ဘယ်မှာလဲ။ ဘာလို့ ဖုန်းမကိုင်တာလဲ။ ဟွမ်းယွဲ့က ပို့ထားတာ ဖြစ်၏။
ဟော်မြန့် .. ငါ့ကို ဖုန်းပြန်ခေါ် ၊ အခုက အရေးပေါ်ဖြစ်နေပြီ သူနာပြုခေါင်းဆောင်ဆီမှ..
မိန်းကလေး.. သတင်းတွေ တွေ့ပြီးပြီလား။ နင်တို့ဆေးရုံကအကြောင်း ပြောနေတာလားလို့၊ ငါ ကြားတာ နင့်နာမည်ကိုတောင် ပြောနေသလိုပဲ ၊ ဘာတွေ ဖြစ်ကြတာလဲ ကျူလင်းလင်းဆီမှ..
ဟော်မြန့် ဖုန်းကို ခပ်သွက်သွက်လေး ပွတ်ဆွဲလိုက်တော့ ချင်းချူလည်း သူ့ကို ဖုန်းအကြိမ်များစွာ ခေါ်ထားသေးတယ်ဆိုတာ သတိပြုမိလိုက်သည်။ တခုခု တကယ်ဆိုးရွားတာ ဖြစ်ခဲ့တာလား။ ဘာကြောင့်များ အကုန်လုံးက သူ့ကို အလောတကြီး ရှာနေရတာတုန်း။
မမ .. နိုးပြီလား။ ကျီရှင်းက ပူပူနွေးနွေးနို့တစ်ခွက်ကို ဟော်မြန့်လက်ထဲ ထည့်ပေးလိုက်သည်။
အင်း
ကျတော် မွာ ပြောစရာတော့ ရှိနေတယ်။ ဒါပေမဲ့ ကျတော် ပြောသင့်လားတော့ မသိဘူး
ဘာဖြစ်လို့လဲ မောင်ဖြစ်သူရဲ့ အသံမွာ တုံ့ဆိုင်းမှုတွေ ပါနေတာကို ကြားရတော့ ဟော်မြန့် မျက်မှောင်ကုပ်မိသွားသည်။
ကျီရှင်း ခဏလောက်တွေးလိုက်ပြီးတော့မှ၊ သူ့ဖုန်းကို ဟော်မြန့်ဘက် ကမ်းပေးလိုက်ကာ သူ့ရဲ့ WeChat မွ မိတ်ဆွေတွေ တင်ထားတာကို ပြလိုက်သည်။
သတင်းရဲ့ ပျံ့နှံ့မှုက မြန်ဆန်လွန်းသည်မို့ ဖိုရမ်ထဲက စာက ပြန်တင်သူတွေကြောင့် Trend ထဲ ရောက်နေတာ ဖြစ်သည်။ ကျင်းကျီရှင်းရဲ့ မိတ်ဆွေများထဲက တချို့က ဟော်မြန့်ဆိုတာ သူ့အစ်မမှန်း သိနေကြသည်၊ ထို့ကြောင့် သူ့ဆီကို ဒီမနက်မှာတင် လင့်ခ်တွေ ပို့ထားကြလေသည်။
ဒါတွေကို ဖတ်ကြည့်ပြီးတော့ သူ့စိတ်ထဲ နေလို့မကောင်းပေ၊ ဒီသတင်းက သူ့အစ်မကိုလည်း စိတ်မကောင်းဖြစ်စေမှာ ကြောက်နေမိသေးသည်။ ဒါပေမဲ့ အစ္မျဖစ်သူက မကြာခင်ပဲ သိရှိမှာပဲမို့ သူ ဖုံးကွယ်ထားလို့ မရနိုင်မှန်း သိနေသည်။
တည်တည်ငြိမ်ငြိမ်ပဲ ဖတ်ရှုကြည့်ပြီးတဲ့နောက် ၊ ဖုန်းကို မောင်ဖြစ်သူထံ ပြန်ပေးလိုက်သည်။
မမ ၊ ဘာဖြစ်တာလဲ ။ မမ ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ ကျတော် မယုံနိုင်ဘူး။ တစ်ယောက်ယောက်က ချောက်ချတာလားဟင်၊ ဟုတ်တယ်မို့လား
ဟော်မြန့်ကတော့ မအံ့သြနေတော့။ လူနာရဲ့ ခင်ပွန်းဖြစ်သူက ဟော်မြန့်ကို သေသည်အထိ တိုက်သွားမည်ဟု ပြောထားပြီးသား မဟုတ္လား။ ထို့ကြောင့် ဒီကိစ္စ ပေါ်ထွက်လာတာက အံ့သြစရာမဟုတ်၊ သူ့ကို အံ့သြစေတာက သတင်းဌာနတွေက ဘာမွ ထုတ်ပြန်ခြင်း မရွိတာကိုပဲ ဖြစ်သည်။ ဒီသတင်းက WeChat မွာသာ ပျံ့နှံ့နေတာလေ။
စိတ်မပူပါနဲ့ .. အဆင်ပြေသွားမှာပါ ။ မမ ဖြေရှင်းမှာပါ ဟော်မြန့် အရာအားလုံး အဆင်ပြေနေသလို ပုံစံဖြင့် မျက်နှာသစ်ဖို့ အခန်းထဲမှ ထွက်သွားလိုက်သည်။
ဟော်မြန့် ပထမဆေးရုံကို ရောက်တော့ အဝေးမှပင် လူအမ်ား ဆေးရုံရှေ့မှာ ဝင်ပေါက်မှာ ပိတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကြီးမားတဲ့ နဖူးစည်းစာတမ်းများလည်း ရှိနေပြီး ၊ ပြောထားတာက ( အကြင်နာတရားမရှိတဲ့ ဆေးရုံ၊ အကြင်နာတရားမရှိတဲ့ သူနာပြု ၊ ငါတို့ကျန်းမာရေးအတွက် ပြန်ပေးဆပ်၊ တရားမျှတမှုကို ပြန်ပေးပါ)
ဟော်မြန့် စိတ်တင်းထားလိုက်ပြီး သူတို့ဆီ လျှောက်သွားလိုက်မည် အပြု၊ ဘေးဘက်မှ တစ်ယောက်က သူ့ကို လှမ်းဆွဲလိုက်သည်။
ဟော်မြန့် လှည့်ကြည့်လိုက်တော့
-
အခန်း (၁၇၁)
Violence
မြန့်.. ဒီမွာ ဘာလို့ ရှိနေတာလဲ ။ ညီမအခုပဲ အစ္မကို လာရှာတော့မလို့ ဟွမ်းယွဲ့က သိုသိုသိပ်သိပ် ပြောလာ၏။
ဒီလောက် အရေးကြီးနေတာကို ၊ လာရမှာပေါ့
ဒါဆို အစ္မ သိပြီးသားပေါ့
ဟော်မြန့် ခေါင်းညိတ်ပြမိရင်း..
အခု ညီမတို့ ဘာလုပ်သင့်လဲဟင် ၊ ညီမ နည်းနည်းတော့ ကြောက်နေပြီ။ ဒီလောက် စိုးရိမ်ရမဲ့ အခြေ ဖြစ်လာမယ်လို့ ညီမ မထင်ထားမိဘူး။ ညီမရဲ့ WeChat သူငယ်ချင်းတွေဆီမှာလည်း ပျံ့နေတော့ သူတို့က ညီမကို မေးကုန်ကြပြီ။ သူတို့က ညီမနာမည်တော့ ထည့်မပြောထားပေမဲ့ ညီမ စိတ်ပူနေတုန်းပဲ။
ဟွမ်းယွဲ့က ငယ်ရွယ်သေးသူဆိုတော့ ရင်ဆိုင်နေရတဲ့ အဖြစ်တွေက သူ့ကို ဈပီး တုန်လှုပ်နေစေလေပြီ။
မစိုးရိမ်ပါနဲ့.. အစ္မ ဖြေရှင်းပါ့မယ်။ အခု တို့တွေ့ရမဲ့လူက သူနာပြုခေါင်းဆောင်ကိုပဲ
ညီမလည်း အစ်မနဲ့ လိုက်မယ်။ အရှေ့က မဟုတ်ဘဲ ၊ ဘေးဘက်ကနေ သွားကြရအောင်။
အင်း
စကားပြောဆိုပြီးနောက် ဟော်မြန့်နဲ့ ဟွမ်းယွဲ့တို့ ဘေးဘက်တံခါးကနေ လှည့်သွားဖို့ ပြင်ဆင်လိုက်ကြပေမဲ့ ၊ အဲ့ဒီအချိန်မှာပဲ တစ်ယောက်က ထအော် လိုက်လေသည်။
ဟိုမွာ.. သူနာပြုက.. ဟိုမှာဟေ့
ရုတ်ချည်းပင် လူအုပ်ကြီးက သူတို့အား ဝိုင်းအုံလာတော့သည်။ အမ်ားစုက လူနာနဲ့ လာကြသူတွေ ဖြစ်ပြီး၊ တချို့ကတော့ သတင်းစာငယ်လေးများမှ သတင်းထောက်တွေပင်။
ပုံမှန် သတင်းဌာနကြီးများက ဒီကိစ္စကို မဖော်ထုတ်ရဲကြပေမဲ့၊ လူတချို့ကတော့ သူတို့ရဲ့ ကိုယ်ကျိုးအတွက် ဒီသတင်းကို လှစ်ပြချင်ကြသည်။
ခင်ဗျားက ဟော်မြန့် ဟုတ္တယ္မဟုတ္လား ။ ဒီဖြစ်ရပ်ထဲမှာ ပါဝင်နေတဲ့သူတွေထဲက တစ်ယောက်လေ။ ခင်ဗျားမှာ ဘာမ်ား ပြောဖို့ ရွိသလဲ
သူတို့က အဖြစ်မှန်ကို လှည့်စားထားတာပါ၊ အဖြစ်မှန်က သူတို့ ပြောသလို မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ နောက်ဆက်တွဲဆိုးကျိုး ဘာမွ ရမထားပါဘူး။ မိသားစုဝင်တွေက ဒီလိုရုတ်ရုတ်သဲသဲ ဖြစ်စေတဲ့ အကြောင်းက သူတို့က ညှိနှိုင်းငွေ မ်ားမ်ား လိုချင်နေကြလို့ပါ။ သူတို့က ကျမတို့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်နေတာပါ။ ဟော်မြန့်က တည်တည်ငြိမ်ငြိမ်ပဲ ဖြေရှင်းနေလေ၏။
ထိုအချိန်တွင် လူနာရဲ့ယောက်ျားက ဟော်မြန့်ကို လက်ညှိုးထိုးပြီး ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာနဲ့ စကားကျိန်းဆိုလာ၏။ မျက်နှာလွှဲခဲပစ် လာမပြောနဲ့ ၊ ငါတို့က နင်တို့ကို အသရေဖျက်နေတာ မဟုတ္ဘူး။ ငါတို့ပြောနေတာ အမွန္တရားပဲ။ နင်က နှလုံးသားမရှိတဲ့ သူနာပြုမ.. ဆရာဝန်တစ်ယောက်ရဲ့ အသိအမှတ်ပြုလက်မှတ်မျိုး တောင် မရွိတာကို ဆရာဝန်ယောင်ဆောင်ပြီး ငါ့မိန်းမကို ခွဲစိတ်ခဲ့တယ်။ အခု ငါ့သမီးရော၊ ငါ့မိန်းမရော ခွဲစိတ်မှုအကျိုးဆက် နောက်ဆက်တွဲရလဒ်တွေကို ခံစားနေရပြီ။ နင်တို့ ဆေးရုံက ဆေးစစ်ချက်စာထုတ်မပေးရုံမကဘူး ၊ နင်ကလည်း ကိုယ်ယူရမဲ့တာဝန်ကို ငြင်းပယ်နေတယ်။ ဒေါသထွက်စရာ အကောင်းဆုံးက မနေ့ကတုန်းက Urban Daily သတင်းစာက ဆေးရုံကို ဖော်ထုတ်ဖို့ ငါတို့နဲ့ အင်တာဗျူးပေးမယ်ဆိုပြီး ကတိပေးထားခဲ့ပြီးတော့ ၊ တစ်ယောက်ယောက်က ဒီသတင်းကို ဖုံးပစ်လိုက်တယ်။ ဒါက မတရားဘူး။ အကုန်လုံးပဲ ပြောကြပါဦးဗျာ.. ဒါက မျှတရဲ့လားလို့
ထိုလူရဲ့ ဖြေရှင်းချက်တွေက အိမ်မှာကတည်းက ပြင်ဆင်လာခဲ့ပုံရပေမဲ့ ၊ ပြောစကားများနဲ့ သူ့ရဲ့ အမူအယာတွေက လူအမ်ားကို သူ့အား ယုံကြည်သွားစေ၏။
ဟွမ်းယွဲ့ရဲ့ မျက်နှာက နီရဲလာပြီး ဒေါသထွက်လာကာ ပြန်ချေပ၏ ရှင်က လူလိမ်ပဲ .. မွားတဲ့လူက ရှင်..။ ရှင်က ကျမတို့ ဆေးရုံအုပ်ကို ခြိမ်းခြောက်ပြီး သန်းနဲ့ချီ ငွေညှစ်နေတာ။ သူက ရှင့်ကို ငွေပေးဖို့ ငြင်းပယ်လို့ ရှင် ဒီလိုညစ္တာ။ ရှင်လုပ်ခဲ့တာတွေအတွက် ကံအကျိုးကို ရှင် ပြန်ခံစားရလိမ့်မယ်
ဒါဆို .. မိန်းကလေးဟော်မြန့် .. ခင်ဗျားက ဒီဆေးရုံက သူနာပြုတစ်ယောက်ဆိုရင် ကျတော်တို့ကို ပြောပြနိုင်မလား သတင်းထောက်တစ်ယောက်က ရှေ့ထွက်လာပြီး၊ ရလာတဲ့ အခွင့်အရေးကို အသုံးချလိုက်၏။
ရပါတယ်
ခင်ဗျားက သားဖြားမီးယပ္ဌာနက သူနာပြု တစ်ယောက် ဟုတ်ပါသလား
ဟုတ်ပါတယ် ဟော်မြန့် ခေါင်းညိတ်ပြ၏။
ခင်ဗျား တကယ်ပဲ ကိုယ်ဝန်ဆောင်လူနာကို ခွဲစိတ်ခဲ့ပါသလား။ အဲ့ဒီမွာ ဆရာဝန်တစ်ယောက်မှ ရှိမနေတဲ့အချိန်မှာလေ၊ မှန်ပါသလား
ဟော်မြန့် တုံ့ဆိုင်းသွားမိသည်၊ ဒီသတင်းထောက်က သူ့ကို အတိမ်းအစောင်းမခံသော မေးခွန်းတစ်ခုကို မေးလိုက်သည်ဆိုတာ သူသိနေသည်။ အရာရာတိုင်းကို သေချာ စဉ်းစားပြီးမှ အဖြေပေးရပေလိမ့်မည်။
တစ္ခ်က္က သူ့ကို ကျဉ်းထဲကျပ်ထဲရောက်အောင် တွန်းပို့နိုင်သည်၊ ဒါပေမဲ့ သူက မဟုတ္ဘူး ဖြေရင်လည်း လိမ်သလို ဖြစ်နေပေမည်။
ဟွမ်းယွဲ့က စိတ်လှုပ်ရှားကာ ဟော်မြန့်လက်ကို ဖျစ်ညစ်လာသည်။ သူက ငြင်းပယ်စေချင်ပုံပင်။ ဒီနေရာမှာ လူတွေ အများကြီး ရှိနေတာမို့ ၊ ဒါက နောင်တွင် ပြဿ နာတစ်ရပ် ဖြစ်လာနိုင်သည်လေ။
သို့ပေမဲ့ ဟော်မြန့်က လိမ်ညာမယ်ဆို ပိုမှားသွားမည်ဟု ခံစားမိသည်။
မှန်ပါတယ်၊
ဟော်မြန့်က ကိုယ်တိုင် ဝန်ခံလိုက်ပြီးချိန်မှာ လူအုပ်ကြီးက ပိုရုန်းကြွလာ၏။
လူတိုင်းက သူ့ကို အပြစ်တင်စကား ဆိုလာကြပြီး၊ သူတို့က ဆဲရေးမှုများ လုပ်လာကြသည်။
မင်းက နှလုံးသားမရှိတဲ့ သူနာပြုမ..၊ ကိုယ်ဝန်သည်လူနာတစ်ယောက်နဲ့ သူ့ကလေးကို ဘယ္လိုလုပ္မ်ား စမ်းသပ်ခန်းထဲက ပစ္စည်းတစ်ခုလို စမ်းသပ်နိုင်ရတာလဲ၊ မင်း ဝဋ်လည်မှာ မကြောက်ဘူးလား
ဟွမ်းယွဲ့ ဖိအားများကြောင့် ငိုတော့မည့်ဆဲဆဲလို ဖြစ်နေလေကာ၊ အသံကျယ်လောင်စွာဖြင့် မြန့်က သူ့ကို ကယ်တင်ခဲ့တာ၊ ကျမပြောတာကို နားထောင်ပါ၊ အဲ့ဒီညတုန်းက အရမ်းကို အရေးကြီးနေပြီး..
သို့ပေမဲ့ ဟွမ်းယွဲ့ရဲ့ အသံက်ယ္က်ယ္က အခြားအသံတွေကို မကျော်လွန်နိုင်ခဲ့။ သူ့ဖြေရှင်းချက်ကို ဘယ်သူကမွ နားထောင်ခြင်းမရှိ။
အားလုံးပဲ ကြည့်ကြပါ။ ဒီမိန်းမက သူကျူးလွန်ခဲ့တာကို ဝန်ခံနေပြီ။ ဒီမိစ္ဆာမက ကျုပ်မိန်းမကို သတ်မိတော့မလို့၊ ကျုပ် ဒီနေ့ နောက်မဆုတ်တော့ဘူး သူ စကားဆုံးသည်နှင့် သူက ဟော်မြန့်ဆီ ခုန်အုပ်လိုက်၏။
ဟ်ေမြန့် ရှောင်တိမ်းလိုက်တော့ ထိုလူ လဲကျသွားတော့၏။ ဟော်မြန့်က ဟွမ်းယွဲ့ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ညီမ သွားလိုက်တော့။ အစ်မလည်း နည်းလမ်းရှာလိုက်မယ်
ထို့နောက် သူက ဟွမ်းယွဲ့ကို ဆတ္ခနဲ တွန်းလိုက်ကာ၊ လူအုပ်ကြီးနားကနေ ဝေးရာဆီကို တွန်းလွှတ်လိုက်၏။
ထိုအချိန်တွင် လူနာရဲ့ ယောက်ျားဖြစ်သူက လူအုပ်ထဲမှ တွန်းထွက်လာပြီး၊ ဟော်မြန့် သူ့ကို အာရုံမစိုက်မိခင် ၊ ဟော်မြန့်ကို မြေပေါ်သို့ တွန်းပစ်လိုက်လေ၏။
-
BINABASA MO ANG
အချစ်စတင်ခဲ့ရာ( Volume two)
RomanceSynopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ြ...